လူတိုင်းမှာ ကိုယ်ပိုင်အတွေးရှိတယ်
Vol. 99 Ch. 4.1000
"လူငယ်လေး... မင်းလည်း အတူတူပဲ... မင်းရဲ့ဆန္ဒက မင်းရဲ့ အကြီးမြတ်ဆုံး အရည်အချင်းပဲ ဒါကြောင့် မင်းကို အဲဒါကို ဆက်ထိန်းထားလိုက်ပါ"
ပေါ်ဝမ့်ကလည်း ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလေသည်။
"အကြီးအကဲရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်"
လုရွှမ်ရဲ့ ဘက်ကတော့ လွတ်လပ်တဲ့ နိုင်ငံဖြစ်လာပုံရပြီး အပြင်မှာ ဘယ်လောက်ပဲ ဆူညံနေပါစေ သူတို့နားကိုတော့ ဘယ်သူမှ မနှောင့်ယှက်ဝံ့ပါဘူး။ ပေါင့်တာထင်းရဲ့ အသံက လူတိုင်း ကြားနိုင်တာကြောင့် သူတို့အားလုံးက ကျန့်မောင်နှမနှစ်ယောက်နဲ့ ပေါ်ဝမ့်ကို လေးလေးနက်နက် ကြည့်နေလေသည်။
"ဒါတွေအားလုံးက သေးငယ်တဲ့ လှည့်ကွက်တွေပါ.... မင်းရဲ့ခန္ဓာကိုယ်ကို မင်းနှလုံးသားက ထိန်းချုပ်နိုင်တဲ့အခါ ငါမင်းကို တခြားဟာတွေ ဆက်သင်ပေးနိုင်တယ်"
ခန္ဓာကိုယ်ကို ဂရုတစိုက်ထိန်းပြီး လူငယ်သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြ၏။ သူတို့အတွက် လုရွှမ်ပြောသလို လုပ်ဖို့က လွယ်ကူပုံရတာကြောင့် လုရွှမ်လည်း အံသြသွားသည်။
"ကောင်းပြီ... ဒီလူတွေက အခင်းအကျင်း လမ်းကြောင်းထဲကို အတင်းဝင်ဖို့ ကြံစည်နေကြတာ... အိုး လူတချို့ကတော့ ဆူညံနေပြီဟေ့ ဟားဟား သူတို့က တခြားသူတွေဆီက လှည့်စားခံနေရတာလား ဆိုတာ မသိဘူးလား ဒါမှမဟုတ် သူတို့က ကိုယ့်ဘာသာကိုယ် ဉာဏ်ကောင်းတယ်လို့ ထင်နေကြတာလား"
လုရွှမ်သည် ပေါင့်တာထင်းဆီက အကြောင်းအရာ များစွာကို ကြားသိခဲ့ရပြီးပြီ။ ရှန်ရှို့၏ ယခင်က ပြောခဲ့သည့် စကားအရဆိုလျှင် သူမသည် နတ်တောင်၏ တစ်စိတ်တစ်ပိုင်းကိုသာ ထိန်းချုပ်နိုင်သည်။ သို့ဖြစ်လျှင် တခြားအစိတ်အပိုင်းများကို ဘယ်သူက ထိန်းချုပ်နေတာလဲ။
လုရွှမ်လည်း ရှန်ရှို့နဲ့ အရင်တွေ့ဖူးတဲ့အကြောင်း လူတချို့ကို ပြောပြလိုက်တော့ ပေါင့်တာထင်းက သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး စဥ်းစားလေသည်။
"ဒါကို ကြည့်လိုက်မယ်ဆိုရင် အခြေအနေက အရင်ကနဲ့ လုံးဝကို မတူလောက်တော့ဘူး"
