← Chapters

ဒုက္ခရောက်ပြီ

Vol. 98 Ch. 4.990

ဒုက္ခရောက်ပြီ

Vol. 98 Ch. 4.990

ကျန့်နမ် မရယ်နိုင်ဘဲ "ငါတို့ ဘယ်လောက်တောင် ထွက်လာခဲ့ပြီလဲ... သူ့နာမည်က မကောင်းတာတော့ မဟုတ်ဘူး ငါတို့က မသိသေးတာပဲ ဖြစ်မယ်... နင် သူ့နောက်က မှော်လက်နက်ကို မြင်တယ်မလား... တကယ်က နတ်ဓားတစ်ချောင်း ဖြစ်နေနိုင်တယ်"

"အဲဒါက အကြောင်းပြချက် တစ်ခုတည်းတော့ မဟုတ်ဘူး... လုရွှမ်က တခြားသူတွေရဲ့ လောဘဇောကို လုံးဝ မကြောက်ဘူး သူ့ရဲ့ ခွန်အားနဲ့ လူတော်တော်များများက သူ့ကို ဆန့်ကျင်ဖို့ ကြံဆလို့ မရဘူး သူ့ရဲ့ အထောက်အထားကို ဖုံးကွယ်ထားတာ ဖြစ်နိုင်တယ်... တကယ်တော့ ပါရမီရှင်တစ်ယောက်အတွက် သူ့ကိုယ်သူ ဖုံးကွယ်ထားတာက အကြောင်းပြချက် မရှိပါဘူး”

လုရွှမ်ကတော့ သူ့အတွက် ပေါက်ဖွားနေတဲ့ မောင်နှမနှစ်ယောက်၏ ချစ်ခင်မှုကို မသိခဲ့ပါဘူး။

မူလက သူသည် တောင်ငယ်တစ်ခုလို့သာ ထင်ခဲ့သော်လည်း အမှန်တကယ် တက်သွာပြီးနောက်တွင် ၎င်းသည် ရှေးဟောင်းလျှပ်စီးကမ္ဘာတွင် သူတက်ခဲ့သော လူသားလျှို့ဝှက်ဆန်းကြယ်သော လှေကားကဲ့သို့ ဖြစ်ကြောင်း သိလိုက်ရသည်။ အထူးသဖြင့် နားမလည်နိုင်သော စွမ်းအားရှိသည့် တောင်ကုန်းငယ်များတွင် အခက်အခဲများစွာ ရှိနေကြောင်း ခံစားနေရ၏။

လုရွှမ်သည် သူ့ခန္ဓာကိုယ်က အလွန်ပူနေပြီး သာမန်သေမျိုး လူသားများကဲ့သို့ပင် ချွေးများ စီးကျနေတာကို ခံစားရသည်။ တောင်ပေါ်ကို ခြေတစ်လှမ်း လှမ်းတက်လိုက်တိုင်း သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေ လျင်မြန်စွာ ကုန်ဆုံးသွားသလို မောပန်းနွမ်းနယ်လာသည်။

ပို၍ကြောက်စရာ ကောင်းသည်မှာ တောင်ကုန်းဆီမှ ကြီးမားသော စုပ်ယူမှု စွမ်းအားတစ်ခုလည်း ရှိနေပြီး သူ့ခန္ဓာကိုယ်ပေါ်မှ သယ်ဆောင်လာသော စွမ်းအင် သလင်းကျောက်များ ကုန်ဆုံးနေပုံက လမ်းပေါ်၌ ရှိစဥ်အချိန်ကနှင့် နှိုင်းယှဉ်ပါက အမြန်နှုန်းသည် ဆယ်ဆမက ရာဂဏန်းအထိပါ မြန်ဆန်လွန်းလှသည်။

ဤလမ်းမှ ထွက်ခွာပြီး ဤနေရာသို့ လှည့်လည်သွားလာ သူများသည် ဤမျှမြန်ဆန်သော အရှိန်ဖြင့် စွမ်းအက်သလင်းကျောက်များကို စားသုံးမှုကြောင့် အသက်ဝိညာဉ်များ ဆုံးရှုံးသွားကြတာ အံ့သြစရာတော့ မဟုတ်ပေ။

ဒီလိုစုပ်ယူမှုမျိုးနဲ့ဆို စွမ်းအင် သလင်းကျောက်တွင်းပင် ကြာကြာ မခံနိုင်လောက်ပေ။ သို့သော်၊ ရှုထောင့်ကို ပြောင်းလဲရန် တောင်ပေါ်တက်ခြင်းင ကောင်းသော နည်းလမ်းတစ်ခုလည်း ဖြစ်နိုင်သည်။

