← Chapters

ကောင်းကင်မှ မိုးခြိမ်းသံ

Vol. 99 Ch. 4.1002

ကောင်းကင်မှ မိုးခြိမ်းသံ

Vol. 99 Ch. 4.1002

ဒီအချိန်ကို အခွင့်ကောင်းယူပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်နေမယ်၊ ခွန်အားကို မြှင့်တင်နေရင်

အားကောင်းပြီး တိုက်ပွဲကို ပံ့ပိုးဖို့ အားကိုးရတဲ့ သူတို့လို လူတွေအတွက်တော့ ဒါဟာ ထူးထူးခြားခြား ကြွယ်ဝမှုပါပဲ။ ထိုလူအများအပြားသည် အမြောက်စာများကို ရှေ့လမ်းပေါ်တွင် ထွန်းလင်းတောက်ပနေသော မီးရှူးတန်ဆောင်အဖြစ် ရည်မှန်းထားကြသည်။

သူတို့းည် လူနှစ်ရာကျော်ရှိပြီး တစ်ယောက်နဲ့တစ်ယောက် အပြိုင်လမ်းလျှောက်တဲ့လူ နှစ်ယောက်ပဲ ရှိတော့ ဒီဖန်တီးထားတဲ့ အကွာအဝေးကို အဝေးက ကြည့်လိုက်လျှင် လမ်းမ​ပေါ်မှာ လျှောက်သွားနေတဲ့ မြွေကြီးတစ်ကောင်လိုပါပဲ။

လုရွှမ်သည် ကျန့်နမ်၊ ကျန့်ပေနဲ့ ပေါ်ဝမ့်တို့အထဲသို့ ဖီးနစ်နတ်မီးကို ထိုးသွင်း​ပေးလိုက်သည်။ ၎င်းက စိုးရိမ်ရသည့် အခိုက်အတန့်တွင် အန္တရာယ်ကို ခုခံနိုင်လိမ့်မည်။ တခြားအချိန်တွေမှာ လုရွှမ် သူတို့ကို ကာကွယ်​ပေးဖို့ ရှိနေမှာပင်။

"လုရွှမ် ငါတို့ဘေးမှာ လူတစ်ယောက်က ငါတို့ကို လှမ်းကြည့်နေတာ သတိထားမိလား"

ပေါင့်တာထင်းက ရုတ်တရက် အသံစွမ်းအင် တစ်ချက် ပို့လိုက်သည်။

"မင်းလည်း ခံစားရတယ်လား... အဲဒါက ဝိညာဉ်ပဲ ဖြစ်ရမယ် သူ့မှာ နားမလည်နိုင်တဲ့ အတွေးတွေ ရှိတယ်လို့ ငါခံစားရတယ် ဘာပဲဖြစ်ဖြစ် ထုတ်မပြပါနဲ့ တိတ်တိတ်လေးပဲ ​စောင့်ကြည့်လိုက်ရအောင်"

"အင်း!"

လုရွှမ် လှည့်ကြည့်လိုက်တော့ စုရပ်ထဲက တခြားအဖွဲ့များကို မမြင်နိုင်တော့ပေ။ သူတို့လမ်းထဲကို ဝင်သွားတော့ တောင်ကုန်းတွေက လမ်းကို ပိတ်လိုက်ပုံရ၏။ ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်နေပြီး ဘာသံမှ မကြားရပေ။

"သတိထား!"

လုရွှမ် ပေါ်ဝမ့်ကို ကာကွယ်ဖို့ လက်လှမ်းကာလိုက်သည်။ ထိုစဥ် ကောင်းကင်ယံ၌ မိုးကြိုးတိမ်များ ရုတ်တရက် တက်လာပြီးနောက် နတ်မိုးခြိမ်းသံများ ရိုက်ခတ်လာသည်။

ဤနတ်မိုးခြိမ်းသံများ၏ စွမ်းအားက အားနည်းနေသေးသော်လည်း ခွန်အား အနည်းဆုံး ပေါ်ဝမ့်အတွက်မူ သူ့ခန္ဓာကိုယ်ကြောင့် အနည်းငယ် စိုးရိမ်ရသည်။ နတ်မိုးခြိမ်းသံက လူတိုင်းအပေါ် ရိုက်ခတ်သွားသည်။

လူတိုင်းသည်လည်း မိမိကိုယ်ကို ကာကွယ်ရန် မှော်လက်နက်များကို အမြန်ထုတ်လိုက်ကြသည်။

"ဒါတွေအားလုံးကို မတားနဲ့... ဒါတွေက နိမိတ်တစ်ခုပဲ မင်းတို့ရဲ့ခန္ဓာကိုယ်နဲ့ ခုခံနိုင်ရင် မင်းတို့ခွန်အားအတွက် ကောင်းလာလိမ့်မယ်"

