← Chapters

လူမပါသော ဓား

Vol. 99 Ch. 4.996

လူမပါသော ဓား

Vol. 99 Ch. 4.996

ထိတ်လန့်ကြောက်ရွံ့မှု အလယ်တွင် ထန်ရှင်းသည် ကျိုးနေသော ဓားမြှောင်ဖြင့် လုရွှမ်၏ လည်ပင်းဆီသို့ ပစ်သွင်း တိုက်ခိုက်လိုက်သည်။

သို့သော် လုရွှမ်သည် အရှေ့သို့ ပြေးထွက်သွားသော ဓားစွမ်းအင်၏ အသွင်အပြင်ကို ဆက်လက် ထိန်းသိမ်းထားကာ သူ့​​ခန္ဓာကိုယ်သည် လေထဲတွင် ချောမွေ့စွာ ပျံသန်းဆဲပင်။ သူ၏ ဓားရှည်သည် ထန်ရှင်းခန္ဓာကိုယ်ကို မပြောင်းလဲဘဲ ထိုးလိုက်သေးသည်။

"ကောင်းပြီ မင်းသေချင်နေပြီ ဆိုမှတော့ အတူတူသေ​ကြရအောင်"

ထန်ရှင်း အော်ဟစ်လိုက်သည်။ ခုခံမှုအား မရှိသလို မကာကွယ်နိုင်တော့မှန်းလည်း သိလိုက်တာကြောင့် သူ့လက်ကို လွှတ်လိုက်ပြီး လုရွှမ်ခေါင်းကို ဓားမြှောင်တစ်ချောင်းဖြင့် ပြင်းပြင်းထန်ထန် ထိုးလိုက်သည်။

နတ်မီးသည် သူ့မျက်ခုံးကြားမှ လျှံထွက်လာပြီး သူ့ခန္ဓာကိုယ်တစ်ဝိုက်မှ နတ်မီးရောင်ဝါများ ထွက်ပေါ်လာကာ လုရွှမ်ရဲ့ လမ်းကြောင်းဆီသို့ ပစ်လွှတ်လိုက်သည်။ ထိုအလင်းရောင်ကို ကြည့်ရုံဖြင့် ဘယ်လောက် အစွမ်းထက်မလဲ တွေးကြည့်နိုင်သည်။ ဒီနတ်မီးကို နတ်မီးနယ်ပယ်က လူမပြောနှင့် မျှော်စင်နယ်ပယ်က လူတောင် ခံနိုင်ရည် ရှိမှာ မဟုတ်ဘးပေ။

သို့သော် လုရွှမ်သည် ခန္ဓာကိုယ်ပုံစံကို မပြောင်းလဲဘဲ အမှန်တကယ်ပင် မလှုပ်မယှက် တိုးဝင်နေသည်။ ထန်ရှင်းရဲ့ ​တန်ပြန်တိုက်စစ်ကို သူ့မျက်လုံးများတွင် လုံးဝ မမြင်ရပုံရသည်။

လုရွှမ်က သူ့အတွက်သူ တကယ်ကိုပဲ ရက်စက်လိုက်တာလား။ ကျွမ်းကျင်သော ပညာရှင်များသည် ရဲရင့်တယ်ဆိုတာ မှန်သော်လည်း ထန်ရှင်းရဲ့ တိုက်ခိုက်မှုကို လျစ်လျူရှုထားခဲ့တာကတော့ မဖြစ်နိုင်ပေ။

အကြောင်းမှာ ထန်ရှင်းရဲ့ တိုက်ခိုက်မှုက သူတို့အားလုံးကို ထိတ်လန့်သည်လေ။ ထန်ရှင်းရဲ့ အစွမ်းသတ္တိကို အခြေခံ၍ ကြည့်လိုက်လျှင် သူတို့သည် ထန်ရှင်းနဲ့ မတိုက်ခိုက်နိုင်ကြောင်း ၉၀ ရာခိုင်နှုန်းသော လူများက တိတ်တဆိတ် ဝန်ခံထားကြတာမလို့ သူတို့မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ရှိနေကြသည်။

