← Chapters

ဒုက္ခသုံးခု

Vol. 100 Ch. 4.1009

ဒုက္ခသုံးခု

Vol. 100 Ch. 4.1009

အားလုံး ရှေ့ကို ဆက်သွားသည်။

"လုရွှမ်.... တတိယအစ်မက နောက်စမ်းသပ်မှုက မြေဆွဲအား ဖိအားတဲ့ ခွန်အားမပြည့်တဲ့သူတွေကတော့ သေတဲ့အထိ ကြေမွသွားလိမ့်မယ်လို့ ပြောတယ် ဟေး ခန္ဓာကိုယ်ကို လောင်ကျွမ်းစေမယ့် မီးတောက်တွေလည်း ရှိလာလိမ့်မယ်တဲ့ လေပြင်းတွေလည်း တိုက်လိမ့်မယ်...စမ်းသပ်မှုကို သုံးခု တွဲလုပ်ရမယ်"

"အိုး တတိယအစ်မက နောက်ဆုံးနေရာက ဒီနားနဲ့ နီးနေပြီလို့ ပြောတယ်... ဒါပေမဲ့ ရှင်တို့အဖွဲ့ထဲမှာ လူတွေကများလွန်းတယ် ဒါကြောင့် လူတစ်စုကို သတ်လိုက်တာက အကောင်းဆုံးပဲတဲ့"

လုရွှမ်၏ မျက်လုံးများတွင် အေးစက်သွားသော အလင်းရောင်တစ်ခု လင်းလက်သွားသည်။

"နားလည်ပါပြီ ရှန်ရှို့... ကျေးဇူးအများကြီး တင်ပါတယ် "

သူသည် ရှန်ရှို့ဆီက ကြားရသမျှကို ပေါင့်တာထင်းတို့ ဘက်ကိုလည်း ပေးပို့လိုက်သည်။

"စိတ်အေးအေးထား.... မင်းတို့ရဲ့အမူအရာကို မဖော်ပြမိစေနဲ့...."

လူနည်းစုတွင် ပေါ်ဝမ့်ရဲ့ အရည်အချင်းက အညံ့ဆုံးဖြစ်သည်။ ကျန့်ပေက သူ့စွမ်းအင်ကို ထိန်းထိန်းသိမ်းသိမ်း အသုံးပြုခဲ့သော်လည်း အမှန်တကယ် တိုက်ပွဲတွင်တော့ သူမသည် သူမအစ်ကိုကဲ့သို့ပင် အားကောင်းခြင်း မရှိပေ။

၎င်းတို့အား ရှင်းပြနေစဉ်အတွင်း အကာအကွယ် လက်နက်အချို့ကို ကျန့်မောင်နှမနှစ်ယောက်ထံသို့ အသီးသီး ပေးလိုက်သည်။ ဖိနှိပ်မှုကို ခံနိုင်ရည်ရှိပြီးနောက် ကြောက်စရာ အကောင်းဆုံးမှာ အခြားသူများ၏ တိုက်ခိုက်မှုများသာ ဖြစ်သည်။

အကယ်၍ ဤအချိန်၌ မီးတောက်လောင်သော လေပြင်းများ တိုက်ခတ်နေပါက တစ်စုံတစ်ယောက် မတည်မငြိမ် ဖြစ်နေပါက အသားမုန့်ထဲသို့ ကြေမွသွားနိုင်သည်။

"လာပြီ!"