လုရွှမ်က တိုးတိုးလေး ဆိုကာ နတ်မိုးကြိုး သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်လာစဥ် ဒီနတ်မိုးခြိမ်းသံတွေကို ရှူရှိုက်ဖို့ ပါးစပ်ကို ဖွင့်ဟ၍ သူ့ဗိုက်ထဲအထိ မြိုချလိုက်သည်။

သူ့ခန္ဓာကိုယ်က ယခုအချိန်တွင် အလွန်အားကောင်းနေပြီ။ သူ့အရိုးများသည် မိုးကြိုးနိယာမ ပုံစံများဖြင့် ထုလုပ်ထားပြီး ဤနတ်​မိုးကြိုးသံများသည် သူအရင်က ကြံ့ကြံ့ခံခဲ့သည့်အရာထက် များစွာ ပျော့နေသေးသည်။

လုရွှမ့၏ လုပ်ရပ်များကို မြင်တွေ့လိုက်သူတိုင်း အားလုံး ထိတ်လန့်ကြောက်ရွံ့ သွားကြသည်။ သူ့တွင် ဤမျှကြီးမားသော ခွန်အားရှိ​​နေသည်မှာ အံ့သြစရာ မဟုတ်ပေ။ သူကျင့်ကြံတဲ့ နည်းများကို ကြည့်ရုံဖြင့် လူတိုင်း သူတို့ရဲ့ရှုံးနိမ့်မှုကိုသာ လက်ခံရုံသာ တတ်နိုင်တော့၏။

လုရွှမ်အမြင်တွင် ဤနတ်မိုးခြိမ်းသံသည် သာမာန်မျှသာ ဖြစ်သော်လည်း လူများစွာ၏ အမြင်တွင် ၎င်းသည် ပြင်းထန်နေပြီဖြစ်သည်။ နတ်မိုးခြိမ်းသံကို တိုက်ရိုက် စုပ်ယူဖို့ မပြောနှင့် မှော်လက်နက် အကူအညီဖြင့်ပင် မခံနိုင်လောက်ချေ။

"အား......"

ရုတ်တရက် အော်ဟစ်သံနဲ့အတူ နောက်ဆုံးတွင် နတ်မိုးခြိမ်းသံကို သည်းမခံနိုင်တော့ဘဲ ဆုံးပါးသွားသည့် ပထမဆုံးလူ ပေါ်လာသည်။ ထိုလူက ကောင်းကင်ဘုံသခင် နယ်ပယ်ဖြစ်ကာ အလွန်မြင့်မားခြင်း မရှိပေ။ ယခုအချိန်တွင် သူ့ခန္ဓာကိုယ်သည် ပေါက်ကွဲလုနီးပါး ဖြစ်ကာ မြေပေါ်သို့ လဲကျသွားပြီ။ လမ်းဘေး လှိမ့်ထွက်သွားတဲ့ သူ့ခန္ဓာကိုယ်သည် ရုတ်တရက် ပျောက်ကွယ်သွားလေ၏။

လုရွှမ် နေမျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ ထိုလူ၏ ခန္ဓာကိုယ်သည် သွေးအိုင်အဖြစ် ပြောင်းလဲသွားသော်လည်း အစိမ်းရောင် စွမ်းအင်စီးကြောင်းထဲသို့ ရောနှောသွားတာ မြင်လိုက်ရသည်။

ထိုစဥ် အလွန်ပါးလွှာသော စွမ်းအင်အငွေ့သည် သူတို့ရပ်နေတဲ့ လမ်းကြောင်းတစ်လျှောက် တဖြည်းဖြည်း ပျံ့နှံ့သွားပြီး လူတိုင်းရဲ့ ခြေသလုံးကြွက်သားများ၊ ခန္ဓာကိုယ်များထဲသို့ ဝင်ရောက်သွားသည်။ စူးရှသော မျက်လုံးများဖြင့်သာ မကြည့်မိပါက သတိမထားမိလောက်ချေ။

လုရွှမ် ဖီးနစ်နတ်မီးကို တမင်တကာ အသက်သွင်းလိုက်သည်။ မီးတောက်စွမ်းအင် ထွက်လာတာနဲ့ အစိမ်းရောင် စွမ်းအင်တွေ ပျောက်ကွယ်သွားပြီး သန့်စင်သွားသည်။ အံ့အားသင့်သော အကြည့်ဖြင့် သူ့အပေါ်သို့ ရောက်လာ၏။ ၎င်းက နတ်တောင်ပေါ်မှ ဝိညာဉ်များထဲမှ တစ်ခုဖြစ်သည်။

