← Chapters

ထန်ရှင်း

Vol. 99 Ch. 4.995

ထန်ရှင်း

Vol. 99 Ch. 4.995

လူငယ်လေးသည် ချောမောလှပသော ကောင်လေး တစ်ယောက် ဖြစ်ကာ သူ၏ ဖြူစင်သော အသားအရေသည် လူအများကို ဆွဲဆောင်နိုင်သည်။ စူးရှသော မျက်လုံးတစ်စုံသည် တောက်ပနေသော လင်းယုန် မျက်လုံးများကဲ့သို့ အလင်းရောင်များဖြင့် လင်းလက်နေပြီး အချိန်မရွေး ခုန်ကုတ်တော့မယ့် အရိပ်အမြွက်မျိုး ပြနေသည်။

ထိုသူက နတ်မီးနယ်ပယ် အဆင့်၆၊ အရှိန်အဝါတွေက အလွန်အားကောင်းကာ ရောင်ဝါက ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ မသိ။ သူ့ကိုကြည့်လျှင် တားမြစ်လူသား အဆင့်ကို ပိုင်ဆိုင်ထားလောက်သည်။ သူ့တွင် လူသတ်နိုင်သော အသွင်အပြင်တစ်ခု ရှိနေပြီး အမှန်တကယ်ပင် ရက်စက် ကြမ်းကြုတ်သော လူသတ်သမား ဖြစ်ပုံပင်။

လူငယ်လေး မတ်တပ်ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထင်ရှားသည်မှာ ဤလူငယ်မှာ နာမည်ကောင်း ရှိပေ၏။

ပေါင့်တာထင်းက တခစ်ခစ်ရယ်ပြီး။

"လုရွှမ်... ဒီကောင်လေးက အရမ်းရက်စက်တာနော်... သူ့ဇစ်မြစ်ကို မင်း ခန့်မှန်းနိုင်လား"

"ထန်းလန်ကြယ်လား?"

ပေါင့်တာထင်းက ရယ်လေ၏။

"ခန့်မှန်းတာ ကွက်တိပဲ!... ဒီကောင်လေးရဲ့ ညီလေးကို မင်း သတ်သွားတယ်လို့ ကြားပြီးကတည်းက မင်းကို လက်စားချေဖို့ အော်ဟစ်နေတာ... ဒါနဲ့ မင်း သူ့ကို ဘယ်သူထင်လို့ သတ်လိုက်တာလဲ "

"မသိဘူးလေ.... သူ့ကို မကြိုက်လို့ သတ်လိုက်တာ ဖြစ်နိုင်တယ်... ငါ ပြစ်မှားမိတဲ့ ထန်းလန်ကြယ်မှာ လူကောင်းတွေ ရှိမယ် ဒါပေမဲ့ ငါသူ့ကို သတ်လိုက်တယ် ဆိုကတည်းက သူက သေဖို့ ထိုက်တန်တယ်ဆိုတာ သိသာတယ်"

တစ်ဖက်ရှိ လူငယ်ကလည်း ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

"မှန်တယ်... ငါသတ်ချင်တဲ့လူက အဲ့လိုပဲ ဖြစ်နေရမယ်... ငါ့နာမည်က ထန်ရှင်း... ငါက သခင်ငယ်​လေးဆိုတော့ ကောင်းကင်ဘုံအတွက် တရားမျှတမှုကို ရယူရမယ်..."

သူက ရိုင်းရိုင်းစိုင်းစိုင်း ရယ်မောလိုက်ပြီး လုရွှမ်ဆီသို့ ပြေးဝင်သွားလိုက်သည်။ သူ့လှုပ်ရှားမှုတွေက သိပ်မမြန်ပါဘူး။ အခုနတုန်းက လူနဲ့ ယှဉ်ရင် ပိုဆိုးပါသည်။

သို့သော် လုရွှမ်ရဲ့ အမူအရာကတော့ ယခင်ကထက် ပို၍ လေးနက်လာသည်။ ဒီလူက ယွမ်စွမ်းအင်ရဲ့ ထိန်းချုပ်မှုနဲ့ သူ့အလိုလို ခြေရာခံနိုင်မှုဟာ အ​​စောကလူထက် အများကြီး ပိုကောင်းပေသည်။

