ပေါင့်တာထင်းကို ထပ်တွေ့ပြီ
Vol. 99 Ch. 4.992
လူအုပ်ကြားတွင် ခွန်အားနည်းသော သူများကို အနိုင်ကျင့်ခြင်းသည် ခွန်အားကြီးမားသော လူများ၏ သဘောသဘာဝ ဖြစ်သည်။ ဒါဆို ဘယ်သူက နှိပ်စက်ခံရမှာလဲ။ သေချာပေါက် အဆင့်အတန်း မမြင့်တဲ့ နတ်မီးနယ်ပယ် အဆင့်မှာ ရှိနေသူတွေက သဘာဝအတိုင်း အနိုင်ကျင့်ခံရသူတွေပါပဲ။
အခြေအနေ တစ်ခုလုံးအတွက် မစီစဉ်ထားပါက ခဏလောက်လည်း အစီအစဉ် ဆွဲနိုင်မည် မဟုတ်ချေ။ ကြိုတင်စီမံချက် မချပါက နောက်ဆက်တွဲ လုပ်ဆောင်မှုများတွင် အလွန် အခက်အခဲ တွေ့နိုင်သည်။
သူတို့သုံးယောက် ဆုတ်ခွာသွားသောအခါတွင် တခြားလူတွေလည်း ထိုလူများနှင့် ဝေးရာသို့ တိတ်တဆိတ် ဆုတ်ခွာသွားတာကို လုရွှမ် လှမ်းတွေ့လိုက်ရသည်။ ဉာဏ်ကောင်းသူတွေလည်း ရှိပါသေးသည်။
အရမ်းစိတ်ကြီးဝင်ပြီး လူအုပ်ကြားထဲမှာ ရပ်နေတုန်း သူတို့ရဲ့ အဆင့်အတန်းနဲ့ ကျင့်ကြံမှုအဆင့်ကို ပြသနေတဲ့ ကြွေးကြော်သံတွေလည်း အများကြီး ရှိပါသေး၏။ အချင်းချင်း ပေါင်းသင်းဆက်ဆံပြီး လူအချို့ကို မျက်နှာသာ ပေးချင်သူတွေလည်း ရှိနေရာ လက်ရှိအခြေအနေက ဘဝရဲ့ ရှုထောင့်အားလုံးကို ထင်ဟပ် ပြသနေလေသည်။
"ဟားဟား... ငါမြင်လိုက်တာနဲ့ မင်းဆိုတဲ့ ကောင်လေးမှန်း ထင်လိုက်သား... မင်း ပြန်လာမယ်ဆိုတာ ငါသိနေတယ်... မင်းဘာလို့ နတ်တောင်ကို တိုက်ရိုက် ရောက်လာတာလဲ... ဟူး... ဒါလည်း မှန်သားပဲ... မင်းက ကြယ်တစ်သောင်းကမ္ဘာကို လမ်းဖြတ်ကူးတဲ့ ကြွက်လို လုပ်နေတာပဲ !"
"ဟေး ဒီနှစ်ယောက်က ဘယ်သူတွေလဲ... မင်းရဲ့သူငယ်ချင်းအသစ်တွေက စွမ်းအား အရမ်းကြီးသားပဲ... ကျွန်တော်က ပေါင့်တာထင်းပါ... မိတ်ဆွေနှစ်ယောက်ကို ဘယ်လိုခေါ်ရမလဲ?"
