မတန်ဘူးလား?
Vol. 99 Ch. 4.997
ပေါင့်တာထင်း၏ အသံသည် နောက်တစ်ကြိမ် တီးမှုတ်မှု အပြည့် ထွက်ပေါ်လာ၏။
"ညီအစ်ကို.... မင်းတကယ် တွေးရဲတယ်ပေါ့လေ... မင်းကို ဒုက္ခပေးမှာကို မကြောက်ဘူးလား မင်းသားငယ်တစ်ယောက်က သူ့ထက် နယ်ပယ်နိမ့်ကျတဲ့ လူတစ်ယောက်ကို ဆရာသခင်အဖြစ် ကိုးကွယ်တယ်... အဲဒါက မိဘမျက်နှာ အိုးမည်းသုတ်တာနော် !"
လုရွှမ် မဖြေခင်မှာဘဲ ပေါ်ဝမ့်ဘေးက လူနှစ်ယောက်က ဒေါသတကြီး အော်ဟစ်ပါတော့သည်။
"ကောင်လေး... မင်း အတင့်ရဲလွန်းတယ် ငါတို့သခင်ငယ်လေးကို တပည့်လက်ခံဖို့ မင်းမှာ အခွင့်ရှိလို့လား...မင်းက ဒီအခြေအနေတွေကို အခွင့်ကောင်းယူဖို့ ကြိုးစားနေရအောင် မင်းမှာ ဘယ်လောက်တောင် သတ္တိရှိနေတာလဲ"
"ဟုတ်တယ်! ငါတို့ သခင်ငယ်က တပည့်ဖြစ်ချင်ရင် အကြီးတန်း ပညာရှင်တွေ အများကြီး သူ့ကို အလျင်အမြန် လက်ခံပေးမှာပဲ... မင်းမှာ ဘယ်လို အရည်အချင်းတွေ ရှိမေလဲ မင်းကို ဆရာသခင်အဖြစ် ငါတို့ဘက်က အသိအမှတ် မပြုနိုင်ဘူး သွားကြစို့!"
သူတို့နှစ်ယောက်က ပေါ်ဝမ့်ကို ဘယ်တစ်ယောက် ညာတစ်ယောက်က ဖမ်းဆွဲပြီး ဆွဲထုတ်ဖို့ ကြိုးစားလေသည်။ ပေါ်ဝမ့် မည်မျှပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရပါစေ သူသည် နတ်မီးနယ်ပယ်တွင်သာ ရှိနေခဲ့ပြီး ရောဂါတစ်ခုဖြင့် မွေးဖွားလာသောကြောင့် ခံနိုင်ရည် မရှိခဲ့ပေ။ သူက ကျယ်လောင်စွာ အော်ပြီး ဆွဲထုတ်ပစ်လိုက်တယ်။
လုရွှမ် ဖျတ်ကနဲ လှုပ်ရှားကာ သူတို့နှစ်ယောက်ရှေ့မှာ ရပ်လိုက်သည်။ ထိုအခါ ပေါ်ဝမ့်ခမျာ စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်ရင်း ဝမ်းသာအားရ ငိုချလိုက်ရာ မျက်ရည်နှစ်ကြောင်း ထွက်လာတော့သည်။
"ဆရာ.... ဆရာကျွန်တော့်ကို ဘယ်တော့မှ မစွန့်ပစ်ဘူးဆိုတာ ကျွန်တော် သိနေတယ်"
