← Chapters

သန်မာတယ်

Vol. 99 Ch. 4.998

သန်မာတယ်

Vol. 99 Ch. 4.998

မျှော်စင်နယ်ပယ် လူတစ်ယောက်က မျှော်စင်နယ်ပယ် ၇ယောက်ကို ဆန့်ကျင် တိုက်ခိုက်ခြင်းက ပါရမီရှင်များသာ တတ်နိုင်သော အရာဖြစ်သည်။ သို့သော် လုရွှမ်ကတော့ နတ်မီးနယ်ပယ်၌သာ ရှိနေ၏။

အစောင့်အရှောက် နှစ်ဦးမှာ ဂုဏ်သိက္ခာနှင့် မာနများ ရှိ​ကြသည်။ လုရွှမ်သည် ထိပ်တန်း ပါရမီရှင်တစ်ဦးကာ သူသည် မျှော်စင်နယ်ပယ်က သခင်များကို သတ်ခဲ့ဖူးသည်။ သူတို့နှစ်ယောက် ပူးပေါင်းရတာ ရှက်စရာ မဟုတ်တဲ့အပြင် လူတိုင်းရဲ့ အမြင်မှာတော့ ဒါက ပွဲကြီးပွဲကောင်း ဖြစ်သည်။

ပြီးတော့ သူတို့ကြားက ပေါင်းစပ်တိုက်ခိုက်မှုစွမ်းရည်ကို အဆက်မပြတ် အားကောင်းလာနေသည်။ ယခုဆို လူခုနစ်ယောက်၏ ခွန်အားနှင့် ညီမျှနေပြီ။ လုရွှမ်ကို အနိုင်မယူနိုင်ခဲ့ပါက နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ ဂုဏ်သိက္ခာက လုံးဝ ပျက်စီးသွားလိမ့်မည်။

အထူးသဖြင့် လုရွှမ်သည် မှော်လက်နက်ကို လုံးဝ အသုံးမပြုသောကြောင့် အနည်းငယ် သိက္ခာကျသလို ခံစားနေရ၏။ လုရွှမ် နတ်လက်နက်ကို စောစောစီးစီး အသုံးချရန် ဆန္ဒရှိနေကြသော်လည်း အနည်းဆုံး သူတို့ မအောင်မြင်ပါက နတ်လက်နက်ဖြင့် အနိုင်ယူ ခံလိုက်ရမှာပဲ ဖြစ်သည်။

နတ်လက်နက်က အလွန်နာမည်ကြီးပြီး မယုံကြည်နိုင်လောက်အောင် ကျော်ကြား​ပေသည်။

ကြယ်တစ်သောင်းကမ္ဘာ၌ လူတို့ လုရွှမ်၏ အထင်ကြီးစရာ ကောင်းလှတဲ့ မှတ်တမ်းကို ရရှိရခြင်း အကြောင်းရင်းမှာ နတ်ဓားကို ရရှိထားသောကြောင့် ဖြစ်သည်။ သို့သော် သူ၏ ကိုယ်ပိုင် အစွမ်းသတ္တိမှာ အလွန်ပြင်းထန်ခြင်း မရှိပေ။

ဤအမြင်ကို လူများစွာက အသိအမှတ် ပြုကြပြီးသားပင်။ အမှန်မှာ နတ်မီးနယ်ပယ် လူတစ်ဦးသည် မည်မျှပင် အားကောင်းနေပါစေ မျှော်စင်နယ်ပယ် ၂​ယောက်ကို တစ်ပြိုင်တည်း အနိုင်မယူနိုင်ချေ။

ဒါပေမဲ့ အခုအချိန်မှာတော့ လုရွှမ်ရဲ့ စွမ်းဆောင်မှုက လူတိုင်းရဲ့ မျက်နှာကို နောက်တစ်ကြိမ် ထပ်ရိုက်ဖို့ ရောက်ရှိလာခဲ့ပြန်ပါပြီ။ နတ်လက်နက် မရှိသည့်တိုင် လုရွှမ် ခွန်အားသည် အားကောင်းလွန်းလှသည်။

လုရွှမ်သည် နောက်ဆုံးတွင် လက်နက်သုံးတော့မည်ဟု ကြားသိရသဖြင့် အစောင့်အရှောက် နှစ်ဦးမှာ ကြောက်ရွံ့နေမည့်အစား သက်ပြင်းတစ်ချက် ချလိုက်သည်။

