အတွင်းစိတ်နတ်ဆိုး တိမ်တိုက်
Vol. 99 Ch. 4.1005
ပေါင့်တာထင်းက ရယ်ပြီး "ဟိုကောင်လေး... မင်းကို ထိမိရင်တော့ တကယ် ကံဆိုးလိမ့်မယ် ထင်တယ်..."
ကျင့်ကြံသူ နှစ်ပါးစလုံးသည် မျှော်စင်နယ်ပယ်သို့ မရောက်ထားသော်လည်း မျှော်စင်နယ်ပယ် သခင်များနှင့် ရင်ဆိုင်ရသောအခါတွင် လူယုတ်မာများကဲ့သို့ ပြုမူကြပြီး ထိုလူများကို အလေးအနက် မထားခဲ့ကြပေ။
"သူ့ကို ဘယ်သူက ကျန့်ပေကို မျက်စိကျခိုင်းပါလိမ့်...အဲ့ကောင်လေးက ကျန့်ပေကို အကြိမ်ကြိမ် စိုက်ကြည့်နေတာ.. ဟမ့် သူ့ခန္ဓာကိုယ်ပေါ်က အရာတွေနဲ့ စည်းစိမ်ဥစ္စာတွေကို ပေါင်းစပ်ဖို့အတွက် လာချဥ်းကပ်နေတာ... ဒီကောင်လေး ငါ့ခန္ဓာကိုယ်မှာ မကောင်းဆိုးဝါး စာလုံးပေါင်း ဘယ်လောက်ရှိမှန်း မသိဘူး ထင်တယ်... စမ်းကြည့်ပါစေ... ငါ့ညီမကို ထိရင်တော့ သေမင်းကို လိုက်ရှာနေတာပဲ"
"မင်း အဲဒါကို သတိထားမိတာ ကောင်းပါတယ်... ဒီကလေးက ဘယ်လို အသက်ရှင်ရမလဲ မသိဘဲ သေဖို့ တောင်းဆိုချင်နေတာ"
ပေါင့်တာထင်းက အဆုံးသတ်စကားကို ဝင်ဆိုလိုက်သည်။ ယန်ခွမ်း မျက်လုံးများက တခြားသူများကို လျှို့ဝှက်ထားသော်လည်း ၎င်းတို့နှစ်ဦးကို ဖုံးကွယ်မထားနိုင်တာ ထင်ရှားပါသည်။
"ကောင်းပြီ ဆက်သွားကြရအောင်... ဒီတစ်ခါတော့ သခင်လေးလုရွှမ်က်ု ကျေးဇူးတင်ရမယ်... ဒါပေမဲ့ နောက်ပိုင်းမှာ ငါတို့ ကိုယ်တိုင် လျှောက်လှမ်းဖို့ လိုအပ်နေသေးတာမို့ အားလုံး သတိထားရပါမယ်"
"ဟုတ်တယ်... သခင်လေးလုရွှမ်က အရမ်းအစွမ်းထက်တယ် ဒါပေမဲ့ ငါတို့ တခြားသူတွေကိုပဲ အားကိုးနေလို့ မရဘူး ဟုတ်တယ်မလား"
လူတိုင်းက 'ဟုတ်တယ်' လို့ အော်နေသော်လည်း ဘယ်သူမှ မတ်မတ် မရပ်နိုင်ကြပေ။ အကြပ်အတည်းတွေ ပြေလည်သွားတော့ အားလုံးရဲ့ ယုံကြည်မှုတွေလည်း အရမ်းတိုးလာပါပြီ။ နတ်တောင်ရဲ့ ပုံစံအစစ်ကို ရှာတွေ့ကြရမှ ဖြစ်မည်။
ဒါက နည်းနည်းတော့ ခက်လိမ့်မည်။
လုရွှမ် လူတိုင်း၏ မျက်လုံးများကို စိုက်ကြည့်ပြီး ဘာမှ ပြန်မပြောလိုက်သည်။
"လုရွှမ် လုရွှမ်!"
လုရွှမ်စိတ်ထဲတွင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။ အသံသည် အလွန်ပျော့ပျောင်းပြီး အနည်းငယ် ရင်းနှီးသောကြောင့် လုရွှမ် ဟိုမိန်းကလေး ဖြစ်ကြောင်း ခဏအတွင်း သိလိုက်သည်။
"နောက်ပြန် လှည့်မကြည့်နဲ့.... အာရုံမစိုက်မိအောင် သတိထား... ကျွန်မမှာ အချိန်သိပ်မရှိဘူး ကျွန်မအစ်မ မကြာခင် ပြန်လာတော့မှာ..."
