နှုတ်ဖြင့် ယုံကြည်ခြင်း
Vol. 99 Ch. 4.999
အစောင့်အရှောက် နှစ်ယောက်မှာ ပိုလို့တောင် တုန်တုန်ယင်ယင် ဖြစ်နေကြလေသည်။ လုရွှမ်ရဲ့ ရောင်ဝါ သက်ရောက်မှုကို ရင်ဆိုင်နေရချိန် လုရွှမ်ခန္ဓာကိုယ်မှ ပြင်းထန်သော နတ်နဂါးအငွေ့အသက်ကို ခံစားလိုက်ရရာ သာလွန်နေတဲ့ ဖိအားက သူတို့ကို ခွန်အား ထပ်မထုတ်နိုင်စေတော့ပေ။
လုရွှမ်ရဲ့ လက်များက လူနှစ်ယောက်ရဲ့ ဓားများကို ဆုပ်ကိုင်ထားပြီးသား ဖြစ်သွားသည်။ ဓားများသည် လုရွှမ်၏ လက်သည်းများကို ထိမှန်ကာ တိုးတိုးတိတ်တိတ် အသံထွက်ပြီးနောက် ဓားစွမ်းအင်များ လွင့်စင်ထွက်သွားသည်။ ကံကောင်းထောက်မစွာနဲ့ ဓားများက ဧကရာဇ် လက်နက်များ ဖြစ်နေ၏။ မဟုတ်ပါက ကွဲကြေသွားပေလိမ့်မည်။
လုရွှမ်ရဲ့လက်တွေက သူတို့နှစ်ယောက်ရဲ့ လက်ကောက်ဝတ်တွေကို ဆုပ်ကိုင်ထားလေပြီ။ သူတို့နှစ်ယောက်လုံး တုန်လှုပ်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြသည်။
သူတို့လက်နက်များကို ဖြိုခွဲပစ်လိုက်ပြီမို့ ပေါင်းစပ် တိုက်ခိုက်ရေး စွမ်းရည်ကို ယခုအခါ သုံးဖို့ မလွယ်တော့ချေ။ သူတို့ခန္ဓာကိုယ်ကို တိုက်ခိုက်နေသည့် ကြီးကျယ်ခမ်းနားပြီး ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို ခံစားနေရလေပြီ။
ဒါက အခင်းအကျင်းအတွက် သူတို့လက်ခံရမယ့် တုံ့ပြန်မှုပါပဲ။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သူတို့ရှုံးသွားကြောင်း သိလိုက်ပြီ ဖြစ်သည်။
"သခင်လေး... ကျုပ်တို့ မလိုက်ပါနိုင်တော့တဲ့ အတွက် ခွင့်လွှတ်ပေးပါ...."
နှစ်ယောက်သား မျက်လုံးများ မှိတ်ထားလေ၏။ ဒီပြင်းထန်တဲ့ တုံ့ပြန်မှုဟာ သူတို့ ခံနိုင်ရည်ရှိတဲ့ အရာ မဟုတ်တော့ပေ။ ပေါ်ဝမ့်ကလည်း ဒါကို သိမြင်တာကြောင့် အမြန် ဟစ်အော်လိုက်သည်။
“ဆရာ.... ကျေးဇူးပြုပြီး သနားညှာတာပေးပါ!!”
