← Chapters

သေလမ်းရှာ​နေတဲ့လူ

Vol. 98 Ch. 4.988

သေလမ်းရှာ​နေတဲ့လူ

Vol. 98 Ch. 4.988

"ရှောင်ပေ!"

ကျန့်နမ် စိုးရိမ်တကြီး အော်ဟစ်လိုက်ကာ နောင်တရသွားသည်။ ကျန့်ပေ တစ်ခုခုဖြစ်သွားမှာကို ကြောက်သွားတာကြောက့် သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

လုရွှမ်လည်း ထိတ်လန့်သွားသည်။ ရေက ခြိမ်းခြောက်မှု မရှိပေမယ့် အရမ်းမြန်ပြီး ကျန့်ပေရဲ့ မျက်ခုံးထဲကို ထိုးဖောက်ဝင်ရောက် သွားခဲ့လေသည်။

အဲဒီနေရာမှာ နတ်မျှော်စင်မီးလုံး ရှိပြီး နတ်မီးလုံးရဲ့ စွမ်းအားလည်း ရှိသည်။ အန္တရာယ် ကျရောက်သောအခါတွင် နတ်မီးလုံးက သခင်ကို အလိုအလျောက် ကာကွယ်ပေးလိမ့်မည်။ တစ်နည်းအားဖြင့် အန္တရာယ် ဖြစ်လာပါက နတ်မျှော်စင်မီးလုံးက သေချာပေါက်သတိပေးမည် ဖြစ်သော်လည်း ဘာမှမဖြစ်လာပေ။

ကျန့်ပေရဲ့အသံက တိုးတိုးလေး ဆိုလာသည်။

"ကိုကို... ကျေးဇူးပြုပြီး လွှတ်ပေးပါဦး ညီမ အဆင်ပြေပါတယ်"

ကျန့်နမ်သည် နီရဲနေသော ကျန့်ပေကို လျင်မြန်စွာ လွှတ်လိုက်သည်။ သူမမျက်ခုံးကြားမှ နတ်မီးလုံးက လင်းလက် တောက်ပလာခဲ့​လေသည်။

"ရှောင်ပေ... မင်းရဲ့ ပထမဆုံး နတ်မီးလုံးက ပြီးပြည့်စုံသွားပြီ"

ကျန့်ပေလည်း အဆုံးမရှိ ဝမ်းသာအားရဖြင့် ခေါင်းညိတ်လိုက်သည်။ လုရွှမ် သေချာ အကဲခတ်လိုက်သောအခါ ကျန့်ပေ၏ မျက်ခုံးကြားမှ နတ်မီးနှစ်လုံးကို တွေ့လိုက်ရသည်။ ၎င်းမီးလုံးများမှာ ယခင်ကထက် ပိုမိုတောက်ပစေပြီး ခရမ်းရောင် အလင်းဖြင့် ထွန်းလင်းနေလေ၏။

လုရွှမ်ရဲ့ နှလုံးသားကို ထိမိသွားသည်။ ရိုးရိုးသားသား ပြောရရင် ဒါက အခွင့်အလမ်းကောင်းပဲ။ နတ်မီးလုံးရဲ့ စွမ်းအားကို မြှင့်တင်ခြင်းက နတ်မီးရဲ့ စွမ်းအားအတွက်သာမက ရောင်ဝါကို အပြုသဘောဖြင့် မြှင့်တင်ပေးနေတာပဲ ဖြစ်သည်။

ပြီးလျှင် မီးစာနှစ်ခုသည် ကြီးမားသော အကျိုးသက်ရောက်မှုလည်း ရှိကြောင်း ထင်ရှားသည်။

"ရေစက်က အန္တရာယ် မရှိဘူး မဟုတ်လား"

ကျန့်ပေက အနည်းငယ် ပြုံးလိုက်ပြီး နတ်မီးများ ခဏမျှမှိန်သွားကာ သူမမျက်ခုံးမွှေးကြားတွင် အနီရောင် ပုတီးစေ့​​လေး တစ်ခု တောက်ပလာခဲ့သည်။

"ကိုကို... ညီမကို တိုက်ခိုက်ကြည့်!"

ကျန့်နမ်၏ မျက်လုံးများ တောက်ပလာပြီး။

"မင်းဆိုလိုတာက...?"

