လမ်းပိတ်ထားပြီ
Vol. 99 Ch. 4.991
လုရွှမ် ညင်သာစွာ ပြုံးပြီး ပြောလိုက်သည်။
"ကျန်နေတဲ့ ပုံစံတွေကို အကြမ်းဖျင်း ပြောပြစေချင်တယ် ဆိုရင်တော့ အဆင်ပြေပါတယ်... ဒါပေမဲ့ မင်းငါ့ကိုဒုက္ခမပေးရဘူး"
နတ်သမီးက ညင်သာစွာ ဟစ်အော်ရင်း ပါးစပ်ကလေး ကျယ်လာကာ သူမသည် ကလေးမလေးနှင့် ပိုတူသွားသည်။
"အရူး... ကျွန်မ ရှင့်ကို ဒုက္ခမပေးပါဘူး... ရှင်က လူကောင်းလို့ ထင်တယ်... ရှင့်အသက်ကို ချမ်းသာပေးနိုင်တယ်...ဒါက နတ်တောင်ပဲ သွားလို့ရတဲ့ နေရာတွေ ရှိတယ် သွားလို့မရတဲ့ နေရာတွေရှိတယ် အဲဒါကို မသိဘူးလား"
"သြော် ဒါဆို ပြောပြလို့ ငါမင်းကို ကျေးဇူးတင်ရမယ်... ဟုတ်ပြီ ငါ အခုဖွဲ့စည်းပုံကို အကြမ်းဖျဉ်း ပြောပြမယ်"
လုရွှမ်သည် အခင်းအကျင်း ကောင်းကင်စာအုပ်ထဲမှ သူမြင်ဖူးသမျှ ပထမဆုံးပုံစံကို ပုံဖော်လိုက်သည်။ နတ်သမီးက ထပ်ဖတ်ပြီး ခေါင်းလေး ညိတ်ပြ၏။
"အို ဒါပဲ... ဒီဖွဲ့စည်းပုံက အရမ်းအားကြီးတယ်... ဟဲဟဲ ဒါပေမဲ့ ဒီအခင်းအကျင်းက ရှင့်ဘာသာ တီထွင်ထားတာ မဟုတ်ဘူးမလား... အခင်းအကျင်း ဖွဲ့စည်းခြင်းအကြောင်းကို ရှင် လုံးလုံးလျားလျား နားလည်မှု မရှိပါဘူး... ရှင်က အစွမ်းထက်ပေမယ့် အရမ်း အာရုံလွဲနေတယ်"
ခန့်မှန်းချက်က တိကျပေသည်။
"ကောင်းပြီ အဲဒါကို သူငယ်ချင်းတစ်ယောက်က ဖန်တီးထားတာ... သူ့နာမည်ကို သိချင်လား.. တခြားအခင်းအကျင်း ပုံစံနှစ်ခုကိုရော သိချင်သလား... ဒါဆို မင်းနာမည်ကို ပြောပြပြီး ကိုယ့်ကို မိတ်ဆက်ပေးနိုင်မလား"
နတ်သမီးလေးသည် ချစ်စရာကောင်းပြီး နုံအပုံရသည်။ သို့သော် သူမသည် လုရွှမ်က သူ့မိန်းကလေးကို လှည့်ဖြားသည့် နည်းလမ်းကို သုံးနေသည်ဟုထင်ကာ ချက်ချင်းပင် မထီမဲ့မြင်ဖြစ်လာသည်။
"ဟမ့် ဘာလို့ပြောပြရမှာလဲ.... ကျွန်မက အခင်းအကျင်းနဲ့ လိုင်းတွေကို ပြောင်းဖို့ပဲလိုတာ ရှင့်ရဲ့ အခင်းအကျင်း ဖွဲ့စည်းပုံ စွမ်းရည်လောက်နဲ့ ကျွန်မကို အနိုင်မယူနိုင်ပါဘူး... ဘာလို့ ကျွန်မကိုကျွန်မ မိတ်ဆက်ရမှာလဲ? ဘာလို့ ရှင့်ကိုယ်ရှင်ကျ မမိတ်ဆက်တာလဲ"
လုရွှမ် ပြုံးပြီးပြော၏။
"ကောင်းပြီ နတ်သမီး ဒါဆို ငါ့ကိုယ်ငါ မိတ်ဆက်ပေးမယ်"
လုရွှမ် သူ့ကိုယ်သူ တခါတည်း မိတ်ဆက်လိုက်ပြီး အခင်းအကျင်း ပုံကြမ်းတချို့ ရေးဆွဲပြလိုက်သည်။
