လိမ်လည်ခြင်း
Vol. 100 Ch. 4.1008
လုရွှမ် စိတ်ထဲမှာတော့ ရှန်ရှို့ကို ဆက်သွယ်နေသည်။
"ရှန်ရှို့ မင်းရဲ့အစ်မတွေ ကိုက်စားခံရတဲ့အခါ မင်းလည်း ခွန်အားတွေရလာမှာ မဟုတ်လား"
"ဟုတ်တယ် ညီအစ်တစ်ယောက် ဆုံးရှုံးလိုက်တိုင်း သူ့စွမ်းအင်တွေက ကျွန်မတို့ဆီ လွှဲပေးလိမ့်မယ်"
လုရွှမ် ပြုံးလိုက်ပြီး "အခု မင်း နတ်ခေါင်းလောင်းထဲမှာ ပုန်းနေတော့ မင်းအစ်မ မင်းကို မမြင်ရဘူး မဟုတ်လား?"
ရှန်ရှို့ဆီက အနည်းငယ် ကျေနက်သွားသည့် အသံတစ်သံ ထွက်လာခဲ့သည်။
"ဒီခေါင်းလောင်းလေးက အရမ်းမှော်ဆန်တယ်
.. နတ်ဘုရားရဲ့ အငွေ့တချို့ကို အတုယူထားတာ ဖြစ်နိုင်တယ်... အဲဒီထဲမှာ နေနေတဲ့အချိန်မှာ သူမ ကျွန်မရှိတယ် ခံစားလို့မရဘူး... ဒါပေမဲ့ ကျွန်မကတော့ သူ့ကိုမြင်ရတယ် ဟီးဟီး"
"ဒါဆို မင်းသူ့အမူအရာကို မြင်ရမလား"
"မြင်ရတယ်လေ"
"အရမ်းကောင်းတယ်... သူမက ဘယ်လမ်းကြောင်း ရွေးရမယ်ဆိုတာ သိထားလိမ့်မယ်.... ပြီးတော့ ငါ လမ်းကြောင်းရွေးပြီးရင် မင်းအစ်မရဲ့ အမူအရာကို ကြည့်ပြီး ငါ့ကိုပြောပြ... နားလည်လား"
"သြော် ကျွန်မ နားလည်ပါပြီ... လုရွှမ်က လှည့်စားတော့မယ်!!"
လုရွှမ်လည်း သူ့စိတ်ထဲမှ မှော်ဆန်တဲ့ မိန်းကလေးကို လက်ထဲမှာ ကိုင်ထားရတာကြောင့် တစ်ဖက်လူကို မလှည့်စားလို့ ဘာလုပ်ရမှာလဲ။
လုရွှမ်က ခဏကြာအောင် တွေးတောဟန်ဆောင်ကာ သူသိကြောင်းပြရန် ခေါင်းညိတ်ရင်း သွမ့်ရှင်းဟယ်ဘက် ကြည့်၍ ပြောလိုက်သည်။
"ငါနားလည်သလောက်ဆို ဒီလမ်းက ငါတို့ခရီးပုံစံနဲ့ ပိုသင့်တော်တယ်.... အခုနက လျှောက်ခဲ့တဲ့ လမ်းအတိုင်း ဒီလမ်းက အသက်ဝင်နေပေမယ့် နောက်တစ်လမ်းက မထင်မရှားနဲ့...."
သွမ့်ရှင်းဟယ် ခဏလောက်စဉ်းစားပြီး မေးလိုက်သည်။
"သေချာလား?"