သူသည် ဓားတစ်လက်ဖြင့် ပေါ့ပေါ့တန်တန် ပစ်လိုက်ရာ ကျန့်ပေ၏ မျက်ခုံးများကြားတွင် အနီရောင် အလင်းတန်းများ တောက်ပလာကာ ဓားသည် နောက်သို့ ပြန်ပစ်လိုက်သည်။

"ရောင်ပြန်ဟပ်ခြင်းရဲ့ စွမ်းအားကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ပြီ.... ဒါက တစ်ကြိမ်မှ ဆယ်ဆအထိ တိုးနိုင်တယ်...တိုက်ခိုက်တာကို ရောင်ပြန်ဟပ်ချင်ရင်တော့ ညီမရဲ့ကိုယ်ပိုင် ယွမ်စွမ်းအင်လည်း လိုအပ်တယ်... ယွမ်စွမ်းအင် ပိုအားကောင်းလေ ​ပြန်တိုက်ခိုက်တာက သဘာဝကျကျ ပိုပြီးတော့ အားကောင်းလာလေပဲ”

ဒီလောက်ဆို နှစ်ယောက်စလုံး ကျန့်ပေအတွက် ပျော်နေလောက်ပါပြီ။

"နတ်တောင်ပေါ်မှာ သေးငယ်တဲ့ ဧရိယာတွေ အများကြီး ဖွင့်ထားပြီးပြီ မှော်အစွမ်းနဲ့ စွမ်းရည်တွေ ဘယ်လောက်အထိ ပျံ့နှံ့သွားပြီလဲ မသိဘူး... တိုက်ခိုက်မှုတွေကို ရောင်ပြန်ဟပ်နိုင်တဲ့ မှော်အစွမ်းတွေရှိရင် တခြားလူတွေ လာလုတာတွေ ဖြစ်လာနိုင်တယ်.. သတိထားပါ..."

လုရွှမ် ပြောတာကို မောင်နှမ နှစ်ယောက်လုံးကလည်း ယုံကြည်​ထောက်ခံခဲ့ကြသည်။

ဤသည်မှာ နတ်တောင်၊ မှော်ဆန်ပြီး ထူးဆန်းသော နေရာဖြစ်သည်။ အကယ်၍ သူတို့သည် ပြင်ပလောက၏ စိတ်ကူးကို ဆက်လက် စွဲကိုင်ကာ ပြင်ပအတွေ့အကြုံကို အားကိုး၍ ဤနေရာ၌ သွားလာ​​နေမည် ဆိုလျှင် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပေါ်လာပြီး တစ်ချိန်ချိန်တွင် သူတို့အားလုံး ပျောက်ကွယ်သွားလိမ့်မည်။

ဝမ်းနည်းစရာ ကောင်းတာက နတ်တောင်ထဲမှာ သူတို့ဘာကြောင့် ဖျက်ဆီးခံရမှန်းတောင် မသိနိုင်ခဲ့တာပါပဲ။

သူတို့ ရောက်ရှိခဲ့တဲ့ နေရာကို မြေပုံပေါ်တွင် အမှတ်အသား ပြုပြီးနောက် လုရွှမ်တို့သည် သေးငယ်သော နေရာမှ ထွက်ခွာပြီး မူလလမ်းကြောင်း အတိုင်း ပြန်ဝင်သွားကြသည်။ လမ်းတစ်လျှောက်မှာ လူသုံးယောက် လမ်းလျှောက်ရင်း ကျင့်ကြံသူတွေ အများကြီးကို တွေ့လိုက်ရသည်။

"သတိထား.... မြန်မြန် သွားကြရအောင် ငါတို့တွေ့ရင် ဘေးဒုက္ခ ရောက်လာလိမ့်မယ်"

ကျန့်နမ်နဲ့ ကျန့်ပေတို့က တစ်ချိန်တည်းမှာပဲ အော်ပြောလိုက်ပါ၏။ တစ်ခါကဆို သူတို့နှစ်ယောက်ဟာ မရင်းနှီးတဲ့လမ်းကို လျှောက်သွားနေချိန်မှာတောင် စူးစမ်းလိုသူ တစ်ယောက်ရဲ့ စိုက်ကြည့်ခြင်းကို ခံခဲ့ရသည်။ ယခု ဤနေရာတွင် အကျိုးကျေးဇူးတွေ ဘယ်လောက်တောင် ရတတ်သလဲ သူတို့ အမှန်တကယ် နားလည်လာကြသည်။

ဒီထဲရောက်လာတဲ့ လူတိုင်းက လူတစ်ထောင်ကို လွှတ်ထားတာထက် လူတစ်ထောင်ကို မှားသတ်လိုက်တာက ပိုကောင်းပါ၏။ လုရွှမ်က လမ်းပြလျက် သူတို့သုံးယောက်ဟာ မြန်မြန်ဆန်ဆန်နဲ့ တခြားသူတွေ ဖမ်းမမိခင် ထွက်သွားခဲ့ကြသည်။

