အသင်းအဖွဲ့
Vol. 99 Ch. 4.1001
ရွှီထျန်းလျောက်၏ မျက်နှာသည် မည်းမှောင်သွားပြီး စကားပြောနေသော သူကို ကြည့်လိုက်သော်လည်း ၎င်းမှာ သူ မသိသော သူတစ်ယောက် ဖြစ်နေသည်။ ဒါပေမဲ့ အဲဒီလူက လုရွှမ်နဲ့ ဖုန့်ဖေးအနားမှာ ရပ်နေ၏။ ရွှီထျန်းလျောက် စကားမပြောတော့ဘဲ လူအုပ်ထဲကိုသာ ဆုတ်သွားခဲ့သည်။
လူတွေက အလျင်အမြန် ထွက်သွားကြပြီး သူ့အနားမှာ ဘယ်သူမှ မရပ်ရဲကြပေ။ ရွှီထျန်းလျောက်သည်လည်း အခြားသူများ၏ မျက်လုံးများ အေးစက်သွားသလို ခံစားလိုက်ရသည်။
ဆရာတူအစ်မက ဒီလူကို ကိုယ်တိုင် ဖိတ်ခေါ်လိုက်တယ် ဆိုတော့ ဆရာတူအစ်မ ဖုန့်ဖေးက လုရွှမ်ကို မျက်နှာသာ ပေးလိုက်တာလား။ လုရွှမ် အခုပြသခဲ့တဲ့ ခွန်အားကို ကြည့်ပြီးနောက် လုရွှမ်ကို အနိုင်ယူနိုင်တယ် ဆိုတာကို တော်တော်များများက စိတ်ချလက်ချ မပြောဝံ့ကြတော့ပါဘူး။
အထူးသဖြင့် လုရွှမ်က သူ့နတ်လက်နက်ကိုတောင် မသုံးရသေးတဲ့ အတွက် ခွန်အားက အနည်းငယ် ခန့်မှန်းရ ခက်ပေသည်။
ဒီလောက် အစွမ်းထက်တဲ့သူကို အခုအချိန်မှ မြှောက်ပင့်ဖို့ ဆိုတာ အရမ်း နောက်ကျသွားပြီ။ ဒါကို ရွှီထျန်းလျောက်က တကယ်ပဲ ဒုက္ခရှာဖို့ သွားနေတာလား။ သူသေခြင်းကို ရှာနေတယ် ဆိုရင်တောင် တခြားသူတွေက ပါ၀င်ရမယ်လို့ မဆိုလိုဘူး မဟုတ်လား။
ဆန်းကြယ်ကောင်းကင် အိမ်တော်က ပြတ်သားတဲ့ အမိန့်အတွက်နဲ့ ကိုယ်ပိုင်ဘဝကို စွန့်လွှတ်လိုက်ဖို့အထိ တန်ရဲ့လား စဥ်းစားရဦးမည်။ ဆန်းကြယ်ကောင်းကင် အိမ်တော်က လုရွှမ်ကို သတ်ဖို့ ဘာကြောင့် ရုတ်တရက် အမိန့်ထုတ်ခဲ့လဲ သူတို့လည်း မသိပေ။
ခွန်အားတွေရှိရင် ပြဿနာ သွားရှာလို့ ရသော်လည်း ခွန်အားမရှိရင် ဝေးဝေးမှာ နေလိုက်တာက အကောင်းဆုံးပင်။ ဘယ်အချိန်ကမှ နှစ်ဖက်စလုံး ငြိမ်းချမ်းပြီး အရာအားလုံး အဆင်ပြေသွားနိုင်တယ် ဆိုတာကို ကောင်းကင်ကပဲ သိလိမ့်မည်။ ဒါပေမဲ့ လုရွှမ်ကို စော်ကားနေတုန်းပဲ ဆိုရင်တော့ သူတို့ဟာ သတ်ပုတ်ကောင်အဖြစ် စွန့်ပစ်ခံရမှာ မဟုတ်ဘူးလား။
ဒါ လူမိုက်အလုပ်ပဲ။
ဆန်းကြယ်ကောင်းကင် အိမ်တော်က တပည့်များစွာသည် ရွှီထျန်းလျောက်ကို စိတ်ထဲမှ မထီမဲ့မြင် ပြုနေကြသည်။ ရွှီထျန်းလျောက်ရဲ့ သူငယ်ချင်း အနည်းငယ်သည်ပင် ရွှီထျန်းလျောက်က လူမိုက်ဖြစ်ကြောင်း သူတို့သိလိုက်တာကြောင့် လုံးဝ မပြောချင်တော့ပေ။
ရွှီထျန်းလျောက်မှာ အလွန် အထီးကျန်သလို ခံစားလာရပြီး လုရွှမ် သူ့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ကြည့်လာတာကို လှမ်းကြည့်ရင်း အပြစ်ရှိကြောင်း ခံစားလိုက်ရသည်။