ထန်းအယ့်ကြယ်၏ ကျော်ကြားသော အခင်းအကျင်း ဖွဲ့စည်းမှုသည် အမှန်တကယ်ပင် အားကောင်းသော်လည်း ၎င်းသည် ကြီးမားသော တန်ကြေးကို ပေးဆောင်ရန်လည်း လိုအပ်သည်။ လူနှစ်ယောက်က ခြောက်ယောက်၊ ခုနစ်ယောက် ဒါမှမဟုတ် ဆယ်ယောက်လောက်ရဲ့ ခွန်အားကို တကယ် သုံးနိုင်မှာလား။

အပိုခွန်အားက ဘယ်ကလာတာလဲ ဆိုရင့ ပါးလွှာသော လေထဲကနေ မပေါ်သေးတာ ထင်ရှားပါသည်။ ထို့ကြောင့် သဘာဝအတိုင်း လူနှစ်ဦး၏ စွမ်းအင်သုံးစွဲမှုကြီးကို စိတ်ကူးကြည့်နိုင်သည်။ ကြာကြာ ခံနိုင်ရည်ရှိလေလေ စွမ်းအင် စားသုံးလေလေပါပဲ။

သာမာန် အခြေအနေများဆို ပြဿနာကို အချိန်ခဏလေးဖြင့် ဖြေရှင်းနိုင်ပြီး သဘာဝအတိုင်း အားထုတ်မှုများစွာ မလိုအပ်ပါ။ သို့သော် ဤမျှနိမ့်ကျသော၊ အစွမ်းထက်သော ယွမ်စွမ်းအင်ရှိသည့် လုရွှမ်ကို တွေ့တော့ သူတို့အတွက် မလွယ်ကူ​ကြောင်း သိရှိနားလည် သွားကြသည်။

တကယ်တော့ ဒါဟာ နတ်မီးနယ်ပယ် ပထမအဆင့်မှာ ရှိတဲ့ ကောင်လေးတစ်ယောက်ရဲ့ ယွမ်စွမ်းအားပဲဆိုတာ စိတ်ကူးရ ခက်ပါ၏။ သူ့ယွမ်စွမ်းအားသည် မျှော်စင်နယ်ပယ် သခင်များနှင့် နှိုင်းယှဥ်နိုင်ပြီးသားပင်။ သူတို့ ဝန်ခံလိုခြင်း မရှိသော်လည်း ယွမ်စွမ်းအင် အရည်အသွေးသည် ၎င်းတို့နှစ်ဦးထက် သာလွန်နေပြီ ဖြစ်သည်။

လုရွှမ် နတ်လက်နက် ကိုင်ဆောင်တော့မည်ဟု လူတိုင်း ကြားလိုက်ရသော် အားလုံး တိတ်တဆိတ် သက်ပြင်းချကြသည်။ ကံကောင်းထောက်မစွာ ဒီကောင်က မကောင်းဆိုးဝါးတော့ မဟုတ်ဘူးပဲ။ လုရွှမ် ဒီအခြေအနေမှာတောင် လက်နက် မသုံးပါက သူဘယ်လောက် သန်မာသလဲ စဥ်းစားနေရဦးမည်။

သူတို့က ဝန်မခံချင်ပေမယ့် လုရွှမ်က သူတို့ကို အဆင့်တစ်ဆင့် ကျော်ပြီး ရိုက်တော့မယ်ဆိုတာ ကောင်းကောင်း သိနေပြီ။ ထိုအခိုက် လုရွှမ်သည် သိုလှောင်လက်စွပ်ထဲမှ ဧကရာဇ်လက်နက်ကို ထုတ်ယူလိုက်သည်။

အစောင့်အရှောက် နှစ်ဦး ခေတ္တမျှ ထိတ်လန့်သွားပြီး ပတ်ဝန်းကျင်ရှိ လူများလည်း ပို၍ပင် တုန်လှုပ်သွားကြသည်။ ဘာလဲ။ သူ့နောက်ကွယ်က နတ်လက်နက်ကို မသုံးချင်ဘူးလား။ ဘာလို့ ဧကရာဇ်လက်နက်ကို ထုတ်ယူရတာလဲ။

ဧကရာဇ်လက်နက်က မျှော်စင်နယ်ပယ် သခင်တွေအတွက်သာ စံသတ်မှတ်ထားတဲ့ လက်နက်တွေပါပဲ။ လက်နက်သုံးခြင်းက ဂုဏ်ယူစရာကြီးပဲလို့ တွေးကြသည်။ သို့သော် နတ်လက်နက်နဲ့ ယှဥ်ပါက သဘာဝကျကျ နိမ့်လွန်းပေသည်။