"လုရွှမ်က သူ့ကို သေစေလောက်တဲ့ အဆိပ်ဆယ်ပါးနဲ့ အဆိပ်ခတ်ထားပြီးသား ဖြစ်နေတော့ သေချာပေါက် သေမယ်ဆိုတာကို သိလို့ သူ့အတွက်သူ မခုခံတော့တာများလား"

ဤပြောဆိုချက်သည် သိသိသာသာ အဓိပ္ပာယ်မရှိပေ။ အဆိပ်ဆယ်ပါးကြောင့် အဆိပ်မိတဲ့လူတွေ သေရလိမ့်မယ်လို့ ပြောနိုင်ပေမယ့် အဆိပ်မိတဲ့ ဘယ်သူမဆို အဆိပ်ကို ဖယ်ရှားဖို့ အဆိပ်ဖြေဆေးကို အရူးအမူး ရှာဖွေပြီး အရှုံးပေးချင်ကြမှာပဲ မဟုတ်လား။

"ယွမ်ယန်ဓားကိုးစင်း တတိယဓား... လူမပါဘဲ ထွက်သောဓား!"

ရုတ်တရက် တစ်စုံတစ်ယောက်က တုံ့ပြန်ပြီး စိတ်လှုပ်ရှားစွာ အော်လိုက်လေသည်။

လုရွှမ်၏ ဒဏ္ဍာရီ လက်ရာများကို ကြားသိဖူးသူတိုင်းလိုလိုသည် လုရွှမ်ဟာ ဓားသိုင်းပညာတွင် အလွန်ကောင်းမွန်ပြီး သူအသုံးပြုသော ဓားပညာကို သူကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်ကြောင်း သိကြသည်။ ဤဓားသိုင်းကွက်သည် အခြားဓားသိုင်းထက် အစွမ်းထက်လှ​ပေ၏။

အထူးသဖြင့် လုရွှမ်သည် အခြားသူများရှေ့တွင် အကြိမ်များစွာ ပေါ်လာတတ်သော်လည်း များသောအားဖြင့် ယွမ်ယန်ဓားကိုးစင်းရဲ့ ဒုတိယဓားဖြစ်တဲ့ ဓားတစ်သောင်း ရိုက်ချက်ကိုသာ အသုံးပြုခဲ့သည်။ ထိုလှုပ်ရှားမှုကို အသက်သွင်းလိုက်သည်နှင့် သူ့ပတ်ဝန်းကျင်ရှိ လူများသည် ၎င်းတို့၏ လက်နက်များကိုပင် မထိန်းချုပ်နိုင်တော့ပေ။

ထိုကဲ့သို့ ခမ်းနားထည်ဝါသော မြင်ကွင်းမျိုးသည် ထန်းယွမ်ကြယ် တစ်ခုလုံးတွင် လူပြောအများဆုံး အရာဖြစ်လာခဲ့သည်။

လုရွှမ် ဓားသိုင်းပညာကို များစွာအသုံးပြုခဲ့သည်။ သို့သော် နောက်ဆက်တွဲ ဓားသိုင်းက ထိပ်တန်းပြိုင်ဘက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ထို့အပြင် ဓားလှုပ်ရှားလာသည်နှင့်အမျှ ရန်သူသည် သေသွားသောကြောင့် ၎င်းတို့သည် နောက်ဆက်တွဲ ဓားသိုင်းကို မမြင်ဖူးသေးပေ။

အခု တတိယဓားကို သုံးထားပြီး အဲဒါက လူမပါဘဲ ဓားထွက်ခြင်း ဆိုတဲ့ နာမည် ဖြစ်နေ၏။ ကြွေးကြော်နေသော လူမှာ လုရွှမ်၏ အမာခံ ပရိသတ်တစ်ဦးဖြစ်ပြီး သိသိသာသာ စိတ်လှုပ်ရှားနေပါသည်။

"ဒီဓားရဲ့နာမည်ကို နားထောင်ကြည့်ဦး... ဓားက လူမရှိဘဲ ထွက်လာတယ်တဲ့... လူမပါမှတော့ ဘယ်လိုလုပ် ခုခံစရာလိုဦးမှာလဲ"

