← Chapters

လမ်းနှစ်လမ်း

Vol. 100 Ch. 4.1007

လမ်းနှစ်လမ်း

Vol. 100 Ch. 4.1007

"လုရွှမ်... လုရွှမ် ကျွန်မပြောတာ ကြားရလား"

ရှန်ရှို့​ရဲ့အသံက ထပ်ပြီး ထွက်ပေါ်လာသည်။

"ဘာဖြစ်တာလဲ "

"ကျွန်မရဲ့ အစ်မနှစ်ယောက် သေသွားပြီ"

လုရွှမ်သည် သွမ့်ရှင်းဟယ်၏ ယခင်စကားများကို ပေါင်းစပ်လိုက်သောအခါ အဖွဲ့နှစ်ဖွဲ့သည် ပျောက်ကွယ်သွားပြီး လုံးဝ သေဆုံးသွားခဲ့သည်ဟု ဆိုခဲ့ရာ မမျှော်လင့်ဘဲ ဝိညာဉ်မိန်းကလေး နှစ်ယောက်ကလည်း ထိုကဲ့သို့ပင် သေဆုံးသွားခဲ့သည်။

"ညီအစ်မငါးယောက်... သူတို့ကို အရှင်လတ်လတ် စားပစ်လိုက်တာ..... ကျွန်မ အရမ်းကြောက်တယ်..."

"ဒါပေမဲ့ ငါ ဘာမှလည်း မလုပ်နိုင်ဘူးလေ"

"မဟုတ်ဘူး ရှင်လုပ်နိုင်တယ်... ရှင့်ထဲမှာ ကြင်နာပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အရိပ်အယောင်ကို ကျွန်မ ခံစားရတယ်... အဲဒါက ရှေးခေတ်က လာတာ ရှင်ကျွန်မကို သေချာပေါက် ကယ်တင်နိုင်တယ်"

ရှေးခေတ်က လာတာက ဘာကို ဆိုလိုတာလဲ။ အာကာသကျောက်စိမ်းပြား အကြောင်း ပြောနေတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်လဲ။ ဒီဝိညာဉ်မိန်းကလေးက ဘယ်လိုလုပ် ခံစားရမှာလဲ။

"သူ့အသံကြောင့် ဒီကိုလာရတာ အရမ်းအဆင်ပြေတာ..."

"အသံလား... ခေါင်းလောင်း သေးသေးလေးလို့ ပြော​နေတာတော့ မဟုတ်ဘူးမလား"

"ဟုတ်တယ် အဲဒါပဲ!"

လုရွှမ် လေတစ်ချက် မှုတ်ထုတ်လိုက်၏။ နတ်တောင်ရဲ့ ဝိညာဉ်မိန်းကလေးသာ အာကာသကျောက်စိမ်းပြားရဲ့ တည်ရှိမှုကို သိရှိနိုင်လျှင် ထိုသူသည် ကြီးစွာသော အန္တရာယ် ရှိလိမ့်မည်ဟု ဆိုလို​ခြင်း ​ဖြစ်သည်။

နတ်ခေါင်းလောင်းဟု ဆိုသောကြောင့် လုရွှမ်လည်း ခေါင်းလောင်းငယ်လေးကို ထုတ်လိုက်သော် ခေါင်းလောင်းငယ်လေးက အမှန်တကယ် လှုပ်နေကြောင်း သတိပြုမိသော်လည်း ဘာအသံကိုမှ မကြားရပေ။

"ငါ ဒီအသံကို သတိမထားမိဘူး!"