အရှိန်က တကယ်ကို အစွမ်းထက်ပေမယ့် မျက်စိစုံမှိတ် လိုက်ရှာလိုက်ရင်တော့ အရှိန်က လမ်းလွဲနေသည်။ အရှိန်ကို တိတိကျကျ မထိန်းနိုင်ဘဲ ချို့ယွင်းချက် များစွာရှိသည်။ သို့သော် အစောကလူလိုတော့ လုရွှမ် လက်ဖဝါးဖြင့် မထိန်းထားဝံ့ပေ။

သူ့ခြေသည်းများသည် ထက်မြက်ပြီး လက်သည်းများက တောရိုင်းတိရစ္ဆာန်ကဲ့သို့ ရှည်လျားကာ လုရွှမ်မျက်နှာကို လက်ချောင်းများ အားလုံးဖြင့် ကုတ်ခြစ်လိုက်သည်။ လက်သည်းများသည် လေထဲသို့ လွင့်သွားကာ ပြင်းထန်သော လေသံနဲ့အတူ တိုက်ခိုက်လာ၏။

လုရွှမ်သည် ယွမ်ယန်ဓားကိုးစင်းအပြင် လက်ဝါးသိုင်းနဲ့ တခြားအရာတွေကို ထူးချွန်သော်လည်း ဓားအသုံးပြုခြင်းကို ပိုမိုကျင့်သားရခဲ့သည်။

ထို့အပြင် ဓားစွမ်းအင်သည် အချိန်မရွေး လက်ဖဝါးတွင် စုစည်းနိုင်ပြီး ဓားရည်မှာ ခန္ဓာကိုယ်မှ ခွဲထွက်နိုင်ပြီမလို့ ဓားရှိခြင်းနဲ့ ဓားမရှိခြင်းကြား ကွဲပြားမှု မရှိပေ။ စင်စစ် နတ်လက်နက် ချင်ထျန်းဓားသာ ရှိပါက အကျိုးသက်ရောက်မှုဟာ သဘာဝအားဖြင့် လုံးဝ ကွဲပြားမည်ဖြစ်သည်။

လုရွှမ်ဘက်ကလည်း လက်သီးတစ်ချက်ဖြင့် တုံ့ပြန်လိုက်သည်။ လက်သီးများဟာ ရွှေနှင့် ကျောက်စိမ်းကဲ့သို့ ထိမှန်သံတို့ ပြတ်သားစွာ ထွက်ပေါ်လာခဲ့ကာ နှစ်ယောက်သား တစ်ချိန်တည်းတွင် ဆုတ်ခွာသွားခဲ့သည်။

ထန်ရှင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ကောင်းတယ်... လူတိုင်းက မင်းရဲ့ဓားစွမ်းရည်က အံ့မခန်းပဲလို့ ပြောကြတယ်... မင်းရဲ့လက်သီးစွမ်းရည်ကပါ အရမ်းလွှမ်းမိုးနိုင်မယ်လို့ မထင်ထားဘူး!"

လုရွှမ်လည်း သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်၏။ လက်က နည်းနည်းတော့ ထုံကျင်သွားသည်။

"တားမြစ်လူသား?"

ထန်ရှင်းက "သတိမထားမိဘူးလား"

ရုပ်ပုံက ရုတ်တရက် ပျောက်ကွယ်သွားပြီး ယခင်လူထက် အရှိန်အဟုန်က လုံးဝ သာသွားကာ မျက်စိတစ်မှိတ်အတွင်း လုရွှမ်ဘေးတွင် ပေါ်လာသည်။ လက်သည်း ဆယ်ချောင်းက လုရွှမ်ကို တစ်ပြိုင်တည်း တိုက်ခိုက်လာပြန်၏။

လုရွှမ်၏ ခန္ဓာကိုယ်သည် တစ်နေရာတည်းတွင် မတ်တပ်ရပ်နေဆဲ ဖြစ်ပြီး သူ့လက်ဖဝါးများကို ဝေ့ယမ်းလိုက်သော် လက်ဖဝါးများ တုန်ယင်နေသည့် အသံများက ဆက်တိုက် ထွက်လာလေသည်။ သူ့ခြေထောက်များက မလှုပ်ရှားသေးချေ။

အော်ဟစ်သံနှင့်အတူ ထန်ရှင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပေါ်လာပြီး နောက်သို့ ပျံသွားသည်။ တစ်ဖန် ဖျက်ကနဲ ပျောက်သွားကာ ပြန်ပေါ်လာတော့ သူ့လက်ထဲတွင် ဓားမြှောင်နှစ်ချောင်း ရှိနေပြီ။ ဓားမြောင်က ပြာလဲ့လဲ့ အရောင်များဖြင့် တောက်ပ​နေ၏။