"ကျေနပ်ပြီလား"
နတ်ဘုရားမသည် အတွေ့အကြုံ မည်မျှပင် ကြုံဖူးသည်ဖြစ်စေ သူမကို ထိန်းချုပ်ရန် ခက်ခဲဆဲပင်။ သူမက ခဏလောက် တုံ့ဆိုင်းသွားကာ မိတ်ဆက်ပေးလာသည်။
"ကျွန်မနာမည်က ရှန်ရှို့ပါ... ကျွန်မကို နတ်ဘုရားမလို့ ခေါ်ရင်ကောင်းမယ်... ရှင်ထင်တာ မှန်တယ်... ကျွန်မ ဒီနတ်တောင်ကနေ မွေးဖွားလာတဲ့ ဝိညာဉ်ပဲ... နတ်တောင်ပေါ်က အရာအားလုံး အနည်းဆုံး အစိတ်အပိုင်း တချို့က ကျွန်မထိန်းချုပ်မှုအောက်မှာ ရှိတယ်"
လုရွှမ် ပြုံးပြီး "ကောင်းပြီ ကျန်တဲ့ အခင်းအကျင်း ပုံစံနှစ်ခုကို အရင်ရေးပြပါရစေ... ငါ့စကားကို ငါတည်မယ်..."
ရှန်ရှို့သည် နတ်တောင်မှ မွေးဖွားလာသော ဝိညာဉ်တစ်ခု ဖြစ်သောကြောင့် အခင်းအကျင်းရဲ့ အကြမ်းဖျင်းကို ကြည့်ရုံဖြင့် ၎င်းကို လုံးလုံးနားလည်သွားခဲ့သည်။ လုရွှမ်ရဲ့ မျက်လုံးတွေကို ကြည့်ကာ ပြုံးလိုက်၏။
"ရှင်က အရမ်းရိုးသားတဲ့လူပဲ... အမြင်ကတ်စရာတော့ မကောင်းပါဘူး"
"ကောင်းပြီ.... ဒီအခင်းအကျင်း ပုံစံက အန္တရာယ်ရှိတဲ့ နေရာကို ရောက်သွားနိုင်တဲ့အတွက် ငါနောက်ထပ် မကြိုးစားတော့ဘူး... ငါတို့ထွက်သွားမယ် ရှန်ရှို့ ငါ့သူငယ်ချင်းနှစ်ယောက်နဲ့ တွေ့ချင်လို့လား သူတို့မှာ ဖြူစင်တဲ့ ကလေးလေးတွေလိုပဲ... အရမ်းဖော်ရွေပြီး မင်းကြိုက်မှာ သေချာတယ်”
ရှန်ရှို့က မျက်မှောင်ကြုတ်ပြီး ခေါင်းခါပြသည်။
"မလုပ်တာက ပိုကောင်းပါတယ်... တခြားသူတွေ ကျွန်မကို မြင်ရင် သူတို့ရဲ့ ရည်ရွယ်ချက်တွေ ဆိုးသွားလိမ့်မယ်"
ဒါက အမှန်ပါပဲ။ ကျင့်ကြံသူများသည် ရှန်ရှို့က နတ်တောင်မှ မွေးဖွားသော ဝိညာဉ်အဖြစ် မြင်သွားပါက ရှန်ရှို့ကို ထိန်းချုပ်ထားသရွေ့ နတ်တောင်တစ်ခုလုံးကို သူတို့ထိန်းချုပ် ထားနိုင်ပြီဟု သဘာဝကျကျ ထင်မြင်ကြလိမ့်မည်။ ကောင်းကင်ရတနာနဲ့ မြေကြီးရဲ့ ဘဏ္ဍာတွေ အားလုံးဟာ ကိုယ်နဲ့ဆိုင်တယ်လို့ ထင်လိမ့်မည်။
"ကောင်းပြီ ရှန်ရှို့ ... မင်းငါ့ဆီက အကူအညီလိုသေးလား? မင်းဒီနတ်တောင်ရဲ့ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားတယ်လို့ ငါကြားတယ်.... ငါအခုဖော်ပြထားတဲ့ အခင်းအကျင်း ဖွဲ့စည်းပုံကို မင်းအရမ်း သိချင်နေပုံရရင် အဲဒါကို တစ်ခါမှ မမြင်ဖူးဘူး ဟုတ်တယ်မလား"
"ဟမ့်... ရှင်ဒီကိစ္စကို စိတ်ပူနေစရာ မလိုဘူး!!"