ထိုလူက သူတို့နောက်ကို လိုက်လာပေမယ့် သူ့ကို လုရွှမ်တို့ ပြန်ရှာဖွေတွေ့ရှိသွားမည်ကို စိုးရိမ်သဖြင့် သူတို့ထက်ပင် ပို၍ လျှို့ဝှက်နေပုံရသည်။ နောက်ကွယ်က အမှန်တရားကတော့ သူတို့သုံးယောက်ဟာ အလွန်ထက်မြက်ကြောင်း သဘာဝအတိုင်း ပြတ်ပြတ်သားသား မြင်နိုင်လေသည်။

တချို့လူတွေကတော့ လောဘကြီးတယ်လို့ မပြောဘဲ တစ်ယောက်တည်း စားရတာ ကြိုက်တယ်လို့ ပြောကြသည်။ ဒီလိုလူက မဖျက်ဆီးရင် ကောင်းကင်က သူ့ကို ဖျက်ဆီးမှာ အမှန်ပါပဲ။

ထိုသူသည် သူပုန်းနေရာ လမ်းမှ အမြန်ထွက်၍ လုရွှမ်တို့နောက်သို့ လိုက်လေ၏။

"ကောင်လေးတို့.... မင်းတို့ ဉာဏ်ကောင်းရင် အဲ့ပစ္စည်းကို ထုတ်ပေးလိုက် ..မင်းတို့အသက်ကို ချမ်းသာပေးလို့ရတယ်... မဟုတ်ရင်တော့ ဟားဟားဟား..."

အဘိုးကြီးက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် နဂါးစိမ်းတစ်ကောင်သည် လေထုထဲမှ ထွက်​ပေါ်လာပြီး ကောင်းကင်ဆီသို့ ပျံသန်းကာ လုရွှမ်တို့ သုံးယောက်ဘက်သို့ ဟိန်းဟောက်လိုက်သည်။

စိမ်း​ပြာနဂါးသည် အသက်ရှင်​နေသ​ယောင် ရှိပြီး ၎င်း၏ရောင်ဝါက အလွန်ကြွယ်ဝသည်။ လုရွှမ် ကိုယ်တိုင်ပင်လျှင် စိမ်းပြာနဂါးနှင့် တိုက်ခိုက်နေရသကဲ့သို့ ခဏတာမျှ လှည့်စားခံလိုက်ရ၏။

ကျန့်နမ်နဲ့ ကျန့်ပေတို့သည် တစ်စုံတစ်ခုက ချုပ်နှောင်ထားတာ ခံနေရလို့ ရုန်းကန်နေရသကဲ့သို့ မျက်နှာများမှ ချွေး​စေးများ စီးကျလာကာ နေရာတွင်ပင် အေးခဲသွားခဲ့သည်။

ဝူး!

စိမ်းပြာနဂါးက ဟောက်ပြီး ကြီးမားတဲ့ ဖိအားတစ်ခုကို သူတို့သုံးယောက် အပေါ်သို့ ဖုံးအုပ်ပစ်လိုက်လေသည်။

ကျန့်နမ်နဲ့ ကျန့်ပေတို့သည် လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လျက် တဖြည်းဖြည်း ပို၍ပင် မခံနိုင်တော့ပေ။ ဒူးမထောက်ချင်သော်လည်း ကိုယ့်ဒူးကို မကူညီနိုင်သကဲ့သို့ သူတို့ခြေထောက်များက ပြင်းထန်စွာ တုန်ခါနေသည်။

လုရွှမ်ကို ကြည့်လိုက်တဲ့အခါ ထိုလူအိုကြီးရဲ့ မျက်လုံးအ​ရောင်တွေ ပြောင်းသွားလေတော့သည်။

"မင်းက ဘယ်လိုဖြစ်လို့ ဘာမှမခံစားရတာလဲ"

လုရွှမ်ကတော့ ဒီလူမှာ ထူးခြားတဲ့ မှော်အစွမ်းတစ်ခု ရှိနေတာ ဖြစ်ရမယ်လို့ တွေးမိသည်။ သူက မျှော်စင်နယ်ပယ်က လူတစ်ယောက်သာ ကျင့်ကြံမှု အဆင့်သည် အလွန်မြင့်မားနေတာတော့ မဟုတ်ပေ။

သူသည် နတ်မီးနယ်ပယ်က သခင်အချို့ထက် မျှော်စင်နယ်ပယ် သခင်များနှင့် တွေ့ဆုံရခြင်းကို ပို၍နှစ်သက်သည်။ ၎င်းတို့သည် တားမြစ်လူသား၊ တားမြစ်မြေကြီးနဲ့ တားမြစ်ကောင်းကင်တို့ကိုတောင် ဖြတ်ကျော်ထားသလား ကောင်းကင်ကပဲ သိလိမ့်မည်။