လုရွှမ်က နတ်လက်နက်ကို အမှန်တကယ် မသုံးခဲ့ဘဲ ဧကရာဇ်လက်နက်ကို ထုတ်ယူလာခဲ့သည်။ ကမောက်ကမ ဖြစ်နေပေမယ့် လူတွေက လုရွှမ်ဟာ မာနကြီးလွန်းပြီး အစောင့်အရှောက် နှစ်ယောက်ကို အထင်မကြီးဘူးလို့ ထင်မြင်လာကြသည်။

ထိုသူနှစ်ဦးသည်လည်း ဒေါသအလွန် ထွက်ကာ ပေါင်းစပ်တိုက်ခိုက်မှု စွမ်းရည်ကို ရပ်တန့်မိလုနီးပါး ဖြစ်သွားရသည်။ ဒါက သူတို့ကို အချည်းအနှီး ပြိုင်ဘက်ကနေရာက ထည့်သွင်း စဉ်းစားလိုက်ခြင်း မဟုတ်ပေလော။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း စွမ်းအင်တွေ တဟုန်ထိုး ခုန်တက်သွားစေကာ ပေါင်းစပ်မှု အရှိန်က ပိုမြန်လာသည်။ လုရွှမ် သူ့မျက်လုံးများ မှေးကျဥ်ထား၏။

တခြားသူများ မမြင်နိုင်သော်လည်း လုရွှမ်ကတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ဤလူနှစ်ဦး၏ ခွန်အားသည် နားမလည်နိုင်သော နည်းလမ်းအချို့ဖြင့် အားကောင်းနေသော်လည်း ပေးဆောင်ရသည့် စျေးမှာလည်း ကြီးမားကြောင်း ထင်ရှားသည်။

သူတို့နှစ်ဦးသည် မျှော်စင်နယ်ပယ် အထိ ကျင့်ကြံနိုင်ခဲ့ပြီးသား ဖြစ်သောကြောင့် စွမ်းအားသည် သဘာဝအတိုင်း ခိုင်ခံ့နေပြီ။ ၎င်းတို့၏ အရည်အချင်းများသည် ကောင်းမွန်သော်လည်း အဆိုပါ ထိပ်တန်း ထူးချွန်သူများနှင့် နှိုင်းယှဉ်ပါက ကွာဟချက်က ရှိနေဆဲဖြစ်သည်။

အစပိုင်းကဆို နည်းနည်း တုံ့ဆိုင်းနေပြီး တချို့ လှုပ်ရှားမှုတွေမှာ ပုံသဏ္ဌာန် နည်းနည်း လွဲနေသည်။ ယခု သူတို့သည် ရန်သူကို အဆတစ်ထောင် နှိပ်စက်နိုင်ပါက ၈၀၀လောက်က သူတို့ကို ပြန်ထိခိုက်စေနိုင်သည်။ ပြင်းထန်လျှင် သေတဲ့အထိ ဖြစ်သွားနိုင်သည်။

သူတို့နှစ်ယောက်ရဲ့ ရောင်ဝါက မတည်မငြိမ် ဖြစ်နေ၏။ တစ်ယောက်ကို တစ်ယောက် ဖိနှိပ်ချုပ်ချယ်ဖို့ တစ်ဖက်သားရဲ့ ခွန်အားကို အားကိုးထားရာ တစ်ဖက်နဲ့ တစ်ဖက် မထောက်ပံ့နိုင်တဲ့အခါ နှစ်ယောက်စလုံး တစ်ချိန်တည်းမှာ ပြိုလဲသွားလိမ့်မည်။

တုံ့ပြန်မှုမှာ သူတို့လူနှစ်ဦးတည်းကို အခင်းအကျင်းထဲက လူခုနစ်ဦး သို့မဟုတ် ရှစ်ဦး၏ အင်အားကို တုံ့ပြန်လိုက်တာကြောင့်လည်း ဖြစ်​ပေသည်။ နှစ်ယောက်သား ခွန်အားတွေ ကုန်ဆုံးသွားပြီး မခံနိုင်တော့ရင် ဘာဖြစ်မလဲ။ သေခြင်းတရားက စောင့်နေမှာ အသေအချာပင်။