ခပ်လှမ်းလှမ်းမှ လူတိုင်းသည် ဓားမြှောင်ဆီမှ ထွက်လာသော မွှေးရနံ့ကို ရှူရှိုက်နိုင်ကြသည်။ အနည်းငယ် ရှူရှိုက်လိုက်ရုံဖြင့် လူတိုင်းလိုလို အနည်းငယ် မူးဝေသွား​ကြသည်။

လူတိုင်းသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို ကာကွယ်ရန်နှင့် အဆိပ်အတောက်များကို တွန်းထုတ်ရန်အတွက် ကမန်းကတန်း အသက်ရှူသွင်းလိုက်ကြသည်။

ဒါပေမဲ့ မသန်မစွမ်းဖြစ်ပြီး သေဆုံးသွားတဲ့ လူ၇ယောက် ၈ယောက်ကလည်း ရှိပါသေးသည်။ အပေါက် ခုနစ်ပေါက်သည် သွေးထွက်၍ အသားနှင့်အသွေးများက မြေပြင်ပေါ်တွင် ပုပ်ပွသွားသည်။ ဒီအချိန်မှာတော့ ထန်ရှင်းဟာ ဘယ်သူ့ကိုမှ လှည့်မကြည့်တော့ပါဘူး။

လုရွှမ် လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ နတ်လက်နက် သူ့လက်ထဲ ပျံသန်းလာရင်း ထန်ရှင်းရဲ့ခေါင်းကို ရန်မူလိုက်သည်။ ထက်မြက်သော ဓားစွမ်းအင်က ထန်ရှင်းအား အဝေးသို့ တိုက်ရိုက် လွင့်သွားစေပါ၏။

ထန်ရှင်းရဲ့ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ ချင်ထျန်းဓား ထွက်လာတာနဲ့ တပြိုင်နက် သူ့ရင်ထဲတွင် ကြောက်ရွံ့သွားတဲ့ ခံစားချက်ကို တစ်ချက် ခံစားလိုက်ရသည်။ လုရွှမ်၏ ခွန်အားသည် သူ့မျှော်လင့်ထားတာထက် ကျော်လွန်သွားပြီ ဖြစ်သည်။ သူ ဓားကို ဆွဲပြီးတာနဲ့ စိတ်ဝိညာဉ်ထဲက ထိတ်လန့်တုန်လှုပ်သွားတဲ့ အငွေ့အသက်က ပိုမိုအားကောင်းလာသည်။

နောင်တတရားက သူ့နှလုံးသားထဲ ရုတ်ချည်း တိုးဝင်လာကာ အမှားလုပ်မိသွားမှန်း သဘောပေါက်လိုက်၏။ သူ့လက်ချောင်းတွေကို ဖျတ်ကနဲ ခါလိုက်ရင်း သူ အမှတ်တမဲ့ ရလာတဲ့ အဆိပ်ဆယ်ပါးကို သုံးလိုက်ရသည်။ ယခုတစ်ဖက်လူက သူ့ထက် သာလွန်နေသောကြောင့် အခြားနည်းလမ်းများကို သုံးရုံသာ ရှိတော့သည်။

ထန်းလန်ကြယ်ထဲ ပြန်ပြေးလာကတည်းက ထန်ရှင်းသည် အကျင့်စာရိတ္တကောင်းက အသုံးမဝင်တဲ့ အရေခြုံမှု တစ်မျိုးဖြစ်ပြီး အမှန်တကယ် အသက်ရှင်ဖို့ကသာ အရေးကြီးကြောင်း နားလည်လာခဲ့သည်။ အသက် ရှင်သန်ဖို့အတွက် ဘာမဆို လုပ်ထိုက်သည်။

လုရွှမ် ရှူရှိုက်ရင်း ရင်းနှီးသော ရနံ့ကို ခံစားလိုက်ရသည်။ ဒါ သူအရင်က မြင်ဖူးတဲ့ အဆိပ်ပုံစံ မဟုတ်ပေမယ့် ပျက်စီးမှုရဲ့ သဘောသဘာဝက ဆင်တူပါသည်။ ထန်ရှင်း သုံးသွားတဲ့ ဓားမြှောင်ပေါ်က အပြာရောင် အငွေ့က အဆိပ်ဆယ်ပါး ဖြစ်မှန်း သိလိုက်ပါ၏။ ဓားမြှောင်ပေါ်မှာ လိမ်းကျံထားတဲ့ သေစေနိုင်တဲ့ အဆိပ်ဆယ်ပါးကို တစ်ယောက်ယောက်က တွေ့သွားရင် သူလည်း သေတဲ့အထိ အရိုက်ခံရမှာပါပဲ။

"ဟားဟား....."

