အစုလိုက်အပြုံလိုက် ဝင်လာ
Vol. 99 Ch. 4.1004
"ငယ်ငယ်ကတည်းက စကားတစ်ခွန်း ကြားဖူးတယ်...လွယ်လွယ်နဲ့ ရလာတဲ့အရာတွေကို မမြတ်နိုးပါနဲ့တဲ့ ဒါပေမဲ့ ကြီးကျယ်ခမ်းနားတဲ့ စမ်းသပ်မှုတွေကို ခံရပ်ပြီးရင် စောင့်မျှော်နေတဲ့အရာတွေက ငါတို့ကို ထာဝရ စွဲလန်းစေမယ့် အဖိုးတန်တွေပဲ... မိတ်ဆွေတို့ ငါတို့ရဲ့လေ့ကျင့်မှု အတွက် ငါတို့နယ်ပယ်အတွက် သူတို့ကို သတ်ပစ်ရအောင်!"
စကားလုံးတိုင်းက ကျယ်လောင်သလို ပြင်းထန်သော ယွမ်စွမ်းအားကြောင့် အသံက လူတိုင်း၏ နားထဲ ပဲ့တင်ထပ်သွားသည်။ ၎င်းသည် သူရဲကောင်းဆန်သော စိတ်ဓာတ်နှင့် တုနှိုင်းမရနိုင်သော စိတ်ဓာတ်ကို လှုံ့ဆော်ပေးလေ၏။
"သတ်!"
"သတ်!"
အားလုံးရဲ့အသံက တဖြည်းဖြည်း အကျယ်ကြီး ထွက်ပေါ်လာခဲ့လေသည်။ အငွေ့အသက်တွေက တညီတညွတ်တည်း ပေါင်းစည်းကာ အားကောင်းသည့် စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး ရှေ့က ပြေးလာနေသော သားရဲဆီသို့ ပြေးသွားလေသည်။
ရောင်ဝါသည် အမှန်တကယ် ပြောင်းလဲသွားပြီး လူအုပ်စုကြီးဟာ ဓားရှည် သို့မဟုတ် ဓားကြီးတစ်လက်လို ဖြစ်လာကြောင်း ဖြစ်သည်ကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ မတူညီတဲ့လူတွေဟာ သူတို့ရဲ့မျက်လုံးထဲမှာ မတူညီတဲ့ပုံတွေရှိပေမယ့် သားရဲအုပ်စုကို တိုက်ခိုက်ဖို့အတွက် သူတို့ရဲ့ ခွန်အားနဲ့ အရှိန်ကို ထိန်းထားကြတုန်းပါပဲ။
ကြောက်စရာ ကောင်းလောက်အောင် အရှိန်အဟုန်နဲ့ ရှေ့ကို ပြေးလာတဲ့ သားရဲကြီးရဲ့ ခန္ဓာကိုယ်ဟာ ရုတ်တရက် ပေါက်ကွဲပြီး အပိုင်းပိုင်း ကွဲသွားရာ နောက်ကွယ်မှ သားရဲများသည်လည်း အရှိန်ပျက်ကုန်ကြသည်။
ယခင်က အလွန်သန်မာပြီး ပြင်းထန်သော နတ်ဆိုး သားရဲတစ်ကောင်သည် လူတိုင်း၏ အရှိန်အဟုန် တွန်းအားပေးခြင်းကို ခံရပြီးနောက် ယခုအခါ ဖရိုဖရဲ ဖြစ်သွားလေ၏။ အရှိန်အဟုန် ပျက်သွားတာကြောင့် သားရဲဒီရေလည်း ရှုပ်ပွသွားခဲ့သည်။
လုရွှမ်ရဲ့ မျက်လုံးများထဲ ဟိန်းဟောက်သွားကာ ရုတ်တရက် နဂါးကြီးတစ်ကောင်ရဲ့ အသံကို ထုတ်လွှတ်လိုက်သည်။ သူ့နောက်တွင် စိမ်းပြာရောင် နဂါးကြီးတစ်ကောင် လေထုထဲ ပျံတက်သွားပြီး ၎င်း၏သွားများနှင့် ခြေသည်းများကို ပြသလာ၏။
နဂါးဟောက်သံကြီး ကျယ်လောင်စွာ ထွက်လာသည်။ အသံသည် အလွန် အားကောင်းလေရာ ကောင်းကင်တစ်ခွင်ကို ဖြတ်ကာ မြေကြီးတစ်ပြင်လုံးကို တုန်လှုပ်သွားစေသည်။ လူသားကျင့်ကြံသူများ အားလုံး စကားမပြောဘဲ လုရွှမ်ကို လှည့်ကြည့်ကြသည်။
ဝုန်း!