ပေါ်ဝမ့် သူတို့ နှစ်ယောက်အပေါ် သဘောထားကြီးကြီး ထားပေးသည်။ သူနဲ့ ဆွေမျိုးမတော်စပ်ပေမယ့် ထက်မြတ်လို့ သူ့ဘေးမှာ အမြဲရှိနေခဲ့သူတွေ ဖြစ်သည်။ ယခုတော့ ၎င်းတို့၏ ပေါင်းစပ် တိုက်ခိုက်မှု စွမ်းရည်က ပျက်စီးသွားပြီ ဖြစ်တာကြောင့် တုံ့ပြန်မှုကို ခံရတော့မည်။
သူသတိပေးချင်ပေမယ့် ဆရာသခင်က သူ့ကိုသတိပေးဖို့ အချိန်တောင်မပေးဘဲ အခြေအနေကို ချက်ချင်း ပြောင်းပြန် လှန်ပစ်နိုင်လောက်အောင် အစွမ်းထက်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။
"မင်းတို့ အသက်ရှင်ချင်ရင် ငါ့စကားကို နားထောင်လိုက်... ယွမ်စွမ်းအင်ကို ထိန်းထားပြီး မင်းတို့ရဲ့စိတ်ကို ဖြေလျှော့လိုက်... အရာအားလုံးက ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာပဲ"
လုရွှမ်ရဲ့ အသံက သူတို့နှစ်ယောက်ရဲ့ စိတ်ထဲမှာ ထွက်ပေါ်လာလေသည်။
သူတို့နှစ်ဦး ထိတ်လန့်သွားသော်လည်း လုရွှမ် လက်ဖဝါးမှ အားပြင်းသော စွမ်းအားနှစ်ခုက ထွက်ပေါ်လာနေပြီ။ ပြင်းထန်သော ယွမ်စွမ်းအင်သည် လူနှစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာရာ နေရောင်ခြည်ကဲ့သို့ ကြီးမားပြီး ပြင်းထန်လှသည်။
လုရွှမ်က အခင်းအကျင်း တုံ့ပြန်မှု စွမ်းအားကို တုံ့ပြန်တိုက်ခိုက်ပြီး ပင်လယ်ထဲကို စီးဝင်သွားတဲ့ မြစ်ငယ်တစ်ခုလို တိတ်တဆိတ်နဲ့ မမြင်နိုင်လောက်အောင် ဖယ်ရှားပစ်ခဲ့သည်။ လုရွှမ်၏ စွမ်းအားသည် သူတို့ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားပြီး ဒဏ်ရာများ လျင်မြန်စွာ ပျောက်သွားတာကို ခံစားလိုက်ရသည်။
ယွမ်စွမ်းအားက တက်ကြွမှုအပြည့်နဲ့ အရည်အသွေးက အလွန် ဖြူစင်လေရာ သူတို့နှစ်ယောက်အတွက် အများကြီး အကျိုးရှိစေလေသည်။ နှစ်ယောက်စလုံးက လုရွှမ်ကို တအံ့တသြ ကြည့်နေကာ ဘာလို့ သူတို့ကို ကူညီရတာလဲဟူ၍ ဆွံ့အနေကြသည်။
သို့သော် လုရွှမ်သည် အစောတုန်းက တိတ်တဆိတ် အသံထုတ်လွှင့်မှုကို အသုံးပြုခဲ့သဖြင့် သူကူညီတာကို ထုတ်ဖော်ရန် ရည်ရွယ်ချက် မရှိကြောင်း ထင်ရှားပေ၏။
"ဘာလို့လဲ?"
"ငါ့တပည့်ကို ကာကွယ်ပေးသူတွေ အနေနဲ့ မင်းတို့သေရင် သူဝ မ်းနည်းလိမ့်မယ်... မင်းတို့ကိုသတိပေးချင်တာ တစ်ခုက လူတိုင်း ငါ့တပည့်ဖြစ်ဖို့ အရည်အချင်း ပြည့်မီနေတာ မဟုတ်ဘူး... ငါ ပေါ်ဝမ့်ကို လက်ခံလိုက်တာက သူ့ရဲ့ဇွဲလုံ့လကြောင့်ပဲ.... မင်းတို့ရဲ့ ထန်းအယ့်ကြယ်က တကယ်ကို အစွမ်းထက်ပေမယ့် တကယ်တော့ ငါ လုံးဝ အထင်မကြီးဘူး"
လုရွှမ်သည် သူ၏ ယွမ်စွမ်းအင်ကို ပြန်ယူကာ သူတို့ လက်တွေကို လွှတ်ပေးလိုက်သည်။
"စကားမစပ်.... ဒီလို အခင်းအကျင်းကို ခဏခဏ မသုံးသင့်ဘူး.... ခန္ဓာကိုယ်ကို အန္တရာယ် ဖြစ်စေတယ် အသက်ကိုလည်း ခြိမ်းခြောက်နိုင်တယ်..."
အသံစွမ်းအင် ထပ်မံ ပေးပို့ပြီးနောက် လုရွှမ် ပြန်လာခဲ့သည်။
"ဆရာ!"