သူစိမ်းတစ်ယောက်ကို ပေါ့ပေါ့တန်တန် ယုံကြည်ခဲ့မယ်ဆိုရင် ဒီနေ့ သွမ့်ရှင်းဟယ်ဆိုတာ ရှိနေမှာ မဟုတ်ချေ။ လုရွှမ်ရဲ့ စိတ်ထဲမှာတော့ ရှန်ရှို့အသံက ထွက်လာ၏။
"တတိယအစ်မက စိတ်သက်သာရာ ရသွားသလိုပဲ ပြုံးပြီး ရှင့်ကို သေချာကြည့်နေတာ.. သူမက ရှင့်ကို နည်းနည်းတော့ သဘောကျနေသလိုပဲ"
လုရွှမ်က အသာချောင်းဆိုးလိုက်ပြီး။
"ဒီကမ္ဘာကြီးမှာ သေချာတဲ့ အရာတွေ မရှိပါဘူး... တကယ်တော့ လောကကြီးမှာ အရာအားလုံးက အတော်လေး ဆက်စပ်နေတယ်လေ တစ်ခါတလေ ကောင်းတယ် တစ်ခါတလေ ဆိုးတယ် ဒါက အပြောင်းအလဲပဲ.... အခုလည်း အတိအကျ ပြောနိုင်တာက ဒီလမ်းက ငါတို့ရဲ့နှစ်ရာနဲ့ချီ လေ့ကျင့်မှုအတွက် သင့်တော်တယ်"
"ကောင်းပြီ.... ဒါပေမဲ့ အဲဒါကို စမ်းကြည့်ဖို့ တစ်ယောက်ယောက် ရှာရအောင် ဟုတ်တယ်မလား"
ထိုအမေးကြောင့် လုရွှမ် ပြုံးလိုက်သည်။
"အစ်ကိုသွမ့် လက်ရှိအခြေအနေနဲ့ လူတွေကို စမ်းသပ်ဖို့ ခွင့်မပြုချင်ဘူး... ရှေ့တိုးရမှာဖြစ်ဖြစ် ဆုတ်ခွာရမှာပဲ ဖြစ်ဖြစ် တခြား ရွေးချယ်စရာ မရှိဘူး.... လူတွေကို စမ်းသပ်ကြည့်တာက တခြားအဖွဲ့ကို ခွဲထုတ်လိုက်တာနဲ့ ဘာကွာတော့မှာလဲ?"
သွမ့်ရှင်းဟယ်လည်း ပြုံးပြီး ခေါင်းခါလိုက်၏။
"ဟုတ်တယ်... ဒီစမ်းသပ်မှုကို ငါတို့ကိုယ်တိုင် ဖြတ်ကျော်ဖို့ လိုတယ် ကောင်းပြီ ဒီလိုဆိုရင် ငါတို့အသက်ကို အစ်ကိုလုလက်ထဲ အပ်ထားလိုက်ပါပြီ သွားရအောင်"
ထိုစကားကို ပြောပြီးနောက် သူသည် သတ္တိရှိစွာ ရှေ့သို့ လျှောက်သွားခဲ့သည်။ ဒီလူဟာ အမြဲတမ်း ဆိုးညစ်တဲ့ ရည်ရွယ်ချက်တွေ ရှိခဲ့တယ်ဆိုတာ မသိခဲ့ရင် သူ့ရဲ့သတ္တိပေါ် မူတည်ပြီး သူတို့ကို အခွင့်ကောင်း ယူချင်နေတာဆိုတာ မသိခဲ့ဘူးဆိုရင် သူနဲ့ သူငယ်ချင်း ဖြစ်သွားနိုင်ပါသည်။
လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီးပြီမလို့ အဲဒီလမ်းကို ဆက်သွားသင့်နေပြီ။ လူတိုင်း စိတ်မသက်မသာဖြစ်နေကြသော်လည်း မြေပြန့်၌ လျှောက်သွားနေသကဲ့သို့ စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာသွားရာ လူတိုင်းလည်း သူ့ကို သဘောကျစွာ အံ့သြစွာ ကြည့်နေကြသည်။
