← Chapters

ပျက်စီးမှု

Vol. 99 Ch. 4.1003

ပျက်စီးမှု

Vol. 99 Ch. 4.1003

"သေဆုံးသွားတဲ့ လူတွေ အကုန်လုံးက သွမ့်ရှင်းဟယ်ဘက်က လူတွေပဲဆိုတာ မင်းမြင်တယ်မလား... ဆန်းကြယ်ကောင်းကင် အိမ်တော်ဘက်မှာ အောက်ခြေအဆင့်က လူတွေပဲ ရှိတယ်... ဒါပေမဲ့ ဘာမှမဖြစ်ခဲ့ဘူး"

ပေါင့်တာထင်းဘက်က အသံထွက်လာသည်။ လုရွှမ်လည်း ပေါင့်တာထင်းကို သူအရင်က မြင်ခဲ့တဲ့ အစိမ်းရောင် စွမ်းအင်စီးကြောင်းကိစ္စ ပြောပြလိုက်သော် တစ်ဖက်က မျက်ခုံးပင့်ကာ ညင်သာစွာ ခေါင်းညိတ်ပြလေသည်။

ထိုစဥ် ငရဲကျနေသလို အော်သံတွေ ထွက်ပေါ်လာလေသည်။ အော်သံက တခြားလမ်းဘက်က ထွက်လာခြင်းဖြစ်ကာ နတ်မိုးခြိမ်းသံက ပြင်းပြင်းထန်ထန် ထိုးဆင်းလာနေကာ အောက်ဖက်မှ လူများကလည်း ဝမ်းနည်းစွာ အော်ဟစ်နေကြသည်။

မိုးခြိမ်းသံက လူတစ်ဦးကို ငရဲအထိ သယ်ဆောင်သွားနိုင်သလို ကြောက်စရာကောင်းလှသည်။ တကယ်တမ်းတော့ ကြောက်စရာ အကောင်းဆုံး အရာတော့ မဟုတ်ပေ။ သို့သော် နတ်မိုးခြိမ်းသံက တခြားလူများကို မူလ လမ်းကြောင်းထဲမှ တွန်းထုတ်သွားခဲ့သည်။

အဖွဲ့များစွာထဲတွင် အားနည်းသူက အရင်ဆုံး သေလူပင်။ လူများလေ ငရဲကြီးအဖြစ်သို့ ပြောင်းလဲသွားလေ ဖြစ်နေကာ အဆက်မပြတ် အော်သံများကလည်း အင်မတန် ဆူညံလွန်းလှသည်။ လွတ်မြောက်လိုလျှင်ပင် ကောင်းကင်သို့ ပျံတက်စရာ လမ်းမရှိ၊ မြေကြီးထဲ ဖောက်ဝင်ဖို့ကလည်း လမ်းမရှိပြန်ချေ။

ရှေ့မှ နောက်သို့ လူစည်ကားခဲ့ရာ လမ်းမထက်တွငိ တစ်ယောက်ပြီး တစ်ယောက် စိမ်းလန်းသော ရေအိုင်များအဖြစ်သို့ ပြောင်းလဲသွားကာ လူမြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။

"ဟမ့် ငါ့ဘဝက ငါ့အတွက်ပဲ... တခြားဘယ်သူမှ လာမရှုပ်နဲ့ မင်းကအမှိုက်ပဲ.... ငရဲကို သွားလိုက်တော့"

လူတစ်ယောက်သည် နောက်ဆုံးတွင် သူ့ဘေးက လူကို သူ့ရှေ့၌ ဆွဲကာထားလိုက်လေသည်။ တစ်ဆက်တည်း သူတို့ပတ်ဝန်းကျင်က လူတွေလည်း အလျင်စလို လုပ်ကြံခံရမှာကို ကြောက်တာကြောင့် အချင်းချင်း သတ်ပစ်ကြတော့သည်။ ဓားစွမ်းအင်တွေနဲ့အတူ သွေးများ နေရာအနှံ့ ပျံ့သွားခဲ့သည်။

နတ်မိုးခြိမ်းသံ ပျောက်ကွယ်သွားသည့်တိုင်အောင် အဖွဲ့ထဲတွင် တိုက်ပွဲများ ရပ်တန့်မသွားပေ။ နောက်အခိုက်မှာတော့ လူ ၈၀၀ ကျော်ရှိတဲ့ အဖွဲ့ထဲက လူ ၃၀၀ ကျော်ပဲ ကျန်တော့၏။