ရှန်ရှို့ ရုတ်တရက် ဒေါသထွက်သွားပြီး သူ့ခန္ဓာကိုယ်က လေထုထဲမှာပဲ ပျောက်သွားလေသည်။ လုရွှမ် ခေါင်းယမ်းကာ ရှိုက်ကြီးတငင် ပြုံးလိုက်မိသည်။ သူ အနည်းငယ် စိတ်မရှည်သလို ဖြစ်သွားတာကြောင့် နတ်ဘုရားမကို ခြောက်လန့်လိုက်မိပုံပဲ။
လုရွှမ် တောင်ပေါ်မှဆင်းကာ လာလမ်းအတိုင်း ပြန်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သလင်းကျောက် ငါးသန်းနီးပါး ဆုံးရှုံးသွားတာ တွေ့ရတော့ သူ အံ့သြသွား၏။ ဒီပမာဏက တကယ်ကို အံ့ဩဖို့ ကောင်းလှပေသည်။
ကျန့်မောင်နှမနှစ်ယောက်လည်း စိတ်မရှည်စွာ စောင့်နေကြပြီး လုရွှမ် ပြန်လာတာကို မြင်တော့မှ သက်ပြင်းချနိုင်ခဲ့သည်။
"ပြန်လှည့်ကြရအောင်.... ရှေ့လမ်းက ပိတ်နေတယ်...ဆက်သွားရင် အန္တရာယ်ရှိတဲ့ နေရာကို ရောက်သွားလိမ့်မယ်... အန္တရာယ်တွေက မယူတာ အကောင်းဆုံးပဲ..."
နှစ်ယောက်သား ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံကြသည်။ အမှန်မှာ သူတို့သည် နယ်ပယ်သစ်နှစ်ခုကို စူးစမ်းရှာဖွေခဲ့ကြပြီး ရိတ်သိမ်းမှုများကြောင့် အလွန်အမင်း ချမ်းသာလာခဲ့သည်။
ထွက်လမ်းက သဘာဝကျကျ ပိုရိုးရှင်းပါ၏။ သူတို့ သုံးယောက်သည် ယခင်လမ်းအတိုင်း ဖြည်းညှင်းစွာ ထွက်သွားခဲ့ကြသည်။ အပြင်ဘက်တွင် လူတစ်ရာနီးပါး စုရုံးလျက်ရှိကာ တစ်စုံတစ်ခုကို အော်ဟစ်နေပုံမှာ ကြီးမားသော အုံကြွမှုကြီးတစ်ခု ရှိနေသည့် အတိုင်းပင်။
"ဘာတွေဖြစ်နေတာလဲ?"
လုရွှမ် လူတစ်ယောက်ကို ဖမ်းဆုပ်ပြီး မေးလိုက်သည်။ သူ့လို နတ်မီးနယ်ပယ် ပထမအဆင့်က မျှော်စင်နယ်ပယ်က လူတစ်ဦးကို သတင်းသွားမေးနေလို့ မရချေ။ အဲဒီလူက ခဏလောက် ထိတ်လန့်သွားပေမယ့် သဘောထားက မဆိုးလှချေ။ သူက ကြင်နာစွာ ပြောပြလေသည်။
"မင်းတို့ အဲ့လမ်းထဲက ထွက်လာတာ မဟုတ်လား... မင်းတို့လမ်းကို ဆက်စူးစမ်းဖို့ မရတော့ဘူးမလား"
"အဲ့လောက်တောင် သိသာလား..."
