← Chapters

ရှင်းသွားပြီ

Vol. 100 Ch. 4.1010

ရှင်းသွားပြီ

Vol. 100 Ch. 4.1010

ဒီလို ပြင်းပြင်းထန်ထန် ထိုးကျလာတဲ့ မီးတောက်ကြီး တက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ ဘယ်သူကမှ မမျှော်လင့်ထားခဲ့ပါဘူး။

သွမ့်ရှင်းဟယ်ဘက်မှ လူများသည် သွမ့်ရှင်းဟယ်၏ အကူအညီဖြင့် ခုခံမှုအားလုံးကို တွန်းထုတ်နိုင်ခဲ့သည်။ ထို့အပြင် သူတို့ဘက်မှ လူအများစုတို့သည် နတ်မီးနယ်ပယ်၌ ရှိကြသော်လည်း အားလုံးတို့သည် အစောကတည်းက ကွယ်လွန်သွားကြပြီး ကျန်ရစ်သူအများစုမှာ မျှော်စင်နယ်ပယ်က အရှင်သခင်များသာ ဖြစ်ကြသည်။

ဆန်းကြယ်ကောင်းကင် အိမ်တော်က လူအများစုသည် နတ်မီးနယ်ပယ်များသာ ဖြစ်သည်။ အတွင်း၌ တားမြစ် လူသားများနှင့် တားမြစ်မြေကြီး အများအပြားပင် ရှိသည်။ သို့သော် အများစုမှာ တားမြစ်လူသားကို ချိုးဖောက်ချင်နေသည့် နတ်မီးနယ်ပယ်များသာ ဖြစ်သည်။

သူတို့ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူတို့ရဲ့ နယ်ပယ် ချို့တဲ့မှုက သူတို့ကို ဒီမှာ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးကို ဖြစ်သွားစေ၏။ မီးတောက်များ ရုတ်တရက် ထလာသောအခါ အကာအကွယ် တစ်စုံတစ်ရာ မရှိသူများက မီးတောက်ထဲသို့ တိုက်ရိုက် ကျရောက်သွားခဲသည်။

တစ်လှမ်းချင်းလေး နှေးကွေးသွားတာကြောင့် ဆုံးရှုံးမှုက ကြီးကြီးမားမား ဖြစ်သွားသည်။ လေဓားသည် ဒီအခြေအနေကို အခွင့်ကောင်းယူ၍ နင်းချေလိုက်သလို မြေဆွဲအားကလည်း ဖိအားများ တိုးလာရာ မခံနိုင်သူတိုင်း အပိုင်းပိုင်း ကွဲသွားလေသည်။

နောက်ဆုံးတွင် ၎လျင်မြန်စွာ မတ်တတ်ထပြီး သူတို့၏ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် ဆန်းကြယ်ကောင်းကင် အိမ်တော်က ပါရမီရှင်များလည်း ရှိပေသည်။ သို့သော် ယခုအချိန်တွင် သူတို့ခန္ဓာကိုယ်ပေါ်ရှိ နတ်လက်နက်တွေဟာ မီးတောက်ထဲတွင် အရည်ပျော်သွားတာကို တွေ့လိုက်ရသည်။

ကျန့်မောင်နှမနှစ်ယောက်လည်း အနည်းငယ် စိတ်ပူသွားသည်။ လုရွှမ်ပေးသော အကာအကွယ် မှော်လက်နက်သည် ပုံမှန် မဟုတ်သော အရည်အသွေး ကောင်းမွန်ကြောင်း တွေ့ရှိလိုက်ရသည်။ မီးတောက်များက သူတို့ခန္ဓာကိုယ်ကို ထိသွားသော်လည်း မီးတောက်၏ အပူချိန်ကို လုံးဝ မခံစားရပေ။

ဒါတွေအားလုံးကို လုရွှမ် ကိုယ်တိုင် သန့်စင်ထားတာကြောင့် အရည်အသွေးကတော့ သဘာဝအတိုင်း လုံးဝကို ပြိုင်ဘက်ကင်းသည်။ စမ်းသပ်မှုက နာရီဝက်လောက် ကြာသွားသည်။