ပေါ်ဝမ့်မှာ အစောင့်အရှောက် နှစ်ဦး ဒဏ်ရာတစ်စုံတစ်ရာ မရသွားသဖြင့် မယုံကြည်နိုင်စွာ အော်လိုက်သည်။ လုရွှမ် သူ့ကို ခေါင်းညိတ်ပြလာသော် ပေါ်ဝမ့် သူတို့ကို နှုတ်ဆက်ဖို့ ပြေးသွားလေ၏။ သူတို့နှစ်ယောက်လုံးမှာ သူတို့ရဲ့ ခန္ဓာကိုယ်က ပြဿနာ မရှိတော့တာကို မြင်ရတော့ အလွန်ရှုပ်ထွေးတဲ့ မျက်လုံးတွေနဲ့ လုရွှမ်ကို ကြည့်နေကြလေသည်။
လုရွှမ် ခွန်အားသည် ပင်လယ် လှိုင်းတပိုး တစ်ခုလိုဖြစ်ပြီး သူတို့နှစ်ဦးကို လုံးလုံး နိုးထစေခဲ့သည်။
လုရွှမ် ယခင်က ပြောခဲ့သော စကားများကို သူတို့နှစ်ဦး၏ မျက်လုံးများတွင် လုံးဝ အလေးအနက် မထားခဲ့ပေ။ နတ်ဓားကို အားကိုးပြီး မာနကြီးတာက ဘာအရည်အချင်း တစ်ခုမှ မရှိချေ။ ဆိုလိုတာက သူတို့ လုရွှမ်ကို ဂရုမစိုက်ဘူး၊ မိနစ်ပိုင်းအတွင်း သတ်ပစ်နိုင်မယ်လို့ မျှော်လင့်နေတာပင်။
ဒါပေမဲ့ အခုပြန်ကြည့်လိုက်တော့ အရာအားလုံးဟာ သူတို့စိတ်ကူးထားတဲ့ အတိုင်း မဟုတ်ဘူးဆိုတာ နောက်ဆုံး သိလိုက်ရလေပြီ။
လုရွှမ်သည် သူ၏သန်မာသော လက်များနှင့် ထက်မြက်သော စိတ်ကို အားကိုးခြင်းဖြင့် သူ၏လက်ရှိ ဂုဏ်သိက္ခာကို ရရှိခဲ့သူ ဖြစ်ချေသည်။ နတ်ဓားကို မျှော်စင်နယ်ပယ် သခင်အုပ်စုထံမှ လုယူလာခဲ့သူပင်။
အခု ပြန်တွေးကြည့်တော့ သူတို့နှစ်ယောက်ဟာ သူတို့စွမ်းရည်တွေကို သိပ်အထင် ကြီးလွန်းနေခဲ့မှန်း သဘောပေါက်သွားခဲ့သည်။ အမှန်တကယ်ပင် ထိုသို့သော ပါရမီရှင်သည် အနာဂတ်တွင် ထူးကဲသော အရာများကို ရရှိရန် ရည်မှန်းထားပြီး မြေကမ္ဘာထဲသို့ပင် ဝင်ရောက်လာနိုင်ရန် အလားအလာ ရှိထားပြီ။
သခင်ငယ်လေးသာ လုရွှမ်နဲ့အတူ မြေကမ္ဘာထဲသို့ အမှန်တကယ် ဝင်ရောက်နိုင်ပါက ကြယ်သခင်ပင် မလုပ်နိုင်သော အရာများကို ပြီးမြောက်နိုင်မည် ဖြစ်သည်။ ဒါက ဘယ်လိုတောင် ကြီးမားလိုက်တဲ့ အခွင့်အရေးကြီးလဲ။
လုရွှမ်ဟာ လူတိုင်းက သူ့တပည့်ဖြစ်ဖို့ အရည်အချင်း မပြည့်မီဘူးလို့ ပြောခဲ့တာက စကားသက်သက်တော့ မဟုတ်ချေ။
"သခင်လေး... ကျုပ်တို့ထွက်သွားတော့မယ် သခင်လေး လူကြီးမင်းလုရွှမ်ဆီက ကောင်းကောင်းလေ့လာရင် ကြယ်သခင်တောင်မှ ဒါကို အသိအမှတ် ပြုလိမ့်မယ်လို့ ထင်ပါတယ်"
နောက်တစ်ယောက်ကလည်း စကားမပြောဘဲ ခေါင်းညိတ်ပြသည်။ ပေါ်ဝမ့် အံ့အားသင့်သွား၏။ သူတို့နှစ်ယောက်က အမြဲတမ်း ခေါင်းမာကြသူတွေမို့ ဒီလိုပြောလိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။ ပတ်ဝန်းကျင်က လူတွေက ပိုလို့တောင် အံ့သြသွားကြသည်။
