ယုံကြည်မှု
Vol. 100 Ch. 4.1006
"အစ်ကိုကြီး... အဲဒါ ဘာလဲ"
"ဟုတ်တယ် အစ်ကိုလုရွှမ် အဲဒါ ဘာလဲ"
လုရွှမ်လည်း ဖုံးကွယ်မထားဘဲ ပြောပြလိုက်သည်။
"အတွင်းစိတ်ဝိညာဉ်ဆိုး!"
"ဆန္ဒက ပိုအားကောင်းလေ အတွင်းစိတ်ဝိညာဉ်ဆိုးတွေက သူတို့ကိုယ်သူတို့ အရောင်အသွေးနဲ့ သဘာဝအတိုင်း ထင်ရှားလာလေပဲ...အခု တိမ်တိုက်တွေလိုမျိုးပေါ့"
လုရွှမ် သူ့လက်ချောင်းများကို ပွတ်ဆွဲလိုက်သည်နှင့် နတ်မိုးခြိမ်းသံလေးများ ထွက်ပေါ်လာသည်။ ကြုံရာကျပန်း အတွေးများဖြင့် ပြည့်နှက်ကာ ပတ်ဝန်းကျင်ရှိ တိမ်တိုကိများ ပေါက်ကွဲကာ လေထုထဲသို့ ပြန့်ကျဲသွားပေသည်။
"စိတ်မပူပါနဲ့... ရှောင်ပေ မင်းအစ်ကိုက မင်းအတွက် အန္တရာယ်တွေ အားလုံးကို ခုခံပေးထားတော့ မင်းအများကြီး မကြုံဖူးဘူး....ညီအစ်ကိုကျန့်နမ့် မင်းမှာလည်း တာဝန်တွေ အများကြီး ယူထားတယ်... နောက်ပိုင်း ရှောင်ပေကို သူ့ဘာသာသူ လွှတ်ထားသင့်ပြီ...ဒါမှ သူမနောက်မှာ မကျန်ခဲ့ဘဲ မြန်မြန် လေ့ကျင့်နိုင်မှာ..."
လုရွှမ်ပြောတဲ့ သူ့ရဲ့ အတွင်းနတ်ဆိုးမှာ ကြုံတွေ့ရတဲ့ ပြဿနာက သူ့ညီမပဲ ဖြစ်ပြီး အိပ်မက်ဆိုးထဲမှာ ရှောင်ပေက အန္တရာယ်ကျလုနီးနီး ဖြစ်နေကြောင်း သိလိုက်တာကြောင့် ကျန့်နမ် ခေါင်းညိတ်လိုက်သည်။
လူငယ်သုံးယောက်ရဲ့ အခြေအနေက ကောင်းမွန်လာပေမယ့် အသင်းကြီးတွေရဲ့ အခြေအနေကတော့ ပိုဆိုးသွားပါပြီ။ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာဆဲ ဖြစ်သည်။
လူတချို့သည် အတွင်းနတ်ဆိုးကို မခံနိုင်ဘဲ ရူးသွပ်သွားသည်နှင့် တစ်ပြိုင်နက် သူ့ပတ်ဝန်းကျင်ရှိ လူများ နိုးနေပြီဆိုလျှင်တော့ သဘာဝအတိုင်း အလွယ်တကူ ရှောင်နိုင်သည်။ သို့မဟုတ်ပါက အရူးကြောင့် လမ်းမှ တိုက်ရိုက် ဖယ်ထုတ်ခံရလိမ့်မည်။
သို့သော် အတွင်းနတ်ဆိုးများထဲမှ မနိုးလာသေးသူများသည် အိပ်မက်ဆိုးထဲတွင် ဒဏ်ရာရသွားတာကြောင့် လမ်းကြောင်းထဲမှာပဲ အမှန်တကယ် သေဆုံးသွားကြသည်။ လူတိုင်းရဲ့ ခန္ဓာကိုယ်ကို ကြည့်လိုက်လျှင် လူတိုင်းက အတွင်းစိတ် နတ်ဆိုးတွေ ကခုန်နေကြတုန်းပဲဆိုတာ မြင်တွေ့နိုင်ပါ၏။
ဘယ်လောက်ပဲ သန်မာနေပါစေ သေးငယ်တဲ့ အတွင်းနတ်ဆိုး နယ်နိမိတ်ထဲ ပျံသန်းပြီးတာနဲ့ ပြန်လာဖို့ ခက်ခဲသွားပါပြီ။ အခုဆို လမ်းအပြင်ဘက်မှာ အစိမ်းရောင် စွမ်းအင်အငွေ့တွေ ပြေးလွှားနေတာကို တွေ့ရလေသည်။