မျှော်လင့်ထားသည့် အတိုင်း ၎င်းသည် နတ်တောင်၏ စိတ်ဝိညာဉ် နတ်သမီးဆီမှ ပြသမှုဖြစ်သည်။
"မင်းမှာ ညီအစ်မ ဘယ်နှစ်ယောက်ရှိလဲ?"
ရှန်ရှို့က သူ့အစ်မလို့ ပြောလိုက်တဲ့အတွက် ဒီကိစ္စမှာ သူမဟာ သဘာဝအတိုင်း ဖုံးကွယ်ထားမှာ မဟုတ်တဲ့အတွက် ရိုးရိုးရှင်းရှင်းပဲ မေးလိုက်ပါ၏။
"ကျွန်မမှာ ညီအစ်မ စုစုပေါင်း ရှစ်ယောက်ရှိတယ်.... ဒါပေမယ့် အစ်မအကြီးဆုံးက တခြားညီအစ်မ ခုနစ်ယောက်ဆီက အသတ်ခံလိုက်ရပြီ"
နတ်သမီးလေးရဲ့ အသံက ဝမ်းနည်းကြေကွဲမှုအပြည့်နဲ့။
"မင်းက ငါ့ကို လက်စားချေ ပေးစေချင်တာလား..."
ရှန်ရှို့ ခဏလောက် စဉ်းစားကြည့်လိုက်သည်။
"ထားလိုက်ပါတော့... သူတို့က ကျွန်မအစ်မတွေပဲလေ"
လုရွှမ် သူ့စိတ်ထဲ သက်ပြင်းချလိုက်ပေမယ့် ထပ်မေးလိုက်သေးသည်။
"ဒါဆို မင်းအစ်မအတွက် လက်စားမချေ ချင်တော့တာလား?"
ရှန်ရှို့က သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆို၏။
"ရှင်သူတို့ကို သတ်လို့မရဘူး...နတ်တောင်ဝိညာဥ်တွေက တစ်ယောက်ကို တစ်ယောက်ပဲ သတ်လို့ရတာ"
သူမရဲ့ အသံက စိတ်ပျက်စရာနေကြောင်း သိသာလှသည်။ ဒီနည်းလမ်းအတွက် သူမ အရမ်းဝမ်းနည်း နေတယ်ဆိုတာ ထင်ရှားပါ
"အိုး... တတိယအစ်မ ပြန်ရောက်လာပြီ ကျွန်မအရင် သွားလိုက်ဦးမယ်"
မကြာမီတွင် ဦးဆောင်သူ သွမ့်ရှင်းဟယ်သည် ဝိညာဉ်မိန်းကလေးနှင့် ဆက်သွယ်နေသကဲ့သို့ အနည်းငယ် ခေါင်းညိတ်လာသည်။
နောက်ထပ် တောင်ကုန်း အနည်းငယ်ကို ဖြတ်ကျော်ပြီးနောက် ရှေ့သွားလမ်းသည် နောက်ဆုံးတွင် အကျယ် ရပ်တန့်သွားကာ တဖြည်းဖြည်း ၎င်း၏ယခင် အကျယ်သို့ ပြန်ရောက်သွားခဲ့သည်။
"အားလုံး သတိထားကြပါ... အန္တရာယ်က ရောက်လာတော့မယ်!"
သွမ့်ရှင်းဟယ်က ရုတ်တရက် လှည့်အော်လိုက်သည်။
"အရင် အကျပ်အတည်း နှစ်ခုကနေ ငါတို့ အရှက်တရားတွေကို ခံစားခဲ့ရပြီးပြီ... အခုဟာက အတွင်းနတ်ဆိုး စမ်းသပ်မှုမျိုး ဖြစ်နိုင်တယ်... ငါ့မှာ မရေရာတဲ့ ခံစားချက်တစ်ခု ရှိနေတယ် အဲဒါကြောင့် လူတိုင်း အတွင်းစိတ်နတ်ဆိုး အတားအဆီးထဲကို မကျရောက်သွားအောင် သတိထားရမယ်... လုံးဝ စိတ် ငြိမ်သက်နေရမယ်"
သူ့စကားဆုံးသော် ရုန်းရင်းဆန်ခတ်နှင့် ဆွေးနွေးမှုများ ရှိလာခဲ့ပြန်သည်။
သွမ့်ရှင်းဟယ်က ၎င်းတို့အတွက် သဘာဝကျကျ အကူအညီ ပေးနိုင်သည့် နောက်အန္တရာယ်ပုံစံကို ခန့်မှန်းပေးနိုင်ခဲ့သည်။ လူတိုင်း လျင်မြန်စွာ နောက်ပြန်ဆုတ်သွားကာ ခပ်လှမ်းလှမ်းမှ နေ၍ စမ်းသပ်မှု အတွက် ပြင်ဆင်နေကြသော လူများဘေး၌ တင်ပျဉ်ခွေထိုင်ကြသည်။
"ဒီကောင်လေးက မင်းရဲ့ဂုဏ်သတင်းက အရမ်းကြီးတော့ သူ့အလင်းကို ခိုးယူသွားမှာကို ကြောက်နေတာ... ဒါက ဝိညာဉ်မိန်းကလေးရဲ့ ပါးစပ်ကနေ တိုက်ရိုက် ထုတ်ယူထားတဲ့ ဖြတ်လမ်းပဲ ဖြစ်လိမ့်မယ်!"