ပေါင့်တာထင်းရဲ့ အသံက သူ့နံဘေးမှ ထွက်ပေါ်လာခဲ့သည်။
"ဒီမှာ သရဲမရှိဘူးလို့တော့ ငါ့ကို မပြောနဲ့"
"သေချာပေါက် ရှိတာပေါ့.... ငါမင်းကို လောလောဆယ် မပြောပြသေးဘူး... နောက်မှပျော်စရာလေး ကြည့်ကြတာပေါ့"
လုရွှမ်ဟာ အခင်းအကျင်း ပညာ၌ အကောင်းဆုံး မဟုတ်ပေ။ အနည်းဆုံးတော့ ရားရား ယှဉ်လျှင် သူက နောက်ကျကျန်နေခဲ့သေးသည်။ သို့သော် ကျင့်ကြံမှု နယ်ပယ်နဲ့ ပတ်သက်ရင် သူကတော့ ထိပ်တန်းသခင်ပါပဲ။
ရွေးချယ်မှုတစ်ခု ရှိလာသည့် အခါတိုင်း လုရွှမ်သည် မှန်ကန်သော လမ်းကြောင်းကို တိုက်ရိုက် ညွှန်ပြနိုင်သည်။ သို့မဟုတ် အနည်းဆုံး ဖြစ်နိုင်ခြေ အများဆုံးနှစ်ခု သို့မဟုတ် သုံးခုကို ရွေးချယ်နိုင်မှာပဲ ဖြစ်သည်။
ထို့နောက် လှည့်စားရာတွင် ရှန်ရှို့၏ အကူအညီဖြင့် သူသည် မှန်ကန်သော လမ်းကြောင်းကို သဘာဝအတိုင်း ရွေးချယ်ခဲ့ပြီး အတားအဆီးမရှိဘဲ ရှေ့သို့ဆက်သွားခဲ့သည်။
အစပိုင်းမှာတော့ လူတိုင်းက အနည်းငယ် စိုးရိမ်ခဲ့ကြပေမယ့် လမ်းဆုံလမ်းခွတွေကို အထပ်ထပ်ဖြတ်သန်းပြီးနောက် အရာအားလုံးဟာ ချောမွေ့လာခဲ့ရာ လူတိုင်းရဲ့ မျက်လုံးများလည်း တောက်ပလာခဲ့သည်။
လုရွှမ်ရဲ အခင်းအကျင်း ဆရာကြီးဆိုသည့် ဘွဲ့သည် အမှန်ပင် စစ်မှန်သည်။ ဒီစွမ်းရည်က အံ့မခန်းပါပဲ။ သွမ့်ရှင်းဟယ် ယခုအချိန်အထိ လမ်းလျှောက်ရင်း စိုးရိမ်နေသော်လည်း ရွေးချယ်မှုများစွာ ပြုလုပ်ပြီးနောက်တွင် လုရွှမ်သည် အမှန်တကယ် အမှားအယွင်း မရှိခဲ့ပေ။
လုရွှမ်နှင့်ပတ်သက်ပြီး သူ့အတွေးများဟာ ထိုကဲ့သို့သောလူသည် အနာဂတ်တွင် မိတ်ဆွေ မဖြစ်နိုင်သလို ရန်သူလည်း ဘယ်သောအခါမှ ဖြစ်လာမည် မဟုတ်ကြောင်း လျှို့ဝှက်စွာ တွေးထား၏။ အကြောင်းမှာ ကြောက်စရာ ကောင်းလွန်းသည်လေ။
ဖုန့်ဖေးကလည်း လုရွှမ်၏ မျက်လုံးများကို အနည်းငယ် ပိုသဘောကျစွာ ကြည့်လိုက်သည်။ ဆန်းကြယ်ကောင်းကင် အိမ်တော်သည် အခင်းအကျင်း ကောင်းကင်စာအုပ်ဖြင့် စတင်ခဲ့သောကြောင့် သဘာဝအတိုင်း အခင်းအကျင်း ဖွဲ့စည်းမှုများ များစွာကို လေ့လာခဲ့သည်။