ဤလူကြားထဲတွင် သူဟာ လူသေဖြစ်နေပြီ ဖြစ်ပြီး လုရွှမ်က သူ့အပေါ်၌ စီရင်ချက် ချထားပြီးသား ဖြစ်သည်။ လုရွှမ် ဒါကို ဂရုမစိုက်ပေမယ့် တခြားသူတွေ အတွက်တော့ ရွှီထျန်းလျောက် ဘယ်အချိန်မှာ ပေါက်ကွဲမယ် ဆိုတာကို စဥ်းစားနေကြသည်။ အခန့်မသင့်ရင် လုရွှမ်က ကြိုတင်ပြီး ကွပ်မျက်ပေးလိုက်နိုင်သေး၏။
ဒါက လူ့သဘော သဘာဝဖြစ်ပြီး တန်ခိုးကြီးသူများကြားတွင် အားနည်းသူက သဘာဝအတိုင်း အနိုင်ကျင့် ခံရလိမ့်မည်။ ဤအဖွဲ့ငယ်လေးတွင် လူနှစ်ရာကျော်ရှိပြီး ဖုန့်ဖေးက သူတို့ကို အမြန်ပဲ မိတ်ဆက်ပေးသည်။
ခေါင်းဆောင်က ဖုန့်ဖေးကို အဆုံးမရှိ ဂရုတစိုက်ရှိပုံရသည်။ သူ၏ကျင့်ကြံမှု အဆင့်သည် မျှော်စင် နယ်ပယ်တွင် အလွန်ကောင်းမွန်သည့် ခွန်အားမျိုး ပိုင်ဆိုင်ထား၏။ ဒီလူက အရမ်းစဉ်းစားတတ်တာ သိသာပေသည်။
"သခင်လေးလုရွှမ်... ငါမင်းကို လေးစားပါတယ်.... လေးစားပါတယ် သွမ့်ရှင်းဟယ်ပါ"
"သခင်လေးသွမ့်နဲ့ တွေ့ရတာ ဝမ်းသာပါတယ်"
ပေါင့်တာထင်းရဲ့ အသံစွမ်းအင်က လုရွှမ်နားထဲ တိုးဝင်လာသည်။
"ဒီလူကို လျှော့မတွက်နဲ့... ကောလဟာလတွေအရ သွမ့်ရှင်းဟယ်က ထူးခြားတဲ့ အမွေတစ်ခု ရရှိထားပုံရတယ်တဲ့ တစ်ချိန်က သူမျှော်စင်နယ်ပယ်ရဲ့ သခင်ဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေ ရှိထားပေမယ့် အခုချိန်မှာတော့ အဲ့အမွေကြောင့် မျှော်စင်နယ်ပယ်ကို သာလွန်သွားလောက်ပြီ"
လုရွှမ်ကလည်း ပြုံးပြီး အသံ ပြန်ပို့လိုက်သည်။
"မှန်တယ် ဒီလူရဲ့ နယ်ပယ်က ငါတို့နဲ့ အတူတူဘဲ... ယှဉ်ရင် နည်းနည်းတော့ သဲကွဲသလိုပဲ... သူက ရှေးကျတဲ့ နည်းလမ်းတွေကို လေ့ကျင့်ထားတာ ဖြစ်နိုင်တယ် ဒီလိုလူက အရမ်းကြောက်ဖို့ ကောင်းတာမို့ သတိထားရအောင်"
ဤလူဆီကနေ လုရွှမ် လှောင်အိမ်သခင်၏ အရိပ်အာဝါသကို ခံစားနေရသည်။ လှောင်အိမ်သခင်တွေရဲ့ ရောင်ဝါလောက် မပြင်းထန်ပေမယ့် လျှော့တွက်လို့တော့ မရနိုင်ပေ။
"ဒါတွေက ကျွန်တော်စုဆောင်းထားတဲ့ ညီအကိုတွေပါ.... သခင်ငယ် လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ သခင်လေးလန့် (ပေါင့်တာထင်း) နဲ့ သခင်လေးလုရွှမ်တို့နဲ့ တွဲလုပ်ရတာ အရမ်းဂုဏ်ယူပါတယ်"
သွမ့်ရှင်းဟယ်က ပေါ့ပေါ့ပါးပါး ပြောသော်လည်း ပေါင့်တာထင်းရဲ့ နောက်ခံကိုပါ ထောက်ပြလိုက်လေသည်။
"တွေ့လား... ဒီကောင်က အရမ်းထူးဆန်းနေပါတယ်ဆို"
ပေါင့်တာထင်းနဲ့ လုရွှမ်တို့သည် လူတိုင်းကို နှုတ်ဆက်ရင်း အသံစွမ်းအင်ကို ပို့နေကြသည်။ သေချာတာပေါ့။ နောက်တော့ သွမ့်ရှင်းဟယ်က သူမြင်ခဲ့တဲ့ နတ်ဝိညာဉ် အကြောင်းကို ပြောပြလာသည်။