စိမ်းပြာနဂါး၏ တုန်လှုပ် ခြောက်ခြားစရာ အသံသည် လေထဲတွင် စက်ဝိုင်းပုံ လှည့်ပတ်သွားပြီးနောက် တောင်တန်းများနှင့် ကုန်းမြင့်များပေါ်တွင် ပြေးလွှားနေသော တောရိုင်းတိရစ္ဆာန်များဆီသို့ ပြေးဝင်သွားလေသည်။
ဝူး!
ယခင်ကထက် ပိုမိုနက်ရှိုင်းသော နဂါးဟောက်သံ တစ်ချက်ပင်။ ရွှေရောင် အနည်းငယ် ထွန်းတောက်ထားသော ရောင်ဝါသည် ယခင်ကထက် ပိုမိုပြင်းထန်လာ၏။
ဝူး ဝူး ဝူး!
ယခုတစ်ကြိမ်တွင်တော့ အလွန်အမင်း ရိုင်းစိုင်းချင်နေခဲ့သော သတ္တဝါများ၏ ဖွဲ့စည်းမှုမှာ လုံးဝ ရပ်တန့်သွားပြီး တချို့မှာ ကြောက်လန့်တကြား ပြန်လှည့်ပြေးသွားကြသည်။
သားရဲ ဖွဲ့စည်းမှုမှာ လုံးဝ ပရမ်းပတာ ဖြစ်သွားပြီ ဖြစ်သည်။ နေရာတိုင်း သားရဲများ ပြေးလွှားနေတဲ့ မြင်ကွင်းတွေနဲ့ ရှုပ်ထွေးသွားရာ ကြုံရာကျပန်း ရိုက်ခတ်မှုကြောင့် တချို့လူတွေနဲ့ သေဆုံးကုန်ကြသည်။
"သတ်!"
လုရွှမ် ဆိုလိုက်ပြီးနောက် ရွှေရောင် အလင်းတန်းများ ထွက်လာကာ သားရဲများဆီသို့ မြွေငယ်လေးများနှယ် ပြေးထွက်ကျသွားသည်။ တဝုန်းဝုန်း ပေါက်ကွဲသံနှင့်အတူ တောင်ကုန်းပေါ်ရှိ သားရဲများ တစ်ကောင်ပြီး တစ်ကောင် သေဆုံးကုန်ကြသည်။
အကြီးဆုံး နတ်ဆိုးသားရဲကြီးကလည်း ဟိန်းဟောက်ပြီး အဝေးကို ပြေးနေလေ၏။ ၎င်းသည် လျင်မြန်စွာ လမ်းကြောင်း ပြောင်းသွားကာ လူများနှင့် သားရဲများကို လှည့်မကြည့်ဝံ့ဘဲ ပြေးနိုင်သမျှ ဝေးဝေးကိုသာ ပြေးနေသည်။
သားရဲတွေ ထွက်သွားပြီး အားလုံးက လုရွှမ်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်ကြသည်။ ရိုသေလေးစားမှု အပြည့်နဲ့ သူတို့ရဲ့ မျက်လုံးတွေက နတ်ဘုရားတစ်ပါး မြေကြီးပေါ် ဆင်းလာတာကို ကြည့်နေကြသည့် အတိုင်းပါပဲ။ ဒါက လူတစ်ယောက် လုပ်နိုင်တဲ့ အရာတော့ မဟုတ်ဘူးလေ။
လုရွှမ် စိမ်းပြာနဂါးကို ပြန်သိမ်းလိုက်သည်။ သူ့မျက်နှာက ချက်ချင်း ဖြူဖျော့လာတာကြောင့် ဆေးနှစ်လုံးကို မျိုချလိုက်သည်။ ခဏကြာမှ သူ့မျက်နှာက သွေးရောင်လွမ်းလာခဲ့၏။ အဲဒီနောက် စိုးရိမ်စိတ်ဖြင့် ကြည့်နေသော ဖုန့်ဖေးနဲ့ သွမ့်ရှင်းဟယ်တို့ဘက် ပြုံးပြလိုက်သည်။
"အဆင်ပြေပါတယ်... စွမ်းအား နည်းနည်းလိုက်မိလို့ပါ..."
