← Chapters

စိမ်းပြာ​ရောင် ပုတီးစေ့

Vol. 98 Ch. 4.989

စိမ်းပြာ​ရောင် ပုတီးစေ့

Vol. 98 Ch. 4.989

အဘိုးအို၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားတာကြောင့် လုရွှမ် ပြောတာမှန်ကြောင်း ထင်ရှားသွားသည်။

"ငါ မဟုတ်...."

သူက လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းပြီး ငြင်းချင်ပေမယ့် ကျန့်မောင်နှမနှစ်ယောက်က သူတို့ဓားတွေကို တစ်ပြိုင်တည်း အသင့်ပြင်ထားလိုက်၏။ ထိုအခါ အဘိုးကြီးလည်း မတတ်နိုင်တော့တာကြောင့် ငိုနေတဲ့မျက်နှာနဲ့ ဆိုလာသည်။

"ပုတီး​စေ့ကို ငါလွှဲပေးမယ်.... မင်းငါ့ကို လွှတ်​ပေးရမယ် မဟုတ်ရင် ငါသေရင်တောင် ပုတီး​စေ့ကိ လွှဲ​ပေးမှာ မဟုတ်ဘူး"

"ကောင်းပြီ!"

အဘိုးကြီး အံ့အားသင့်သွားသည်။ လုရွှမ်က ဒီလောက် စကားပြောရ လွယ်ကူလိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ။

"ကျိန်ဆို!!...ဒီအတိုင်းတော့ ငါ မယုံနိုင်ဘူး"

လုရွှမ်က လှောင်ပြောင်ပြီး ပေါ့ပေါ့ပါးပါးပဲ ကျိန်ဆို​ပြလိုက်သည်။ အဘိုးအိုက ကျန့်မောင်နှမနှစ်ယောက်ကို ထပ်မံ ကျိန်ဆိုခိုင်းပြီး နှစ်ယောက်စလုံးကလည်း ပြုံးကာ ကျိန်ဆိုကြသည်။

အဘိုးအိုသည် သူ့မျက်နှာပေါ်တွင် ခါးသီးသောအကြည့်ဖြင့် ပုတီးစေ့ကို ထုတ်ယူလိုက်သော် ၎င်းမှာ စိမ်းပြာရောင် ပုတီးစေ့​လေး ဖြစ်​နေသည်။

"ကျန့်နမ်... မင်း ယူလိုက်ပါ... ငါမလိုအပ်ဘူး"

ကျန့်နမ် အံ့အားသင့်သွားသည်။

"မဟုတ်ပါဘူး ဒီပုတီးစေ့က မင်းကို အားဖြည့်ပေးမယ့် စိမ်းပြာနဂါး ရောင်ဝါကို ထုတ်လုပ်ပေးနိုင်တယ်လေ.... ငါတို့က အကျိုးကျေးဇူး ကြီးကြီးမားမား ရနေပါပြီ၊... ငါအရမ်း ဒီပုတီးကို ထပ်ယူရင် အရမ်း လောဘကြီးသလို ဖြစ်သွားလိမ့်မယ်"

လုရွှမ်က ပြုံးပြီး "ငါ အဲဒါကို မလိုအပ်ပါဘူး.... ငါ့မှာ ရှိနေပြီသား ဘာလို့ ဒီအပိုပစ္စည်းကို ယူနေရမှာလဲ"

အဘိုးအိုက လုရွှမ်မျက်နှာကို ခါးသီးစွာ ကြည့်လာသည်။

"ကောင်လေး မင်းမလိုအပ်ရင် ဘာလို့ ငါ့ဆီက လုယက်နေတာတုန်း"

ကျန့်နမ် အနည်းငယ် စိတ်ထိခိုက်မိသွားသည်။ လုရွှမ်မှာ ပိုကောင်းတဲ့ အရာတစ်ခု ရှိနေတာကြောင့် သဘာဝအတိုင်း ဒီပုတီးစေ့ကို မလိုအပ်ပါဘူးတဲ့လေ။

"ဒီကိစ္စမှာ ငါမရိုမသေ လုပ်မိပါပြီ"

ကျန့်နမ်ပ ပုတီးစေ့ကို ဖယ်ထုတ်ပြီး နတ်မီးလုံးထဲ မြှပ်နှံထားလိုက်သော အခါဝယ် သူ၏ နတ်မီးတောက်သည် ခရမ်းရောင် အဖြစ်သို့ ပြောင်းလဲသွားပြီး တောက်ပသော ရောင်ဝါများဖြင့် ပြည့်လျှံသွားခဲ့သည်။

"အခုငါ့ကို လွှတ်​​ပေးလို့ရ​ပြီလား"

"ဒါပေါ့!"