လုရွှမ် အသံကို မကြားရသော်လည်း အလွန်ပေါ့ပါးသော အငွေ့အသက်က ခေါင်းလောင်းထဲသို့ ဝင်သွားလေသည်။ တစ်ချက်ကြည့်လိုက်တော့ ခေါင်းလောင်းက မတုန်လှုပ်တော့ချေ။

"အား.... အစ်မ ပြန်လာပြီ"

လူတိုင်းသည် အရှိန်အဟုန်ဖြင့် မနှေးကွေးဘဲ ရှေ့သို့ ဆက်လျှောက်သွားကာ သူတို့၏ တိုက်ပွဲဝင် စိတ်ဓာတ်သည် ယခင်ကကဲ့သို့ မာနမကြီးဘဲ အနည်းငယ်ပို၍ ရင့်ကျက်သော်လည်း ကြောက်ရွံ့မှု သဲလွန်စများကတော့ ရှိနေဆဲပင်။

"အိုး.... တတိယအစ်မက နောက်စမ်းသပ်မှုအတွက် တောက်အခင်းအကျင်း ပုံစံလမ်းကို ရွေးချယ်မယ်လို့ ပြောတယ်... ရှင် အဲ့အခင်းအကျင်း ဖွဲ့စည်းပုံကို နားမလည်ရင် သေလိမ့်မယ်"

နတ်ခေါင်းလောင်းထဲမှာ ရှန်ရှို့ရဲ့ အသံထွက်လာ၏။

"အိုး ရှန်ရှို့... တချို့နေရာတွေ ငါနားမလည်လို့ မင်းအစ်မတွေက ဘာလုပ်နေတာလဲ"

ရှန်ရှို့လည်း စိတ်ဆင်းရဲစွာဖြင့် အော်ဟစ်လိုက်သည်။

"သူတို့က ရှင်လိုပဲ မြေကမ္ဘာထဲကို ဝင်ချင်နေတာ"

"အဲဒါက ကြာပြီပေါ့... ကျွန်မလည်း အသက်လည်း သိပ်မကြီးသေးတော့ တော်တော်များများ မသိလိုက်ဘူး... အစ်မကြီး ပြောတာကို နောက်မှ ကြားလိုက်ရတယ် ပထမတော့ အစ်မကြီးက အကြီးဆုံးပဲ.... ဒါပေမဲ့ အစ်မကြီးက အစ်မက အားနည်းတယ်လေ... ကျော်ကြားမှုနဲ့ ကံကြမ္မာကို မပြိုင်ချင်ဘူး ဒါပေမဲ့ တစ်ခုခုဖြစ်သွားတော့ အစ်မက ခွဲပြီး ညီအစ်မ ခုနစ်ယောက် မွေးလိုက်တယ်..."

"ဒါပေမဲ့ ညီအစ်မ ခုနစ်ယောက်က ပိုပိုပြီး အားကောင်းလာပြီး အစ်မအကြီးဆုံးကို ချိတ်ပိတ်လိုက်ကြတယ်... အစ်မအကြီးဆုံး ကျွန်မကို မွေးပြီး မကြာခင်မှာပဲ သူတို့က အစ်မကို အတင်းသတ်ပစ်တာ"

"အစ်မ ခုနစ်ယောက်က ပိုသန်မာချင်ပေမယ့် သူတို့ရဲ့ ခွန်အားက ပျမ်းမျှပဲ... တစ်ယောက်နဲ့တစ်ယောက် ဘာမှလုပ်လို့ မရဘူး သူတို့အားလုံးမှာ တူညီတဲ့စိတ် ရှိတယ် ဘယ်သူကမှ တခြားသူတွေရဲ့ စိတ်ကို မပြောင်းလဲနိုင်တော့ဘူး"

"ဒါကြောင့် ကျွန်မတို့ ငြိမ်းချမ်းပြီး သဟဇာတဖြစ်အောင် နေထိုင်နိုင်ခဲ့တယ်... မကြာသေးခင်ကမှ ကမ္ဘာကြီးက သိသိသာသာ ပြောင်းလဲသွားပြီး နတ်တောင်ကြီးလည်း ပြောင်းလဲလာတယ်....အစ်မတွေရဲ့ မှော်စွမ်းအားတွေကလည်း အများကြီး လျော့သွားပြီး သူတို့ကြားက ဆက်စပ်မှုတွေ အများကြီး နည်းသွားတယ်..."

“လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဒီအချိန်မှာ ကျောက်ပြားကြီးတစ်ချပ် နတ်တောင်ပေါ်ကို ပျံသန်းလာခဲ့တယ်....အစ်မတွေက သူတို့အတွက် အခွင့်အရေးလို့ ထင်ခဲ့ကြပေမယ့် အခုချိန်မှာတော့ သူတို့မှာ မှော်အစွမ်း မလောက်ငှလို့ တစ်လုံးတည်းနဲ့ ပြန်ပေါင်းဖို့ပဲ တတ်နိုင်တော့တယ်.... နောက်ဆုံး လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ကျောက်ပြားရဲ့ တည်နေရာကို ကျွန်မ သိလိုက်ပေမယ့် နားလည်ဖို့ ခွန်အားတွေက ဘယ်သူမှ မရှိခဲ့ဘူး"

“ဒါကြောင့် စည်းလုံးဖို့က အရေးကြီးတယ်... နောက်ဆုံးတော့ လူသားကျင့်ကြံသူတွေရဲ့ အနစ်နာခံမှုတွေနဲ့ သွေးတွေကို အသုံးချပြီး ကျောက်​ပြားကြီးရဲ့ ဖမ်းဖို့ လူတစ်ယောက်တည်း ဖြစ်လာအောင် ပေါင်းစည်းဖို့ အခွင့်အလမ်းတစ်ခု ပေါ်လာခဲ့တာ"

"အဲဒါကြောင့် ကျွန်မတို့မှာ ဒီအစီအစဉ်ရှိတယ်.... အဆုံးအထိ အသက်ရှင်နေတဲ့သူတွေသာ အရာအားလုံးကို ရနိုင်ပြီး ကျောက်​ပြားကိုလည်း ရနိုင်မှာ"

လုရွှမ် သူ့မျက်ကြောတွေကို ပွတ်သပ်လိုက်ပေသည်။ ဒီနေ့ နတ်တောင်ပေါ်ရှိ အရာအားလုံးဟာ ဒီဝိညာဉ်မိန်းကလေး ခုနစ်ယောက်ကြောင့် ဖြစ်လညလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပါဘူး။ သူမသည် နတ်ဘုရားမ ကဲ့သို့မဟုတ်ဘဲ မနာလိုဝန်တိုသော မိန်းကလေးများသာ ဖြစ်သည်။

"ဒါဆို မင်းလည်း ကျောက်ပြားကို လိုချင်တာလား"

"ဝူးဝူး...ကျွန်မ မလိုချင်ပါဘူး... ကျွန်မ သေလည်း မသေချင်ဘူး... အစ်မအကြီးဆုံးက ကျွန်မကိုမွေးလာတာကို သူတို့ တွေ့တယ်... ကျွန်မ မသေချင်ဘူး!"

လုရွှမ် ခဏလောက် တွေးပြီးမှ ပြောလိုက်သည်။

"စိတ်မပူပါနဲ့ မင်းမသေပါဘူး... ကောင်းကင်စာအုပ်က မြေကမ္ဘာကို သွားဖို့အတွက် လမ်းကြောင်းဖွင့်ပေးလို့ မရဘူး ဒါ့အပြင် ကောင်းကင်စာအုပ်ကို ရဖို့ဆိုတာ လွယ်လွယ်နဲ့ မဖြစ်နိုင်ပါဘူး... သူ့ဆီမှ အသိအမှတ်ပြုပြီး ကြိုးစားနေမှသာရမှာ... မဟုတ်ရင် နည်းလမ်း မရှိဘူး"

"စကားမစပ်... အရမ်း တန်ခိုးကြီး ရောင်ဝါကြီးပြီး အရမ်း ထူးဆန်းတဲ့ လူတစ်စုကို မင်းမြင်လိုက်လား..."