ရုတ်​တရက်​ သူတို့ရင်​ထဲမှာ ခံစားချက်​တစ်​ခု​ ပေါ်လာပြီး ​နောက်​အခိုက်​အတန့်​မှာ ကြီးမား​သော စွမ်းအားတစ်​ခုက သူတို့အပေါ် ဝုန်းခနဲ အုပ်မိုးလာခဲ့လေသဘ်။ တစ်စုံတစ်ယောက်သည် ကြီးမားသော တောင်ကြီးကို ရုတ်တရက် ပစ်ချလိုက်သည့် အတိုင်းပဲမလို့ လူများအား သွေးအန်ချင်စိတ်ကို ချက်ချင်း ဖြစ်ပေါ်သွားစေသည်။

သို့သော် လုရွှမ်သည် ယွမ်ယန်၏ စွမ်းအား လမ်းကြောင်းနှစ်ခုကို ပေါ်ဝမ့်နဲ့ ကျန့်ပေတို့၏ ခန္ဓာကိုယ်အတွင်းသို့ အသီးသီး ထိုးဖောက် သွားစေခဲ့သည်။ ဤတိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုမှာ ပြင်းထန်လွန်းသဖြင့် ခံနိုင်ရည် မရှိလောက်ပေ။ ကျန့်နမ်ကတော့ အတင်းအကြပ် တောင့်ခံထားနိုင်၏။

ပထမအကြိမ် ထိုးနှက်မှုကို ခံနိုင်ရည်ရှိပြီးနောက် ချက်ချင်းဆိုသလို ပိုကောင်းလာတယ်လို့ ခံစားလာရသည်။ လုရွှမ်က သူ့နောက်ကျောကို တည့်တည့်မတ်မတ် ထားပြီး ပေါ်ဝမ့်နဲ့ ကျန့်ပေကို တစ်ချက် ကြည့်လိုက်သည်။ သူတို့က ဒူးထောက်ထားကြသော်လည်း လုရွှမ်ကို ကျေးဇူးတင်ကြောင်းနှင့် ရင်းနှီးသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

သူ့အဖေတောင် ဒီလိုအခြေအနေမျိုးမှာ မငဲ့ညှာလောက်ပေ။ ဖိအား များလာသောအခါတွင် ဆရာသခင်က ကာကွယ်ပေးခဲ့သည်။ ဒီကြင်နာမှုကို ဘယ်တော့မှ မေ့ပျောက်မည် မဟုတ်ဟု သူ့ကိုယ်သူ တွေးလိုက်မိသည်။ မှော်လက်နက်ကို ဖြည်းညှင်းစွာ အားကိုးရင်း ပေါ်ဝမ့် မတ်တပ်ထရပ်လိုက်သည်။

နောက်ဆုံးတွင် ဤစွမ်းအားသည် အလွန်ပြင်းထန်ခြင်း မရှိပါ။ ဆိုလိုသည်မှာ ၎င်းသည် မျှော်စင်နယ်ပယ် တတိယ အဆင့်ဝန်းကျင်၏ စွမ်းအားနှင့် ညီမျှ​ပေသည်။ ဤဖိအားမျိုးကို ကိုင်တွယ် ဖြေရှင်းဖို့က မခက်ခဲချေ။ ပေါ်ဝမ့်၏ အင်အားမှာ အနည်းငယ် အားနည်းသော်လည်း မှော်လက်နက်၏ ပံ့ပိုးမှုဖြင့် ၎င်းကို ခံနိုင်ရည်ရှိနေဆဲ ဖြစ်သည်။

အမှန်တော့ သူသည် ထန်းအယ့်ကြယ်က ကြယ်ပွင့်ငယ်သခင် ဖြစ်တာမို့ သူပိုင်ဆိုင်သော ရတနာများသည် မည်သူမဆို စိတ်ကူးယဉ်နိုင်တာထက် ကျော်လွန်နေပါပြီ။ ပေါင့်တာထင်းကတော့ ပြောစရာမလိုအောင် အဆင်ပြေပါသည်။

သူတို့က အလွန်အေးချမ်းသော်လည်း သူတို့ပတ်ဝန်းကျင်ရှိ လူတိုင်းရဲ့ အခြေအနေမှာ ပိုဆိုးလာသည်။ အထူးသဖြင့် ပထမအကြိမ်တွင် သတိပေးချက်မရှိဘဲ ထိုးနှက်ချက်ကြောင့် လူအများအပြား ထိခိုက်ဒဏ်ရာ ရသွားခဲ့သည်။