လုရွှမ် အဘိုးကြီးကို ပါးတစ်ချက် ရိုက်လိုက်ပြီး နတ်ဆိုးမီး အနည်းငယ်ကို သူ့ခန္ဓာကိုယ်ထဲသို့ ထိုးသွင်း​ပေးလိုက်​လေသည်။ အဘိုးအိုက အော်ဟစ်ရင်း သူ့ခန္ဓာကိုယ်က မီးလောင်သွားသလို ခံစားလိုက်ရတာကြောင့် ခုန်ထလိုက်စဥ် လုရွှမ်က သူ့ပခုံးပေါ် လက်ဖဝါးတစ်ဖက် တင်လာ၏။

"ကျွန်​တော်တို့ ခင်ဗျားကို လွှတ်လိုက်မယ်... မင်းဆီက တခြားဘာမှ မယူတော့ဘူး ဆိုပြီး ကတိမပေးထားဘူးနော်... မီးတောက်လေး နည်းနည်း ထပ်ထည့်ထားတယ်... ဒါက နတ်ဆိုးမီးတစ်မျိုးပဲ ခင်ဗျားလည်း သူ့ရဲ့ စွမ်းအားကို ခံစားမိမှာပါ... မျှော်စင်နယ်ပယ် အဆင့်၅ကို မကျော်ဖြတ်ခဲ့ဘူး ဆိုရင် ဒီနတ်ဆိုးမီးကို ခင်ဗျား မခံနိုင်​လောက်​တော့ဘူး"

"ဒါပေမဲ့ ခင်ဗျားကို တွန်းမတိုက်မိတော့တာ ကံကောင်းသွားတယ်မှတ်.... ဒါဖြင့် ခင်ဗျား လူကောင်းလို ပြုမူနေသမျှ ဘာမှဖြစ်လာမှာ မဟုတ်ဘူး... ငါတို့ကို ပေါက်ကြားစေတာမျိုးလို မကောင်းဆိုးဝါး အကြံအစည် တစ်ခုခုကို သတ္တိရှိရှိ လုပ်ရဲရင်တော့ ဒီနတ်ဆိုးမီးက သည်းခံနိုင်မလား ဆိုတာ အာမခံချက် မရှိဘူး”

အဘိုးကြီး၏ မျက်နှာသည် မည်းမှောင်နေပြီး နတ်ဆိုးမီးကြောင်း ပူလောင်နေတာလား ဒေါသထွက်နေတာလား မသိချေ။ ဒါပေမဲ့ ဒီအချိန်မှာတော့ သူ့ခမျာ ခေါင်းညိတ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး။

"နားလည်ပါတယ်... ဒီပါးစပ်ကို ငါဂရုစိုက်ပါ့မယ်"

"လစ်လို့ရပြီ!"

အဘိုးကြီးလည်း ထွက်ပြေးသွားတော့သည်။

"အစ်ကိုလုရွှမ် ဒီမီးက တကယ် အသုံးဝင်လား?"

လုရွှမ် ခေါင်းခါယမ်းလိုက်သည်။

"အသုံးမဝင်ဘူး... အဲဒီနတ်ဆိုးမီးက အမြစ်မဲ့မီး... ငါ့ထိန်းချုပ်မှုနဲ့ ဝေးကွာလွန်းတယ်.. တဖြည်းဖြည်း ပျောက်ကွယ်သွားဖို့ သူ့ရဲ့ကျင့်ကြံမှုနဲ့ဆို အနည်းဆုံး အနှစ်တစ်ရာလောက် အချိန်ယူရလိမ့်မယ်... ဒီတစ်ခါတော့ သူ ဒီကို ထပ်လာရဲတော့မှာ မဟုတ်ဘူး"

"ကောင်းပြီ တခြားလမ်းကို စူးစမ်းကြည့်ရအောင်"

လမ်းကြောင်းတစ်ခုထဲ ဝင်သွားကာ သူတို့သုံးယောက်သည် စပါးအထွက် ကောင်းလာပြန်သည်။ ကျန့်မောင်နှမနှစ်ယောက်က လုရွှမ်နဲ့တွေ့တာက သူ့ဘဝရဲ့ ကံအကောင်းဆုံး အရာပဲလို့တောင် ပြောနေကြသေးသည်။

သို့သော်လည်း တတိယလမ်းကို ရှာရင်းနဲ့ နောက်ဆုံးတော့ သုံးယောက်လုံး ဒုက္ခရောက်သွားတော့သည်။