နေရာတိုင်းတွင် လူသေအလောင်းများ ရှိနေပြီး သွေးများလည်း ပြန့်ကျဲနေသည်။ အသတ်ခံရတဲ့ တိုက်ပွဲက ရပ်သွားပေမယ့် လူတိုင်းရဲ့ အသွင်အပြင်ကို ကြည့်လိုက်ရင် ယုံကြည်မှုတွေ လုံးဝ ပျောက်ကွယ်သွားပြီ။ အနာဂတ်မှာ ပူးပေါင်းလုပ်ဆောင်လိုလျှင် ဘယ်သူက ယုံကြည်နိုင်ပါတော့မလဲ။

အဆိုးဆုံးမှာ လူ ၅၀၀ ကျော်ကို တစ်ကြိမ်တည်း ဆုံးရှုံးခဲ့ခြင်းပဲ ဖြစ်သည်။ လူအနည်းစုဆုံးသော အသင်းမှာ ဖြစ်ခဲ့သော်ငြားလည်း အမှန်တကယ်ပင် အားကောင်းခဲ့သည်။

တချို့လူများသည် ယခင်က နတ်မိုးခြိမ်းသံကြောင့် စိတ်အနှောင့်အယှက် မဖြစ်ဘဲ ပေါ့ပါးပြီး ကျန်းမာသော ခြေလှမ်းများဖြင့် လမ်းမပေါ်တွင် ထွက်လာကြသည်။ ၎င်းက လူနှစ်ရာကျော်သာ ရှိကာ စုစုပေါင်းသေဆုံးသူ ကိုးဦးသာ ရှိ​တော့သော်လည်း အခြားသူများနှင့် နှိုင်းယှဉ်ပါက မဆိုးလှချေ။

လူတိုင်း၏ စိတ်ခံစားမှုများ မြင့်မားလာကာ ကြောက်ရွံ့မှုကို ပြသမည့်အစား အလွန်စိတ်လှုပ်ရှားလာခဲ့ကြသည်။

သေဆုံးသွားတဲ့ လူအနည်းငယ် အတွက်ကတော့ ဆန်းကြယ်ကောင်းကင် အိမ်တော်ရဲ့ အမြင်မှာတော့ သူတို့ဟာ အမှိုက်အစုအဝေးတွေပဲ ဖြစ်သည်။ ဒီနတ်မိုးခြိမ်းသံမျိုးကိုတောင် ခံနိုင်ရည် မရှိကြတဲ့အတွက် သူတို့သေသွားတာက လက်ခံနိုင်ဖွယ် ရှိ၏။

သွမ့်ရှင်းဟယ်တို့ အဖွဲ့မှာတော့ သူ့အမာခံအဖွဲ့ဝင် အနည်းငယ်ကလွဲလို့ တခြားလူတွေရဲ့ ဘဝကို ဂရုစိုက်တဲ့သူ အားလုံးက ခေတ္တစုဝေးနေခဲ့ကြသည်။ ရှေ့လမ်းက ပိုကျယ်လာပြီး လူသုံးယောက် ရင်ဘောင်တန်း လျှောက်လှမ်းလို့တောင် ရလာသည်။

ဤပြောင်းလဲမှုကြောင့် လူများအားလုံး သက်ပြင်းချကာ အလွန်လည်း စိတ်လှုပ်ရှားသွားကြသည်။

ယခင်က လူနှစ်ဦးသာ သွားနိုင်ခဲ့သော်လည်း ယခုအခါ လူ ၃ ဦးသာ သွားနိုင်ပြီ ဖြစ်သည်။ ကျယ်ကျယ် ပြန့်ပြန့် သွားနိုင်တာက လမ်းမှန်ပေါ် လျှောက်နေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။ လုရွှမ်လည်း လူတိုင်းရဲ့ ပျော်ရွှင်မှုကို ခံစားခဲ့ရကာ သူ့စိတ်ထဲမှာတော့ ခါးသက်စွာပဲ ပြုံးနေခဲ့၏။

လမ်းကြောင်း ကျယ်လာရခြင်းတဲ့ အကြောင်းအရင်းမှာ အစောတုန်းက လူတွေရဲ့ သွေးတွေ စတေးလိုက်လို့ပဲ ဖြစ်သည်။ ယခု လမ်းကျယ်လာရခြင်း၏ အကြောင်းရင်း နောက်တစ်ခု ထပ်ရှိသေးပြီး ၎င်းမှာ လူများလွန်းသောကြောင့် ဖြစ်နိုင်​ပေသည်။

လူပေါင်းများစွာ သေဆုံးခဲ့ပြီး လမ်းကို ချဲ့ထွင်ခဲ့သည်။ လုရွှမ် ခပ်တိုးတိုး သတိပေးလိုက်သည်။