နောက်ဆုံးတွင် မီး၊ လေဓားနှင့် လေးလံသော ဖိအားများ ပျောက်ကွယ် သွားသောအခါ လူတိုင်း သက်ပြင်းများ ချလိုက်ကြသည်။ အားလုံး မြေပြင်ပေါ်သို့ လဲကျပြီး သူတို့ပတ်ဝန်းကျင်က လွတ်နေတဲ့ နေရာကို ကြည့်လိုက်တော့ သူ့သူငယ်ချင်းဟောင်းတွေက ပျောက်ကွယ်သွားလေပြီ။

မရေတွက်ဘဲ ကြည့်ရုံနဲ့ကို ဆုံးရှုံးမှုတွေက များနေပြီလို့ ပြောလို့ ရသည်။ အခု လူတစ်ရာထက် မနည်းပဲ ကျန်တော့၏။ လုရွှမ်တို့ လူငါးဦးအပါအဝင် ဆန်းကြယ်ကောင်းကင် အိမ်တော်မှာ လူသုံးဆယ်ကျော်သာ ကျန်တော့သည်။

ဖုန့်ဖေး၏ မျက်လုံးများသည် ဒေါသများ​ဖြင့် ပြည့်နှက်နေလေပြီ။ လုရွှမ်သည် ယခင်က ဘယ်လိုလုပ်၍ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခဲ့လဲ သူမ သေချာသိသော်လည်း ဆန်းကြယ်ကောင်းကင် အိမ်တော်ကိုတော့ ဤမျှကြီးမားသော စျေးနှုန်းကို အချည်းနှီး ပေးဆောင်စေခဲ့သည်။

"နတ်သမီး... သွမ့်ရှင်းဟယ် အနားကို ကြည့်လိုက်ပါဦးလား"

ပေါင့်တာထင်းက ရုတ်တရက် ပြုံးလိုက်သည်။ ဖုန့်ဖေး ပေါ့ပေါ့တန်တန် အသံပြုရင်း သွမ့်ရှင်းဟယ်ဘက်ကို ကြည့်လိုက်သည်။ သူ့ဘက်ကဆို လူမရှိတော့သလောက်ပင်။

မီးတောက်များ တိုက်ခိုက် လာသောအခါတွင် အကာအကွယ်ပေးရန် ပြင်ဆင်ထားကြောင်း သူမ ရှင်းရှင်းလင်းလင်း သိသောကြောင့် လုရွှမ်တို့ကို ပြင်းပြင်းထန်ထန် အပြစ်မတင်နိုင်ပေ။

"နတ်သမီး... ငါတောင်းပန်ပါတယ် ဒီဘေးအန္တရာယ်တွေကို ဘယ်သူမှ မမျှော်လင့်ထားပါဘူး.... ကံကောင်းစွာနဲ့ပဲ ငါတို့ရဲ့ ဆုံးရှုံးမှုတွေက သိပ်ကြီးကြီးမားမားတော့ မဟုတ်ပါဘူး"

သွမ့်ရှင်းဟယ်က အတုအယောင်ဆန်တဲ့ စကားအနည်းငယ် ပြောပြီး သူ့စိတ်ထဲတွင်တော့ ရယ်မောလုနီးပါး ဖြစ်နေ၏။

နတ်သမီးဖုန့်ဖေးသည် အမှန်တကယ်ပင် နာမည်ကြီးသော်လည်း သူမသည် မွေးကင်းစမိန်းကလေးသာ ဖြစ်သည်။ ပြင်ပကမ္ဘာတွင်ရှိ အနှောက်အယှက်များ၊ ရန်ပွဲများနှင့် ပူးပေါင်းကြံစည်မှုများထဲ မျက်စိစုံမှိတ် ပါဝင်နိုင်ခြင်း မရှိပေ။

ဒါပေမဲ့ လုရွှမ်ကရော?

သွမ့်ရှင်းဟယ်သည် လုရွှမ်ဟာ အန္တရာယ် မကျရောက်မီတွင် သိသိသာသာ ကြိုတင်မှန်းဆ ထားကြောင်း ရှင်းရှင်းလင်းလင်း ရိပ်မိသည်။ နောက်ဆက်တွဲ ကျူးကျော်လာမှုကို ကြိုမြင်ထားသကဲ့သို့ သူပြုလုပ်ထားသော ကာကွယ်မှုများက အလွန်တိကျသည်။

ဒီစွမ်းရည်က ဘယ်လိုမျိုးလဲ။ ဒါမှမဟုတ် မှော်စွမ်းအား တစ်မျိုးမျိုးလား။

ဖုန့်ဖေးက သူ့အငယ်တန်း မောင်နှမတွေကို နှစ်သိမ့်ပြီး လုရွှမ်အနားကို ဒေါသတကြီး လျှောက်သွားလေသည်။