ကျန့်နမ်နဲ့ ကျန့်ပေတို့သည် ဤမရင်းနှီးသောလူကို အံ့အားသင့်စွာ ကြည့်ကာ လုရွှမ်ကိုလည်း သံသယ မျက်လုံးများဖြင့် ကြည့်လိုက်သည်။ လုရွှမ်လည်း နှစ်အတော်ကြာအောင် မတွေ့ခဲ့ရပြီးနောက် ရင်းနှီးသော ဒီမျက်နှာကို ထပ်မံ မြင်တွေ့ရရန် မမျှော်လင့်ထားတာမို့ အံ့သြသွားခဲ့သည်။
ပေါင့်တာထင်းက လေးနက်တဲ့ လူတစ်ယောက် ဖြစ်ပြီး အရင် သူထွက်ပေါ်လာခဲ့တဲ့ ကိစ္စတွေကို တွေးကြည့်လိုက်ရင် သူက လူဆိုးတစ်ယောက်လို မဟုတ်နေပေ။
"ဒါက ငါ့သူငယ်ချင်း ပေါင့်တာထင်း... သူ့ရဲ့ကျင့်ကြံမှုက ခန့်မှန်းရခက်တယ်.... သူဘယ်လောက် သန်မာမှန်း ငါတောင် မသိဘူး... ဒါက ကျန့်နမ်နဲ့ ကျန့်ပေတို့ မောင်နှမ... နှစ်ယောက်လုံးက ထိပ်တန်း ပါရမီရှင်တွေ..."
ပေါင့်တာထင်း ပြုံးပြီး "လုရွှမ်ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်နဲ့... ငါ့ရဲ့ကျင့်ကြံမှု အဆင့်က နည်းနည်းတော့ မြင့်ပေမယ့် လုရွှမ်နဲ့ ယှဉ်ရင် ဘာမှ မဟုတ်တော့ပါဘူး... တခြားဘာမှ မဖြစ်သေးရင် လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကိစ္စကိုပဲ ပြောကြည့်ရအောင်.. မင်းရဲ့လက်ရှိအင်အားက အနည်းဆုံး နှစ်ဆတိုးသွားပြီ... မင်းလို ပါရမီရှင်တစ်ယောက်ရဲ့ အရှိန်က ငါ့လို သေနိုင်တဲ့လူကို ကျော်လွန်သွားပါပြီ"
လုရွှမ်သည် သူ့စကားထဲမှာ တစ်ခုခု မှားနေပြီဆိုတာ ရိပ်မိပါ၏။ သူအရင်က ပေါင့်တာထင်းရဲ့ ကျင့်ကြံမှုကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။ အခုတော့ သူ့ခွန်အားတွေ အရမ်းတိုးတက်လာပြီး သူ့မျက်လုံးတွေက ပိုအားကောင်းလာတာတောင် ပေါင့်တာထင်းရဲ့ ကျင့်ကြံမှုက အရင်ကနဲ့ မတူတော့တာမျိုး မရှိသလိုပင်။
သို့သော် လုရွှမ်သည် ဤလူတွင် အလွန်နက်နဲသော လျှို့ဝှက်ခွန်အားရှိကြောင်း ထင်ရှားစွာ ခံစားနိုင်သည်။ သူငယ်ချင်း တစ်ယောက်အနေနဲ့ လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ ရှိတာကြောင့် အသေးစိတ် လေ့လာနေဖို့ မလိုအပ်ပါဘူး။
ကျန့်ပေနဲ့ ကျန့်နမ်တို့သည် ပေါင့်တာထင်းကို အလျင်အမြန် နှုတ်ဆက်ကြပြီး ပေါင့်တာထင်းကလည်း သူတို့နှစ်ဦးတွင် အပြစ်ကင်းသော နှလုံးသားများ ရှိကြောင်း တစ်ချက် ကြည့်ရုံဖြင့် ပြောနိုင်ကာ သူတို့နှစ်ဦးနှင့် သဘာဝအတိုင်း ပိုမိုရင်းနှီးလာခဲ့သည်။
"ငါလေ နေရာကျဉ်းကျဉ်းလေးမှာ လျှောက်သွားရင်း ရတနာတစ်ခုကို ဖမ်းတော့မလိုဟာကို လက်လွှတ်လိုက်ရတယ်လေ... တကယ်ကို စိတ်ဓာတ်ကျစရာပဲ..."
အထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ပြောရင်း ပေါင့်တာထင်းက ရုတ်တရက် စိတ်ဓာတ်ကျလာပြီး သက်ပြင်းချလိုက်ပေသည်။ ကျန့်နမ်နဲ့ ကျန့်ပေတို့က တိတ်တဆိတ် ရယ်မောနေကြကာ လုရွှမ်ရှေ့မှာ ရယ်စရာ ဖြစ်သွားမှာကို ဂရုမစိုက်ပုံပင်။ သူသည် ထန်းယွမ်မြို့မှ တပည့်များ၏ အခြေအနေကို အလျင်အမြန် မေးသည်။
တစ်ယောက်နဲ့ တစ်ယောက် မတွေ့တာ သုံးနှစ်လောက်ကြာတော့ လုရွှမ်ရဲ့ သူငယ်ချင်းနဲ့ တပည့်အဖြစ် သူတို့အပေါ် ဖိအားတွေ ဘယ်လောက်များ ကျခဲ့ရတယ်ဆိုတာ စိတ်ကူးကြည့်နိုင်ပါ၏။ လူဘယ်နှစ်ယောက်လောက် ဒေါသတွေ ထွက်နေမလဲ မသိပါ၊ ယုတ်ညံ့တဲ့ စေ့ဆော်မှုတွေနဲ့ လုရွှမ်ဆီက အခွင့်ကောင်းယူဖို့ ကြိုးစားတဲ့လူ ဘယ်နှစ်ယောက်လောက်များ သူမတို့ဆီကနေ အခွင့်ကောင်း ယူနေကြပြီလဲ မသိ။
"စိတ်မပူပါနဲ့ အဆင်ပြေပါတယ်.... အဲဒီကောင်လေး ရွှမ်ကျီးက အရမ်းယုံကြည် စိတ်ချရတုန်းပဲ။ မင်းညီမ လီလင်ရှို့လည်း ရှိနေတာကို သူတို့ကို ဘယ်သူက အနိုင်ကျင့်ရဲမှာပဲ... ဒါပေါ့ တချို့သူတွေက လက်နက်သန့်စင်တဲ့ အလုပ်ရုံထဲက လက်နက်တချို့ကို လုယူဖို့ ကြိုးစားနေတုန်းပဲ... ငါ မင်းအတွက် တချို့အရာတွေကို ရှင်းပေးထားတယ်... သူတို့အားလုံးက အရမ်းကောင်းပြီး မင်းကိုလည်း အရမ်းလွမ်းနေကြတယ်"
ပေါင့်တာထင်းက ဒီအကြောင်းကို နှိမ့်ချပြောဆိုနေသော်လည်း အထဲတွင် လေပြင်းနဲ့ ဓားတွေကို ဝှက်ထားသေးတာ ထင်ရှားပေသည်။ ထိုလူများသည် ဓားထက်က သွေးများကို သောက်ဝံ့သောကြောင့် ၎င်းတို့သည် အင်အားတချို့က စေလွှတ်လိုက်သော အသေခံစစ်သည်များ ဖြစ်နိုင်ချေများသည်။
ဒီလူတွေကို မရှင်းပစ်ရင် မိုးကြိုးပစ်ခံရမှာ သေချာပါ၏။ အခြေခံအားဖြင့်တော့ တစ်ခုခု မမှန်တာတွေ့ရင် သဲလွန်စမကျန်ဘဲ သူတို့ကိုယ်သူတို့ပါ ပေါက်ကွဲမိသွားလိမ့်မယ်။
ထိုကဲ့သို့သော လူများသည် ကြောက်စရာ အကောင်းဆုံးဖြစ်ပြီး လီလင်သည် ၎င်းတို့အား စောင့်ရှောက်ရန် လူများကို အမြဲစေလွှတ်ထားနိုင်ခြင်း မရှိပေ။ ပေါင့်တာထင်းရဲ့ အကူအညီက မသေးခဲ့။ လုပ်ရပ်တွေနဲ့သာ ကျေးဇူးတင်ကြောင်း ပြောနိုင်တော့မှာမို့ လုရွှမ်လည်း ဒီကျေးဇူးကို သူ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း မှတ်ထားလိုက်သည်။
"စကားမစပ်... ငါထွက်သွားပြီးတော့ ကောင်းကင်ဘုရင်နန်းတော်ကြီး ဘာဆက်ဖြစ်ကြလဲ?"