သူတို့ ဒဏ်ရာတွေ ရနေစဥ် အနောက်ကနေလည်း ဖိအားတွေ ဝင်လာတာကြောင့် သူတို့ အားလုံးကို ချက်ချင်းကို ကြေမွသွားတော့သည်။ သွေးတွေ ထွက်လာပြီး မြေကြီးပေါ် ကျသွားခဲ့ရာ လမ်းကြောင်း​​ပေါ်မှ တိုက်ရိုက် ပစ်ချခံလို​က်ရတာမို့ စိမ်းလန်းသော ရေဘောလုံးအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။

ဒီတိုက်ခိုက်မှုကြောင့် လူငါးပုံတစ်ပုံနီးပါး လဲကျသွား၏။ သူတို့ထဲက အများစုဟာ သွမ့်ရှင်းဟယ်ရဲ့ လူတွေ ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ ဆန်းကြယ်ကောင်းကင် အိမ်တော်ရဲ့ လူတွေလည်း အများကြီး ဆုံးရှုံးလာခဲ့ရသည်။

"သတိထား....ဒုတိယလှိုင်း လာနေပြီ မင်းတို့ရဲ့လက်နက်တွေကို ထုတ်လိုက်"

ပေါ်ဝမ့်သည် အလွန်နာခံစွာဖြင့် သူ့ခန္ဓာကိုယ်ကို ကာကွယ်ရန် သူ၏အကာအကွယ် လက်နက်များကို ချက်ချင်း ထုတ်ပစ်လိုက်သည်။ ကျန့်မောင်နှမနှစ်ယောက်လည်း ထိုနည်းအတူပင် သူတို့ခန္ဓာကိုယ်ကို ကာကွယ်ထားခဲ့ကြသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် စွမ်းအင်မုန်တိုင်း တစ်ခု ပြင်းထန်စွာ ဟိန်းဟောက်သွားလေသည်။ ငရဲမှ ပြေးထွက်လာသကဲ့သို့ လေပြင်းသည် ဓားသွားကဲ့သို့ ပြင်းထန်စွာ တိုက်ခတ်လာခဲ့ရာ လူတိုင်း၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ထစ်လိုက်လေသည်။

"အား....."

ထိုအခိုက် မျှော်စင်နယ်ပယ် အစောပိုင်းအဆင့်တွင် ရှိနေသည့် လူ၏ လက်မောင်းကို လေဓားတစ်လက်က ခုတ်ထစ်သွားပြီး လက်မောင်းကို နှစ်ခြမ်း ခွဲပစ်လိုက်သည်။ မခုခံနိုင်တော့တာကြောင့် သူ့ခန္ဓာကိုယ်က ရုတ်တရက် မတည်မငြိမ် ဖြစ်သွားပြီး ဒူးထောက် ညွတ်ကျသွား၏။

နောက်ထပ် လေဓားတစ်ချောင်းက ထပ်မံ ထိမှန်ပြီး သူ့ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ဖိထားကာ မတ်တပ်မရပ်နိုင်အောင် ဖြစ်သွား​စေသည်။ လေဓားက သူ့ခန္ဓာကိုယ်ကို တစ်ဝက်ထိ ဖြတ်သွားချိန်မှာတော့ သူ့ကိုယ်သူလည်း ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့လေသည်။

နေရာတိုင်းမှာ ဒီလိုပဲ ဖြစ်ပျက်ပြီး အဆုံးမရှိတဲ့ အော်ဟစ်သံတွေ ထွက်လာသည်။ တခါတရံမှာ အော်ဟစ်သံတွေ မကြားရဘဲ လေဓားကြီးနဲ့တင် တိုက်ရိုက် သေဆုံးသွား၏။