သူတို့နှစ်ဦးသည် သခင်ငယ်အား ဂါဝရပြုပြီးနောက် လူတိုင်းကို ကြည့်ကာ လုရွှမ်ထံလည်း ဒူးထောက် ဂါဝရပြုကာ ထွက်ခွာသွားကြလေသည်။ စောင့်ကြည့်နေသော လူအုပ်ကြီးမှာ ထိတ်လန့်တုန်လှုပ် သွားရှာ၏။
မထွက်ခွာမီ လူနှစ်ဦး၏ လုပ်ရပ်များက လုရွှမ်ထံ လုံးဝ လက်နက်ချသွားပြီ ဖြစ်ကြောင်း ထင်ရှားပါသည်။ လုရွှမ်ကလည်း သူတို့နှစ်ယောက်ကို ခေါင်းညိတ်ပြပြီး ပေါ်ဝမ့်ကို ပြန်ဆွဲထုတ်လိုက်၏။ သူ လှည့်ကြည့်လိုက်တော့ သူ့ပတ်ဝန်းကျင်က လူတွေအနက် ဘယ်သူကမှ သူ့ကို မကြည့်ရဲပေ။
ဝေးလံခေါင်သီသော အရပ်တွင် အဘိုးအိုတစ်ဦးသည် ကောက်ကြောင်းသာ ပြသော်လည်း သူ၏ အရိပ်အာဝါသသည် အလွန်အစွမ်းထက်သောကြောင့် ပတ်ဝန်းကျင်ရှိ လူများက သူ့ကို မော့မကြည့်ဝံ့ကြပေ။
သူက တိုးတိုးလေး ပြောလေသည်။
"နောက်ထပ် မကောင်းဆိုးဝါး တစ်ကောင် ပေါ်လာတော့မယ်"
ပေါင့်တာထင်းတို့ သုံးယောက်ရှိတဲ့ နေရာကို ပြန်သွားတော့ သူတို့ သုံးယောက်ကလည်း လုရွှမ်ကို သဘောကျတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြလေသည်။
"အိုက်ယိုး.... မင်းရဲ့ခွန်အားက နှစ်ဆကျော်သွားပြီပဲ... ငါ လုံးလုံး သဘောကျသွားပြီ"
လုရွှမ်က ပြုံးလိုက်ပြီး "ညီအစ်ကိုပေါင့်နဲ့ ယှဉ်ရင် ငါက နောက်ကျ ကျန်နေပါသေးတယ်"
ပေါင့်တာထင်းသည် ယခုအခိုက်အတန့်တွင် ထုတ်ဖော်မပြဘဲ ပြုံးကာ။
"ငါတို့ အခုထိ နီးကပ်နေသေးတာတော့ အမှန်ပါပဲ....ဒါပေမဲ့ မကြာခင် ငါတို့ လိုက်လာမှာပါ မဟုတ်ဘူး ငါ ကြိုးစားလုပ်ရမယ်လို့ ပြောတာ..."
ကျန့်နမ်နဲ့ ကျန့်ပေတို့ မောင်နှမ နှစ်ယောက်သည် ပေါင့်တာထင်းရဲ့ ပွင့်လင်းသော စကားတွေကြောင့် တိတ်တဆိတ် အရှက်ရသွားကြသည်။ လုရွှမ်ဟာ ပေါင့်တာထင်းသည် အလွန်အစွမ်းထက်ပြီး သူ့ထက် သာလွန်နိုင်ကြောင်း အစပိုင်းတွင် ပြောခဲ့ဖူးသည်။ မထင်မှတ်ပဲ လုရွှမ်က အလွန် အစွမ်းထက်နေပြီ ဖြစ်ရာ ပေါင့်တာထင်းက ပို၍ပင် အားကောင်းလောက်သည်။
သူတို့နှစ်ဦးသည် တားမြစ်လူသား၊ တားမြစ်မြေကြီးကို ပိုင်ဆိုင်ထားတဲ့အတွက် မိမိတို့ဘာသာ ဂုဏ်ယူခဲ့ကြသော်လည်း ၎င်းတို့နှစ်ဦး၏ ရှေ့တွင်တော့ အရည်အချင်း မရှိကြပေ။
"မင်းတို့နှစ်ယောက် စိတ်မပူပါနဲ့... မင်းတို့ရဲ့ အရည်အချင်းတွေကလည်း အရမ်းကောင်းတယ် ဒါပေမဲ့ လေ့ကျင့်မှု အားနည်းရင် ခွန်အားတွေက အနာဂတ်မှာ မြန်မြန်ဆန်ဆန် ကြီးထွားလာနိုင်မှာ မဟုတ်ဘူး... ကန့်သတ်တွေကို အဆက်မပြတ် ဖြတ်ကျော်နိုင်မှ တခြားသူတွေ မလုပ်နိုင်တဲ့ အရာတွေကို အောင်မြင်နိုင်မှာ... အောင်မြင်ပါစေ"
ပေါင့်တာထင်းက သူတို့ နှစ်ယောက် ဘာတွေ တွေးနေမှန်း သိသလို ပြုံး၍ ဆိုလိုက်လေသည်။