ပေါင့်တာထင်းရဲ့ စကားကို ကြားတော့ လုရွှမ်လည်း ပြုံးလိုက်သည်။
"သေးငယ်တဲ့ အဓိပ္ပာယ်ကို ကြီးကြီးမားမား နေရာတွေမှာ မသုံးရဘူးတဲ့..."
အဖြူရောင်နှင့် ပွင့်လင်းမြင်သာသော တိမ်တိုက်တစ်ခု လွင့်ပျံလာပြီး လူတိုင်းကို လျင်မြန်စွာ ဖုံးအုပ်သွားသည်။ အငွေ့တစ်မျိုး ခန္ဓာကိုယ်ထဲသို့ ဝင်သွားကာ ၎င်းက အတွင်းနတ်ဆိုး ဝင်လာခြင်းပဲ ဖြစ်လေ၏။
လုရွှမ်၏ ခန္ဓာကိုယ်သည် မီးတောက်များစွာဖြင့် ဖုံးလွှမ်းနေသလို ပေါင့်တာထင်းကိုလည်း တိမ်တိုကိများက လုံးဝ မနီးကပ်နိုင်ပေ။ လုရွှမ် လှည့်ကြည့်လိုက်တော့ ဖုန့်ဖေးနဲ့ သွမ့်ရှင်းဟယ်လည်း အတူတူပဲဆိုတာ မြင်လိုက်ရသည်။
သွမ့်ရှင်းဟယ်က လုရွှမ်ကို အသာလေး ကြည့်ပြီး အပြုံးတစ်ဝက်နဲ့ ခေါင်းညိတ်ပြလိုက်သည်။ ထို့အပြင် သူက ယန်ခွမ်းနှင့် တခြားသူများ၏ ခန္ဓာကိုယ်ကိုလည်း ကာကွယ်စောင့်ရှောက် ပေးခဲ့သည်။ ဆန်းကြယ်ကောင်းကင် အိမ်တော်မှာတော့ အလွန်အစွမ်းထက်မြက်ပြီး မိမိကိုယ်ကို ကာကွယ်နိုင်သော လူအနည်းငယ်လည်း ရှိပါသည်။
လုရွှမ်သည် ဖီးနစ်နတ်မီးကို လူသိအောင် မဖွင့်ထားဘဲ ကျန့်နမ်၊ ကျန့်ပေနဲ့ ပေါ်ဝမ့်တို့ကို စောင့်ရှောက်ခြင်းဖြင့် သူတို့ သုံးဦးကို ဘေးဒုက္ခမှ လွတ်မြောက်စေခဲ့သည်။ ပေါ်ဝမ့်၏ဆန္ဒမှာ ခိုင်မာသော်လည်း မွေးရာပါ ရောဂါများအတွက်မူ ယင်းကို ခံနိုင်ရည်ရှိရန် လိုအပ်သည်။ ကျန့်မောင်နှမနှစ်ယောက်လည်း လေ့ကျင့်မှုတွေ ပိုလိုပါသေးသည်။
သူတို့ရဲ့ အရည်အချင်းတွေက သာမန်လူတွေထက် အများကြီး လုံလောက်ပေမယ့် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်နဲ့ အတွေ့အကြုံတွေက နောက်ကျကျန်နေပါသေးသည်။ မဟုတ်ရင် ကျန့်ပေရဲ့ ကျင့်ကြံမှု အဆင့်အရ ယန်ခွမ်း သူမကို လုပ်ကြံချင်နေရင်တောင် ကျန့်ပေဘက်က သတ်နိုင်မှာ သေချာပါသည်။
"အား...."