"ငါတို့ နတ်တောင်ရဲ့ အလယ်ဗဟိုထဲကို ဝင်ချင်ရင် အဲ့ဝိညာဉ် တခြားဝိညာဉ်တွေကို ဝါးမြိုပြီး အခွင့်အလမ်းကို ဆုပ်ကိုင်နိုင်အောင် ကူညီပေးရမယ်....အဲဒါမှ နတ်တောင်ရဲ့ အလယ်ဗဟိုကို ဝင်ရောက်နိုင်မှာ"
"အဲဒါက တကယ့် စည်းစိမ်ဥစ္စာ အစစ်အမှန် အရင်းခံပဲလေ.... ကောင်းကင်ဘုရင်နန်းတော်လို အာကာသ လမ်းကြောင်း တစ်ခုကိုတောင် ငါတို့ တကယ် ရှာတွေ့နိုင်လောက်တယ်!"
နောက်ဆုံးစကားက လူတိုင်းရဲ့ စိတ်အားထက်သန်မှုကို ချက်ချင်း နှိုးဆွပေးလိုက်လေသည်။
ဒဏ္ဍာရီဆန်သော မြေကမ္ဘာထဲသို့ ဝင်ရောက်ရန် အခွင့်အရေး ရှိပါက ကျင့်ကြံခြင်းလမ်းကြောင်း တစ်ခုလုံးကို ပိုမိုမြင့်မားသော အဆင့်သို့ မြှင့်တင်နိုင်မှာပဲ ဖြစ်သည်။
လုရွှမ်လည်း သူ့ပတ်ဝန်းကျင်ရှိ အခြားအင်အားစုများကို အာရုံစိုက်ထားသည်။ သူတို့အားလုံး အလွန် စိတ်လှုပ်ရှားနေကြပြီး စိတ်အားထက်သန်နေကြသည်။ တချို့သော မျက်လုံးများကတော့ အထင်အမြင်သေးပြီး ရွံရှာနေသလိုပင်။
"သခင်လေးလုရွှမ် ခဏနေရင်တော့ ငါအကူအညီ ထပ်လိုသေးတယ်.... အခင်းအကျင်း ဖွဲ့စည်းပုံနဲ့ ပတ်သက်ရင် မင်းက ဒုတိယအဆင့်ဆို ဘယ်သူကမှ ပထမအဆင့်ကို ယူရဲမှာ မဟုတ်ဘူး"
လုရွှမ်က ရယ်မောလိုက်သည်။
"မြှောက်ပင့်နေပါပြီ... ကောင်းကင်ဘုရင် နန်းတော်ထဲမှာ အလုပ်ရှုပ်နေခဲ့တာ အကြာကြီးပဲ... ဒါပေမဲ့ အားလုံးက အချည်းနှီးပါပဲ အခုဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူးလေ"
"ကောင်းပြီ ငါရွေးထားတဲ့ လမ်းက မဝေးဘူး.... ဟိုကိုအရင်သွားရအောင်"
တခြားလူတွေက သူ့စည်းမျဥ်းတွေကို သဘောတူပြီးသားပါပဲ။ သွမ့်ရှင်းဟယ်က လူများကို သဘာဝအတိုင်း ဦးဆောင်ထားပြီး ဆန်းကြယ်ကောင်းကင် အိမ်တော်ရှိ လူများကိုတော့ နတ်သမီးဖုန့်ဖေးက သဘာဝအတိုင်း ဦးဆောင်နေ၏။ လုရွှမ်တို့ အဖွဲ့ကတော့ ဆန်းကြယ်ကောင်းကင် အိမ်တော်နဲ့ အနီးကပ် လိုက်သွားခဲ့သည်။
သူ့အင်အား မရှိရင်တောင် လုရွှမ်က သူ့နည်းသူ့ဟန်နဲ့ လိုက်သွားပေမယ့် အသေအပျောက်တွေက များလွန်းရင် ဒီလူတွေနဲ့ လမ်းလျှောက်တဲ့အခါ သူတို့ကိုယ်တိုင် အမြောက်စာတွေ ဖြစ်လာမှာ ကြောက်ရသည်။
လမ်းငယ်တစ်ခုသို့ သူရောက်သောအခါ သွမ့်ရှင်းဟယ်၏ မျက်လုံးများ မှိန်ဖျော့သွားကာ အစိမ်းရောင် မီးအနည်းငယ် လင်းလက်သွားပြီး တစ်စုံတစ်ယောက်နှင့် ဆက်သွယ်နေသကဲ့သို့ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားသည်။
"သွားကြစို့.... အားလုံး ငါ့ခြေလှမ်းတွေအတိုင်း လိုက်ခဲ့ကြ!"