"ဒီလမ်းမှာ တစ်ခုခု မှားနေပြီလား... ငါမှားတာပဲဖြစ်ဖြစ် တခြားဟာပဲဖြစ်ဖြစ် ဒီလမ်းမှာ တစ်ခုခုတော့ မှားနေပြီ... ငါတို့ ဒီလမ်းကို လျှောက်နေတာ သုံးရက်ရှိပြီ ဒါပေမဲ့ ဘာမှ ရှာမတွေ့သေးဘူး"

ပြီးတော့ ပတ်ဝန်းကျင်က လမ်းကြောင်းတွေက အရင်ဝင်တုန်းကနဲ့ လုံးဝ မတူတော့သလိုပင်။

"အလျင်မလိုနဲ့... ဘာပဲဖြစ်ဖြစ် ငါတို့မှာ လုံလောက်တဲ့ သလင်းကျောက်တွေ ရှိတယ်... အစ်ကိုလုရွှမ်က မှန်ကန်တဲ့လမ်းကို ရှာတွေ့နိုင်မယ်လို့ ငါ ယုံကြည်တယ်"

သူတို့နှစ်ဦးသည် ပတ်ဝန်းကျင်ကို အလင်းရောင် ပေးရန်အတွက် နတ်မျှော်စင် မီးလုံးကို အသုံးပြုကာ လမ်းကြောင်းမှန်ကို ရှာဖွေရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ လုရွှမ်က တည်ငြိမ်စွာ လှည့်ပတ် ကြည့်ရှု​​နေပြီး လမ်းကြောင်း ပြောင်းလဲမှုများကို တွက်ချက်​နေသည်။

ဤအကြောင်းကြောင့် လုရွှမ်သည် သူ့​တွက်ချက်မှုမှာ မှားယွင်းခြင်းရှိမရှိ အစပိုင်းတွင် စိုးရိမ်ခဲ့သည်။ ဒါပေမဲ့ လမ်းကြောင်းပေါ်က အပြောင်းအလဲတွေကို ကြည့်ပြီးတော့ ပြဿနာက သူ့ဆီမှာ မဟုတ်ကြောင်း နားလည်သွားခဲ့၏။

ပတ်ပတ်လည်မှာ ဘယ်သူမှ မရှိပေ။ တောင်ကုန်းလေးတွေကို တစ်ခုပြီးတစ်ခု ကြည့်လိုက်တဲ့အခါ ဘယ်နဲ့ညာ နှစ်ဖက်စလုံးကို တစ်စုံတစ်ခုက ဖုံးလွှမ်းနေသလိုမျိုး လုံးဝကို မတူတဲ့ အငွေ့အသက်မျိုး ရှိနေလေသည်။

လုရွှမ် သူ့စိတ်ထဲတွင် ရုတ်တရတ် သဘောပေါက်သွားကာ မတ်တပ် ထရပ်လိုက်သည်။

"မင်းတို့နှစ်ယောက် သတိထား... လမ်းပေါ်မှာပဲနေပါ ဘာပဲဖြစ်ဖြစ် မလှုပ်နဲ့ ထွက်မလာနဲ့ ငါမင်းကိုခေါ်ရင်တောင် မလာနဲ့... ငါပြန်လာမှ အစစ်အမှန်ပဲ နားလည်လား"

လုရွှမ် ပြောသည့်စကားအရဆို သူဒီလမ်းကနေ ထွက်သွား​တော့မှာ ထင်ရှား​လေသည်။

"မဟုတ်ဘူး အစ်ကိုလုရွှမ်... အစ်ကိုလမ်းက ထွက်ရမယ့် အန္တရာယ်ကို သိရဲ့သားနဲ့... ညီမတို့အတူတူ ဆက်လျှောက်ရင် ထွက်လမ်း ရှာနိုင်မယ်လို့ ယုံကြည်တယ်..."

"စိတ်မပူပါနဲ့... ငါ့မှာ အစီအစဉ်တစ်ခု ရှိတယ် ဒီတစ်ခေါက် ပြဿနာက ဒီတောင်ကုန်းလေးတွေမှာ ပေါ်လာတာ ဖြစ်မယ်... ဒီပြဿနာကို နောက်မှ ပေါ်လာမယ်လို့ ထင်ခဲ့တာ ဒါပေမဲ့ ဒီလောက်စောနေမယ်လို့ မမျှော်လင့်ထားဘူး"

"စောနေတယ် ဟုတ်လား?"