ကောင်းကင်စာအုပ် ကျောက်ပြား အပိုင်းအစသည် နတ်တောင်ထဲသို့ ဝင်ရောက်ခဲ့ရာ နတ်တောင်ထဲတွင် တခြားသော ဝိညာဉ်များ ရှိနေပါသည်။ နောက်ဆုံးတွင် နတ်တောင်သည် ဤနှစ်များတစ်လျှောက် မရေမတွက်နိုင်သောဝိညာဉ်များကို မွေးထုတ်ပေးခဲ့နိုင်သည်။
နှစ်ပေါင်းများစွာ လေ့ကျင့်ပြီး သေခြင်းတရားနဲ့ တိုက်ပွဲဝင်ပြီးနောက် လုရွှမ်နဲ့ ပေါင့်တာထင်းတို့ နှစ်ယောက်စလုံးဟာ အချက်တစ်ချက်ကို နားလည်ခဲ့ကြသည်။ ဘယ်အရာမှ မဖြစ်နိုင်တာ မရှိဘူး။ အရာအားလုံးက ဖြစ်နိုင်တယ် ဆိုတဲ့ အချက်ပါပဲ။
ဖြစ်နိုင်သည်နှင့် တပြိုင်နက် ဖြစ်နိုင်ခြေများ ပိုများလာလိမ့်မည်။
ကိုယ့်ကံကောင်းဖို့ တခြားသူကို ဘယ်တော့မှ အခွင့်အရေး မယူသင့်ပေမယ့် ဒီစိတ်ဓာတ်ကို ဆုပ်ကိုင်ထားတဲ့အခါ အရာအားလုံးဟာ ကိုယ့်ရဲ့ထိန်းချုပ်မှုထက် ကျော်လွန်သွားရင်တောင် ဖြတ်ကျော်နိုင်လိမ့်မည်။
"ဟုတ်ပြီ လမ်းကြောင်း ခုနစ်ခုကနေ စူးစမ်းတဲ့ အဖွဲ့ခုနစ်ဖွဲ့ရှိတယ်... အဲဒီလူတိုင်းက သူတို့ကိုယ်သူတို့ ယုံကြည်မှု လွန်ကဲနေကြတာလေ... အမှန်ကန်ဆုံး လမ်းကြောင်းကို ရှာတွေ့နိုင်မယ်လို့ ထင်ထားတာ ရယ်စရာကောင်းချက်ပဲ"
"ဟုတ်တယ် သူတို့အကုန်လုံးက နားလည်ချင်ယောင်ဆောင်နေတဲ့ စိတ်ရှုပ်စရာကောင်းတဲ့ လူတစ်စုပဲ"
ကျန့်မောင်နှမနှစ်ယောက်က အတွေ့အကြုံ မရှိဆုံးဖြစ်ပြီး ဘာဖြစ်တာလဲလို့ အလျင်အမြန် မေးကြသည်။ လုရွှမ် ပြောလိုက်သည်။
"အခုအခင်းအကျင်း ဖွဲ့စည်းရေး လမ်းကြောင်းတွေက ပိတ်သွားပြီ.... ဒါကြောင့် ငါတို့ကို မောင်းထုတ်လိုက်တာ ဒါပေမဲ အခုသူတို့ဝင်ချင်ရင် အတင်းဝင်မှရမယ် အရမ်းလည်း အန္တရာယ်များတယ် နတ်တောင်ကို ဝင်ဖူးတဲ့သူတိုင်း ဒါကိုတော့ သိကြမှာပါ”
“သူတို့ ဘာကြောင့် ဖောက်ထွက်ချင်ကြတာလဲ ဆိုရင် သဲလွန်စ နည်းနည်း သိပြီး ယုံကြည်မှုနည်းနည်း ရှိနေလို့ဖြစ်မယ်... ဒါမှမဟုတ် သူတို့မှာ ကိုယ်ပိုင် ရည်ရွယ်ချက် ရှိရမယ်... သူတို့က ထူးခြားတဲ့လူကို မြင်ပြီး နတ်တောင်ပေါ်ကနေ သူတို့ကြုံတွေ့ရတဲ့ ဝိညာဉ်တွေကို လိုချင်နေတာလည်း ဖြစ်နိုင်တယ်"
"ရည်ရွယ်ချက်က အဲဒီနေ့စာအုပ် ကျောက်ပြားကို ရဖို့ဆိုတာ ရှင်းပါတယ်!"