ဒီလိုအခြေအနေမျိုးမှာ ဘယ်သူကများ တခြားသူကို ကယ်တင်ပေးဖို့ သတ္တိရှိမှာလဲ။ အခြားသူများကို ကယ်တင်ဖို့ ကိုယ်ပိုင်အသက်ကို အသုံးပြုရပါက အရူးတစ်ယောက်သာ ဖြစ်နေပေလိမ့်မည်။
လူတွေ ပိုပိုပြီး ရူးသွပ်သွားသလို တစ်ချိန်တည်းမှာပဲ တခြား လူတွေလည်း နိုးထလာကြသည်။
ယေဘူယျအားဖြင့် ပြောရလျှင် ဆန်းကြယ်ကောင်းကင် အိမ်တော်က တပည့်ဆိုတဲ့ ဂုဏ်ပုဒ်နှင့် ထိုက်တန်သော်လည်း လူအနည်းငယ်မှာ ၎င်းကို သည်းမခံနိုင်ဘဲ ၎င်းတို့၏ အတွင်းစိတ်ဝိညာဉ်များကြောင့် ကံမကောင်းကြတဲ့ အရူးတွေ ဖြစ်သွားကြသည်။
နာရီဝက်ကြာပြီး နောက်ဆုံးတော့ အားလုံး နိုးလာကြသည်။ ပြီးတော့ အဲဒီရူးသွပ်သူတွေကိုလည်း လမ်းကြောင်းပေါ်ကနေ နှင်ထုတ်ပစ်လိုက်ရာ နေရာက ရုတ်တရက် တော်တော် ဗလာ ဖြစ်သွားတော့သည်။
တကယ်တော့ ဒီလူတွေမှာ အရည်အချင်းကောင်းတွေ ရှိပေမယ့် ကံတော့ မကောင်းကြပေ။ ဒါတောင်မှ သူတို့လူတွေရဲ့ လေးပုံတစ်ပုံနီးပါးကို ဆုံးရှုံးခဲ့ရပြီး အပျက်အစီး အများဆုံး ခံရတဲ့သူတွေက သဘာဝအတိုင်း သွမ့်ရှင်းဟယ်ဘက်က လူတွေပါပဲ။
ယခုအချိန်တွင် သွမ့်ရှင်းဟယ်ဘက်မှ လူများစွာ ရှိနေဆဲဖြစ်သော်လည်း ဆန်းကြယ်ကောင်းကင် အိမ်တော်က လူများလောက်တော့ မဟုတ်တော့ပေ။
"ဆန်းကြယ်ကောင်းကင် အိမ်တော်က တကယ့်ကို အံ့မခန်းပါပဲ... ကျွန်တော် သဘောကျမိပါတယ် သဘောကျမိပါတယ်"
သွမ့်ရှင်းဟယ်က ကြောက်လန့်တကြားနဲ့ အော်လိုက်ပါ၏။ သူသည် ဆန်းကြယ်ကောင်းကင် အိမ်တော်ရဲ့ ခွန်အားကို လျှော့တွက်ပြီး သူ့ဘက်မှ အင်အားကိုတော့ လွန်စွာ တွက်ဆခဲ့သည်။
ယခုအခါ အဆင့်များစွာကို ဆက်သွားပါက ဆန်းကြယ်ကောင်းကင် အိမ်တော်က ခေါင်းဆောင် ဖြစ်လာလိမ့်မည်။ ဖုန့်ဖေးက လျစ်လျူရှုပြီး ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည်။
"သခင်လေးသွမ့်က နောက်နေပါပြီ"
ရှေ့ဆက်သွားမည့် လမ်းသည် ရုတ်တရက် ကျယ်ပြန်လာ၏။ ကျယ်ပြန့်လာမှု၏ အတိုင်းအတာသည် ယခင်က မထင်မှတ်လောက်အောင်ပင် ကျယ်လာခဲ့လေသည်။
သွမ့်ရှင်းဟယ်မှာ ရှုံးပွဲများစွာ ကြုံတွေ့ခဲ့ရသောကြောင့် ယခုအခိုက်အတန့်တွင် ပျော်ရွှင်မှုများစွာ မရှိတော့ပေ။ သူဦးဆောင် လုပ်ချင်ရင်တော့ အဆုံးထိ အလျင်စလို လုပ်ရလိမ့်မယ်။ ပြီးတော့ စိတ်ဝိညာဉ်မိန်းကလေးက သူ့ယုံကြည်မှုကို သစ္စာမဖောက်ဘူးလို့ ယုံရလား။ သွမ့်ရှင်းဟယ် ဒါကိုလည်း လေးလေးနက်နက် သဘောမတူပေ။
