← Chapters

ပြောင်းလဲမှု

Vol. 99 Ch. 4.993

ပြောင်းလဲမှု

Vol. 99 Ch. 4.993

လူအချို့က မြေကမ္ဘာ ရှိကိုရှိရမည်ဟု ကျိန်ဆိုကြသည်။ ဒါပေမဲ့ သက်သေအထောက်အထားနဲ့ ပတ်သက်ပြီးတော့ ဘယ်သူ့မှာမှ အထောက်အထား မရှိပေ။ တချို့လူတွေမှာ မရှိပေမယ့် တခါတရံမှာ ဖော်ပြလို့မရနိုင်တဲ့ နိမိတ်ဖတ်ချက်တွေတော့ ပေါ်လာတတ်စမြဲပင်။

၎င်းနိမိတ်များသည် ကောလာဟလများကို ရှုပ်ထွေးစေပြီးရင်း ရှုပ်ထွေးစေကာ တဖြည်းဖြည်း မေ့ပျောက်သွားကြတာကြောင့် မျှော်စင်နယ်ပယ်မှ သခင်များစွာပင် သင်ယူမှုတွေ ရပ်တန့်သွားခဲ့သည်။

ရှေးခေတ်က လူများစွာသည် အမည်မသိသော အနာဂတ်ကို လိုက်လျှောက်လိုသောကြောင့် ခရီးရှည်ကြီးများကို စတင်ခဲ့ကြ​သေးသည်။ ကောင်းကင်ဘုရင် နန်းတော်၌ ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများနှင့်အတူ အရာအားလုံးသည် လူတိုင်းရဲ့ စိတ်အခြေအနေကို ပျက်ပြားစေခဲ့သည်။

သားရဲတချို့ရဲ့ ပါးစပ်ကနေ သူတို့ဟာ မြေကမ္ဘာကနေ တကယ် ပြေးထွက်လာခဲ့​ကြောင်း လူသားကျင့်ကြံသူတွေ သိလိုက်ရသည်။ နောက်ဆုံးတော့ မြေကမ္ဘာက လူတိုင်းရဲ့ရှေ့မှာ ပေါ်လာပြန်ပြီ။

ဒါပေမဲ့ ဒီသားရဲတွေက ဘယ်လိုမျိုးနေရာက လာတာလဲ။ အရင်က ကောင်းကင်ဘုရင် နန်းတော်မှာ အပြောင်းအလဲတွေကို ကြုံဖူးပြီး အသက်ရှင်နေသေးတဲ့ သူတွေထဲမှာ လုရွှမ်နဲ့ တခြားသူတွေက အနည်းငယ်ပဲ ကျန်တော့သည်။

ယခု လုရွှမ်၏ စကားများကို ကြားပြီးနောက် ပေါင့်တာထင်း၏ မျက်လုံးများပင် တောက်ပလာပြီး လုရွှမ်ကို ကြည့်လိုက်တဲ့ သူ့မျက်လုံးများသည် မျှော်လင့်ချက် အပြည့်နှင့်။

"တကယ်တော့... မြေကမ္ဘာက တကယ် ရှိတယ် ပြီးတော့ ကောင်းကင်ဘုရင်က မြေကမ္ဘာကိုသွားနိုင်တဲ့ လမ်းကြောင်းကို ဖွင့်ပေးဖို့ ကောင်းကင်ဘုရင် နန်းတော်ကြီးကို တည်ဆောက်ခဲ့တာ... ဒါတင်မကဘူး... ဒီနတ်တောင်ကြီးလည်း သူ့ရဲ့ရည်ရွယ်ချက်ကို ပျက်သွား​စေခဲ့တယ်... ကံမကောင်းစွာပဲ ကောင်းကင်ဘုရင် နန်းတော်ကြီးကလည်း နောက်ဆုံးအချက်မှာ ကျရှုံးခဲ့တယ်"

လုရွှမ်သည် ကောင်းကင်ဘုရင် နန်းတော်တွင် ဖြစ်ပျက်ခဲ့သမျှကို ပြောပြခဲ့ပြီး ၎င်းကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။