ပေါ်ဝမ့်က "ဒါဆို စုစုပေါင်း ဝိညာဉ်ဘယ်နှစ်ယောက်ရှိလဲ... အဖွဲ့ခုနစ်ဖွဲ့ဆိုတော့ ခုနစ်ယောက်လား?"
လုရွှမ် ခေါင်းညိတ်လိုက်၏။
"အနည်းဆုံး ခုနစ်ယောက်တော့ ရှိမယ်... ငါတောင်တစ်ယောက် တွေ့ခဲ့တယ် မဟုတ်ဘူးလား?"
"အိုး... တချို့လူတွေက သည်းမခံနိုင်ကြတော့ဘူး ထင်တယ်... တစ်ယောက်ယောက်က ဖိတ်ဖို့လာနေပြီ"
ပေါင့်တာထင်းက ပြုံးပြုံးလေးနဲ့ ပြောလေသည်။ ရောက်လာတာကတော့ ထန်းယွမ်ကြယ်မှာ တွေ့ဖူးတဲ့ အသိအကျွမ်း တစ်ယောက်ဖြစ်တဲ့ နတ်သမီးဖုန့်ဖေးပါပဲ။
နတ်သမီးဖုန့်ဖေးကတော့ လုံးဝ မပြောင်းလဲသေးပေ။ သူမသည် မြေကြီးပေါ်သို့ ဆင်းသက်လာသည့် နတ်သမီးကဲ့သို့ပင် အလွန် သန့်စင်ပြီး ဖြူစင်ရာ လူအများကို ပို၍ပင် ရင်သပ်ရှုမောစေပါသည်။
"နတ်သမီးဖုန့်ဖေး...ကျုပ်တို့ ပြန်တွေ့ကြပြန်ပြီ"
နတ်သမီးဖုန့်ဖေးကလည်း ခေါင်းညိတ်လိုက်ပြီး "သခင်လေးလုရွှမ် မတွေ့ရတာ ကြာပြီ"
ပေါင့်တာထင်းကလည်း ပြုံးကာ နှုတ်ဆက်သည်။
"ပေါင့်တာထင်းပါ... နတ်သမီးဖုန့်ဖေးကို ကျွန်တော် လေးစား သဘောကျနေတာ ကြာပါပြီ"
နတ်သမီးဖုန့်ဖေးရဲ့ မျက်ခုံးများ အနည်းငယ် လှုပ်ခတ်သွားသည်။
"သခင်ငယ်လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ သခင်လေးပေါင့်တာထင်းကို ကျွန်မ ဖုန့်ဖေးလည်း လေးစား သဘောကျနေပါတယ်"
သခင်ငယ်လေးယောက် ?
လုရွှမ် ရယ်မောနေသော ပေါင့်တာထင်းကို လှည့်ကြည့်လိုက်၏။ ကြယ်တစ်သောင်းကမ္ဘာမှာ အဲ့လို နာမည်မျိုး သူတစ်ခါမျှ မကြားဖူးသလို ကျန့်မောင်နှမနှစ်ယောက်ကလည်း ပေါင့်တာထင်းအား စူးစူးစိုက်စိုက် ကြည့်ကာ မေးမြန်းလိုက်သည်။
ပေါင့်တာထင်းက ပြုံးပြီး "ဒါက နာမည်ကောင်း မဟုတ်ပါဘူး... ဟာသတစ်ခုသက်သက်ပဲ" ဟုပြောသည်။
ထိုအခါ ဖုန့်ဖေးကလည်း ပြုံးပြီး ပြောလေ၏။
"ဒါက ဘယ်လိုလုပ် ဟာသဖြစ်ရမှာလဲ... ကျွန်မရဲ့ ဆရာတူအစ်ကိုက ရှင့်ကို အချိန်တိုင်း သတိရနေပြီး ရှင့်အကြောင်း ပြောပြနေသေးတာ..."
ပေါင့်တာထင်း မျက်ခုံးများ လှုပ်သွားပြီး စိတ်လှုပ်ရှားမှုဖြင့် ပြုံးလိုက်သည်
"အဲဒါကို သူ အခုထိ မှတ်မိနေသေးတယ်လား...."