နောက်ဆုံးတော့ လုရွှမ် တောင်ထိပ်ကို ရောက်သွားခဲ့သည်။

တောင်ပေါ်ကနေ ငုံ့ကြည့်လိုက်တော့ အရင်ကလမ်းတွေလိုပဲ လမ်းတွေက တစ်ခုပြီးတစ်ခု ရှိနေတာ တွေ့ရ၏။ ဒါပေမဲ မကြာခင်မှာပဲ တောင်ကုန်းတွေဆီကနေ လမ်းကြောင်းတချို့ ကွဲထွက်သွားတာကို တွေ့ရလိုက်ရသည်။ အထူးသဖြင့် အရင်က သူတို့ဖြတ်သွားတဲ့လမ်းက အခုဆို တောင်ကုန်းတွေနဲ့ ပိတ်ဆို့လို့နေပြီ။

ဒါက တောင်ကုန်းတွေနဲ့ ပြဿနာလား ဒါမှမဟုတ် လမ်းလျှောက်တဲ့ ပြဿနာလား၊ ဒါမှမဟုတ် လမ်းတွေ အားလုံးရဲ့ ပြဿနာလား စဥ်းစားရခက်စေသည်။

လုရွှမ် တောင်ကုန်းပေါ်မှ ပြန်ဆင်းလာသည်။ သူ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်သလင်ကျောက်တွေ အများကြီး ရှိလို့ ဒီလိုလုပ်လို့ ရတယ်ဆိုလို့ ရှိရင် တခြားသူတွေကတော့ လုပ်နိုင်လိမ့်မည် မဟုတ်။

တောင်ပေါ်ကနေ ပြန်ဆင်းရတာက တောင်ပေါ်တက်တာထက် ပိုလွယ်တာကြောင့် မြန်မြန်ပဲ ဆင်းလာခဲ့လိုက်သည်။ အတူတူပါပဲ။ စားသုံးလိုက်တဲ့ သလင်းကျောက် အရေအတွက်က လုံးဝ မလျော့ပါဘူး။

လုရွှမ် သူစတက်လာခဲ့တဲ့ လမ်းသို့ ပြန်ရောက်သောအခါ ယခင်လမ်းကို ပြန်ပြောင်း လှည့်ကြည့်လိုက်၏။ ထို့နောက် သူ့ဓားစွမ်းအင်ကို ပစ်လွှတ်လိုက်ရာ တောင်ကုန်းကို ထိသွားကာ ကျောက်တုံးတွေ အပျက်အစီးတွေ လွင့်ထွက်သွားလေသည်။

ကျိုးသွားသော အပိုင်းအစ တစ်ခုကို ဖမ်းဆုပ်ကာ အသေအချာ စစ်ဆေးကြည့်လိုက်သည်။ ဒီတောင်ကုန်းသေးသေးလေး ရှိတော့ သူတို့သွားရမယ့်လမ်းကို မမြင်ရတော့ဘူး။ ဒါက ဘာအကြောင်းကြောင့်လဲ။

ရုတ်တရက် အလင်းရောင်တစ်ခု လင်းလက်လာသွားသည်။ လုရွှမ် နောက်သို့ အလျင်အမြန် ရှောင်တိမ်းလိုက်ရ၏။ တောက်ပလွန်းတဲ့ အမွေးတွေသော ငှက်တစ်ကောင် ပျံလာခဲ့သည်။ လုရွှမ် ခံစားလိုက်ရသော အလင်းရောင်က ငှက်ရဲ့ အလင်းကို ရောင်ပြန်ဟပ်တဲ့ အမွေးတွေပါပဲ။

လုရွှမ်သည် သူ ဒီလမ်းထဲကို ဝင်ကတည်းက ပျံသန်းနေသော ငှက်များနှင့် တိရစ္ဆာန်များကို လုံးဝ မမြင်ခဲ့ရကြောင်း ပြန်တွေးကြည့်လိုက်သည်။ ဒါပေမဲ့ ဒီအခြေအနေမှာ ဒီငှက်တစ်ကောင်က ပေါ်လာခဲ့သည်။

ထင်ယောင်ထင်မှားလား?