အထူးသဖြင့် လုရွှမ် အမှန်တကယ် လျှောက်ဝင်သွားကြောင်းကို ကြားလိုက်ရသောအခါ သူတို့ သုံးယောက်ခမျာ မူးဝေသွားပြီး ပို၍ပင် မနာလိုဖြစ်သွားခဲ့ကြသည်။ ဒဏ္ဍာရီလာ သားရဲတစ်ကောင်ဖြစ်တဲ့ ရွှမ်ဝူ အကြောင်းကိုလည်း လူတွေက စိတ်ကူးမယဉ်ရဲပေမယ့် တကယ့်ဒဏ္ဍာရီလာ သားရဲတစ်ကောင် ရှိကြောင်းကိုတော့ လက်ခံကြပါသည်။

"အစ်ကိုကြီးလုရွှမ် ဒါတွေအားလုံးက အမှန်ပဲလား....အစ်ကို ကောင်းကင်ဘုရင် နန်းတော်ထဲမှာ ပိတ်မိနေခဲ့လို့ အားလုံးက ထင်ယောင်ထင်မှား​တွေ မြင်နေတာလည်း ဖြစ်နိုင်တာပဲလေ"

ကျန့်ပေ အားတက်သရော မေးလိုက်သည်။ ဒါက သံသယဖြစ်စရာ မဟုတ်ပေမယ့် သတင်းကတော့ အံ့သြစရာ ကောင်းလွန်းတော့ မယုံနိုင်စရာ ကောင်းတယ်လေ။

"ဒါက လုံးဝမှန်တယ်... ဒါတင်မကဘူး နတ်နဂါးတွေနဲ့ လူသားတွေရဲ့ သွေးကနေ ဆင်းသက်လာတဲ့ လူသားနဂါးကိုလည်း ငါမြင်ဖူးတယ်.... ဖီးနစ်နဲ့ နတ်နဂါးတွေ တိုက်ခိုက်နေတာကိုလည်း ကိုယ်တိုင် မြင်ဖူးတယ် အဲဒါတွေက ဒဏ္ဍာရီတွေ မဟုတ်ဘူး အချိန်ကာလက အရမ်းကြာနေလို့ အမှန်တရားက ပုံပြင်တစ်ပုဒ် ဖြစ်လာတာ..."

ပေါင့်တာထင်းက အသက်ပြင်းပြင်း ရှူရင်း ဝင်မေးလိုက်သည်။

"ကောင်းကင်ဘုရင်က ဘာလို့ မြေကမ္ဘာထဲကို မဝင်သွားတာလဲ"

လုရွှမ် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

"ဒီအချက်ကို ငါလည်း သိပ်မရှင်းဘူး... ဒါပေမဲ့ ရွှမ်ဝူကတော့ ကောင်းကင်ဘုရင်က လုံလောက်တဲ့ အင်အားမရှိဘူးလို့ပဲ ပြောခဲ့တယ်..."

"ကောင်းကင်ဘုရင်က အင်အား မလုံလောက်သေးဘူး... သူက အဲဒီအချိန်တုန်းကဆို ကြယ်တစ်သောင်းကမ္ဘာ တစ်ခုလုံးမှာ နံပါတ်တစ် ဖြစ်နေပြီလေ... သူ့အင်အားက မလုံလောက်ရင် ငါတို့အတွက် မျှော်လင့်ချက်ရှိမှာ မဟုတ်တော့ဘူးပေါ့!!"