ပေါင့်တာထင်း မရယ်နိုင်တော့ဘဲ "ကောင်လေး.. မင်းက တော်တော်ဆိုးတာပဲ မင်းထွက်သွားပြီး သိပ်မကြာခင်မှာပဲ ကောင်းကင်ဘုရင် နန်းတော်ရဲ့ အခန်းရှစ်ခန်းထဲမှာ ရတနာရှစ်ခုရှိတယ် ဆိုတဲ့ ဒဏ္ဍာရီတစ်ခုက ပျံ့သွားရောလေ... ကောင်းကင်စာအုပ်ဖြစ်တဲ့ ကောင်းကင်ဘုရင်ရဲ့ အဖိုးတန်ဆုံးရတနာကို မင်းက ရသွားတယ်တဲ့လေ..."
"ဒီအကြောင်းကြောင့်ပဲ အင်အားကြီး ကိုးခုက သားရဲအားလုံးကို သတ်လုနီးပါး ဖြစ်သွားသေးတယ်...ဒါပေမဲ့ ပေါင်းစည်းပြီးတော့ အပိုင်းအစတစ်ခု ပျောက်ဆုံးနေမယ်လို့ ဘယ်သူက သိမှာလဲ.... အဲဒီအပိုင်း ဘယ်မှာလဲ ဆိုတာ မင်းမသိဘူးလို့တော့ မပြောနဲ့"
လုရွှမ်လည်း ပြုံးလိုက်မိသည်။ အမှန်ပင် ၎င်းမှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ချိန်လုံး သယ်ဆောင်သွားသော နတ်ခေါင်းလောင်း ဖြစ်နေကြောင်း သူသိပါသည်။
"အဲဒီတုန်းက လူဘယ်နှစ်ယောက်တောင် ဝင်လှုပ်ရှားကြလဲ မင်း မသိလို့.... ကောင်းကင်ဘုရင် နန်းတော်ဆို ဇောက်ထိုးလှန်လုနီးပါး ဖြစ်သွားတာ... နောက်ဆုံးတော့ ဘာမှ မခဲ့ဘူးလေ... ဒေါသကြီးတဲ့ အင်အားစု ကိုးခုက ကောင်းကင်ဘုရင်ရဲ့ နန်းတော်ကြီးကို ဖြိုချဖို့ တကယ်ပဲ အတူတူ ပူးပေါင်းသွားကြတယ်"
"အဲဒီနောက် ကျောက်ပြားတစ်ချပ်က ကောင်းကင်ဘုရင် နန်းတော်ထဲကနေ ပျံထွက်လာခဲ့တယ်... အဲ့မှာ ရတနာခုနစ်ခုကလည်း နတ်တောင်ဘက်ကို အလိုအလျောက် ပျံသန်းလာကြရော... အဲဒါနဲ့ လူဆိုးအပေါင်းလည်း နတ်တောင်ပေါ်ကို ရောက်လာကြတာ"
ကျန့်ပေက ရုတ်တရက် အော်ပြောလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ် ညီမလည်း အဲ့ပုံပြင်ကို ကြားဖူးတယ်.... အဲဒါက ကျောက်စိမ်းလို အဖြူရောင် ကျောက်ပြားတဲ့.... တောက်ကျင့်စဥ် ပုံစံတွေနဲ့ ဖုံးအုပ်ထားပြီး သိပ်မှော်ဆန်တယ်တဲ့... စကားလုံးမဲ့ ကောင်းကင်စာအုပ် တစ်အုပ်အဖြစ် လေးစားခံရတယ်လို့ ပြောတယ်... ပြီးတော့ အဲဒီနေ့ကစပြီး စာအုပ်တစ်အုပ်ထက် ပိုရှိနိုင်တယ်လို့ ကောလဟာလတွေလည်း ထွက်လာသေးတယ်"