သူပြန်ကြည့်သောအခါတွင် လူများစွာ၏ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများက ပျောက်ကွယ်သွားကာ အနာဂတ်အတွက် ကြောက်ရွံ့မှု နှင့် ရှုပ်ထွေးမှုများ အရိပ်အမြွက် အနေဖြင့် ပြနေပါပြီ။ အရင်က တခြားသူတွေရဲ့ ခွန်အားကို လှောင်ပြောင် ရယ်မောခဲ့ကြပေမယ့် အခုအချိန်မှာတော့ သူတို့ရဲ့ အလှည့်ရောက်လာပါပြီ။
သွမ့်ရှင်းဟယ်သည် လူတိုင်း၏ စိတ်ပျက်အားငယ်မှုကို သတိပြုမိပြီး စိုးရိမ်ပူပန်မှုလည်း ခံစားခဲ့ရသည်။ ရှေ့တွင် အဆင့်အနည်းငယ် ရှိသေးပြီး ဤလူများ၏အသက် သို့မဟုတ် သေဆုံးခြင်းနှင့် ပတ်သက်၍ သူလုံးဝ ဂရုမစိုက်သော်လည်း ၎င်းတို့မပါဘဲ တခြားအသင်းများကို ဖြစ်စေ ဆန်းကြယ်ကောင်းကင် အိမ်တော်ကိုဖြစ်စေ သူရှုံးသွားမည်။
"ကောင်းကောင်း အနားယူကြမလား... အားလုံးက အရမ်း သိချင်နေကြမယ်လို့ ထင်တယ် ငါတို့အဖွဲ့က ဒီလောက်အရှုံးတွေနဲ့ ကြုံခဲ့ရတယ်... တခြားအဖွဲ့တွေ ဘာဖြစ်သွားလဲ..."
သွမ့်ရှင်းဟယ်က ဂုဏ်ယူသော အကြည့်ဖြင့် အော်ဟစ်လိုက်ပြီး လူအများ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ အမှန်ပင် သူတို့ စိတ်ပျက်သွားသောအခါတွင် ၎င်းတို့၏ ပြိုင်ဖက်များလည်း ပိုဆိုးလာတာကို မြင်တွေ့ရတာက အမှန်ပင် နှစ်သိမ့်မှုတစ်မျိုး ဖြစ်သည်။
"ဟာဟား ဒီကလေးတော့ ထိတ်လန့်နေပြီ"
"သူ ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကြည့်ရအောင်"
သွမ့်ရှင်းဟယ်သည် လုရွှမ်နဲ့ ပေါင့်တာထင်းတို့ နှစ်ဦးကြားရှိ အသံဆက်သွယ်မှု အကြောင်းကို သဘာဝကျကျ မသိခဲ့ပေ။ ၎င်းအကြောင်းကို သူသိနေလျှင်ပင် ယခုအချိန်တွင် ၎င်းတို့နှင့် ငြင်းခုံရန်စိတ် မရှိပေ။
သူက ပြုံးပြီးပြောလိုက်သည်။
"ငါတို့မှာ စုစုပေါင်း ခုနစ်ဖွဲ့ ရှိခဲ့တယ်... အခုဆို ငါးဖွဲ့ပဲ ကျန်တော့တယ်... အခုဆို ငါတို့ အဖွဲ့မှာ လူအများဆုံး ကျန်ခဲ့တယ်လို့ ဆိုရမယ်... ဆိုလိုတာကတော့ ငါတို့က ရတနာကို ရှာဖွေဖို့ အလားအလာ အရှိဆုံးပဲ..."
သွမ့်ရှင်းဟယ်က သူ့လက်ကို မြင့်မြင့်ဝှေ့ယမ်းပြီး တည်ငြိမ်စွာ လွှမ်းမိုးနိုင်တဲ့ အသံနဲ့ အော်လိုက်သည်။
"ငါတို့ အရှုံးမပေးဘူး.... ငါတို့ သူတို့ရှေ့ကနေ လှမ်းပြီးသွားပြီ ဒီအချိန်မှာ ငါတို့ရဲ့ အရင်ကြိုးစားမှုအားလုံးကို အလဟဿ မဖြစ်စေရဘူး ဟုတ်ပြီလား?"
