လိုက်စားသူ
Vol. 99 Ch. 4.994
အဖွဲ့ငယ်များစွာသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို မြင်လိုက်သည်နှင့် အမြန်ထွက်သွားရန် ကြိုးစားကြသည်။ သို့သော် အရင်ကတည်းက ထွက်သွားခဲ့မယ် ဆိုရင် အဆင်ပြေနိုင်ပေမယ့် အခုက ထွက်သွားချင်နေတာက အရမ်းနောက်ကျသွားပြီ။ မနာခံသူတိုင်း ချက်ချင်း အသတ်ခံရနိုင်ချေ ရှိသည်။
လူတစ်စု စုရုံးသွားကြသည်။ စုစုပေါင်း လူတစ်ထောင်နီးပါး ရှိကာ ၎င်းတို့၏နယ်ပယ် အင်အားသည် အလွန် မသန်မာသော်လည်း ခြုံငုံကြည့်လျှင် သူတို့ ခွန်အားမှာ အလွန်ပြင်းထန်လှသည်။
ဤလူများသာမက တခြားလူများကလည်း စုရုံးပြီး အချင်းချင်း တိုက်ခိုက်ရန် ယာယီဂိုဏ်းများ အမြန်ဖွဲ့စည်းလာခဲ့သည်။
အချိန်တိုလေး အတွင်းမှာပင် နတ်တောင်တန်း၌ ရှိနေကြသော လူများစွညသည် အဖွဲ့ငယ် ခုနစ်ဖွဲ့ သို့မဟုတ် ရှစ်ခု ဖွဲ့ခဲ့ကြသည်။ အကြီးဆုံးမှာ လူတစ်ထောင်နီးပါးရှိပြီး အငယ်ဆုံးမှာ လူတစ်ရာကျော်ရှိသဖြင့် ကွာခြားချက် များစွာရှိလေ၏။ အုပ်စုငယ်များနှင့် ပျင်းရိသော လူအတွက်မူ သလင်းကျောက်ကို လုယက်ခြင်းမပြုဘဲ နေထိုင်လိုလျှင် အဖွဲ့တစ်ဖွဲ့ထဲ၌ ပါဝင်နိုင်သည်။
"အစ်ကိုကြီးလုရွှမ် ညီမတို့ ဘာလုပ်သင့်လဲ?"
သူတို့ပတ်ဝန်းကျင်ရှိ အဖွဲ့ငယ်လေးများက အုပ်စုဖွဲ့နေပြီ ဖြစ်ကာ သူတို့လေးဦးသာ ကျန်ရှိတော့သည်။ အဖွဲ့ငယ် အားလုံးနီးပါးသည် လုရွှမ်ဘက်မှ လူလေးယောက်ကို ကြည့်ကာ လူသတ်ချင်သည့် ရည်ရွယ်ချက်ဖြင့် သူတို့၏ မျက်လုံးများက ပူလောင်နေသည်။
ကျန့်နမ်နဲ့ ကျန့်ပေတို့ဟာ ဒီလိုပုံစံမျိုးကို တစ်ခါမှ မမြင်ဖူးကြပေ။ ကျန့်ပေဆိုလျှင် သူမအစ်ကိုကို လက်တစ်ဖက်နဲ့ တင်းတင်း ဆုပ်ကိုင်ထားပြီး လုရွှမ်ကိုလည်း ကြည့်နေ၏။
လုရွှမ်နှင့် ပေါင့်တာထင်းတို့သည် ငြိမ်သက်စွာ ရပ်လျက် ဘာမှမထူးခြားသော မျက်လုံးများဖြင့် တစ်ဖက်က အဖွဲ့များကို ကြည့်နေကြသည်။
"မကြောက်ပါနဲ့ မင်းအစ်ကိုလုရွှမ်မှာ တော်တော်ကြီးကျယ်တဲ့ နာမည်ကောင်းရှိတယ်.... ဒီလူတွေအားလုံးက အသိအကျွမ်းတွေမို့ သူ့ကို သဘာဝအတိုင်း မှတ်မိကြလိမ့်မယ် သူ့ကိုရှာဖို့ ဒီကို ပြေးလာတဲ့ ဘယ်သူမဆို ပျော်နိုင်မှာ မဟုတ်ဘူး..."
"ဟားဟား... ငါက ဘယ်သူများလဲလို့ တွေးနေတာ လတ်စသတ်တော့ သခင်လေးလုရွှမ်ကိုး... သူက ထန်းယွမ်ကြယ် တစ်ခုလုံးကို ကမောက်ကမဖြစ်အောင် နှိုးဆော်သွားတဲ့ လူလေ.... အခု နတ်တောင်ကို ရောက်လာပြန်ပြီ... မင်းထွက်သွားပြီ မဟုတ်ဘူးလား...!"