မိုးခြိမ်းသံသည် နာရီဝက်နီးပါးမျှ ဆက်လက်ပေါက်ကွဲခဲ့ပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။ ဖြစ်စဉ်တစ်ခုလုံးတွင် နတ်မိုးခြိမ်းသံကြောင့် စုစုပေါင်း လူကိုးဦး သေဆုံးခဲ့ပြီး စိမ်းလန်းသော သွေးအိုင်အဖြစ်သို့ ပြောင်းလဲကာ လမ်းမထဲသို့ ရောနှောသွားခဲ့သည်။

ကျန့်မောင်နှမနှစ်ယောက်လည်း လုရွှမ်ရဲ့ စကားကို လိုက်နာကြ၏။ ပထမတွင် မှော်လက်နက်ကို အသုံးပြုကာ ကာကွယ်ခဲ့သော်လည်း နောက်တော့ မှော်လက်နက်ကို ဖြည်းညှင်းစွာ ဆုတ်ခွာကာ နတ်မိုးခြိမ်းသံကို ခံနိုင်ရန် ၎င်းတို့၏ ရုပ်ခန္ဓာများကိုသာ အသုံးပြုခဲ့သည်။

နတ်မိုးကြိုး အဟက်ခံရခြင်းကြောင့် တချို့နေရာတွေက အနည်းငယ် မည်းသွားသော်လည်း ခံနိုင်ရည် ရှိလာပါပြီ။

လူတိုင်း၏ အံ့အားသင့်နေသော မျက်လုံးများအောက်တွင် လုရွှမ် လက်ဖဝါးကို ဆန့်တန်းလိုက်သည်။ သူ့လက်ဖဝါးပေါ်ရှိ နတ်မိုးခြိမ်းသံသည် အစုလိုက်အပြုံလိုက် ရိုက်ခတ်လျက်ရှိကာ ယခင်နတ်မိုးခြိမ်းသံထက် ပို၍ပင် ကြောက်စရာကောင်းသည်။

နတ်မိုးခြိမ်းသံကို လျစ်လျူရှုပြီး ဗိုက်ထဲသို့ တိုက်ရိုက် စုပ်ယူနိုင်တာ အံ့သြစရာ​တော့ မဟုတ်ပေ။ ဒါပေမဲ့ အခုက ဘာလုပ်နေတာလဲ။ ပေါင့်တာထင်းပင်လျှင် အနည်းငယ် စိတ်ရှုပ်သွားသည်။

လုရွှမ် လက်ဖဝါးသည် လေထုထဲတွင် စိမ့်ဝင်သွားပြီး အရည်တစ်စက် ရုတ်တရက် လေထဲမှ ကျဆင်းသွားလာခဲ့သည်။

"ဖမ်းမိပြီ!"

ကျန့်ပေ ခပ်မြန်မြန် တုံ့ပြန်လိုက်ပြီး အရည်ကို ဖမ်းဖို့ ခွက်ကို ထုတ်ကာ လုရွှမ်ဘေးနား ကပ်နေလိုက်သည်။ အရည်၏ စူးရှသော အသံသည် အမှန်တကယ်ပင် အဖျက်စွမ်းအားများ ပြည့်နှက်နေသည့် လျှပ်စီးလက်သလို တောက်ပနေသော်လည်း တစ်ချိန်တည်းမှာပင် ၎င်းသည် ကြွယ်ဝသော အသက်စွမ်းအင်လည်း အပြည့်ရှိသည်။

"ဒါက မိုးကြိုးအတိဒုက္ခ အရည်ပဲ!"

အစောက နတ်မိုးကြိုးက အတိဒုက္ခ မဟုတ်ပေ။ သို့သော် လုရွှမ်သည် လူတိုင်း၏ မျက်စိရှေ့၌ မိုးကြိုးအတိဒုက္ခအရည်ကို ဖြည့်ဆည်းပေးခဲ့သည်။ တစ်စက်၊ နောက်တစ်စက်ဖြင့် နောက်ဆုံးတော့ ခွက်သေးသေးသုံးခွက်ထဲ အပြည့်ထည့်လိုက်သည်။

လုရွှမ် နောက်ဆုံးတွင် သူ့လက်ကို ရပ်တန့်လိုက်ပြီး နတ်မိုးခြိမ်းသံသည်လည်း သူ့လက်ဖဝါးမှ လွင့်ထွက်သွားသည်။

"ကျန့်နမ်၊ ကျန့်ပေနဲ့ ပေါ်ဝမ့် မင်းတို့သုံးယောက် တစ်ခွက်စီ သောက်လို့ရတယ်"

"ဒီဆေးနဲ့ တွဲသောက်ရင် အာနိသင်က ပိုကောင်းလိမ့်မယ်"