သူတို့ပတ်ဝန်းကျင်က လူတွေ အားလုံးက အစကတော့ ဟာသကို ကြည့်နေရသလို ခံစားနေရသည်။ လုရွှမ်ရဲ့ အရည်အချင်းက ထူးထူးခြားခြား ဆိုပေမယ့် သူ့အဆင့်က နိမ့်လွန်းတယ်လေ။ ထို့အပြင် ပေါ်ဝမ့်၏ အစောင့်အရှောက် နှစ်ဦးက လူငယ်သည် ထန်းအယ့်ကြယ်ရဲ့ သခင်လေး ဖြစ်ကြောင်းနှင့် သူ့အဆင့်အတန်းသည် အလွန် မွန်မြတ်သောကြောင့် လုရွှမ်ရဲ့တပည့် ဖြစ်ရန် မဖြစ်နိုင်ပေ။
လုရွှမ်ရဲ့တပည့် ဖြစ်လာခြင်းက ပေါ်မိသားစု တစ်ခုလုံးနှင့် ထန်းအယ့်ကြယ် တစ်ခုလုံး အတွက်ပင် ရှက်စရာ ကောင်းလှပေသည်။ ဒါ့ထက် သူသည် နတ်မီးနယ်ပယ်က ကောင်လေးတစ်ယောက် ဖြစ်နေဆဲပင်။
လုရွှမ် မမျှော်လင့်ဘဲ သူ့နယ်ပယ်သူ ဝန်ခံခဲ့ပေမယ့် လုရွှမ်က သူ့ကိုယ်သူ ပေါ်ဝမ့်ရဲ့ ဆရာသခင်အဖြစ် သတ်မှတ်လို့ တကယ်ပဲ ဝင်တားခဲ့တာလား။ ရုတ်တရက် ကျယ်လောင်သော အသံတစ်ခု ထွက်လာခဲ့သည်။
လူတိုင်းထံမှ လက်ညိုးထိုးပြတာကို ခံစားလိုက်ရသဖြင့် အစောင့်အရှောက် နှစ်ဦးက မျက်ခုံးပင့်ကာ မျက်နှာများ မည်းမှောင်နေလေသည်။
"လုရွှမ် ဒါဘာသဘောလဲ? ငါတို့သခင်လေးကို မင်းတပည့်ဖြစ်အောင် အတင်းအကြပ် လုပ်ချင်သေးတာလား..."
"မင်းရဲ့ အရည်အချင်းက ဘယ်လောက်တောင် အစွမ်းထက်နေပါစေ မင်း နားလည်ထားရမှာက မင်းက ငါတို့ ထန်းအယ့်ကြယ်ရဲ့ ရန်သူပဲ"
သူတို့နှစ်ဦးသည် လုရွှမ်ကို ခြိမ်းခြောက်နိုင်သော ရက်စက် ကြမ်းကြုတ်သော အသံဖြင့် ဆိုရင်း တစ်ယောက်ကို တစ်ယောက်လည်း တစ်စုံတစ်ခု ပြောနေကြသည်။ လုရွှမ်က သူတို့နှစ်ယောက်ကို လျစ်လျူရှုထားကာ ပေါ်ဝမ့်ကို နှစ်သိမ့်ပေးရန် ဦးစွာ ခေါင်းညိတ်ပြလိုက်သည်။
"ပေါ်ဝမ့်... ငါက တခြားသူတွေရဲ့ သဘောထားကို ဂရုမစိုက်တတ်ဘူး.... မင်းတကယ် ငါ့တပည့်ဖြစ်ဖို့ ဆန္ဒရှိလား?"
"ကျွန်တော် ဆန္ဒရှိတယ်!"
"ကောင်းပြီ!"