စူးစူးရဲရဲ ပြင်းပြသော ခံစားချက်ဖြင့် အသံတစ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ လုရွှမ်ကတော့ သူ့နေရာတွင် ထိုင်နေဆဲဖြစ်ပြီး တစ်ဖက်လူကို တစ်ချက်သာ ကြည့်လိုက်သည်။
"ငါမင်းကို မသိဘူး!"
ပတ်ဝန်းကျင်သည် ရုတ်တရက် ကျယ်လောင်သော ဝုန်းခနဲ ရယ်သံများဖြင့် ပြည့်နှက်သွားသည်။ စကားပြောသူ၏ မျက်နှာသည် အလွန်မှောင်မိုက်သွားကာ သူ့ခန္ဓာကိုယ်တွင်းမှ ထွက်သက်ဝင်သက်များ တဟုန်းဟုန်းတောက်ကာ ဓားကို နောက်ကျောမှ ဆွဲထုတ်လိုက်သည်။
"ဟမ့် မင်းဟာ ကောင်းကင်ဘုံရဲ့ မာနကြီးတဲ့သားတော်လေးပဲလေ.... ငါ့လိုလူလေးကို အသိအမှတ် မပြုတာ ပုံမှန်ပါပဲ... ဒါပေမဲ့ ငါ မင်းကို ဖြုတ်ချပြီးတဲ့အခါ တစ်ကမ္ဘာလုံး ငါ့နာမည်ကို သိသွားလိမ့်မယ်"
"တိုက်လိုက်ကြရအောင်.... ကောလဟာလ သတင်းတွေအတိုင်း လုရွှမ်မှာ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ချောင်း တကယ်ရှိမရှိ ကြည့်ချင်ပါရဲ့..."
လုရွှမ်သည် လွန်ခဲ့သော သုံးနှစ်ခန့်က ထွက်ခွာသွားခဲ့သည်။ သို့သော် အချိန်များက ပြောင်းလဲသွားခဲ့ပြီလေ။ ထိုနှစ်က သူ၏ စွမ်းဆောင်မှုသည် ပါရမီရှင်များစွာ၏ နှလုံးသားထဲက မြင့်မြတ်သော အထိမ်းအမှတ် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
လူတွေက ပါရမီရှင်တွေအကြောင်း ပြောတိုင်း လုရွှမ်နာမည်ကို အမြဲ ထည့်ပြောလေ့ရှိသည်။ သူသည် သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေများအတွင်း တိုက်ပွဲ၌ ဘယ်လို ကျော်ကြားလာတယ်၊ ထန်းယွမ်မြို့သို့ ရောက်ရှိလာပြီး အဂ္ဂိရတ်ဆေးများကို သန့်စင်ခြင်း၊ ကမ္ဘာ့နံပါတ်တစ် လက်နက်များကို သန့်စင်ခြင်းဖြင့် ကမ္ဘာ့နံပါတ် ၁ အလုပ်ရုံကိုလည်း ကယ်တင်ခဲ့သည်။
မျှော်စင်နယ်ပယ်နှင့် တိုက်ပွဲကလည်း နာမည်ကျော်ပြန်၏။ မျှော်စင်နယ်ပယ်ကြောင့် သူသည် ကောင်းကင်ဘုရင် နန်းတော်သို့ မတော်တဆ ဝင်ရောက်ခဲ့သော်ငြားလည်း အမှန်တကယ် လွတ်မြောက်လာကာ ကောင်းကင်ဘုရင် နန်းတော်၌ ကြီးမားသော ပြောင်းလဲမှုများကိုလည်း ဖြစ်စေခဲ့သည်။
ထိုသို့သော လူများသည် ထူးချွန်ထက်မြက်သူများ အားလုံး၏ ပန်းတိုင် ဖြစ်လာခဲ့သည်။
လုရွှမ်လည်း တစ်ဖက်လူရဲ့ မျက်လုံးထဲက မကျေနပ်တာကို မြင်တော့ ပြုံးလိုက်သည်။
"ကောင်းပြီ မင်းအာဏာရဖို့အတွက် ငါ့ရဲ့ဂုဏ်သိက္ခာကို အခွင့်ကောင်း ယူချင်တယ် ဆိုရင်တော့ မင်းရဲ့အစွမ်းအစကို ပြကြည့်ပေါ့..."