လေဓားသည် ကျန့်မောင်နှမနှစ်ယောက်နဲ့ ပေါ်ဝမ့်တို့ ကိုယ်ခန္ဓာအား ဖြတ်သန်းသွားသော်လည်း အကာအကွယ် မှော်လက်နက်ဖြင့် တင်းကျပ်စွာကာကွယ်ထားသောကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

သွမ့်ရှင်းဟယ် လုရွှမ်ကို အံ့အားသင့်စွာ စိုက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ ဖုန့်ဖေးလည်း လူငယ်သုံးယောက်ကို ကြည့်လိုက်၏။ သူတို့သုံးယောက် အကာအကွယ် မှော်လက်နက်ကို ထုတ်ယူချိန်က တိုက်ဆိုင်လွန်းလှသည်။ လုရွှမ်ကို ကြည့်နေတဲ့ သူမမျက်လုံးတွေက ဝေခွဲမရသလို ဖြစ်လာသည်။

ပေါင့်တာထင်းသည် ထိုနေရာတွင် ရပ်နေကာ လေဓားကို ဓားဖြင့် ရိုက်ထုတ်လိုက်ပြီး ၎င်းကို အပိုင်းပိုင်း ခွဲပစ်လိုက်သည်။

လုရွှမ်သည်လည်း တူညီသော နေရာတွင်ပင် ရပ်ကာ လေဓားကို မှုတ်ထုတ်လိုက်သော်လည်း လေဓားသည် သူ့ရှေ့သို့ လွင့်သွားပြီး အလိုအလျောက် ပျောက်ကွယ်သွားကာ လမ်းကြောင်း ပြောင်း၍ ကျန့်မောင်နှမနှစ်ယောက်ဆီ ပစ်ခတ်လိုက်လေသည်။

ဒီလိုဖြစ်တဲ့ အခါတိုင်း သူတို့နှစ်ဦးဟာ သူ့ရဲ့ဆရာ ညွှန်ကြားတဲ့အတိုင်း လေဓားကို လက်နဲ့ ဖမ်းကြလိမ့်မည်။ ပေါ်ဝမ့်တစ်ယောက် အလွန်စိတ်လှုပ်ရှားစွာ ကြည့်နေသော်လည်း သူ့အတွက် ဒီလိုလေဓားမျိုးသည် မျှော်စင်နယ်ပယ်ကို တိုက်ခိုက်ခြင်းနှင့် ယှဉ်နိုင်လောက်အောင် အားကောင်းနေပြီ ဖြစ်လို့ ၎င်းကို ဖမ်းဆုပ်နိုင်ခြင်း မရှိပေ။

လေဓားက ဦးတည်ရာကို ပြောင်းလဲနိုင်သည်။ ၎င်းကို အလိုအလျောက် မမြင်နိုင်စေရန်ပင် ပြုလုပ်နိုင်၏။ ဒါ့ထက် လုရွှမ်ရဲ့ လေပြင်းနိယာမအပေါ် နားလည်မှုသည် အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိသွားခဲ့ပါပြီ။

လုရွှမ်သည် မူလကတော့ လေထိန်းချုပ်မှုကို နားမလည်နိုင်သော်လည်း ကျင့်ကြံမှု ဆက်လက် ကြီးထွားလာသည်နှင့်အမျှ သူ့နားလည်မှုသည်လည်း တဖြည်းဖြည်း နက်နဲလာသည်။ ယခု သူသည် လေပြင်းနိယာမ အဆင့်၇ကို နားလည်ခဲ့ပြီမလို ပထမ လေပြင်းကျောက်ပြာရဲ့ နားလည်မှုကို ပြီးမြောက်တော့မည် ဖြစ်သည်။

ထိုလေဓား၏ စွမ်းအားသည် အမှန်တကယ်ပင် အစွမ်းထက်လှသော်လည်း သူ့အတွက်မူ ၎င်းသည် သူနှင့် မရင်းနှီးနိုင်တော့သော သူငယ်ချင်း တစ်ယောက်ကဲ့သို့ပင်။ ထုံးစံအတိုင်း လုရွှမ်အပေါ် ခြိမ်းခြောက်မှု မရှိပါ။

"မီးလာပြီ!"