လုရွှမ် ခေါင်းမော့ပြီး အစောင့်အရှောက် နှစ်ယောက်ကို ကြည့်လိုက်သည်။ ရုတ်တရက် အော်ဟစ်သံနဲ့အတူ လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲက ကြီးကျယ်ခမ်းနားတဲ့ စွမ်းအားတွေ ထွက်ပေါ်လာလေသည်။ လုရွှမ် ရုတ်တရက် လှုပ်ရှားလိမ့်မယ်လို့ သူတို့နှစ်ယောက်လုံး မမျှော်လင့်ထားသလို အဲဒါကို မလုပ်ခင်မှာ သတိပေးချက်လည်း မရှိပေ။
ဤလှုပ်ရှားမှုက လျှပ်စီးလက်သလို လျင်မြန်ပြီး ရောင်ဝါက ပြင်းထန်သဖြင့် သူတို့နှစ်ဦးလုံး လုရွှမ်ကို လျှော့မတွက်ရဲကြသောကြောင့် သခင်ငယ်လေးကို အလိုလို လွှတ်လိုက်ကာ နတ်ဝိညာဉ်ဒိုင်းဖြင့် ပိတ်ဆို့လိုက်ကြသည်။
လုရွှမ် သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ပေါ်ဝမ့်၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ပျံတက်လာလေ၏။ လုရွှမ် ပေါ်ဝမ့်လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး ကျန့်မောင်နှမနှစ်ယောက်ဆီ ပစ်ပေးလိုက်သည်။ မောင်နှမ နှစ်ယောက်သည်လည်း ပေါ်ဝမ့်ကို အလျင်အမြန် ခေါ်ဆောင်ကာ ၎င်းတို့နောက်တွင် အကာအကွယ် ပေးထားလိုက်သည်။
အစောင့်အရှောက် နှစ်ဦး လန့်ဖျပ်သွားပြီး ချက်ချင်း အရေးယူရန် ပြေးထွက်သွားခဲ့သည်။ ထိုစဥ် လုရွှမ်က သူတို့နှစ်ယောက်ကို လက်တစ်ဖက်ဆန့်လျက် ပိတ်ဆို့ထားလေ၏။
"သူငါ့ကို သူ့ဆရာအဖြစ် ကိုးကွယ်တဲ့အတွက် ငါကလည်း သူ့ကို သဘာဝအတိုင်း ကာကွယ် စောင့်ရှောက်မယ်... မင်းတို့ နောက်ဆုတ်ကြ!"
"မာနကြီးနေတဲ့ကောင်!"
"သေလမ်းကို ရှာနေတာပဲကွ!"
နှစ်ယောက်သား ဒေါသတကြီး အော်လိုက်ကြသည်။ သခင်လေး ဤခရီးထွက်ပြီး ပြန်လာသောအခါ နတ်မီးနယ်ပယ်မှ ကောင်လေးကို သူ့သခင်အဖြစ် ပေါ့ပေါ့ဆဆ ကိုးကွယ်လိုက်တာသာ သိပါက အစောင့်အရှောက် အနေဖြင့် တာဝန်မကျေသောကြောင့် ရိုက်နှက် သတ်ဖြတ်ခြင်း ခံရမည်မှာ အသေအချာပင်။
သူတို့နှစ်ဦးသည် ဘယ်ဘက်မှ တစ်ယောက်၊ ညာဘက်မှ တစ်ယောက်ဖြင့် လူခွဲကာ လုရွှမ်ကို တိုက်ခိုက်သည်။ တစ်ယောက်က တစ်ဖက်သွား ဓားပြားကို သုံးပြီး နောက်တစ်ယောက်က ဓားရှည်ကို သုံး၏။ ဓားတွေက ပြီးပြည့်စုံလှသည်။
လုရွှမ် သူ့နောက်ကျောမှ မှော်လက်နက်ကို မထုတ်ဘဲ သူ့လက်ဖဝါးများက အလင်းရောင်ဖြင့် တောက်ပနေပြီး လူနှစ်ယောက်နှင့် ထပ်ခါထပ်ခါ တိုက်ခိုက်နေလေသည်။