သူ့မျက်လုံးတွေကို လှည့်ပတ် ကြည့်လိုက်တော့ သူ့ကို စိန်ခေါ်ချင်သူတွေ အများကြီး ရှိတယ်ဆိုတာ သိသာလိုက်သည်။ လူတွေက သူဘယ်သူလဲ ဆိုတာ တကယ်ကို မေ့ပျောက်နေကြပုံရ၏။ ဒါပေမဲ့ သုံးနှစ်အတွင်းမှာ သူရထားတဲ့ ဂုဏ်သတင်းနဲ့ စွမ်းအားတွေ အားလုံးဟာ အတိတ်ရဲ့ မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားခဲ့ပုံပင်။
"ကောင်းပြီ... အနည်းဆုံးတော့ မင်းက သူရဲဘောကြောင်တဲ့ လူတော့ မဟုတ်ဘူးပဲ... ဓားကို ကြည့်!"
တစ်ဖက်လူက ဓားကို ဝေ့ယမ်းလိုက်၏။ သူသည် အလွန်လျင်မြန်ပြီး ခန္ဓာကိုယ်သည် ပြင်းထန်သော အရှိန်အဟုန်၏ နောက်ဆက်တွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အရှိန်က တော်တော် မြန်တာကြောင့် လူတိုင်း အံ့သြသွားရသည်။ လုရွှမ် ခန္ဓာကိုယ်က မလှုပ်ရှားသေးပေ။
ထိုသူသည် ရှေ့သို့ ပြေးသွားကာ လုရွှမ်ရဲ့ ဦးခေါင်းကို ဓားဖြင့် ခုတ်ထစ်၍ အလွန်ကြီးစိုးဟန် ပြုမူနေလေသည်။
လုရွှမ် နောက်ဆုံးတွင် သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး ခုတ်ထစ်လာသော ဓားကို ဖမ်းကိုင်လိုက်သည်။ ပတ်ဝန်းကျင်မှ အံ့သြမှုနှင့် မယုံကြည်နိုင်မှု အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
ထိုသူက အံကြိတ်လိုက်၏။ လုရွှမ်ရဲ့ ပေါ့ဆဆ လုပ်ရပ်က သူ့ကို စော်ကားလိုက်သလိုပင်။ ဓားရှည်သည် ထက်မြက် လေးလံကာ သူ့စွမ်းအင်အားလုံးကို ဓားရှည်ထဲသို့ ထည့်ထားခဲ့သည်။
ဓားသည် လုရွှမ်လက်ဖဝါးကို ထိမှန်သွားသော်လည်း လုရွှမ်၏ လက်ဖဝါးသည် လုံးဝ ပျက်စီးသွားပုံ မပေါ်ပေ။ တောက်ပသော အဝါရောင် အလင်းတန်းသည် လက်ဝါးအပေါ်တွင် တောက်ပနေပြီး လုရွှမ်သည် ဓားကိုဖမ်းရန် သူ၏သန့်စင်သော ခန္ဓာကိုယ်ကိုပင် အသုံးမပြုခဲ့ကြောင်း ထင်ရှားပေသည်။
ဓားရှည်ကြီးက အသံအနည်းငယ် ထွက်ပြီး မလှုပ်တော့ပေ။ သူသည် လေထုထဲတွင် အေးခဲနေပြီး လုရွှမ်၏ ကျန်လက်ဖဝါး တစ်ဖက်ဆီမှ ဖမ်းမိသွားခဲ့သည်။ ထိုလူသည် ဘယ်လောက် ပြင်းပြင်းထန်ထန် တွန်းထုတ်နေပါစေ ဓားက လေထဲတွင် တည်ငြိမ်စွာ ရပ်တည်လျက် ဓားကို မည်သို့မျှ မတုံ့ပြန်လာပေ။ သူက ဓားကို ပြန်ယူချင်နေသေးသည်။
ထိုစဥ် လုရွှမ်၏ လက်ဖဝါးပေါ်ရှိ တောက်ပသော အဝါရောင် အလင်းတန်းများ ပျောက်ကွယ်သွားပြီး အကာအကွယ်မဲ့ လက်ဖဝါးက ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားစဥ် အနီရောင် မီးတောက်တစ်ဆုပ် ပေါ်လာသည်။
'စိတ်ဝိညာဥ်မီးတောက်!'