"အင်း.... သခင်လေးလုရွှမ်က ရန်သူကို လက်တစ်ဖက်တည်းနဲ့ အနိုင်ယူပြီး သားရဲတွေ အများကြီးကို ကြောက်သွားစေဲ့တယ်... ဒါက သခင်လေးလုရွှမ်ရဲ့ ဂုဏ်သတင်းက ဒဏ္ဍာရီတစ်ခုလို ပြန်ပေါ်လာပြီလို့ ပြောလို့ရပါတယ်"
လုရွှမ်ဟာ သူတို့ထဲက တစ်ဝက်ကို ကယ်တင်ခဲ့တာကြောင့် ဖုန့်ဖေးက မာနမရှိဘဲ မြန်မြန် ပြောလိုက်သည်။
"လုရွှမ် မင်း တကယ်ကို စွမ်းအင်အများကြီး မသုံးခဲ့ဘူးလား"
ခပ်ရွဲ့ရွဲ့အသံဖြင့် ပေါင့်တာထင်းက မေးလိုက်သည်။
"သွမ့်ရှင်းဟယ်က လူကောင်းမဟုတ်ဘူး... သူက သူ့ခွန်အားကို ထိန်းထားနိုင်တုန်းပဲ... အဲ့တော့ ငါလည်း ခွန်အားကို ထိန်းသိမ်းထားသင့်တယ်လေ..."
ထိုအခါ ပေါင့်တာထင်းက ရယ်ပြီး "မင်းသူခိုးမှန်း ငါသိသားပဲ!"
နှစ်ယောက်သား တစ်ပြိုင်တည်း ရယ်မောလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ရက်စက်ကြမ်းကြုတ်သော သားရဲအများအပြားသည် အဖွဲ့ထဲမှ ပြေးထွက်လာပြီး လူတွေကို တိုက်ခိုက်ကြပြန်၏။
"ပြေးတော့ မပြေးရင် သေလိမ့်မယ်..."
"ထွက်သွား... ငါ့လမ်းက ဖယ်စမ်း!!"
"ဝူး ငါ ဒီလိုစွန့်စားခန်းမျိုးမှာ ဘယ်တော့မှ မပါဝင်တော့ဘူး.... အမေ အိမ်ပြန်ချင်တယ်!!"
လူတိုင်းက မတူကွဲပြားတဲ့ တုံ့ပြန်မှုမျိုးတွေနဲ့ တုံ့ပြန်ကြလေသည်။ တချို့က အေးဆေးတည်ငြိမ်တယ်၊ တချို့က ထိတ်လန့်ကြတယ်၊ တချို့ကလည်း ဘဝရဲ့ အသွင်အပြင်တွေကို သင်ခန်းစာ ယူနေကြ၏။
အားကြီးသော အဖွဲ့သည် လူတိုင်းကို လျင်မြန်စွာ ပေါင်းစပ်ပြီး အားနည်းသူများကလည်း ၎င်းတို့၏ သဘောထားကို ချက်ချင်း ပြောင်းလဲကာ လမ်းလွှဲ၍ တောင်ပေါ်သို့ အပြေးအလွှား ပြေးတက်သွားကြသည်။
ဒါပေမယ့် သူတို့ အမြန် ပြေးသွားလိုက်ချိန်မှာတော့ သူတို့ရဲ့ ခန္ဓာကိုယ်ဟာ ခြေရာအနည်းငယ် ကျန်နေခဲ့တာကလွဲလို့ ဘာမှ မကျန်ခဲ့တော့ချေ။ ခက်ခက်ခဲခဲ ရုန်းကန်နေရချိန်မှာ အားလုံးက သနားစရာ ကောင်းသွားသည်။ နာရီဝက်အကြာတွင် သားရဲဒီရေ လုံးဝ ငြိမ်သွားသည်။
လူတိုင်းသည် ရယ်မောခြင်း၊ စိတ်လှုပ်ရှားခြင်း၊ မရွှင်မြူးတော့ခြင်း သို့မဟုတ် နာကျင်မှုကို ဖုံးကွယ်ခြင်း၊ မြေပြင်ပေါ်တွင် လဲလျောင်းခြင်း၊ အခြားသူများ၏ အလောင်းများပေါ်တွင် လဲလျောင်းခြင်းဖြင့် ၎င်းတို့၏ ကိုယ်ပေါ်ရှိ လက်နက်များကို ဆွဲထားကြ၏။
လုရွှမ် သွမ့်ရှင်းဟယ်ကို စိုက်ကြည့်လိုက်သော် တစ်ဖက်လူမှာ အနည်းငယ် အသက်ရှုကြပ်နေပုံ ပေါ်ပေမယ့် လုရွှမ်ကိုတော့ ပြုံးပြလိုက်သေးသည်။ အရင်အပြုံးတွေနဲ့ ယှဉ်ရင် ဒီတစ်ခါတော့ တော်တော် ထိန်းထားရပုံပင်။