သွမ့်ရှင်းဟယ်က ပြောပြီးတာနဲ့ အရင်ဝင်လိုက်သည်။
လူများက မျဉ်းနှစ်ကြောင်း ခွဲလျက် သွားနေကြသည်။ တစ်ဖက်က သွမ့်ရှင်းဟယ် ဖြစ်ပြီး ကျန်တစ်ဖက်မှာတော့ ဆန်းကြယ်ကောင်းကင် အိမ်တော်ကို ဦးဆောင်နေသော ဖုန့်ဖေးဖြစ်သည်။
လှည့်ဖြားခြင်းလား သို့မဟုတ် တစ်စုံတစ်ခုကြောင့်လား မသေချာသော်လည်း လုရွှမ်သည် လမ်းကြောင်း ပိုကျယ်သွားပုံရတာကို ခံစားလိုက်ရပြီး သွမ့်ရှင်းဟယ် မျက်လုံးများထဲ အစိမ်းရောင်စွမ်းအင် အနည်းငယ် ဖျပ်ဖျပ်ခတ်သွားပြီးနောက် သူက အလယ်လမ်းသို့ ဝင်သွားသည်။
ဒီလူက လုံးဝကို မရိုးရှင်းချေ။
သူ မမြင်ရသေးသော်လည်း ဤလူသည် အခြားသူများကဲ့သို့ လူတိုင်းထံမှ ဖုံးကွယ်ထားသည့် အရာများ ရှိနေကြောင်း လုရွှမ် သိသည်။ သေချာသည်မှာ ဤလမ်းသည် အန္တရာယ်ရှိပေ၏။ နင်းမိလေလေ အန္တရာယ်များလေ ဖြစ်ကာ သူသည် ယခုအခါ လူများစွာကို အမြောက်စာများအဖြစ် သက်သက် အသုံးပြုပြီး အသေသတ်နေခြင်းပဲ ဖြစ်သည်။
သေတဲ့သူတွေဟာ သူတို့ရဲ့လူ မဟုတ်တဲ့အတွက် လုရွှမ် ဒါကိုတော့ လျစ်လျူရှုထားနိုင်သည်။ သွမ့်ရှင်းဟယ် လူဖြစ်ဖြစ်၊ ဆန်းကြယ်ကောင်းကင် အိမ်တော်က လူဖြစ်ဖြစ် သူတို့ထဲက ဘယ်သူသေသေ လုရွှမ် သဘာဝကျကျ ဂရုမစိုက်ပေ။
မူလက အောင့်ယွဲ့တို့ကို တွေ့နိုင်မည်ဟု ထင်ခဲ့သော်လည်း ယခု သူမတို့သည် နတ်တောင်တွင် ပေါ်လာခြင်း မရှိခဲ့ပေ။ မလာဘူး ဆိုရင်လည်း ကိစ္စမရှိပါဘူး။ စိတ်အေးအေးထားပြီး လေ့ကျင့်ရင်း စောင့်လိုက်ရုံပေါ့။
လုရွှမ်ရဲ့ အမြင်အရတော့ ဒီလူတွေရဲ့ လုပ်ရပ်တွေက စိတ်ကူးယဉ်မှုသာ ဖြစ်ပါ၏။
သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေ၊ ကောင်းကင်ဘုရင် နန်းတော်တို့ကို ဖြတ်သန်းပြီးနောက် ယခုအခါ နတ်တောင်ထဲသို့ ရောက်ရှိလာခဲ့ရာ ဤတားမြစ်နေရာ ငါးခုစလုံးသည် ဆက်စပ်နေကြောင်း လုရွှမ် ကောင်းစွာ သိလိုက်သည်။ အာကာသလမ်းကြောင်း ရှိကောင်းရှိနိုင်ပေမယ့် တားမြစ်ထားတဲ့ နေရာငါးခုစလုံးကို ခြေမချဖူးဘဲ အာကာသလမ်းကြောင်း အကြောင်း သတင်းသိချင်ဖို့ ဆိုတာ အိပ်မက်လေး မက်နေသလိုပါပဲ။