လုရွှမ်ထက် ဒီအကြောင်းကို ဘယ်သူက ပိုသိမှာလဲ။ သူက ပြုံးပြီး ပြောလိုက်သည်။
“ဟုတ်တယ်... ကောင်းကင်စာအုပ်က တစ်အုပ်တည်းတင်မကဘူး ရှစ်အုပ်ရှိတယ်.... ကံမကောင်းစွာနဲ့ပဲ ကျန်တဲ့ခုနစ်အုပ်က ပျောက်ကွယ်သွားပြီ... ဒါမှမဟုတ် လူတွေက သိမ်းသွားတာ ဖြစ်နိုင်တယ်... မြေကမ္ဘာဘက်မှာ ရှိနေတာလည်း ဖြစ်နိုင်တယ်"
"အစ်ကိုကြီးလုရွှမ်... မြေကမ္ဘာက တကယ်ရှိလား"
ကျန့်ပေက သူမမျက်နှာကို စူးစမ်းလိုစိတ်ဖြင့် မော့ကာ မေးလညသည်။ ကျန့်နမ်၏ မျက်လုံးများမှာလည်း တောက်ပနေ၏။ "ကောင်းကင်၊ မြေကြီး၊ ရှေးဟောင်း၊ တစ်သောင်း" ဟူသော စကားလုံးလေးလုံးသည် ရှေးခေတ်မှစ၍ ယနေ့အထိ ဆင်းသက်လာခဲ့ပြီး အဆင့်လေးဆင့်ကို အမြဲကိုယ်စား ပြုနေခဲ့ကြောင်း ကြားသိခဲ့ရသည်။
မြေကမ္ဘာသည် မျှော်စင်နယ်ပယ် အထွတ်အထိပ်များ မိမိတို့ရဲ့ ကျင့်ကြံမှု တိုးတက်ခြင်း၏ ခြေလှမ်းအားလုံးကို ပိတ်ဆို့ထားသည့် မျက်နှာကျက် တစ်ခုကဲ့သို့ အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်နေပြီ ဖြစ်သည်။
ကောလဟာလတွေအရ တစ်စုံတစ်ယောက်ဟာ မျှော်စင်နယ်ပယ်ကို ဖြတ်ကျော် ဝင်ရောက်သွားခဲ့ပေမယ့် ဘယ်လို နယ်ပယ်မျိုးလဲ ဆိုတာကိုတော့ ဘယ်သူမှ ရှင်းမပြနိုင်ခဲ့သလို နောက်ပိုင်းမှာ သတင်းတွေတောင် ထွက်မလာခဲ့ပါဘူး။
ထို့အပြင် မျှော်စင်နယ်ပယ်ထက် ပို၍ ဖြတ်ကျော်ဝင်ရောက်ဖို့ မကြိုးစားရန် ဂိုဏ်းချုပ်အများအပြားက တိကျပြတ်သားစွာ အမိန့်ထုတ်ထားသောကြောင့် ဘယ်လို နယ်ပယ် ရှိနေလဲ ဘယ်သူမှ မသိပေ။
မြေကမ္ဘာသည် ဝမ့်ကမ္ဘာ အထက်တွင်ရှိပြီး မြေကမ္ဘာသ်ု့ ဝင်နိုင်ရောက်ပါက မျှော်စင်နယ်ပယ်ကို ဖြတ်ကျော်ပြီး ပိုမိုနက်နဲသော နယ်ပယ်တစ်ခုကို လေ့ကျင့်နိုင်မည် ဖြစ်သည်။
သို့သော် မြေကမ္ဘာရဲ့ ဒဏ္ဍာရီအကြောင်း အချိန်အတော်ကြာ ပျံ့နှံ့နေခဲ့သော်လည်း ၎င်းသည် အမှန်တကယ် တည်ရှိနေသလား သို့မဟုတ် ဒဏ္ဍာရီတစ်ခုသာသာလား ဘယ်သူမှ မပြောနိုင်ချေ။