"လုရွှမ် သတိမပေါ့နဲ့... သူတို့နှစ်ယောက်က ထန်းအယ့်ကြယ်ရဲ့ အကျော်ကြားဆုံး ဓားသိုင်းကို သုံးနေကြတာ... သူတို့နှစ်ယောက်က ငယ်ငယ်လေးကတည်းက အတူတူ လေ့ကျင့်ခဲ့ကြတာ တစ်ယောက်က ဓားပြားကိုသုံးရင် တစ်ယောက်က ဓားရှည်ကို သုံးတယ်.... ငယ်ငယ်ကတည်းက အတူတူ လေ့ကျင့်ရင်း ဓားသိုင်းကို ခွဲသုံးတာက ထူးခြားတဲ့ အရည်အချင်း တစ်ခုပဲ...ရိုးရိုးရှင်းရှင်းတော့ မဟုတ်ဘူး"
"ဒါပေမဲ့ သူတို့ အခင်းအကျင်း ဖွဲ့စည်းမှုတစ်ခုနဲ့ ချိတ်ဆက် သုံးလိုက်တာနဲ့ စွမ်းအားက အရမ်းတိုးလာလိမ့်မယ်.... လူနှစ်ယောက်ရဲ့ အရည်အချင်းက အထွတ်အထိပ်ကို ရောက်သွားရင် အရမ်း ကြောက်စရာကောင်းတဲ့ လူဆယ်ယောက်နဲ့ ယှဉ်နိုင်လိမ့်မယ်"
ပေါင့်တာထင်းက သူတကယ်ကို သိနေပုံဖြင့် သတိပေးလာသည်။ လုရွှမ်သည်လည်း လူနှစ်ယောက်၏ လှုပ်ရှားမှုများက ရိုးရှင်းပုံပေါက်ကြောင်း သတိပြုမိသော်လည်း ၎င်းတို့ကို တဖြည်းဖြည်း အသုံးပြုလာသည်နှင့်အမျှ ပို၍ပို၍ အားကောင်းလာသည်။
လှုပ်ရှားမှုများဖြင့် ရောင်ဝါက နှစ်ဆတိုးလာသည်။
ထင်ရှားသည်မှာ ဤတိုက်ခိုက်ရေး စွမ်းအား၏ ထိပ်တန်းအဆင့်ကို လူဆယ်ဦးနှင့် နှိုင်းယှဉ်နိုင်သော်လည်း လက်ရှိအဆင့်တွင် လူငါးဦး သို့မဟုတ် ခြောက်ဦးနှင့် နှိုင်းယှဉ်ပါက အမှန်တကယ်ပင် လုံလောက်ပါသည်။
အရင်ကဆို ကျွမ်းကျင်ပညာရှင် များစွာသည် သူတို့နှစ်ဦး၏ ဓားသိုင်းထူးကဲမှုကို သိလိုသောကြောင့် မြည်းစမ်းခဲ့ကြသည်။ ကြယ်တစ်သောင်းကမ္ဘာ ထိပ်တန်း ကြယ်ဆယ်ပွင့်များထဲမှ အဆင့်သတ်မှတ်နိုင်စေရန် လူတိုင်းတွင် အံ့ဩစရာကောင်းပြီး ဂုဏ်ယူနိုင်သော စွမ်းရည်များ ရှိရလိမ့်မည်။
လုရွှမ် ဤလူနှစ်ယောက်ကို ဘယ်လို တိုက်ခိုက်မလဲ မြင်လိုစိတ်ဖြင့် လူတိုင်း၏ မျက်လုံးများသည် လုရွှမ်အား စူးစိုက်စိုက် ကြည့်နေကြသည်။ လုရွှမ် အခုရော ဘယ်လောက်ထိ အစွမ်းထက်နေပြီလဲ မသိပေ။
သူသည် ထန်းယွမ်မြို့၌ရှိစဉ် ကောင်းကင်ဘုံသခင် အဆင့်၇သာ ရှိခဲ့သည်။ သူပျောက်သွားတာ သုံးနှစ်လောက် ရှိပြီ ဆိုပေမယ့် ခွန်အားတွေက ဖြတ်ကျော်ပြီး နတ်မီးနယ်ပယ်ထဲကို ရောက်နေပြီ။ သုံးနှစ်ဆိုသော အတိုင်းအတာမှာ သူက နှစ်စဉ်နှစ်တိုင်း နယ်ပယ်ငယ်လေး တစ်ခုစီကို ဖြတ်ကျော်ခဲ့သလိုပင်။