ပေါင့်တာထင်းက သူ့မျက်နှာပေါ်တွင် ဆုံးရှုံးမှုနှင့် နောင်တရသွားသည့် အရိပ်အမြွက်ဖြင့် ရှိုက်ကြီးတငင် ပြုံးလိုက်သည်။

"အဲလိုတော့ မဟုတ်ဘူး"

လုရွှမ် ဆိုလိုက်သေည် တစ်ချိန်တည်းမှာပင် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းက ကျန့်နမ် ဝင်ဆိုလာခြင်းပင်။

"အစ်ကိုပေါင့်... ရွှမ်ဝူပြောတာ မှန်ကောင်းမှန်နိုင်တယ်... ကောင်းကင်ဘုရင်က အင်အား ခိုင်လုံမှုမရှိသေးဘူး သူက ကြယ်တစ်သောင်းကမ္ဘာ တစ်ခုလုံးမှာ အသန်မာဆုံး ဖြစ်နိုင်တယ် ဒါပေမဲ့ မြေကမ္ဘာမှာ သူ့အင်အားက တကယ်ကို မလုံလောက်နိုင်ဘူး ဒီဖြစ်နိုင်ချေကြောင့် သူ ဖြတ်သွားလို့ မရတာ...."

"ကိုကို ဘာကိုဆိုလိုချင်တာလဲ ညီမ နားမလည်ဘူး"

လုရွှမ်သည် ကျန့်နမ်၏ မျက်လုံးများကို ကြည့်ပြီး သူတစ်ခုခုကို သဘောပေါက်သွားကြောင်း ခန့်မှန်းမိတာမို့ ပြုံးကာ ခေါင်းညိတ်လျက် စကားဆက်ရန် တိုက်တွန်းလိုက်သည်။ ကျန့်နမ်ရဲ့ အရည်အချင်းက မဆိုးပါဘူး။ သူ့ညီမထက် နိမ့်ကျနေစရာ မလိုပေမယ့် အကိုကြီးတစ်ယောက် အနေနဲ့တော့ တာဝန်အားလုံးကို အမြဲထမ်းဆောင်ခဲ့ပါသည်။

"ကောင်းကင်ဘုရင်နဲ့ ပတ်သက်တဲ့ ကောလဟာလတွေကို ကျွန်တော်လည်း နည်းနည်း လေ့လာခဲ့တယ်... ကောင်းကင်ဘုရင်က အဲဒီအချိန်က သာမန်ထက်မြက်တဲ့ အရည်အချင်းတွေပဲ ရှိတယ် ဒါပေမဲ့ နောက်ပိုင်းကာလမှာ အခွင့်အလမ်းကောင်းတွေ ရခဲ့တယ် သူ့ရဲ့ကျင့်ကြံမှု အဆင့်ကလည်း မြန်မြန်ကြီး တိုးတက်လာခဲ့တယ်... အဲဒါကြောင့် နံပါတ်တစ် ပါရမီရှင် ဖြစ်လာခဲ့တာ... ဒါပေမဲ့ သူ့အရည်အချင်းကတော့ တကယ်ကို မပြည့်မီသေးတာ ဖြစ်နိုင်တယ်

ပေါင့်တာထင်း၏ မျက်လုံးများမှာလည်း တောက်ပလာပြီး "ကျန့်နမ်... မင်း ပြောချင်တာက..." ဟု စိတ်လှုပ်ရှားစွာ ပြောသည်။

"ဟုတ်တယ် ကောင်းကင်ဘုရင်က သန်မာတယ် အဲဒါက နောက်ပိုင်းမှာ ဖြစ်လာတာ... သူက ငါတို့လို ဒီအဆင့်ကို ရောက်တဲ့အချိန်တုန်ူက သူ ငါတို့လောက် မတော်ခဲ့ဘူးဆိုတာ သေချာတယ်....လုရွှမ် မင်း မြေကမ္ဘာထဲကို ဖောက်ထွက်လုနီးနီး ဖြစ်ခဲ့တယ်လို့ မပြောခဲ့ဘူးလား... ဆိုတော့ သူ့ကို ပိတ်ဆို့ထားတဲ့ နယ်ပယ်အလွှာတစ်ခု ရှိ​နေတယ်လို့ ငါထင်တယ်..."