ဒါပေမဲ့ သူ့မျက်လုံးတွေကို ပွတ်မိသွားတဲ့အခါ အပြုံးတစ်ပွင့် ဖျက်ကနဲ ပွင့်သွားလေသည်။ သွမ့်ရှင်းဟယ်တစ်ယောက်က သူ့မျက်လုံးထောင့်ကပဲ သူ့နှလုံးသားထဲက ပျော်ရွှင်မှုကို ထိန်းထားနိုင်ခဲ့၏။
"တခြားအသင်းတွေတော့ ကံဆိုးနေပြီ"
ပေါင့်တာထင်းက ဆိုလိုက်သည်။
"သွမ့်ရှင်းဟယ်ကတော့ ဒါကိုမြင်ရတာ ပျော်နေသလိုပဲ"
အတိုက်အခိုက် မရှိတော်ပေမယ့် အားလုံးက အရမ်းပင်ပန်းနေကြတုန်းပါပဲ။ ခေတ္တအနားယူရင်း အားလုံးက အတူတူ ထိုင်လျက် အရင်က ဖြစ်ပျက်ခဲ့တာတွေကို တိုးတိုးလေး ပြောကြသည်။
လုရွှမ်တို့ကတော့ ဖုန့်ဖေးအနောက်တွင် ရပ်နေပြီး ၎င်းတို့အဖွဲ့တွင် အင်အား အကောင်းဆုံး လူများဟု ဆိုနိုင်သည်။ သူတို့သည် ရှေ့တန်းတွင် ရပ်လျက် အန္တရာယ်ရှိလျှင် အန္တရာယ်ကို ပထမဆုံး ခုခံရမည့်သူများ ဖြစ်မှာ ထင်ရှားပါသည်။
"သခင်လေးလုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်နဂါးရဲ့သွေးတွေ ရှိနေတာများလား... အသွင်ပြောင်းထားတဲ့ နတ်နဂါးက တကယ်ကြီး ကွက်ကွက်ကွင်းကွင်းနဲ့ အသက်ဝင်နေသလိုပဲ"
စကားပြောလာသူသည် လူလတ်ပိုင်း တစ်ဦးဖြစ်ပြီး သွမ့်ရှင်းဟယ်၏ လူယုံဖြစ်နိုင်သည်။ သူ့နာမည်က ယန်ခွမ်း ဖြစ်ကာ တော်တော့်ကို သန်မာသော မျှော်စင်နယ်ပယ်က လူဖြစ်၏။ မီးရှူးမီးပန်းလို မျက်လုံးတွေနဲ့ ဂုဏ်သိက္ခာရှိတဲ့ ကျင့်ကြံသူ တစ်ယောက်လို အသွင်အပြင်မျိုးနဲ့ ဖြစ်လေသည်။
"မဟုတ်တာ... ကျွန်တော်က ကျောက်နံရံပေါ်မှာ ပျံနေတဲ့ နဂါးတစ်ကောင်ကို မြင်ခဲ့တာကနေ နဂါးရဲ့ လှုပ်ရှားမှုတွေနဲ့ အမူအရာတွေက အသက်ဝင်လွန်းလို့ အဲဒါကို အတုယူပြီး အသက်သွင်းလိုက်တာပါ..."
"လေးစားပါတယ် လေးစားပါတယ်"
ယန်ခွမ်းက သူ့နာမည်ကို အစောကတည်းက ကြားဖူးနေပုံပေါ်ပြီး နောက်ထပ် မေးခွန်းတချို့ ထပ်မေးလာခဲ့သည်။ အဲဒီနောက်မှ တိတ်တဆိတ် ပြန်ထွက်သွား၏။
ပေါင့်တာထင်းမှာ အနည်းငယ် ကြည်နူးစွာဖြင့် လုရွှမ်ဘက် လှည့်ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်လုံး အမှန်တရားကို မပြောကြတာ စိတ်ဝင်စားစရာပဲ"
လုရွှမ်က "မင်း လိမ်ညာရင်းလည်း အမှန်အတိုင်း ပြောလို့ရတယ်... ဥပမာ ဒီကောင်... သူ့ခန္ဓာကိုယ်မှာ ရတနာတစ်ခု ရှိတယ် သူက ဒဏ္ဍာရီလာ သားရဲတစ်ကောင်ကို မြင်ခွင့်ရခဲ့တာ ဖြစ်နိုင်တယ် ဒါမှမဟုတ် ပစ္စည်းကောင်းတစ်ခု ရဖူးပေမယ့် တစ်ခါမှ ခန္ဓာကိုယ်ထဲ မပေါင်းစပ်နိုင်ခဲ့တာ ဖြစ်လိမ့်မယ်.... သူ့မျက်လုံးတွေက ငါ့ကို လိမ်လို့မရဘူး... ငြူစူတဲ့ပုံသဏ္ဌာန်နဲ့ မနာလိုတာတွေ မရှိတော့ဘူးဆိုတာ သိသာတယ်... သူရထားတဲ့ဟာက ငါ့ထက်တော့ မနိမ့်နိုင်ဘူး အဲဒါကြောင့် သူက ဖမ်းဆုပ်ဖို့ အခွင့်အရေး ရှာနေတာ..."