လုရွှမ် သတင်းစကားကို လျင်မြန်စွာ ပေးပို့လိုက်သော် ၎င်းတို့ သုံးဦးသည်လည်း မီးကို ခံနိုင်သော မှော်လက်နက်များကို ထုတ်ကာ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဝတ်ထားလိုက်ကြသည်။ ကျန့်မောင်နှမ နှစ်ယောက်ကိုတော့ သူ ပေးထားပြီးသား။ ပေါ်ဝမ့် အတွက်က လုံးဝ စိတ်ပူစရာ မလိုတော့ပေ။ သူ့ရဲ့ တချို့အကာအကွယ် ပစ္စည်းတွေက ချင်ထျန်းဓားထက် မနိမ့်ကျပေ။

ဖုန့်ဖေးကလည်း သူတို့ဘက်ကို အာရုံစိုက်နေခဲ့ပြီး ကျန့်မောင်နှမနှစ်ယောက်ရဲ့ လှုပ်ရှားမှုများကို မြင်သည်နှင့် သူ့ရဲ့ အနီးဆုံး အငယ်တန်း ညီအကို မောင်နှမများထံ သတင်းစကား အမြန်ပို့လိုက်သည်။

ချက်ချင်းပင် မီးတောက်များ လေထုအလယ်မှ ပေါက်ကွဲထွက်ပေါ်လာသည်။ လေဓားနဲ့ပတ်သက်တဲ့ သဲလွန်စတွေ ကပ်ငြိထားတဲ့ ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ထဲက မီးတောက်ကတောက် ဝုန်းကနဲကို ထတောက်သွားသည်။

အပြာဖျော့ဖျော့ မီးအရောင်သည် အလွန်ထူးဆန်းနေပုံ ရသော်လည်း အပူချိန်က အလွန်ပူပြင်းပြီး နှလုံးနှင့် ဝိညာဉ်ကို တစ်ပြိုင်တည်း ပြာကျ လုနီးပါးအထိ လောင်ကျွမ်းသွားစေသည်။

လုရွှမ် အံ့ဩသွား၏။ ဤမီးသည် ထူးဆန်းသော မီး​တောက်မျိုး မဟုတ်သော်လည်း ထူးဆန်းသော မီးအဆင့်နှင့် အလွန်နီးကပ်နေသော အဆင့်မြင့် မီးဖြစ်သည်။ အကာအကွယ် မရှိရင် တားမြစ်လူသား အဆင့်အောက်က လူတွေသေမှာ သေချာတယ်လို့ ပြောလို့ရပါသည်။

မျှော်စင်နယ်ပယ်မှ လူများသည်လည်း ထိုမီးတောက်များကြောင့် ၎င်းတို့၏ အကာအကွယ် မှော်လက်နက်များပင် လောင်ကျွမ်းသွားခဲ့သည်။

တစ်ယောက်ပြီး တစ်ယောက်ဆီက အော်သံတွေ ထွက်လာခဲ့သော်လည်း ဒီတစ်ကြိမ်မှာတော့ ဆန်းကြယ်ကောင်းကင် အိမ်တော်က လူတွေဆီက များလေသည်။ ၎င်းတို့သည် အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှုကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ပြုလုပ်ပြီးနောက်တွင် ၎င်းတို့၏ သတိထားမှုကို ဖြေလျှော့လိုက်တာကြောင့် ယခုအခါ ပြင်းထန်သော မီးဖိအားတို့ကို ရင်ဆိုင်နေရလေသည်။

All Chapters