"အားလုံး အခုကစပြီး ပိုသတိထားဖို့ လိုလာပြီ... မူလလမ်းကြောင်း အတိုင်း ဆက်သွားကြ... လမ်းကြောင်းကို အလိုအလျောက် မဖြတ်မိစေနဲ့"

တခြားသူများ၏ အမြင်တွင် ဤကျယ်ပြန့်သော လမ်းက သတင်းကောင်း ဆိုသော်လည်း လုရွှမ် မျက်လုံးများထဲတွင်တော့ သွေးစွန်း​နေသော အရိုးဖြူများသာ ဖြစ်သည်။ ထို့အပြင် ၎င်းသည် အစိမ်းရောင် အလင်းသို့ ပြောင်းလဲသွားပြီး သူတို့ခြေထောက်များထဲ ဝင်ရောက်ခဲ့သလို အလောင်းများထဲလည်း စိမ့်ဝင်သွားခဲ့သည်။

အထူးသဖြင့် အရှိန်မြင့်လာလေ လမ်းကြောင်းများပေါ်ရှိ အစိမ်းရောင် လေထုက အမြင့်ဆုံး ဖြစ်လာလေပင်။ ကျန့်ပေနဲ့ တခြားသူများသည် မူလ လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေကြဆဲ ဖြစ်ကာ လုရွှမ် စကားများက မမှားပေ။

ပျော်ရွှင်မှု အရိပ်အမြွက်တစ်ခုက သွမ့်ရှင်းဟယ် ပါးစပ်ထောင့်တစ်ဝိုက် ပျံ့နှံ့သွားပြီး ထိန်းချုပ်မရသော ပျော်ရွှင်မှုတစ်ခု ရသွားသည့်အတိုင်းပင်။ သူတို့အစွမ်းနဲ့သူတို့ ထိန်းမထားနိုင်တာက သူ့အတွက် ရယ်လူလုနီးပါး သတင်းကောင်းတစ်ပုဒ် ဖြစ်နေသည်။

တစ်စုံတစ်ယောက်က ချောင်းကြည့်နေကြောင်း ခံစားလိုက်ရသော်လည်း ပျောက်သွားတာတော့ ထင်ရှားပေ၏။ ထိုလူက နတ်ဝိညာဥ်မိန်းကလေးတွေထဲက တစ်ယောက်ပဲ ဖြစ်လိမ့်မည်။

ဒါက အဲ့ဝိညာဥ်က တခြားအသင်းတွေနဲ့ ပြဿနာရှိထားလို့သာ ဖြစ်နိုင်ပါသည်။

လုရွှမ် ပေါင့်တာထင်းကို ခေါင်းညိတ်ပြလိုက်သည်။

"နတ်မိုးခြိမ်းသံက ရုတ်တရက် ထွက်လာတာ... အားကလည်း မလျော့ဘူး... ဒီကလူတွေက အဲဒါကို ခံနိုင်ရည် ရှိလောက်အောင် သန်မာတယ်... ဒါပေမဲ့ အဲ့လောက် မရိုးရှင်းတော့ဘူး"

"တွေးကြည့်ရုံနဲ့ တစ်စုံတစ်ယောက် စုစည်းမိပြီး လူအုပ်ကြီးက ဖရိုဖရဲ ဖြစ်သွားပြီး လူစုလူဝေး ဖြစ်သွားတယ်။ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် သူတို့ သတ်ဖြတ်တဲ့ ပြေးလမ်းကို လိုက်သွားကြတယ် ဟီးဟီး!"

လုရွှမ်လည်း ပေါင့်တာထင်းစကားကို ခေါင်းညိတ်ကာ တုံ့ပြန်လိုက်၏။ ဒါက အမှန်ပါပဲ။ ပြဿနာ အားလုံးက ရုတ်တရက် ရောက်လာတာဖြစ်လို့ ထိုလူတွေ ဘယ်လောက် ထိခိုက်သွားလဲ တွေးကြည့်နိုင်သည်။

ဝုန်း!