"အိုး ရှင်ပြောတာ အဲဒီလူအုပ်စုလား... သူတို့ ဘယ်ကလာမှန်းတော့ ကျွန်မလည်း မသိဘူး.... သူတို့က နတ်တောင်ရဲ့ ပင်ကို နေရာအလယ်မှာ တိုက်ရိုက် ပေါ်လာတာ... သူတို့က အရမ်း တန်ခိုးကြီးတာနောကိ သူတို့ နှစ်ယောက်ထဲက ၂ယောက်ဆိုရင် မျှော်စင်နယ်ပယ်ကို ဖြတ်သွားပုံရတယ်.... ကျွန်မ အစ်မတွေ​တောင်​ မချဉ်းကပ်​ရဲဘူး!"

လုရွှမ် အင်္ကျီပေါ်မှ အေးစက်သော ချွေးများ ထွက်ကျလာခဲ့သည်။ သူထင်ထားတဲ့အတိုင်း သေချာနေ၏။ ထိုလှောင်အိမ်သခင်များထဲတွင် မျှော်စင်နယ်ပယ်ကို သာလွန်သော သခင်များ ရှိနေပေသည်။ ကံကောင်းထောက်မစွာနဲ့ သူတို့ တောင်တစ်သောင်းကမ္ဘာမှာ ရှိတုန်းက လျှို့ဝှက်ဆန်းကြယ်တဲ့ မြေအောက်နန်းတော်ကို စွဲလမ်းနေခဲ့တာကြောင့် မပေါ်လာခဲ့ပေ။

မဟုတ်ရင် သူတို့ လှုပ်ရှားပြီးတာနဲ့ တောင်တစ်သောင်းကမ္ဘာက တိုက်ရိုက် ပြိုကျသွားလိမ့်မယ်။ ဒီလူတွေက နတ်တောင်ရဲ့ အတွင်းပိုင်း နေရာကို ရောက်နေ​ကြပြီ။ သူတို့နောက်ကွယ်က အန္တရာယ်ဟာ ကြီးမားတယ်လို့ တွေးကြည့်နိုင်ပါ၏။

"လုရွှမ် မင်းဘာတွေ စဉ်းစားနေတာလဲ ငါမင်းကိုခေါ်နေတာ ကြာပြီ"

ပေါင့်တာထင်းဘက်က အသံထွက်လာ၏။ လုရွှမ် မော့ကြည့်လိုက်တော့ ဖုန့်ဖေး၊ သွမ့်ရှင်းဟယ်နဲ့ တခြားသူတွေက သူ့ကိုကြည့်နေတာကို တွေ့လိုက်ရ၏။

"တောင်းပန်ပါတယ် ကျင့်ကြံရေး ကိစ္စတစ်ခုကို ရုတ်တရက် တွေးမိပြီး ခဏလောက် စိတ်ရှုပ်သွားလို့ပါ...."

လုရွှမ်က ပြုံးပြီး သူ့လက်နဲ့ အားလုံးဘက်သို့ ဦးညွှတ်လိုက်သည်။

"အစ်ကိုလု ဒီနေရာမှာတောင် ကျင့်ကြံမှု ကိစ္စကို တကယ်ပဲ တွေးကြည့်နိုင်တယ်.... ခွန်အားက အရမ်းထူးကဲပြီး သန့်စင်​နေတာ အံ့သြစရာတော့ မရှိပါဘူး... ကျွန်တော်တော့ လေးစားမိပါတယ် သူ့ကို လေးစားမိပါတယ်"

သွမ့်ရှင်းဟယ်ကလည်း ပြုံးပြီး ပြောလိုက်သည်။

"မင်းကို စိတ်အနှောင့်အယှက် ​ပေးမိလို့ စိတ်မကောင်းပါဘူး.... ဒါပေမဲ့ အခုက ပြဿနာ ရှိလာပြီ... ရှေ့က လမ်းက လမ်းနှစ်ကြောင်း ခွဲထားတယ် ဘယ်လမ်းသွားရမလဲ သူတို့ကို ဖော်ထုတ်ဖို့ သခင်လေးလုရွှမ်ရဲ့ အကူအညီ လိုနေပါတယ်"

လုရွှမ် သေချာကြည့်လိုက်တော့ ရှေ့က လမ်းနှစ်လမ်းက စိမ်းစိုနေပြီး သူတို့ဝင်လာတဲ့ လမ်းနဲ့ မတူတာမျိုး မရှိပါဘူး။ လုရွှမ်လည်း သွမ့်ရှင်းဟယ်ကို တစ်ချက်ကြည့်လိုက်ပြီး

"အိုး.... မိတ်ဆွေရှင်းဟယ်ရော ဘယ်လိုထင်လဲ မသိဘူး...."