“အင်း... ဒါက နတ်တောင်ကြီးလေ... သာမန်နေရာ မဟုတ်ဘူး အရင်က ဒီနေရာမှာ နတ်ဘုရားရှိတယ်လို့ သံသယ မ​ဖြစ်မိဘူးလား... နတ်တောင်က အဲ့နတ်ဝိညာဉ်ကို မွေးဖွားပေးခဲ့တာ ဖြစ်နိုင်တယ် အခု ဒီစကားက မှန်တယ်လို့ဆိုရင်.... နတ်တောင်ကြီးရဲ့ နတ်ဝိညာဥ်က လုပ်နေတာ ဖြစ်နိုင်တယ်"

ကျန့်နမ် အံ့အားသင့်သွားသည်။

"ဆိုတော့ ဒါက ဒုက္ခဖြစ်စေတဲ့ နတ်တောင်ရဲ့ဝိညာဉ်မို့လို့ပေါ့... ဒါဆို ငါတို့.... ?"

"အဲဒါတော့ မဟုတ်​လောက်ဘူး.... ဒါက စမ်းသပ်မှု တစ်ခုလည်း ဖြစ်နိုင်တယ် နတ်တောင်ရဲ့ ခွင့်ပြုချက်ကို ရသရွေ့ ဟိုတုန်းက တက်ရတာ ပိုလွယ်လာနိုင်တယ်... ပြီးတော့ သူ့စမ်းသပ်မှုကို အောင်မြင်ရင် နတ်တောင်က ငါတို့ကို ထပ်ပြီး အရှက်ရစေမှာ မဟုတ်ဘူး"

"ကောင်းပြီ သတိထား​ကြပါ..."

လုရွှမ်ဆိုပြီးတာနဲ့ လမ်းမှ ထွက်သွား​လေသည်။ ကျန့်မောင်နှမနှစ်ယောက်လည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကာ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်လျက် လုရွှမ် ထွက်သွားတာကို ဂရုတစိုက် ကြည့်​နေကြသည်။

လုရွှမ်သည် ရှေ့သို့ ခြေတစ်လှမ်း တိုးကြည့်လိုက်စဥ် ဘာမှမပြောင်းလဲသွားကြောင်း ခံစားလိုက်ရသည်။ လမ်းကြောင်းကို သူလှမ်းမြင်နေရဆဲ ဖြစ်သော်လည်း လမ်းကြောင်းပေါ်ရှိ မောင်နှမနှစ်ယောက်ကတော့ ပျောက်ဆုံးနေပြီ။

နှစ်ကြိမ်တိုင်တိုင် ခေါ်ကြည့်သော်လည်း အကြောင်းပြန်လာခြင်း မရှိပေ။ လမ်းမပေါ်တွင် ကျန့်နမ်နဲ့ ကျန့်ပေတို့ဟာလည်း လုရွှမ်ရဲ့ လှုပ်ရှားမှုများကို ကြည့်ကာ ကျယ်လောင်စွာ အော်နေသော်လည်း လုရွှမ်လက်က တုံ့ပြန်မှု လုံးဝ မရှိခဲ့ပေ။

"တကယ်ကို မှော်ဆန်လွန်းတယ်"

လုရွှမ်လည်း သူတို့နှစ်ယောက် လမ်းပေါ်မှာ ရှိနေ​သေးမှန်း သိလိုက်ရသဖြင့် လက်ပြနှုတ်ဆက်ပြီး တောင်ကုန်းလေးဆီသို့ လျှောက်သွားလိုက်​လေသည်။ လုရွှမ် ထပ်မံ လှည့်ထွက်သွားတာကို မြင်လိုက်ရတော့မှ ကျန့်ပေလည်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။

"အစ်ကိုလုရွှမ် ဘာမှမဖြစ်လောက်ပါဘူးနော်..."

"အင်း... ဒီလမ်းတစ်လျှောက်လုံး နင်လည်း သူ အရည်အချင်းရှိတယ် ဆိုတာ မြင်ခဲ့တာပဲမလား... နယ်ပယ်က ငါတို့ထက် နည်းနည်းနိမ့်တာကလွဲလို့ ကျန်တဲ့အရာအားလုံးက ငါတို့အထက်မှာ ရှိနေတာ... ငါယုံကြည်တယ် သူ့အတွက် ပြဿနာမရှိ​လောက်ဘူး"

ကျန့်ပေလည်း ခေါင်းညိတ် သဘောတူလိုက်ပြီး သူ့အစ်ကိုပြောတာ မှန်ကြောင်း ထောက်ခံလိုက်သည်။

"ကိုကို....အစ်ကိုလုရွှမ်လို လူတွေက အရမ်းနာမည်ကြီးရမယ်လို့ ပြောခဲ့တာပဲ မဟုတ်လား... ညီမ ဘာလို့ သူ့အကြောင်းကို တစ်ခါမှ မကြားဖူးရတာလဲ"

All Chapters