ထန်ရှင်းသည် လုရွှမ် အမူအရာကို မြင်သောအခါ ဂုဏ်ယူစွာ ပြုံးလိုက်သည်။ သူက လုရွှမ်ရဲ့ အဆိပ်သက်ရောက်မှုကို စောင့်ဆိုင်းရင်း ရုတ်တရက် နောက်ပြန်ဆုတ်သွားသည်။

လုရွှမ်ရဲ့ ခန္ဓာကိုယ်သည်လည်း နောက်သို့ ပျံသွားကာ သူ့ခန္ဓာကိုယ်မှ မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ စိတ်ဝိညာဉ်မီး သို့မဟုတ် မီးလျှံ နတ်ဆိုးမီး ဖြစ်ပါစေ ၎င်းတို့တွင် နတ်သားရဲ၏ အရိပ်အာဝါသ မရှိပေ။

ခရမ်းရောင် မီးတောက်များ မြင့်တက်လာပြီး ပတ်ဝန်းကျင် လေထုကို ဖြတ်တောက်ပစ်လိုက်သည်။ ထို့နောက် အဆိပ်အတောက်များကို ပေါင်းထည့်ကာ ဆေးလုံးတစ်လုံး အဖြစ် ပေါင်းစည်းလိုက်သည်။

ထန်ရှင်းရဲ့ မျက်နှာက မည်းမှောင်သွားသော်လည်း သူ ဂုဏ်ယူစွာ အော်ဟစ်ဆဲပင်။

"သေစေနိုင်တဲ့ အဆိပ်ဆယ်ပါးကို မီးနဲ့ ဖယ်ရှားမယ်ပေါ့.... အသုံးမဝင်တော့ဘူး မင်း ရှူပြီးသွားပြီ အဆိပ်ဖြေဆေးမရှိရင် မင်းသေမှာ သေချာတယ်!!!"

အလွန်အဆိပ်ပြင်းသော အဆိပ်ဆယ်ပါးရဲ့ နာမည်ကို ကြားလိုက်ရသောအခါ လူတိုင်း ထိတ်လန့် တုန်လှုပ်သွားပေ၏။ ကုသဆေး မရှိသော အဆိပ်ဆယ်ပါးကြောင့် ကူးစက်ခံရမည်ကို စိုးရိမ်သဖြင့် တစ်ယောက်ပြီး တစ်ယောက် လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။

"တိုက်ဆိုင်လိုက်တာ... ဒီစကားက ငါမင်းကို ပြောချင်​နေတာ"

လုရွှမ် အော်လိုက်သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ဓားရည်ရွယ်ချက်က ရုတ်တရက် နှစ်ဆကျော် ထိုးတက်လာပြီး ချင်ထျန်းဓားသည် သူ့လက်ဖဝါးက ခရမ်းရောင် အလင်းတန်းများနဲအတူ လင်းလက်လာသည်။

"ယွမ်ယန်ဓားကိုးစင်း....တတိယဓား.... လူမပါသော ဓားထွက်!"

ချင်ထျန်းဓားသည် လုရွှမ်ရဲ့ အရိပ်ကို သယ်ဆောင်လျက် မြှားတစ်စင်းလို ပြေးထွက်သွား၏။ ချင်ထျန်းဓား၏ ပျံသန်းမှုကြောင့် လုရွှမ်ကိုပင် ခဏတာမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်​ကြ​တော့ပေ။

ဓားရှည်သည် ထန်ရှင်းကို မထင်မှတ်ထားတဲ့ အမြန်နှုန်းဖြင့် တိုက်ခိုက်လာသည်။ ထန်ရှင်းကလည်း အလင်းတန်းတစ်ခုအား လှမ်းပစ်ကာ ဓားမြှောင်နှစ်ချောင်းဖြင့် ကာကွယ်ထားလိုက်သည်။ ကံမကောင်းစွာပဲ ၎င်းက လုရွှမ်ရဲ့ချဉ်းကပ်မှုကို လုံးဝ မရပ်တန့်နိုင်ပေ။

အထူးသဖြင့် လျစ်လျူရှုထားသည့် ချင်ထျန်းဓားသည် ဓားမြှောင်သံလတ်ကြားမှ ပြေးထွက်လာရာ ဓားမြှောင်ကိုပါ ကွဲထွက်သွားစေ၏။

All Chapters