"တကယ်တော့ သခင်ငယ်လေးယောက်က ခွန်အားသာမာန်ပဲ ရှိပြီး ကျွန်တော်တို့က ကိုယ့်ဘာသာကိုယ် ဖွဲ့စည်းထားတာပါ... ဆန်းကြယ်ကောင်းကင် အိမ်တော်က ပိုင်ရော့ထျန်း၊ ငါ၊ ရှန်ရင်ဂိုဏ်းက ကျန်းလျိုယင်၊ မသေမျိုးတောင်က ရှင်တျန်း....အဲဒီအချိန်တုန်းက ငါတို့က အရမ်းငယ်သေးတယ်လေ... နောက်ပိုင်း ကြီးပြင်းလာတော့ လမ်းခွဲလိုက်ကြတယ်..."
"ရှင်တို့နာမည်ကို လူတော်တော်များများ မသိကြဘူး တစ်ခါမှ မကြားဖူးပေမယ့် ဆရာတူအစ်ကိုကတော့ သူ့စိတ်ထဲမှာ အမြဲတမ်း သတိရနေတုန်းပဲ..."
"သူအဆင်ပြေရဲ့လား?"
ဖုန့်ဖေးက သူ့ခေါင်းကို ခါလိုက်ပြီး "အောက်ပိုင်း သေနေတုန်းပဲ!"
ပေါင့်တာထင်း သက်ပြင်းချလိုက်ပြီး အလွန်စိတ်ပျက်သွားသည်။
"အစ်ကိုပေါင့်....?"
"နောက်တော့ ငိုကြွေးမြည်တမ်း ဝိညာဥ်ဂူထဲကို ဝင်သွားခဲ့တယ်... အဲဒီတုန်းက ငါတို့မှာ ကြံ့ခိုင်မှု မရှိပေမယ့် ရူးလောက်အောင်ကို စူးစမ်းချင်နေကြတာ.... ရလဒ်အနေနဲ့ အခုအချိန်မှာ နောင်တရနေရတော့တာပဲ... ငါတို့နာမည်က ဟာသတစ်ခုလို ဖြစ်သွားပါပြီ... ကျန်းလျိုယင်က ရူးသွားတယ်... ရှင်တျန်းကလည်း စိတ်မနှံ့ချင်သလို ဖြစ်သွားတယ် လော့ထျန်းက အဆင်ပြေပေမယ့် သူ့ခန္ဓာကိုယ်က လေဖြတ်သွားပြီ ခွန်အားတွေ အကုန်ဆုံးရှုံးသွားတယ်... အခုငါကလည်း အလကားလူ ဖြစ်နေပြီ"
"ငါ အဖြေတစ်ခုရှာမယ်လို့ ကတိပြုထားပေမယ့် အခု အနှစ်တစ်ရာ ကျော်သွားတဲ့အထိ ဘာမှမရခဲ့ပါဘူး"
လုရွှမ် နှုတ်ဆိတ်နေခဲ့သည်။ ဒီလိုမျိုး ကြုံလာရတဲ့သူတွေနဲ့ အဖြစ်အပျက်ကို ကြားရတဲ့သူတွေ အားလုံး ဝမ်းနည်းသွားလိမ့်မယ်။
“အဲဒီတုန်းက ငိုကြွေးမြည်တမ်းဝိညာဥ်ဂူက အရမ်း အန္တရာယ်များတယ်... သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေ၊ ကောင်းကင်ဘုရင်နန်းတော်နဲ့ နတ်တောင်လို့ပဲ... အခု တားမြစ်နယ်မြေတွေကို တစ်ခုပြီးတစ်ခု ဖွင့်နေပြီဆိုတော့ အပြောင်းအလဲတွေ ရှိကောင်းရှိနိုင်တယ်
.. အခွင့်အရေးလည်း ရှိနိုင်တယ် ဒါကြောင့်"
ပေါင့်တာထင်း ခေါင်းကို လှည့်ပြီး လုရွှမ်ကိုကြည့်ကာ ပြောလိုက်သည်။
"လုရွှမ် ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိတာ မကြာသေးဘူး... ဒါပေမဲ့ မင်းကို မြင်မြင်ချင်း သဘောကျမိတယ် မင်းက အံ့သြစရာတွေကို အကြိမ်ကြိမ် ဖန်တီးပေးခဲ့တဲ့ လူတစ်ယောက်ပါ... ငါတောင်းပန်ပါတယ် ငါ့ကို မင်းတစ်ယောက်တည်း ကူညီနိုင်မှာ"
"မင်းနဲ့ ဆန်းကြယ်ကောင်းကင် အိမ်တော်က နာကျည်းမှုကို ငါသိပါတယ်.... ဒါပေမဲ့..."