"နတ်မီးနယ်ပယ်က ပြင်းထန်မှု တစ်မျိုးနဲ့ သက်ဆိုင်နေနိုင်တယ်... ထူးကဲတဲ့ အရည်အချင်း၊ ခွန်အားတွေနဲ့ ဘယ်ခြေလှမ်းကိုမဆို တက်လှမ်းနိုင်သရွေ့ အဲ့နယ်နိမိတ်အလွှာကို ဖြတ်ကျော်နိုင်လောက်တယ်... ဒါပေမဲ့ မျှော်စင်နယ်ပယ်က မတူဘူး...နတ်မီး အခြေခံအုတ်မြစ်က မခိုင်မာခဲ့တာက ကောင်းကင်ဘုရင် အတွက် နှမြောစရာ ကောင်းသွားတာ..."

ဒါက အမှန်ကန်ဆုံးသော ရှင်းလင်းချက် ဖြစ်လိမ့်မည်။ သူတို့ဟာ မြင့်မားတဲ့ နယ်ပယ်အဆင့်မှာ မရှိနိုင်ပေမယ့် သူတို့ရဲ့ အရည်အချင်းတွေက အရမ်းကို အားကောင်းနေပြီ ဖြစ်သည်။

"ငါ့အမြင်အရတော့ နတ်မီးနယ်ပယ်ကို လွယ်လွယ်နဲ့ မဖြတ်ထားခဲ့လိုက်ပါနဲ့... ပါရမီအကြောင်းတင် မကဘူး နယ်ပယ်ကြောင့်လည်း ဖြစ်နိုင်တယ်... မျှော်စင်နယ်ပယ်က အရမ်းမြင့်နေပြီ... အဆင့် တော်တော်များများကို ဖြတ်ကျော်ရင် နောင်တဆိုတာ ရှိမှာ မဟုတ်ဘူး... အဲဒါက အုတ်မြစ်မခိုင်တာပဲ"

ဤကိစ္စနှင့် ပတ်သက်၍ လုရွှမ်က သဘာဝအတိုင်း အရည်အချင်း အရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ကျင့်ကြံသူများသည် မျှော်စင်နယ်ပယ်သို့ မျက်စိစုံမှိတ် ဖောက်ထွင်း ဝင်ရောက်ခဲ့သည်မှာ အမှန်ပင် ဖြစ်သော်လည်း ကျင့်စဉ်အရဆိုလျှင် နတ်မီးနယ်ပယ် အဆင့်၅ လူငယ်များထက် များစွာသာလွန်မည် မဟုတ်ပေ။

ထက်မြက်သော လူများစွာတို့သည် နတ်မီး ဖောက်ထွင်းမှုများကို ဆက်လက် ပြုလုပ်ကြပြီး နတ်မီးများကို ဆက်လက် ရှာဖွေကာ တားမြစ်လူသား၊ တားမြစ်မြေကြီးနှင့် တားမြစ် ကောင်းကင်အထိပါ ဦးတည်သွားကြသည်။ ခန္ဓာကိုယ်ထဲမှာ နတ်မီးတွေများလေလေ၊ ပိုကောင်းလေပင်။

သို့ဖြစ်လျှင် ကျင့်ကြံခြင်း အတွက်သာမက ကျင့်ကြံခြင်းဆိုင်ရာ နားလည်မှု၊ အသိပညာများကို ပိုမိုစုဆောင်းပြီး အခြေခံများကို ကြိုးစားလုပ်ဆောင်ပါက အနာဂတ်တွင် ပိုမိုလျင်မြန်စွာ တိုးတက်နိုင်လိမ့်မည်။ ခွန်အားလည်း ပိုမိုအားကောင်းလာကာ ကန့်သတ်ချက်များကို ဖြတ်ကျော်နိုင်ပါက နယ်ပယ် တိုးတက်နိုင်ခြေလည်း သဘာဝအားဖြင့် ပိုမြင့်လာပေမည်။

သူတို့လေးယောက် စကားစမြည် ပြောနေကြစဥ် အဝေးကလူတွေရဲ့ အော်သံတွေကလည်း ပိုကျယ်လောင်လာ၏။ လူတိုင်းရဲ့ မျက်နှာတွေက နီရဲ​နေပြီး ဓားဆွဲဖို့ စိတ်လှုပ်ရှားနေကြလေပြီ။

"သူတို့ဘာတွေ ဆွေးနွေးနေကြပါလိမ့်?"