သူမသည်လည်း လမ်းကြောင်း တချို့ကို ရွေးချယ်နိုင်၏။ ဒါပေမယ့် အများစုကလည်း စိတ်ရှုပ်နေခဲ့သည်။ လုရွှမ်ဟာ တုံ့ဆိုင်းမှု အခိုက်အတန့်တချို့ ရှိသော်လည်း ခဏမျှ စဉ်းစားပြီးနောက် သူသည် မှန်ကန်သောလမ်းကြောင်းကို အမြဲရှာဖွေနိုင်ခဲ့ပြီး ဘယ်သောအခါမှ အမှားမကျူးလွန်ခဲ့ပေ။
ဒါက လုရွှမ်ဟာ အခင်းအကျင်း ကောင်းကင်စာအုပ်ရဲ့ လက်ရေးစာမူကို ရရှိထားကြောင်းဟု သူမသိခဲ့သည်။ အခင်းအကျင်း ဖွဲ့စည်းခြင်း နည်းလမ်းများကို လေ့လာခဲ့ရပေလိမ့်မည်။ သို့သော် အချိန်တိုလေး အတွင်းမှာပင် သူသည် လျင်မြန်စွာ ကျင့်ကြံနေချိန်တွင် အခင်းအကျင်း ဖွဲ့စည်းမှုဆိုင်ရာ အောင်မြင်မှုများသည်လည်း ယခုလို အားကောင်းသည့် အဆင့်အထိ တိုးတက်လာခဲ့သည်။
ဆန်းကြယ်ကောင်းကင် အိမ်တော်က ဒီလိုလူနဲ့ ရန်သူလုပ်ထားတာ အမှန်တကယ် အဆင်ပြေပါ့မလား။
ဒီတစ်ခါ ပြန်ပြီးရင် ဆန်းကြယ်ကောင်းကင် အိမ်တော်မှာရှိတဲ့ အကြီးအကဲတွေနဲ့ စကားကောင်းကောင်း ပြောသင့်ပြီ ထင်ပါရဲ့။ ထိုသို့သော ပါရမီရှင်ကို တံခါးဝတွင် ထည့်သွင်းသင့်သည်။ သူ့ကို နှင်ထုတ်ပြီး သူ၏ဖြစ်တည်မှုကို ဖျက်ပစ်ရန်မှည အမှန်တကယ်ပင် ဉာဏ်မဲ့သော ရွေးချယ်မှုတစ်ခု ဖြစ်သည်။
အထူးသဖြင့် ဤကောင်းကင်စာအုပ်ကို တစ်ဖက်လူဆီမှ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့ကို ရန်သူလို ဆက်ဆံရန်မှာ အနည်းငယ် ယုတ္တိမရှိပေ။
လူများစွာသည် လုရွှမ်၏ အလားအလာနှင့် ခွန်အားကို အကဲဖြတ်ကာ ၎င်းတို့၏ အနာဂတ်အစီအစဉ်များကို စိတ်ကူးထဲတွင် နက်နက်ရှိုင်းရှိုင်း ရေးဆွဲနေခဲ့ကြသည်။ သို့သော် လုရွှမ်ကတော့ ရှေ့ဆုံးမှနေ၍ လမ်းကြောင်းပေါ်၌ အဆက်မပြတ် လမ်းညွှန်နေသေးသည်။
နောက်ဆုံးတွင် သွမ့်ရှင်းဟယ်က လုရွှမ်ကို ရပ်တန့်ခိုင်းလိုက်သည်။
"ညီနောင်လုရွှမ်.... မင်းရဲ့ကြိုးစား အားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ် ငါ ရှေ့ဆက်ရမယ့်လမ်းကို ပိုင်းခြားနိုင်နေပါပြီ"