ထိုလူငယ်၏ စကားအတိုင်း ထန်ရှင်း၏ ကျိုးသွားသော ဓားသည် လုရွှမ်ဦးခေါင်းကို ထိမှန်ပြီး လည်ပင်းကို ဆွဲ​ခြစ်ပစ်လိုက်လေရာ ပြတ်သားသော အသံတစ်ချက် ထွက်လာ၏။ သို့သော် လူ့အရေခွံကို ခြစ်မိသွားသလို ဓားကိုယ်ထည်ကိုသာ ခြစ်မိသွားတာ ထင်ရှားပေသည်။

လုရွှမ်လက်ထဲက ချင်ထျန်းဓားဟာ ထန်ရှင်းရဲ့ကိုယ်ထဲကို တိုက်ရိုက် ထိုးဖောက်သွားပုံမှာ ဝါးလုံးတစ်လုံးကို ချိုးဖျက်လိုက်သလိုမျိုးပင်။ လုရွှမ် သူ့ခန္ဓာကိုယ်ကို ရွှေ့ကာ မြေပြင်ပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး ချင်ထျန်းဓားကို လက်ဖဝါးဖြင့် ဆွဲထုတ်လိုက်သည်။

ထန်ရှင်းသည် ပါးစပ်အပြည့် သွေးများကို ထွေးထုတ်လိုက်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ အဆက်မပြတ် ချောင်းဆိုးလိုက်သည်။

"ဘာလို့လဲ?"

ထန်ရှင်း မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။ လုရွှမ်က ခေါင်းကို ညင်ညင်သာသာ ခါလိုက်ပြီး။

"ဟိုညီလေး ပြောတာ မှန်တယ်.... ဓားလွှတ်ပြီးတာနဲ့ ငါ မရှိတော့ဘူး... မင်းငါ့ကို သတ်ချင်ရင် နတ်ဓားကို အပိုင်းပိုင်း မခွဲနိုင်သရွေ့ ငါ့ကိုသတ်ဖို့ မင်းမှာ အရည်အချင်း မရှိဘူး"

ထန်ရှင်းသည် ပါးစပ်ထဲက သွေးတွေ ထွက်ကျလာပေမယ့် သူက အော်ဟစ်နေဆဲပင်။

"မင်း ပြင်းထန်တဲ့ အဆိပ်ဆယ်ပါး မိသွားတယ်!"

"ဟုတ်သားပဲ... မင်းမပြောလည်း ငါမင်းကို ကျွေးမလို့ပဲ"

သူ့လက်ညှိုးကို လှန်လိုက်သော် အဆိပ်ဆယ်ပါးသည် ထန်ရှင်း၏ ပါးစပ်ထဲသို့ အလုံးတစ်လုံးနှယ် ပစ်သွင်းခံလိုက်ရ​လေသည်။

"မတရားမှုကို ကျူးလွန်သူက သေဒဏ်ပေးခံရတတ်တယ်တဲ့... အရသာကောင်းလား မြည်း​ကြည့်စမ်းပါဦး"

လုရွှမ် ​ပြောပြီး​နောက်​ ပြန်လှည့်၍ သူ့ဓားသိုင်းကို အသိအမှတ်ပြုလာသော လူငယ်အား ​ခေါင်းညိတ်​ပြလိုက်သည်​။ လုရွှမ် သူ့ကို ခေါင်းညိတ်ပြလာတာကို မြင်တော့ လူငယ်က စိတ်လှုပ်ရှားစွာ ပြေးလာပြီး ဒူးထောက်ပစ်လိုက်သည်။

"ဆရာ.... ကျွန်​တော့်နာမည်က ပေါ်ဝမ့်ပါ... ဆရာရဲ့ ဒဏ္ဍာရီကို နားထောင်ရုံနဲ့ကို ကျွန်တော့်ရင်ထဲက အစိုင်အခဲတွေ ကြေသွားနိုင်ခဲ့တယ်... ဆရာက ကျွန်တော်ကိုးကွယ်တဲ့ ရုပ်တုပါပဲ... ကျွန်တော်ကို တပည့်အဖြစ် လက်ခံ​ပေးနိုင်မလား"

လူများစွာ တခဏတာမျှ အံ့အားသင့်သွားသလို လုရွှမ်ရဲ့ တည်ငြိမ်သော လှုပ်ရှားမှုများကို မျက်တောင်မခတ် စိုက်ကြည့်နေကြလေသည်။