'အစ်ကိုပေါင့် ဒီကောင်က နတ်ဝိညာဥ်မိန်းမရဲ့ လမ်းညွှန်မှုကို ခံရတယ်လို့ မင်းပြောတယ်မလား... သူငါ့ကို မေးတာ ဘာသ​ဘောလဲ"

'ငါမသိဘူး... ဒါစမ်းသပ်မှုတစ်ခု ဖြစ်နိုင်တယ်'

'ငါ့ကို လာစမ်းလား သူ့ကို စမ်းတာလား... '

သွမ့်ရှင်းဟယ်သာ လုရွှမ်ကို စမ်းသပ်ရင် ရိုးရှင်းတယ်လို့ ဆိုနိုင်ပေမယ့် နတ်ဝိညာဥ်မိန်းကလေးသာ သွမ့်ရှင်းဟယ်ကို စမ်းသပ်ရင်တော့ ပြဿနာက ကြီးသွားလိမ့်မယ်။

သူမေးပြီးသော် သွမ့်ရှင်းဟယ်က ခေါင်းယမ်းရင်း ဆိုလိုက်လေသည်။

"မသိဘူး.... ငါ့ရဲ့အခင်းအကျင်း ဖွဲ့စည်းပုံစွမ်းရည်က ညံ့ဖျင်းတာလည်း ဖြစ်နိုင်တယ် ငါ့မှာ သဲလွန်စတွေရှိတယ် ဒါပေမဲ့ ဘယ်ဟာကို လိုက်နာရမှန်းမသိဘူး နောက်ဆုံးတော့ ဒါက လူတိုင်းရဲ့ အသက်နဲ့ဆိုင်တယ်လေ... ငါလည်း သတိလက်လွတ် ဆုံးဖြတ်ချက် မချရဲဘူး..ယ"

"ဒါဆို ငါရွေးချယ်မှုမှားရင် ဘာဖြစ်မလဲ...ယ ရိုးရိုးသားသား ပြောရရင် ဒီကိစ္စက အရမ်းအရေးကြီးတယ်လေ... ငါလည်း အလျင်စလို ဆုံးဖြတ်ချက် မချရဲဘူး...."

လုရွှမ်လည်း တွန့်ဆုတ်ဟန်ဆောင်ကာ ပြန်မေးလိုက်၏။ ထိုအခါ သွမ့်ရှင်းဟယ် မျက်နှာပေါ်တွင် ပြင်းထန်သော အလင်းတန်းတစ်ခု လင်းလက်သွားပေသည်။

"ဒါဆို လူတွေကိုပဲ စမ်းကြည့်ခိုင်းရမှာပေါ့!"

ဒါက အရမ်းရက်စက်တဲ့ ရွေးချယ်မှုပင်။ ဒါပေမဲ့ မှန်ကန်တဲ့ နည်းလမ်းလို့လည်း ဆိုနိုင်ပါ၏။ အောင်မြင်ပြီးတာနဲ့ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို လိုချင်တဲ့သူပဲ ဖြစ်ဖြစ်၊ အဆုံးအဖြတ် ပေးမယ့်သူပဲ ဖြစ်ဖြစ် အားလုံးက ပြတ်သားတဲ့လူဖြစ်ရမယ်။ အဲဒါက သူတို့အတွက် အကျိုးစီးပွားအတွက် ရွေးချယ်မှုတစ်ခုပဲ။

All Chapters