"ဒါပေါ့ လူတိုင်း မအောင်မြင်ဘူးလေ... အရင်ကဆို လမ်းက ကောင်းကောင်း အလုပ်လုပ်တယ် ဒါပေမဲ့ ရုတ်တရက် လမ်းတွေအားလုံး ပျက်သွားတော့ အားလုံးလည်း အမြန် ပြန်ထွက်လာခဲ့ရတာ"
လုရွှမ် ကျန့်မောင်နှမနှစ်ယောက်ကို ကြည့်လိုက်တော့ သူတို့နှစ်ယောက်လုံးက ပုံမှန်မျက်လုံးတွေနဲ့ပဲ ပြန်ကြည့်နေသည်။
ကြည့်ရတာ သူ ရှန်ရှို့ကို ဒေါသထွက်စေမိသောကြောင့် သူမဟာ စိတ်ထဲတွင် စိုးရိမ်ပူပန်နေသဖြင့် လူတိုင်းရဲ့လမ်းကို ဖြတ်ပစ်လိုက်တာ ဖြစ်ပေမည်။ သူတိုနှစ်ယောက် ဆက်သွယ်လိုက်တဲ့ အချိန်က တိုပေမယ့် ရှန်ရှို့ရဲ့ ခံစားချက်က အလွန်ဖြူစင်သည်။ သူ့ကို လူတွေဆီက ဖုံးကွယ်ထားနိုင်ပေမယ့် ရောင်ဝါကတော့ ဖုံးကွယ်ထားဖို့ ခက်ပါ၏။
စကားများလွန်းသဖြင့် အမှားများကို ဖြစ်ပေါ်စေနိုင်လို့ သူတို့သုံးယောက် တိတ်တိတ်လေး နောက်ဆုတ်လာခဲ့သည်။ လူက များသထက် များလာကာ ကမောက်ကမများလည်း ပိုများလာသည်။ လမ်းကို စူးစမ်းလေ့လာနေသူ အများအပြား ရှိကောင်းရှိနိုင်သော်လည်း လက်ရှိအတိုင်းအတာကို ကြည့်ပါက ယခုအခါ ရာနှင့်ချီမှ ထောင်ဂဏန်းအထိ ပိုများလာပါသည်။
လမ်းကို လိုက်ရှာနေတဲ့သူတွေ အများကြီး ရှိလေသည်။ လမ်း အပိတ်ခံလိုက်ရတာကြောင့် ပြဿနာက ပိုပြင်းထန်လာလေပြီ။
စဉ်းစားကြည့်လျှင် အချိန်အတော် ကြာအောင် အလုပ်လုပ်ပြီးနောက် နောက်ဆုံးတွင် လျှို့ဝှက်ရတနာ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး စုဆောင်းတော့မည့် အချိန်တွင် အပြင်ကို ပြန်ပို့ခံလိုက်ရပါက အတော်လေး ခံပြင်းစရာ ကောင်းလှသည်။
သူတို့သည် ရတနာ ပိုင်ဆိုင်မှုကို ဆုံးဖြတ်ရန် တစ်စုံတစ်ဦးနှင့် တိုက်ပွဲဝင်နေကာ တစ်ဖက်လူကို ခဏတာ လွတ်မြောက်ခွင့်ပေးနေစဥ် သူတို့ကိုယ်တိုင်လည်း ပစ်ထုတ်ခံလိုက်ရသည်။
အခင်းအကျင်းထဲမှာ ပိတ်မိနေတဲ့ သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေဆုံးနေတာကြောင့် ကူကယ်ရာမဲ့ ဖြစ်နေစဥ် နောက်ဆုံးတော့ ကျဉ်းမြောင်းတဲ့ လွတ်မြောက်မှုကနေ အပြင်ကို ပြန်ထွက်လာခဲ့သည်။
တချို့လူတွေရဲ့ ဒေါသကတော့ ငြိမ်နေပြီး တချို့ကတော့ လူသတ်ချင်နေကြသည်။