အကယ်၍ လုရွှမ်သည် နတ်မီးနယ်ပယ် ပထမအဆင့်နဲ့ ဒီလောက်ကျော်ကြားနေတာ မဖြစ်နိုင်ဘူးဟု သံသယ ရှိခဲ့ကြမည်။ သို့သော်လည်း အခုနတုန်းက ဓားသိုင်းစွမ်းရည်က သူတို့ရဲ့ နှလုံးသားထဲက သံသယအားလုံးကို ရှင်းရှင်းလင်းလင်း ဖယ်ရှားပစ်လိုက်ပြီး စစ်မှန်တဲ့ သူရဲကောင်း တစ်ယောက်အဖြစ် ရပ်တည်ဖို့ လုံလောက်သွားချေပြီ။

ဤလူငယ်သည် နတ်မီးနယ်ပယ် တတိယအဆင့်သို့ ရောက်နေပြီ ဖြစ်သော်လည်း ပထမအဆင့်တွင်ရှိသော လုရွှမ်ကို ဆရာတင်နေတာက အလွန် အံ့သြစရာ ကောင်းလှသည်။

"သခင်လေး.... မြန်မြန်ထ... သခင်​လေး ဆန္ဒအတိုင်း ဘယ်လိုလုပ် တပည့်ခံလို့ ဖြစ်ပါ့မလဲ... သခင်လေးက ထန်းအယ့်ကြယ်က သခင်ငယ်လေးလေ... ထူးချွန်တဲ့ အဆင့်အတန်း ရှိတယ်... မိသားစုက ဆင်းသက်လာတဲ့ လျှို့ဝှက်ကျွမ်းကျင်မှု တစ်ခုဆို ကမ္ဘာပေါ်က လျှို့ဝှက်ကျွမ်းကျင်မှုထက် လုံးဝကို မဆိုးပါဘူး!"

အဘိုးအိုနှစ်ယောက် ပြေးထွက်လာသည်။ သူတို့က လူငယ်ရဲ့ စောင့်ရှောက်သူများ ဖြစ်နိုင်ကာ လူငယ်ကို အမြန်ဆွဲထုတ်ရန် ကြိုးစားနေကြသည်။ လူငယ်ကတော့ ပြင်းပြင်းထန်ထန် ရုန်းကန်ရင်း လုရွှမ်အား ပူလောင်သော မျက်လုံးများဖြင့် အော်ဟစ်ကာ မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်နေလေသည်။

ပေါင့်တာထင်းရဲ့ အသံက လုရွှမ်နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

"ထန်းအယ့်ကြယ်... ကြယ်တစ်သောင်းကမ္ဘာရဲ့ အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်းကြယ်ဆယ်ပွင့်ထဲက တစ်ခုပဲ... သူတို့ကလည်း အရမ်း အစွမ်းထက်တယ်... ဒါပေမဲ့ အဲ့ကကြယ်ခေါင်းဆောင်တိုင်းက လူဦးရေနည်းနေပြီ နာတာရှည်ရောဂါကို ခံစားနေရတဲ့အတိုင်းပဲ... ဖျားနာပြီး ကံဆိုးကြလို့ ထန်းအယ့်ကြယ်လို့ နာမည်ပေးခဲ့တာ"

"ပေါ်ဝမ့် ဆိုတဲ့ ဒီကောင်လေးက ပေါ်မိသားစုရဲ့ လက်ရှိ လူငယ်ကြယ်ပွင့် သခင်ငယ်လေး ဖြစ်လိမ့်မယ်... သူက ရောဂါတွေ အများကြီးနဲ့ မွေးဖွားလာခဲ့တာ သူသေဆုံးသွားပြီလို့ ကောလဟာလတွေ ထွက်နေတာတောင် ကြာပြီ.... ထန်းအယ့်ကြယ်က သခင် ပြောင်းတော့မယ် ထင်ပါရဲ့ ဒီကောင်လေး အသက်ရှင်နေသေးမယ်လို့ မမျှော်လင့်ထားဘူး..."