"ငါ့သူငယ်ချင်းတွေ အပါအဝင် လူတော်တော်များများ သေဆုံးသွားခဲ့တယ်... ငါလည်း အရမ်းဝမ်းနည်းပြီး နည်းနည်းတောင် ကြောက်သွားတယ် ဒါပေမဲ့ ဆက်သွားသင့်လား ရပ်နေသင့်လား စဥ်းစားကြပါ"
သွမ့်ရှင်းဟယ်က လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ငါပြောမယ်.... ငါတို့တွေ အများကြီး ဖြတ်သန်းခဲ့ပြီးပြီ.... ငါတို့တွေ အများကြီး ကြံ့ကြံ့ခံပြီး မရေမတွက်နိုင်တဲ့ ခက်ခဲမှုတွေကို ဖြတ်သန်းခဲ့ရတယ်.... တစ်ဝက်တစ်ပျက်နဲ့တော့ နောက်ပြန် မလှည့်ဘးး "
"ဒါက ရှေ့မှာ ဘယ်လောက်ပဲ ခက်နေပါစေ ငါ တို့ဆက်သွားမယ်.... ဘာဖြစ်လို့လဲ ဆိုတော့ ငါတို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ငါယုံကြည်တယ် အောက်က လမ်းကြောင်းကို ကြည့်လိုက်တော့ ပိုကြီးကြီးလာပြီ....ရှေ့မှာ မျှော်လင့်ချက်ရှိတယ်... ငါ့ကိုယ်ငါ ယုံကြည်တယ် ဘာလို့လဲဆိုတော့ ငါ့မှာ မင်းတို့ရှိနေလို့ပဲ... မင်းတို့ရှိရင် ရှေ့ကို သတ္တိရှိရှိ လျှောက်လှမ်းနိုင်ပြီး သူများတွေ မလျှောက်နိုင်တဲ့လမ်းကို ကြံ့ကြံ့ခံ လျှောက်လှမ်းနိုင်မယ်လို့ ငါယုံကြည်တယ်.... သူများတွေ မခံနိုင်တဲ့ အခက်အခဲတွေကို လျှောက်ပြီး မြေကမ္ဘာထဲ ဝင်ရမယ်... ပိုမြင့်တဲ့ နယ်ပယ်ကို ကျင့်ကြံရမယ်..."
"ကောင်းပြီ" အသံတစ်သံ ထွက်ပေါ်လာသည်။
"ဟုတ်တယ် ငါ့သူငယ်ချင်းလို သေရမှာကို ငါကြောက်တယ် ဒါပေမဲ့ နောက်ပြန်ဆုတ်ရင် နောက်နောင် ဒီလိုအခွင့်အရေးမျိုး ထပ်ရဦးမလား မသိနိုင်ဘူး.... သခင်လေးသွမ့် ငါမင်းနောက်ကို လိုက်မယ်"
"ငါတို့ မင်းနောက်ကို လိုက်မယ်!" ဆိုတဲ့ စကားသံတွေဟာ တစ်ယောက်ပြီး တစ်ယောက်ဆီက ထွက်ပေါ်လာသည်။ အသံတွေက စိတ်အားထက်သန်နေပြီး တစ်နေရာကနေ တစ်နေရာအထိ ပျံ့နှံ့သွားသည်။
ပေါင့်တာထင်း ပြုံးလိုက်ပြီး။
"လုရွှမ် ဒါက ယုံကြည်မှု ဘယ်လောက်ရှိနိုင်လဲ"
"၁၀% ဖြစ်နိုင်တယ်"
"ဆက်ကြရအောင်!"
နောက်ဆုံးတော့ ကျင့်ကြံသူ တစ်ယောက် မဝံ့မရဲနဲ့ ထလာခဲ့သည်။ သူ့မျက်နှာက ရှုပ်နေသေးပေမယ့် သူ့ပတ်ဝန်းကျင်က အခြေအနေကို ကြည့်ရင်း ကြမ်းတမ်းတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နည်းနည်းတော့ ကြောက်နေပုံရလေသည်။
ဒီမှာ ဘယ်သူက ထက်မြက်လဲ။ သွမ့်ရှင်းဟယ်လို့ အော်နေတဲ့ လူတွေကတော့ အများကြီးပါပဲ။ ပြန်သွားရင်တောင် ဘယ်သူက သူနဲ့ အဖော်လိုက်ပါ့မလဲ။