ဒါက တကယ့်ကို ကြောက်စရာကောင်းတဲ့ အရှိန်ပါပဲ။
သို့သော် ယခုအချိန်တွင် သူဟာ မျှော်စင်နယ်ပယ်ကို တိုက်ခိုက်နိုင်ခဲ့ပြီး အသာစီးရခဲ့သည်။ ယခု သူ၏ အစွမ်းသတ္တိသည် နတ်မီးနယ်ပယ်ထဲသို့ ဝင်ရောက်သွားသဖြင့် သူ၏ ကျင့်ကြံမှု အဆင့်သည် သဘာဝအတိုင်း ပိုတိုးလာလောက်ပြီ။ တကယ်တော့ ကောင်းကင်ဘုံသခင်နဲ့ နတ်မီးနယ်ပယ်တို့ဟာ လုံးဝကွဲပြားတဲ့ နယ်ပယ်နှစ်ခု ဖြစ်တယ်လို့ ဆိုနိုင်တယ် မဟုတ်ပါလား။
လုရွှမ်လို ပါရမီရှင် တစ်ယောက်အတွက် နယ်ပယ် ကွာဟချက်ကို ကျယ်စေမည့်အစား ပိုကျဥ်းလာစေရာ လူအများကို စိတ်ပျက်အားငယ် သွားစေ၏။ လုရွှမ် အခု ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ။
သူ့အစွမ်းအစကို ပြသခဲ့ပြီးသား ဖြစ်သော်လည်း နတ်လက်နက်များကို အသုံးပြု၍ ထန်ရှင်းကို ရင်ဆိုင်ခဲ့သည်။ နတ်လက်နက်သည် ဘယ်လောက် အစွမ်းထက်ကြောင်း လူတိုင်းသိသော်လည်း လုရွှမ်ရဲ့စွမ်းအား ဘယ်လောက် ပြင်းထန်ကြောင်း မသိနိုင်သေးချေ။
ယခုမူ လုရွှမ်ကို ကြည့်လိုက်ရာ သူသည် နတ်လက်နက်ကို အသုံးပြုရန် အစီအစဉ် မရှိသေးတာ ထင်ရှားနေပြီ။ လူတိုင်းကို ယခု လုရွှမ်ဟာ မည်သို့သော အတန်းအစား ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်စေပါသည်။
လုရွှမ်၏ လက်ဖဝါးများသည် ဓားစွမ်းအင်ကို ထုတ်လွှတ်ကာ ခုခံထားသည်။ ၎င်းတို့နှစ်ဦးစလုံးသည် မျှော်စင်နယ်ပယ်များ ဖြစ်ကြ၏။ ဒီလိုအခြေအနေမျိုးမှာ သူ့လက်ဗလာကို အားကိုးနေသေးတာက သူတို့နှစ်ယောက်အတွက် မထီမဲ့မြင်ပြုတဲ့ လက္ခဏာတစ်ခု မဟုတ်ပေမယ့် သူအရမ်း မာနကြီးနေသလို ဖြစ်နေတာတော့ အမှန်ပင်။
လုရွှမ်အတွက် သူ့အရင်ဘဝ အတွေ့အကြုံက သွေးထွက်သံယို သင်ခန်းစာတစ်ခု အဖြစ် ရှိနေဆဲဖြစ်လေသည်။
"အစွမ်းထက်သားပဲ... ငါလက်နက် သုံးတော့မယ်!!"
နောက်ထပ် ဒါဇင်နဲ့ချီတဲ့ လှုပ်ရှားမှုတွေအတွက် တိုက်ပွဲဝင်ပြီးနောက် လုရွှမ် သူတို့နှစ်ယောက်ကို လက်ဗလာနဲ့ မနှိပ်ကွပ်နိုင်တော့ဘူး ဆိုတာ သိလိုက်သည်။ သို့သော် လူနှစ်ဦးကြားတွင် ကျွမ်းကျင်မှုက အားကောင်းလာကာ ယခု လူနှစ်ဦး၏ စွမ်းပကားသည် ကျင့်ကြံသူ ခုနစ်ယောက်နဲ့ ယှဉ်နိုင်နေပြီ။