ရုတ်တရက် ပြင်းထန်တဲ့ အသံတစ်ခုက နယ်စပ်ကို ဖြတ်ကျော်လညတဲ့ ထောင်နဲ့ချီတဲ့ စစ်သားတွေရဲ့ အသံလို အသံနက်ကြီးက အဝေးရှိ တောင်ကုန်းတွေဆီကနေ ထွက်ပေါ်လာလေသည်။ လူတိူင်း အသံထွက်​​သော​ တောင်​ကုန်းဆီသို့ လှမ်းကြည့်​လိုက်​သည်​။

လေထုအလယ်တွင် မီးခိုးငွေ့များ ထွက်လာပြီး ခဏအကြာတွင် စူးရှသော ဦးချိုကြီးတစ်ခု ထွက်လာ၏။ တစ်ကောင်တည်း မဟုတ်ဘဲ ထူထပ်သော သားရဲအုပ်စုတစ်စု ဖြစ်ကာ အရှေ့ဆုံးရှိ သားရဲဦးခေါင်းရှေ့က ပထမဦးစွာ ကြီးထွားလာခဲ့သည်။

အရှိန်အဝါက သိပ်မပြင်းထန်ပါဘူး။ တစ်​ကောင်ချင်းစီက ကောင်းကင်ဘုံသခင် နယ်ပယ်မှာသာ ရှိပြီး ရံဖန်ရံခါ နတ်မီးနယ်ပယ်ကို အနည်းငယ် မြင်နိုင်ပါသည်။ တစ်ကောင်ပြီး တစ်ကောင် စည်းဝေးကြသောအခါ ထောင်နှင့်ချီသော တပ်များကဲ့သို့ အရှိန်အဟုန် အဖြစ် ပြောင်းလဲသွားစေခဲ့သည်။

"သောက်ကျိုးနည်း...ငါတို့ကို နောက်နေတာတော့ မဟုတ်ဘူးမလား"

လူတချို့မှာ နောက်ဆုံး သည်းမခံနိုင်တော့ဘဲ ကျယ်လောင်စွာ ကျိန်ဆဲကြ​တော့သည်။ ဒီလမ်းကျဉ်းလေးမှာသာ တိုက်ခိုက်ရရင် အခက်တွေ့ရမှာ အသေအချာပင်။

ယခုအချိန်၌ ခုခံရန် သူတို့ ကိုယ်ပိုင်ခွန်အားကိုသာ အားကိုးနိုင်သော်လည်း သားရဲတစ်အုပ်လုံး လျင်မြန်စွာ ပြေးလွှားလာခဲ့ပါက ၎င်းတို့ရဲ့ အင်အားဟာ ကောင်းကင်ဘုံသခင်ပဲလို့ မဆိုလိုတော့ချေ။ ၎င်းက လှိုင်းတံပိုးတွေ ရိုက်ခတ်လိုက်သလို အပြေးအလွှား ရောက်လာကြမှာပင်။

ရှေ့တွင် ရပ်နေသော သားရဲအားလုံးသည် တိမ်တိုက်များနှင့် မီးခိုးများအဖြစ်သို့ တရစပ် ပေါင်းစပ်သွားသည်။

ယခုအခါတွင် အား​ပြန်သွင်းနေကြသော သူများလည်း ရှိရာ အဆပေါင်းများစွာ ပြင်းထန်သော ကောင်းကင်ဘုံသခင် အဆင့်ရှိ သားရဲများဖြစ်ကြပြီး ဒီလိုအုပ်စုကြီးနဲ့ဆို ၎င်းတို့ကို အရှင်လတ်လတ် သတ်ပစ်နိုင်သည်။

"ဘာလုပ်​​ကြမလဲ"

အားလုံးက သူကြည့်ငါကြည့် လုပ်နေကြကာ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ချေ။ ပျံသန်းနိုင်ရင် အရမ်းကောင်းမှာ သေချာသော်လည်း မလုပ်နိုင်တာကြောင့် ရန်သူကို ထိပ်တိုက်ရင်ဆိုင်ရုံပဲ ရှိတော့သည်။

"လူတိုင်းပြောစရာ မရှိဘူး ဆိုရင် ငါတို့မှာ ဒီလမ်းတစ်လမ်းပဲ ကျန်တော့တယ်.... တိုက်ကြရအောင်"

သွမ့်ရှင်းဟယ်က အော်လိုက်သည်။

"တကယ်လို့ ထွက်သွားချင်ရင် လူတိုင်းကို ငါထွက်သွားခွင့်ပေးမှာပါ... ဒါပေမဲ့ ငါတို့မှာ ပြန်စရာလမ်း မရှိ​တော့ဘူး တိုက်ပွဲဝင်ရုံပဲ ရှိတော့တယ် မကြောက်ကြပါနဲ့... ဒါက နတ်တောင်ဆိုတာ လူတိုင်း သိတာပဲ... နတ်တောင်ဆိုမှတော့ ဒီအခွင့်အရေးတွေကို ငါတို့လက်လှမ်း မီနိုင်သလောက် ကြိုးစားရတော့မှာပေါ့"

All Chapters