"​ပေါ်ဝမ့်ရဲ့အဖေက ​ပေါ်ဟောင်လို့ခေါ်တယ်.. သူက သူ့ရဲ့တစ်ဦးတည်းသော သားကို အရမ်းကာကွယ်တတ်တဲ့ ရက်စက်တဲ့လူပဲ.... ကောလဟာလ သတင်းတွေ ထွက်နေတာ ကြာပြီ ဒါပေမဲ အခြေအနေမှန်ကို ဘယ်သူမှ မသိကြဘူး... ဒါပေမဲ့ ဒါက နတ်တောင်ကြီးပဲလေ...

အဲ့လူက အမှောင်ထဲမှာ ဝှက်ထားပြီး စောင့်ကြည့်နေမလားလည်း ဘယ်သူမှ မသိကြဘူး”

ပေါင့်တာထင်းက အကြင်နာတရားဖြင့် နောက်ကြောင်းကို ​ပြန်ပြောပြသည်။ ဘက်လိုက်မှု မရှိ၊ ချဲ့ကားခြင်း မရှိဘဲ လုရွှမ်အား မိမိဘာသာ ဆုံးဖြတ်ချက် ချနိုင်အောင် ပြောပြနေခြင်းပင်။

"ဘာလို့ ငါ့ကိုဆရာ တင်ချင်တာလဲ"

"ဘာလို့လဲဆိုတော့ ဆရာက ကျွန်​တော့်ရငိထဲမှာ အလေးစားရဆုံးလူပဲ... ဆရာမှာ ထူးချွန်ထက်မြက်တဲ့ အစွမ်းအစ ရှိတယ်.. နောက်ခံမရှိပေမယ့် ဆရာကိုယ်တိုင်က လမ်းတစ်ခုကို ဖောက်ထုတ်ခဲ့တယ်... ဆရာ့မှာ အမွေခံ သိုင်းပညာ၊ ဓားသိုင်း ကျွမ်းကျင်မှုတွေ မရှိဘူး... အားလုံးကို ဆရာကိုယ်တိုင်ပဲ ဖန်တီးခဲ့တယ် ဓားပညာနဲ့ ထက်မြက်စွာ ပြုမူနေရင် လောကထဲက အကောင်းမွန်ဆုံး နေရာတွေကို ကယ်တင်နိုင််မယ်တဲ့..."

ပေါ်ဝမ့်မှာ အလွန်စိတ်လှုပ်ရှားနေပြီး သူ့မျက်လုံးများတွင် စိတ်အားထက်သန်မှုများ အပြည့်ရှိ​နေသည်။

"အထူးသဖြင့် ဆရာက တခြားသူတွေ မလုပ်နိုင်တာတေံ မလုပ်ရဲတာတွေ ဒါမှမဟုတ် မတွေးဝံ့တာတွေကို လုပ်နိုင်တယ်... ကောင်းကင်ဘုရင် နန်းတော်ထဲကို ပြုတ်ကျပြီး ဘေးကင်းစွာနဲ့ ပြန်ထွက်လာဖို့ သတ္တိတွေ အများကြီး လိုအပ်တယ်လို့ ကျွန်​တော်ထင်တယ်... ဆရာက ဆရာ့ရဲ့စိတ်ကို တည်ငြိမ်အောင် ထိန်းနိုင်လွန်းတယ်”

"ကျွန်တော့်ကိုကျွန်တော် ဆရာနဲ့ မနှိုင်းဝံ့ပါဘူး... ငယ်ငယ်လေးကတည်းက နာတာရှည်ရောဂါကို ခံစားနေရတာ စိတ်ဆန္ဒကို ယုံကြည်တယ်... စိတ်ဝိညာဉ် ခွန်အားမျိုး ကျွန်တော် လိုအပ်တယ်... အဲဒါကြောင့် ဆရာ့ဆီက သင်ယူပြီး ဆရာ့ရဲ့ သွန်သင်မှုတွေကို နားထောင်ရမယ်လို့ မျှော်လင့်ပါတယ်"

လုရွှမ် ပြုံးပြီး ပေါ်ဝမ့်ရဲ့ ပုခုံးကို ညင်သာစွာ ပုတ်လိုက်သည်။

"ကောင်းပြီ ထတော့.... မင်းရဲ့ စိတ်ဆန္ဒတစ်ခုတည်းနဲ့တင် မင်းကို ငါ့တပည့်အဖြစ် လက်ခံလိုက်ပြီ...."

All Chapters