လုရွှမ် ပြုံးလိုက်ပြီး မဖြစ်နိုင်ဘူးလို့ မိမိဘာသာ ငြင်းလိုက်သည်။ သူသည် လျင်မြန်စွာ ငှက်နောက်သို့ လိုက်ကာ စွမ်းအင်သလင်ကျောက်နဲ့ ယွမ်စွမ်းအင်များကို သုံးစွဲလိုက်ရာ ပျံသန်းနေတဲ့ ငှက်ကို သူ့လက်ထဲမှာ ဖမ်းမိသွားခဲ့သည်။

ရုတ်တရက် ငှက်က ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ချက်ချင်းပင် ပြာဖြစ်သွားလေရာ လုရွှမ် ဖမ်းဆုပ်ထားစရာ ဘာမှ မကျန်ခဲ့တော့ပေ။ လုရွှမ်မှာ ရယ်ရခက်ငိုရခက် ဖြစ်သွား၏။

'ကစားချင်တယ်ပေါ့... ဒါဆိုလည်း ကစားတာပေါ့'

တစ်စုံတစ်ယောက်သည် သူနှင့်အတူ ကစားချင်နေပြီး သူ့ကို နောက်ပြောင်ရန် ယခုပင့ ဆုံးဖြတ်လိုက်ပုံ ရသည်။ ဖြစ်နိုင်ခြေအရှိဆုံးမှာ ၎င်းသည် နတ်တောင်၏ ဝိညာဉ်ပင် ဖြစ်လိမ့်မည်။

ဒါပေမဲ့ နတ်တောင်ဝိညာဥ် ထွက်လာအောင် ဘယ်လို ဆွဲထုတ်ရမလဲ။ နတ်မီးကို အသုံးပြုခြင်း၊ ဓားစွမ်းအင်သုံးခြင်းနှင့် ဆွဲ​ထုတ်ရန် အခင်းအကျင်း ပညာများကို အသုံးပြုခြင်းက အသုံးမ၀င်လောက်ပေ။

ဒီနေရာရဲ့ အပြင်အဆင်က ကောင်းကင်ဘုရင် နန်းတော်နဲ့ ယှဉ်ရင် အတော်လေး စိတ်ကူးယဉ် ဆန်နေပေမယ့် ဒါက ပိုပြီးတော့ ဆန်းပြားပါသည်။ ပထမတော့ လုရွှမ်သည် ဒီလိုအခင်းအကျင်း တီထွင်ဖန်တီးမှုမှာ ထူးချွန်သူတွေ အများကြီး ရှိနေတယ်လို့ ထင်ခဲ့သည်။ အခင်းအကျင်း ကောင်းကင် စာအုပ်ကို အားကိုးစရာမလိုဘဲ ဒီလိုကြီးကျယ်ခမ်းနားတဲ့ အခင်းအကျင်း ပုံစံကို တည်ဆောက်နိုင်သူတွေ ရှိနေဆဲလို့ ထင်ခဲ့သည်။

အခုတော့ သူ့မှာ အဖြေရှိနေပြီ ထင်ပါ၏။ သူ့ရဲ့ဟောကိန်းသာ မှန်တယ်ဆိုရင် ဒီနေရာကို ဆောက်တဲ့လူဟာ ကောင်းကင်ဘုရင်ပဲ ဖြစ်ရမယ်။

ထို့အပြင် ဤနတ်တောင်သည် ကောင်းကင်ဘုရင်၏ နန်းတော်အရင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ကွာခြားချက်မှာ နတ်တောင်ဟာ ကောင်းကင်ဘုရင်ရဲ့ ကျရှုံးမှုဟု ယူဆသင့်သည်။

ကောင်းကင်ဘုရင် နန်းတော်ရဲ့ ရည်ရွယ်ချက်မှာ အာကာသ လမ်းကြောင်းကို ဖွင့်ရန်ဖြစ်တဲ့အတွက် ဤနတ်တောင်သည်လည်း အလားတူအကျိုး သက်ရောက်မှုမျိုး ရှိလိမ့်မည်။ သို့သော် ကောင်းကင်ဘုရင်သည် အမြဲတမ်း မြို့တော်မှာပဲ ရှိနေခံကာ အရာအားလုံးကို သူ့​အလိုတိုင်း ထိန်းချုပ်ထားခဲ့သည်။

ရလဒ်အနေဖြင့် အာကာသ ဥမင်လိုဏ်ခေါင်းမှတဆင့် မြေကမ္ဘာထဲသို့ ဝင်ရောက်လိုသော သူ့ဆန္ဒက မအောင်မြင်ခဲ့ပေ။ ကောင်းကင်ဘုရင်၏ တန်ခိုးသည် အလွန်ပျက်စီးသွားပြီး သူ့ဒဏ်ရာများကို ကုသရန် ကောင်းကင်ဘုရင် နန်းတော်၌ ပုန်းအောင်းနေခဲ့သည်။

ထုံးစံအတိုင်း အတွင်းပိုင်း ဖွဲ့စည်းပုံက သိပ်ပြီး မပြောင်းလဲသေးဘဲ မူလပုံစံအတိုင်းပဲ ဖြစ်သည်။ ပထမတည်ဆောက်စဉ်က အတော်လေး အဆင့်မြင့်ခဲ့သော်လည်း ယခု နှစ်များစွာ ကြာပြီးနောက်တွင် ၎င်းသည် နတ်တောင်ထက် များစွာဆိုးရွားလာခဲ့သည်။