လုရွှမ်သည် သူတို့နှစ်ဦး၏ အသက်ကို ဂရုမစိုက်ချင်ပေ။ သို့သော် သူက သူတို့စောင့်ရှောက်ပေးနေတဲ့ သခင်လေးကို တပည့်အဖြစ် လက်ခံထားတာကြောင့် သူ့အား အကာအကွယ် ပေးသူကို သတ်ပစ်လိုက်ခြင်းက ဆရာကောင်း မဟုတ်တော့ချေ။

ပေါ်ဝမ့်ကို သူ့တပည့်အဖြစ် လက်ခံရခြင်း အကြောင်းရင်းမှာ မွေးရာပါရောဂါများကို အနိုင်ယူလိုပြီး ကံကြမ္မာကို အဖန်ဖန် တိုက်လှန်နိုင်သောကြောင့် ဖြစ်သည်။ သူသည် ဓားဖြင့် သွေးကို အထပ်ထပ် လျက်ကာ သူ၏လက်ရှိ ခွန်အားကို ရရှိရန်သာ သေခြင်းမှ လွတ်မြောက်ရန် ကြိုးစားနေခဲ့၏။

ပေါ်ဝမ့်ကို ကြည့်လိုက်တော့ လုရွှမ် ကိုယ့်ကိုကိုယ် ပြန်ကြည့်နေရသလို ခံစားရလေသည်။ ပေါ်ဝမ့်ကို ကူညီဖို့ ဆုံးဖြတ်ပြီးကတည်းက တပည့်ရဲ့ နှလုံးသားထဲမှာ အမြဲတမ်းနစ်ဝင်​နေမယ့် ဆူးတစ်ချောင်းကို သဘာဝအတိုင်း ထားခဲ့မှာ မဟုတ်ချေ။ ပေါ်ဝမ့်ကို သူ့မိသားစုထဲက ရုန်းထွက်စေခြင်းက အဓိပ္ပာယ်မဲ့ပေလိမ့်မည်။

သူတို့နှစ်ဦး၏ တိုက်ခိုက်မှုများ ထပ်မံထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ လုရွှမ်၏ စွမ်းအင်များသည်လည်း သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။ စိမ်းပြာနဂါး နှလုံးသည် ပြင်းပြင်းထန်ထန် ခုန်ပေါက်သွားကာ စိမ်းပြာနဂါး အငွေ့အသက် သဲလွန်စများက သူ့ခန္ဓာကိုယ်ပေါ်တွင် ဝဲနေလေသည်။

လူတိုင်း၏ စိတ်ဝိညာဥ်များ ရုတ်တရက် တုန်လှုပ်သွားကာ လုရွှမ်ခန္ဓာကိုယ်မှ ဖိအားများ ထွက်ပေါ်လာတာကို ခံစားလိုက်ရသည်။ ၎င်းဖိအညးက ကောင်းကင်မှာ ပျံသန်းနေတဲ့ နဂါးတစ်ကောင်ကို မော့ကြည့်ဖို့ တွန်းအားပေးနေသလိုပင်။

လုရွှမ်၏ လက်များသည် နဂါးလက်သည်း တစ်စုံအဖြစ်သို့ ပြောင်းလဲသွားကာ လက်သည်းငါးချောင်းသည် ထက်မြက်ပြီး အဝါရောင်တောက်တောက်ဖြင့် တောက်ပနေသည်။ လက်သည်းငါးချောင်းရှိသော ရွှေနဂါး၏ ရောင်ဝါသာမက ရွှမ်ဝူရောင်ဝါကြောင့်လည်း အစောင့်အရှောက် နှစ်ဦး၏ဓားများကို ကိုင်ဆွဲထားနိုင်ခဲ့သည်။

သူ့လက်ထဲက ဧကရာဇ်လက်နက်က တိတ်တိတ်ဆိတ်ဆိတ် ပျောက်သွားတာကို လူတော်တော်များများက ခဏလေးတောင် သတိမထားမိလိုက်ချေ။ လုရွှမ် ရုတ်တရက် ပြသလာသော နဂါးလက်သည်းများက ၎င်းတို့အားလုံးကို ဆွဲဆောင်သွားနိုင်ခဲ့သည်။

ထန်းယွမ်မြို့မှာ အဲဒီသားရဲတွေဆီက မြင်လိုက်ရတဲ့ နဂါးလက်သည်းက လုရွှမ်နဲ့ လုံးဝ မတူနေချေ။ လုရွှမ်ကို ကြည့်တဲ့အခါ အားလုံးရဲ့ မျက်လုံးအ​ရောင်တွေ ပြောင်းလဲသွားလေသည်။

အားလုံးက အံ့သြခြင်းအပြည့်ဖြင့်။

All Chapters