သူတို့သုံးယောက်လုံးရဲ့ မျက်နှာမှာ နီမြန်းလာခဲ့လေသည်။ ကျေးဇူးတရားတွေ ပြည့်နှက်နေတဲ့ မိုးကြိုးအတိဒုက္ခ အရည်ကို သောက်ပြီး ဆေးကိုပါ မျိုချလိုက်ကာ တင်ပျဉ်ခွေ ထိုင်လျက် မိုးကြိုးရဲ့ အစွမ်းကို သန့်စင်လိုက်သည်။

ခဏကြာတော့ သူတို့သုံးယောက် မတ်တပ်ရပ်လိုက်ကြသည်။ သူတို့ခန္ဓာကိုယ်ရှိ ရောင်ဝါများသည် များစွာ တိုးတက် ကောင်းမွန်လာခြင်း မရှိသော်လည်း ခန္ဓာကိုယ်ခွန်အားကတော့ ပိုမိုအားကောင်းလာကြောင်း ရှင်းရှင်းလင်းလင်း ခံစားရနိုင်သည်။

ကျန့်မောင်နှမနှစ်ယောက်မှာ အစကတည်းက ကွဲပြားခြားနားသော အကျိုးသက်ရောက်မှု များရှိနေပြီ ဖြစ်သောကြောင့် တိုးတက်မှုမှာ သဘာဝအတိုင်း မသိသာပေ။ သို့သော် ပေါ်ဝမ့်သည် သူ့ခန္ဓာကိုယ်ကို ပျော့ပျောင်းသွားတယ်လို့ ခံစားရ၏။ လုရွှမ်က သူ့အခြေခံအုတ်မြစ်ကို ပြန်လည် တည်ဆောက်ပေးနေတာပဲ ဖြစ်သည်။

တခြားသူတွေက မသိပေမယ့် သူတို့သုံးယောက်က လုရွှမ်ရဲ့ လုပ်ရပ်တွေက သူတို့ကို ဘယ်လောက်ထိ ကူညီပေးခဲ့တယ် ဆိုတာ ကောင်းကောင်းသိပါသည်။

"ကောင်းပါပြီ မင်းအတွက်လည်း တစ်ခု ရှိပါတယ်"

ပေါင့်တာထင်း၏ မနာလိုသော မျက်လုံးများကို ကြည့်ရင်း လုရွှမ်က ဆေးလုံးတစ်လုံးကို လွှဲပေးပြီးနောက် ဖုန့်ဖေးကိုလည်း ပေးလိုက်လေသည်။

သူတို့ပတ်ဝန်းကျင်ရှိ လူတိုင်းက သူတို့ကို မနာလိုစိတ်ဖြင့် ကြည့်နေကြပြီး တချို့က မိုးကြိုးဒုက္ခအရည်ကို သိမ်းဆည်းထားချင်ကြသည်။ တူညီသော အခြေအနေတွင်ပင် လုရွှမ်တို့ ရရှိနိုင်သော အကျိုးကျေးဇူးများက ၎င်းတို့ထက် များစွာ သာလွန်မည်ဟု ယူဆနိုင်သည်။

"ဟမ့်"

သို့သော် တစ်စုံတစ်ယောက်က မိုးကြိုးအတိဒုက္ခ အရည်ကို အတင်းအကျပ် ရယူရန် ကြိုးစားရင်း လှောင်ပြောင်နေသော်လည်း ဒါက ရယ်စရာ မဟုတ်​နေပေ။

"ကျစ် ကျစ်...သခင်လေးလုရွှမ်က တကယ်ကို အံ့သြစရာကောင်းတာပဲ လေးစားမိပါတယ် လေးစားမိပါတယ်"

သွမ့်ရှင်းဟယ်က ထိတ်လန့်တကြား အရိပ်အမြွက်နဲ့ ပြောလိုက်ပါ၏။ ဒီအရာကိုတော့ သူမလုပ်နိုင်မှန်း သူ့ကိုယ်သူလည်း သိသည်။

"ကောင်းပြီ... ဆက်သွားကြရအောင် သေဆုံးသွားတဲ့ သူငယ်ချင်းတွေ အတွက်တော့ အားလုံးက ဝမ်းနည်းနေကြမှာ မှန်ပေမယ့် ငါတို့ ဆက်သွားနေရဦးမှာပဲ... သတိထားကြပါ"

သွမ့်ရှင်းဟယ်သည် စာကြောင်းအနည်းငယ်ကို ပေါ့ပေါ့ပါးပါး ရေးစပ်ကာ သူ့လက်ကို ဝှေ့ယမ်းကာ လူတိုင်းကို ရှေ့သို့ ဆက်သွားရန် တိုက်တွန်းလိုက်သည်။

All Chapters