အကြောင်းရင်းမှာ နတ်တောင်သည် ၎င်း၏စိတ်ဝိညာဉ်ကို မွေးဖွားပေးနိုင်ခဲ့ပြီး ၎င်း ထိန်းချုပ်ထားသမျှကို ပေါင်းစပ်ကာ ယနေ့ခေတ် မြင့်မြတ်သော နတ်တောင်အဖြစ်သို့ စဉ်ဆက်မပြတ် တိုးတက်စေခဲ့သောကြောင့် ဖြစ်သည်။

အခက်အခဲတွေ ကြုံခဲ့လိုဖြစ်စေ ဆုလာဘ်တွေ ရခဲ့လိုဖြစ်စေ အခင်းအကျင်း၊ ဒြပ်စင်ငါးပါးနှင့် ပါကွားတို့၏ မှော်ဆန်သော အသုံးပြုမှုတို့ အကြားက ပြီးပြည့်စုံသော တူညီမှုမှာ နတ်တောင်ကို သန့်စင်ပေးသူသည် ကောင်းကင်ဘုရင် ဖြစ်နိုင်ကြောင်း ဖော်ပြ​နေသည်။

ထို့နောက် ဤနေရာမှ ထွက်သွားလိုပါက ဝိညာဉ်ဖွဲ့စည်းခြင်းမှာ နတ်တောင်ဝိညာဉ်ကို စိတ်ဝင်စား​စေသည့် တစ်ခုတည်းသော အရာဖြစ်သည်။

လုရွှမ်သည် လေထဲတွင် အခင်းအကျင်းများကို အလိုအလျောက် ဖြစ်ပေါ်လာအောင် လုပ်နိုင်စွမ်းမှာ သူ၏ ပင်ကိုယ်စွမ်းရည် မဟုတ်ဘဲ သူ၏ ကြိုးစားအားထုတ်မှု နှင့် ချွေးများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဒါ့အပြင် ရားရားရဲ့ ဆင်ခြင်တုံတရားကလည်း အလွန် အစွမ်းထက်စွာ ပါဝင်​သေးသည်။

အခင်းအကျင်း ဖွဲ့စည်းမှု ထွက်လာပြီးတာနဲ့ လုရွှမ်ဟာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ တုန်ခါမှုကို ခံစားလိုက်ရသည်။ ၎င်းက အလွန်နူးညံ့သော်လည်း အပြောင်းအလဲ တစ်ခုတော့ ရှိလာသည်။

လုရွှမ်သည် နောက်ဆုံးတော့ အခင်းအကျင်း ဖွဲ့စည်းပုံကို အကြမ်းဖျင်းလောက်သာ ရေးဆွဲကာ ရပ်လိုက်ပြီး နောက်ပုံစံတစ်ခုကို ထပ်မံရေးဆွဲလိုက်သည်။

ထိုအခါ ​လေထုထဲတွင် ဝှက်ထားသော ရောင်ဝါများ ပိုထူလာလေ၏။ ၎င်းက လုရွှမ်ရဲ့ အပြုအမူကို အလွန်မကျေမနပ် ဖြစ်​နေကြောင်း သိသာထင်ရှားပါသည်။ လုရွှမ် တတိယမြောက် အခင်းအကျင်း ဖွဲ့စည်းပုံကို ထပ်မံရေးဆွဲလိုက်ပြန်သည်။

နောက်ဆုံးတွင် အလွန်သိသာ ထင်ရှားသော သူ့အနောက်မှ ရောင်ဝါကို ခံစားလိုက်ရမှ လုရွှမ် ပြုံးကာ လှည့်ကြည့်လိုက်သည်။ ပထမတစ်ချက်မှာတင် သူ့ခမျာ အံ့ဩသွားမိသွားသည်။ ထွက်လာသူက နတ်သမီးကဲ့သို့ အမျိုးသမီးတစ်ဦး ဖြစ်ခဲ့သော်လည်း သူမတစ်ကိုယ်လုံးက ကိုယ်လုံးတီး ဖြစ်နေသည်။

"အဝတ်အစား!"

နတ်ဘုရားမက တိုးတိုးလေး ဟစ်အော်လိုက်ပြီး သူမ၏ခန္ဓာကိုယ်မှ အဝတ်စတစ်ခု ပေါ်လာသည်။ သူမရဲ့ စကားတွေက ရှင်းရှင်းလင်းလင်း ပြတ်သားကာ မိန်းကလေးဆန်တဲ့ ခပ်မိုက်မိုက် ပုံစံမျိုးပင်။

"အခုနက အခင်းအကျင်း ဘယ်မှာလဲ... မြန်မြန် ပုံကြမ်းဆွဲပြ!!"

All Chapters