လုရွှမ်က အသာ ရယ်ပြီး ရုတ်တရက် သူ့ထံမှလည်း နဂါးဟောက်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအခါ ကျန့်နမ်နဲ့ ကျန့်ပေတို့ဆီက ဖိအားများ လျော့ပါးသွားအောင် ဖယ်ရှားလိုက်သည်။

လုရွှမ် ခန္ဓာကိုယ်မှ ရောင်ဝါကြောင့် အဘိုးကြီးလည်း လန့်သွားသည်။ သူသည် ပို၍ ကြီးကျယ်ခမ်းနားပြီး သာလွန်သော နဂါးရောင်ဝါကို သိသိသာသာ ခံစားလိုက်ရသည်။ သူတုပနိုင်သော နတ်နဂါးရောင်ဝါနှင့် သူ့ရှေ့ရှိ လူငယ်လေးဆီက နတ်နဂါးရောင်ဝါက တခြားစီပင်။ ၎င်းက ပိုးစုန်းကြူးများနှင့် တောက်ပသောလ ကဲ့သို့ ဖြစ်သောကြောင့် ယှဉ်ပြိုင်ရန် ခက်ခဲသည်။

"လူစုခွဲလိုက်!"

လုရွှမ် သူ့လက်ဖဝါးကို ဝေ့ယမ်းလိုက်သည်နှင့် လေထဲတွင် စိမ်းပြာနဂါး တစ်ကောင် အလိုအလျောက် ပျံ့လွင့်သွားသည်။ အဘိုးကြီးလည်း ကြောက်လန့်တကြား အော်ဟစ်ပြေးတော့၏။

လုရွှမ် တိုးတိုးလေး ဆိုသည်။

"အခုမှ ထွက်သွားချင်ရင်တော့ မလွယ်တော့ဘူးလေ... ပြန်လာခဲ့"

လုရွှမ်၏ ခန္ဓာကိုယ်သည် ဖယောင်းတိုင်ကဲ့သို့ တောက်ပလာပြီး နောက်အခိုက်အတန့်တွင် အဘိုးအိုရှေ့တွင် ပေါ်လာကာ သူ့လမ်းကို ပိတ်ဆို့ထားလိုက်သည်။ ကျန့်နမ်နဲ့ ကျန့်ပေတို့ မောင်နှမ နှစ်ယောက်ဟာလည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ဘယ်ညာနှစ်ဖက်ကို ပိတ်ဆို့ပြီး သုံးယောက်သား အဘိုးကြီးကို တြိဂံပုံသဏ္ဌာန်ဖြင့် ဝန်းရံထားလိုက်သည်။

အဘိုးအိုက ရယ်မောလိုက်ပြီး။

"ပါရမီရှင် သုံးယောက် စိတ်မဆိုးပါနဲ့ ငါမင်းတို့ကို နောက်ပြောင်နေတာပါ..."

ရုတ်တရက် ခုန်ထပြီး ထွက်ပြေးဖို့ ကြိုးစားလေသည်။ လုရွှမ်က ဒီအဘိုးကြီး ဒီလိုလုပ်တော့မယ် ဆိုတာကို သိတာကြောင့် အဘိုးကြီး ရွေ့သွားသည်နှင့်ပင် ၎င်းခြေထောက်ကို လှမ်းဖမ်းကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

"ခင်ဗျား ဉာဏ်ကောင်းရင် အဲဒီအရာတွေကို အခုပဲ လွှဲပေးလိုက်... မဟုတ်ရင် သေဖို့ စောင့်နေလိုက်တော့..."

မျက်နှာပေါ်တွင် ခါးသီးသော အကြည့်ဖြင့် အဘိုးအိုသည် မြေပြင်ပေါ်မှ ကုန်းထလာခဲ့သည်။

"မင်းဘာတွေပြောနေတာလဲ ငါနားမလည်ဘူး! စိမ်းပြာနဂါး အဖြစ် ပြောင်းလဲနိုင်တဲ့ စွမ်းအင်က ငါ့မိသားစုက လက်ဆင့်ကမ်းလာခဲ့တာ!!"

လုရွှမ်က "ကျုပ်တို့ နားမလည်ဘူးလို့ မထင်နဲ့... ပုတီးစေ့ကို လွှဲပေးလိုက်... ပုတီး​စေ့က ခင်ဗျားကို မှတ်မိလိမ့်မယ်လို့ တကယ် မမျှော်လင့်ထားဘူး... ဟမ့် ခင်ဗျား တခြားလူတွေကိုလည်း ဒါကြောင့် သတ်လိုက်တာ ဖြစ်နိုင်မလားပေါ့!"

All Chapters