ရုတ်တရက် အော်ဟစ်သံနှင့်အတူ လူတစ်ယောက် ထရပ်လိုက်သည်။
သူ့ခန္ဓာကိုယ်ကို လက်နှစ်ဖက်ဖြင့် ပြင်းပြင်းထန်ထန် ကုတ်ခြစ်နေ၏။ ၎င်းက မျက်လုံးများကို ဖောက်ထုတ်လိုက်သော်လည်း မရပ်တန့်ဘဲ နေရာတိုင်းကို ကုတ်ခြစ်နေသေးသည်။ သူ့ပတ်ဝန်းကျင်က လူတွေကလည်း ကံမကောင်းကြတာကြောင့် တစ်ယောက်ပြီးတစ်ယောက် လမ်းမပေါ်ကနေ ဘေးလွင့်သွားရာ တစ်ခဏချင်း ပျောက်သွားကြသည်။
ပထမလူ စိတ်ပျောက်လုနီးနီး ဖြစ်လာချိန်မှာ ဒုတိယတစ်ယောက်က မတ်တပ်ရပ်ပြီး ဓားနဲ့ ခုတ်ချပစ်လိုက်သည်။ ဓားစွမ်းအင်က ကောင်းကင်ကို ပျံတက်သွားပြီး နောက်တစ်ယောက် ကံဆိုးသွား၏။
လုရွှမ် ဝင်မတားသလို တခြားဘယ်သူမှလည်း မလုပ်နိုင်ခဲ့ပါဘူး။ ဒါက သူတို့ကံကြမ္မာ သူတို့ထိန်းရမှာဖြစ်ကာ တခြားလူတွေမှာ တာဝန်မရှိပါ။
"ဆန်းကြယ်ကောင်းကင် အိမ်တော်ရဲ့ ကြံ့ခိုင်မှုကတော့ တကယ်ကို နားမလည်နိုင်လောက်အောင်ပဲနော်... ခုထိ ဘယ်သူမှ မသေသေးဘူး..."
ပေါင့်တာထင်းက ခပ်တိုးတိုး ဆိုလေသည်။ လုရွှမ်လည်း ဟုတ်ကြောင်း ခေါင်းညိတ်ပြလိုက်စဥ် ဓားနဲ့ လိုက်ခုတ်နေတဲ့ အဘိုးအိုက လဲကျသွားလေသည်။ ပေါင့်တာထင်း၏ စူးစမ်းနေသော မျက်လုံးများသည်လည်း ထိုလူကို စူးစိုက်ကြည့်နေသည်။
“ဒီလိုလူကြီးက ဘယ်လိုလုပ် လိုက်လာနေတာလဲ”
လုရွှမ်လည်း ခါးသက်စွာ ပြုံးလိုက်ပြီး "သူ့ကို တားချင်တော့ရော ဘယ်သူက တားနိုင်မှာလဲ"
အဘိုးအိုသည် သူ့ကျင့်ကြံမှုကို ချုပ်တည်းထားသော်လည်း သခင်တစ်ဦး ဖြစ်နေဆဲပင်။ သူက သာမန်လူများနှင့် မတူသော အရာတစ်ခုခုကို ရရှိရန် ရည်မှန်းထားပုံပင်။ ၎င်းကို တခြားသူများထံမှ ဖုံးကွယ်နိုင်သော်လည်း လုရွှမ်လို စွမ်းအားအဆင့် ရှိသူများထံမှ ဖုံးကွယ်ထား၍ မရပေ။
သူသည် အလွန်အစွမ်းထက်ပြီး မျှော်စင်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိထားတာ သေချာပါသည်။ ဒီလိုလူတွေက အာကာသ လမ်းကြောင်းကိုရှာပြီး မြေကမ္ဘာ နယ်နိမိတ်ဆီ အပြေးအလွှားသွားဖို့ စိတ်ပိုင်းဖြတ်ထားပြီး သူတို့ကို ဘယ်အရာကမှ တားဆီးလို့ မရပါဘူး။
မလိုအပ်ပါက လုရွှမ် ထိုအဘိုးအိုကို လုံးဝ မထိချင်ပေ။ ထိုအချိန်တွင် ပေါ်ဝမ့်ပါးစပ်မှ တိမ်ငွေ့များ ရုတ်တရက်ထွက်လာပြီး တောက်ပနေသော မျက်လုံးများဖြင့် ဖွင့်ကြည့်လိုက်သည်။
လုရွှမ်က ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်စဥ် ပေါင့်တာထင်းက သူ့ကို ပုခုံးပေါ် ဖက်လိုက်သည်။
"တော်တယ် ကောင်လေး!"
ကျန့်မောင်နှမနှစ်ယောက်လည်း နိုးလာပြီးနောက် သူတို့သည် တိမ်ငွေ့များကို ရှူထုတ်လိုက်ကာ လုရွှမ်က ၎င်းအနက်ရောင် တိမ်တိုက်တစ်ခုလုံးကို လက်ညှိုးပေါ်၌ စုစည်းထားလိုက်သည်။