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"ဟုတ်တယ် ငါတို့ကြားမှာ နာကျည်းမှုတွေ ရှိတယ်... မင်းကို နှစ်ရာနဲ့ချီ လှည့်လည်ပြီး သောကရောက်စေခဲ့တဲ့ မင်းသူငယ်ချင်းကို ငါ ကယ်တင်နိုင်တယ်... ငါ ဘယ်လို ရပ်တည်ပြီး စောင့်ကြည့်ရမလဲ ငါ့ဘာသာငါ ဆုံးဖြတ်မယ်... အခု ငါမင်းကို ကူညီမယ်ဖို့ ဆုံးဖြတ်တယ်..."
"ဆန်းကြယ်ကောင်းကင် အိမ်တော်... နတ်သမီးဖုန့်ဖေးမှာ ပြောစရာရှိနေပြီ ထင်တယ်"
ဖုန့်ဖေးက ခေါင်းညိတ်ပြီး "ကျွန်မက ဆန်းကြယ်ကောင်းကင် အိမ်တော်က အဖွဲ့ကို ဦးဆောင်လာတာ... ကျွန်မပြောသမျှကို သူတို့ လုပ်လိမ့်မယ်!"
"ဒါဆို ကောင်းပြီ"
ကျန့်မောင်နှမနှစ်ယောက်နဲ့ ပေါ်ဝမ့်တို့လည်း သူမကို နှုတ်ဆက်ပြီးနောက် သူတို့ငါးယောက်သည် လူငယ်တစ်စုထံသို့ ရောက်လာခဲ့သည်။ လူနှစ်ရာခန့်ရှိသော်လည်း ၎င်းတို့အားလုံးတွင် ပြင်းထန်သော ရောင်ဝါနဲ့ အစွမ်းထက် သန်မာမှုများ ရှိသည်။
ဆန်းကြယ်ကောင်းကင် အိမ်တော်၌ ထူးချွန်သူတစ်ရာခန့် ရှိ၍ ရွှီထျန်းလျောက်က လုရွှမ်ကို မြင်လိုက်ပြီးနောက် ကျယ်လောင်စွာ အော်လိုက်လေသည်။
"ဆရာတူအစ်မ ဖုန့်ဖေး... ကျွန်တော်တို့ရဲ့ အိမ်တော်မှာ အမိန့်ရှိတယ်"
ဖုန့်ဖေး သူ့မျက်နှာကို ပါးရိုက်ပစ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"မသေချင်ရင် ငါပြောတာကို နားထောင်!!"
ရွှီထျန်းလျောက်သည် မည်းမှောင်သော မျက်နှာဖြင့် ပါးစပ်ကို ပိတ်ထားလိုက်လေ၏။ ဖုန့်ဖေးက သူ့ကို အော်ငေါက်နေသော်လည်း သူ ပြန်မရိုက်ရဲပေ။
"အရူး.... လုရွှမ်က သူ့စွမ်းအားကို ထူထောင်ထားပြီ... နင် သူ့တံခါးကို အမြန်ပြေးဝင် သွားမယ်ဆိုရင် သေမင်းကို ရှာနေတာပဲ မဟုတ်ဘူးလား... သူက ဆန်းကြယ်ကောင်းကင် အိမ်တော် တစ်ခုလုံးကို မနေနိုင်တော့အောင် လုပ်နိုင်တယ်..."