လူအတော်များများက ဒါကို တိုက်ရိုက် မှတ်မိကြပါ၏။ တကယ်တော့ သူ့ရဲ့ ကျော်ကြားမှု အများစုဟာ စိတ်ဝိညာဉ်မီးကြောင့်ပါပဲ။ လက်နက်သန့်စင်သူ၊ ထိပ်တန်းလက်နက်သန့်စင်သူ ဖြစ်သည့် လုရွှမ်သည် စိတ်ဝိညာဉ်မီးတောက်ဆီက အသိအမှတ် ပြုခံထားရသောကြောင့် တခြားသူများထက် သာလွန်ပေ၏။
အထူးသဖြင့် လုရွှမ်မှ သန့်စင်ထားသော ဧကရာဇ်လက်နက်များနှင့် ဓားပျံပေါင်းများစွာက ကျင့်ကြံသူများ အားလုံးရဲ့ အာရုံကို အလျင်စလို ဖမ်းမိသွားစေခဲ့သည်။
ဆန့်ကျင်ဘက် အနေဖြင့် လုရွှမ်သည် ဖီးနစ်နတ်မီးကို သတိရှိရှိ သိမ်းဆည်းထားသောကြောင့် ၎င်းအကြောင်းကို များစွာ မသိရှိကြပေ။ စိတ်ဝိညာဥ်မီး တောက်လောင်လာပြီမလို့ ရလဒ်က ဘာဖြစ်မယ် ဆိုတာကို လူတော်တော်များများ ကြိုမြင်ထားပြီးသားပါ။
"မင်းလက်ကို လွှတ်လိုက်တော့!"
လူတွေက ကျယ်ကျယ်လောင်လောင် ဟောက်လိုက်ကြပေသည်။ စိတ်ဝိညာဥ်မီးဟာ အပူဆုံး မီးလျှံ မဟုတ်သလို အပြင်းထန်ဆုံး မီးလျှံလည်း မဟုတ်ပေမယ့် စိတ်ဝိညာဥ်မီးအောက်မှာ လက်နက်အားလုံး အရည်ပျော်နိုင်သည်။
စိတ်ဝိညာဥ်မီး၏ နက်နဲသော အနီရောင် အရောင်မှ အကဲဖြတ်ကြည့်လျှင် ၎င်းသည် အလွန်မြင့်မားသော အဆင့်သို့ တိုးသွားသည်မှာ ထင်ရှားပါ၏။ လုရွှမ်လို ကျွမ်းကျင်သော သန့်စင်သူ၏ ထိန်းချုပ်မှုအောက်တွင် ဤကဲ့သို့သော ဝိညာဉ်မီးတောက်ဖြင့် သူ့ဓားက ဆက်လက် ရှင်သန်နိုင်ပါ့မလား။
လုရွှမ်က သူ့လက်နက်တွေကို သန့်စင်ပေးနေတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဓားကို သန့်စင်ရန် ငွေအမြောက်အမြား ကုန်ကျသော်လည်း အရည် ပျော်သွားသောအခါ အမြတ်သည် ဆုံးရှုံးမှုထက် သာလွန်သွားပြီ။ တစ်ဖက်လူမှာ ဘယ်လောက်ပဲ ကြိုးစားကြိုးစား လုရွှမ်လက်က မလွတ်မြောက်နိုင်သေးပါဘူး။
"မင်းသေလိုက်တော့!"
ထိုလူက အရူးလို အော်ဟစ်လိုက်ပြီး လုရွှမ်ကို ဓားနဲ့ ထပ်ထိုးလိုက်ပြန်၏။
လုရွှမ် လှောင်ပြောရင်း ပါးစပ်မှ လေများကို မှုတ်ထုတ်လိုက်သည်။ လေပြင်းများ တဟုန်ထိုး ထွက်ကျလာပြီး တစ်ဖက်လူကို ထိမှန်သွားလေသည်။ ထိုသူမှာ ကျောက်တုံးကြီးတစ်တုံးဖြင့် ပစ်ပေါက် ခံလိုက်ရသည့်နှယ် သွေးများအန်ထွက်ကာ လွင့်သွားရှာသည်။
သူ့လက်ဖဝါးသည် ဓားလက်ကိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲ ဖြစ်သော်လည်း ဓားကိုယ်ထည် အလယ်မှာ လုရွှမ်ရဲ့ ဝိညာဉ်မီးကြောင့် အရည်ပျော်သွားပြီး အသံ နှစ်ချက်မြည်ကာ ကွဲသွား၏။
ထိုသူသည် ကျိုးနေသောဓားကို ကြည့်ကာ မြေပြင်ပေါ်သို့ လဲကျသွားရတဲ့အထိ တုန်လှုပ်သွားလေသည်။
ဖြောင်း ဖြောင်းဖြောင်း!
သုံးကြိမ်ဆက်တိုက် လက်ခုပ်တီးသံ ထွက်လာသည်။
"လုရွှမ်... မင်းက တကယ်ကို အစွမ်းထက်တာပဲ.... ငါမင်းကို သတ်လိုက်ရင် ပိုသက်တောင့်သက်သာ ရှိသွားမယ်ထင်တယ်"