အမှန်မှာ ယခင်က သူသည် ဝိညာဉ်မိန်းကလေး ပြန်ပေါ်လာကြောင်း ခံစားခဲ့ရပြီး ဤစမ်းသပ်မှု အောင်မြင်သင့်သည်ဟုလည်း သူနားလည်ခဲ့သည်။ စိတ်ထဲမှာတော့ နည်းနည်းလေးမှ မယုံနိုင်လောက်အောင် ဖြစ်နေ၏။ လုရွှမ်က တကယ် လမ်းကြောင်းမှန်ပေါ် ရောက်နေတာလား ဒါမှမဟုတ် မျက်စိကန်းနေတာလားလို့ စမ်းကြည့်ချင်လို့ စမ်းကြည့်ချင်လို့ ပြောလိုက်တာပင်။
ကံမကောင်းစွာပဲ လမ်းဆုံခုနစ်ခု သို့မဟုတ် ရှစ်ခုကို အလျင်အမြန် ဖြတ်လျှောက်ပြီးနောက် လုရွှမ်သည် ဘာအမှားမှ မလုပ်ခဲ့ရာ သူ့ကို တော်တော်လေး ခံပြင်းသွားစေသည်။
"ကျေးဇူးတင်ပါတယ် သခင်လေးလုရွှမ်... မင်းရဲ့ ဖြောင့်မတ်မှုအတွက် ငါတို့အားလုံးက ကျေးဇူးတင်ပါတယ်"
အသံတစ်သံ ထွက်ပေါ်လာပြီးနောက် တခြားလူတချို့ကလည်း လုရွှမ် နာမည်ကို ကျယ်လောင်စွာ အော်လိုက်ကြသည်။ လုရွှမ်၏ အမူအရာမှာ ထူးဆန်းပြီး အနည်းငယ် ရယ်ချင်သွားသည်။ ထိုအသံသည် ပေါင့်တာထင်း ဖြစ်ကြောင်း သိသာထင်ရှားပါ၏။
"ဟေး... သွမ့်ရှင်းဟယ်ရဲ့ မျက်နှာ အစိတ်အပိုင်းကို ကြည့်ကြည့်လိုက်ဦး... သူ့အဖေ သေသွားတာကျနေတာပဲ..."
"ဒီလိုမျိုး တခြားသူတွေရဲ့ အလင်းတန်းကို ခိုးယူတာ ငါတို့အတွက် တကယ် အဆင်ပြေရဲ့လား"
"ဟေ့ မင်း လုယက်တာမျိုးတော့ ငါ့အကြိုက်ပဲ ဟားဟား"
နှစ်ယောက်စလုံး စိတ်ထဲမှာ ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ သေချာတာကတော့ လုရွှမ်ဟာ အပြင်မှာ ကျိုးနွံပြီး လူတိုင်းကို လက်ပြနှုတ်ဆက် နေတုန်းပါပဲ။ သွမ့်ရှင်းဟယ်ကို ငုံ့ကြည့်လိုက်တော့ တကယ်ကြီး သူ့အဖေသေသွားသလို ဖြစ်နေ၏။
လူတိုင်း ရှေ့သို့ဆက်သွားကာ သွမ့်ရှင်းဟယ်လည်း အံ့သြသွားသည်။ လုရွှမ်ရဲ့ စိတ်ထဲမှာတော့ ရှန်ရှို့ရဲ့ အသံထွက်လာပြီး သူအရမ်းကို စိတ်ဓာတ်ကျသွားကြောင်း ထင်ရှားပေသည်။
"အစ်မနှစ်ယောက် ဆုံးသွားပြီ... အခု ကျွန်မတို့ညီအစ်မ လေးယောက်ပဲ ကျန်တော့တယ်"
အသက်ရှင်နေသေးတဲ့ နောက်ထပ် ၂ယောက် ရှိသေးသည်။ ကြည့်ရတာ တခြားအဖွဲ့တွေထဲမှာ တကယ်ပဲ ပုန်းနေတဲ့ နဂါးတွေနဲ့ ကျားဝပ်နေတဲ့ ကျားတွေ ရှိနေပုံပဲ။