အသံတစ်ချက် ထွက်လာစဥ် ပေါင့်တာထင်းလည်း ချက်ချင်း ပျောက်သွား​တော့သည်။

"သူ...."

လုရွှမ် ပြုံးပြီးပြောလိုက်သည်။

"သူက ဦးခေါင်းကို မြင်ပြီး အမြီးကို မမြင်တဲ့ နဂါးလိုလူမျိုး... သူ့ရဲ့ ကြီးထွားမှုနဲ့ ကိုယ်ခန္ဓာ ကျင့်ကြံမှုက ခန့်မှန်းလို့ မရနိုင်ဘူးလို့ ပြောခဲ့တာကို မင်းတို့က နောက်နေတယ်လို့ ထင်နေတာလား"

ကျန့်နမ်နဲ့ ကျန့်ပေတို့လည်း အမှန်ပင် စနောက်နေခဲ့သည်ဟု ထင်နေခဲ့ကြသည်။ ပေါင့်တာထင်း ပျောက်ကွယ်သွားတာကို သူတို့ လုံးဝ သတိမထားမိလိုက်ပေ။ ခဏကြာတော့ ပေါင့်တာထင်းသည် သူ့မျက်နှာပေါ်က ထူးဆန်းသော အကြည့်ဖြင့် ပြန်ပေါ်လာခဲ့သည်။

"သူတို့က လူတွေကို စုဆောင်းနေတာ...လူတစ်ယောက်က နတ်တောင်အပေါ် ကန့်သတ်ချက်တွေကို ချိုးဖျက်နိုင်တဲ့ လမ်းကြောင်းကို ရှာတွေ့ခဲ့တယ်တဲ့..... ဒီနတ်တောင်က နတ်ဝိညာဉ်ကို တကယ်မွေးဖွား ပေးခဲ့တယ်လို့ ပြောနေတယ်.... အခုက ဒုက္ခဖြစ်​​ပေး​နေတဲ့ ဒီနတ်ဝိညာဉ်က ကောင်းကင်စာအုပ်ကို လက်ဝါးကြီး အုပ်ချင်နေတာတဲ့ကွ!!”

ဤကိစ္စက ပြင်းထန်ပြီး ကောင်းကင်စာအုပ် ကိစ္စကပါ ပါ၀င်လာခဲ့ပြီ ဖြစ်သည်။

"ငါတို့.....?"

"ဘာဖြစ်မလဲ စောင့်ကြည့်ရအောင် လူတစ်ယောက်က ဒီရေကို အခွင့်ကောင်းယူပြီး ရွှံ့နွံထဲက ထုတ်ချင်နေတာ သိသာတယ်"

လုရွှမ် အသံနက်ကြီးဖြင့် ပြောလိုက်စဥ် ပေါင့်တာထင်းက ပြုံးကာ ထောက်ခံလိုက်သည်။

"လူတချို့တော့ ကံဆိုးတော့မယ်!"

ကျန့်ပေ နားမလည်သဖြင့် လှည့်ပတ်ကြည့်နေသော လူတစ်စုကို မြင်လိုက်ရပြီး ၎င်းတို့က တခြား အုပ်စုငယ်လေးပေါ်သို့ အကြည့်ရောက်လာခဲ့လေသည်။

"ငါတို့ သိပ်မလွန်ချင်ဘူး... မင်းတို့ရဲ့ စွမ်းအင်သလင်ကျောက်တွေကို လွှဲ​ပေးပြီး ထွက်သွားကြတော့"

လူသုံးယောက်မှာ မျက်နှာတွေ နီရဲလာပြီး ဒေါသထွက်လာကြသည်။ သို့သော် စကားမပြောရဲကြဘဲ စွမ်းအင်သလင်းကျောက်ကို တွန့်ဆုတ်စွာ လွှဲပေးကာ ဒေါသတကြီးနဲ့ ထွက်သွားကြ​လေသည်။

All Chapters