"နတ်သမီး... သူတို့ကို ကယ်တင်ဖို့ ငါ့မှာ တာဝန်ရှိတယ်လို့ မင်းထင်ရင် မင်းတကယ် နုံအလွန်းတယ်လို့ပဲ ငါပြောနိုင်တယ်"

လုရွှမ် ဖုန့်ဖေးပြောလာမှာကို မစောင့်ဘဲ စိတ်ချလက်ချ ပြောချလိုက်ရာ ဖုန့်ဖေးလည်း ခဏတုံ့ဆိုင်းသွား၏။ ပြောတာ မှန်ပေသည်။ သူက ဆန်းကြယ်ကောင်းကင် အိမ်တော်က လူတွေကို ဘာကြောင့် ကယ်တင်နေရမှာလဲ။

"အခုက စိတ်ဆိုးရမယ့်အချိန် မဟုတ်ဘူး...နောက်လာမယ့် အန္တရာယ်တွေကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာ စဉ်းစားဖို့ပဲ.... အနောက်ကလမ်းက ပျောက်သွားတာကို သတိထားမိလားတော့ မသိဘူး.... အခု ငါတို့က အမြစ်မရှိတဲ့ အပင်တွေ ဖြစ်နေပြီ"

လုရွှမ် ပြောတော့ ဖုန့်ဖေးရဲ့ အမူအရာလည်း ပြောင်းသွားပြီး အနောက်ဘက်သို့ အမြန်ကြည့်လိုက်သည်။ သေချာသည်မှာ လမ်းက ပျောက်ကွယ်သွားပြီး အနောက်ဖက်က သူတို့လျှောက်လာရာ လမ်းသည် တိမ်များ၊ တောင်များနှင့် မြူများ​ဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။

"မင်းတို့ရဲ့ သေရေးရှင်ရေးက ငါနဲ့ ဘာဆိုင်လို့လဲလို့...."

"ဟားဟား မင်းသေချင်နေတာလားလို့ ငါမေးပါဦးမယ် နတ်သမီးဖုန့်ဖေး... ပြတ်ပြတ်သားသား ပြောရမယ်ဆိုရင် မင်းနဲ့ပူးပေါင်းဖို့ သွမ့်ရှင်းဟယ် ကို မင်းဘာကြောင့် ရွေးချယ်ခဲ့တာလဲတော့ ငါ မသိဘူး.... သူ့နောက်ကြောင်းကို မင်းသိလား သူ့မှာအစီအစဉ်ရှိမရှိ မင်း သိလား.... မင်းတို့ရဲ့ ဆန်းကြယ်ကောင်းကင် အိမ်ကြီးကို အမြောက်စားစရာအဖြစ်... မင်းကို သတ္တဝါတစ်ကောင်လို ဆက်ဆံတယ်ဆိုတာ မင်းသိလား"

"စိတ်မဆိုးနဲ့.... အသံအရမ်း မထွက်နဲ့ ငါပြောမယ်.... မင်းသူ့နောက်ကို ဆက်လိုက်မယ် ဆိုရင် မင်းသေချာပေါက် သေမှာပဲ... ဆန်းကြယ်ကောင်းကင် အိမ်တော်က လူတိုင်းကို သူသတ်ပစ်လိမ့်မယ်... သူက အရူးတစ်ယောက်လို ဖြစ်နေပြီ...."

ဖုန့်ဖေးရဲ့ မျက်နှာက အစောကထက်တော့ ပိုကြည့်ကောင်းလာသည်။

"ဘာလို့ဒီလိုပြောတာလဲ"

"အကြောင်းပြချက်က အရမ်းရှင်းပါတယ်... ဒါက နတ်တောင်တန်း အတွင်းက နတ်ဝိညာဥ်တွေကြားက ရုန်းကန်မှုပဲ... ငါတို့တွေနဲ့ ဘာမှမဆိုင်ဘူး သူတို့ဝိညာဉ်တွေက ငါတို့ရဲ့ အသက်ကို ဂရုမစိုက်ဘူး.... သူတို့ရဲ့ အလောင်းအစား ပြီးမြောက်အောင် ငါတို့ကို အသုံးချနေတာ..."

"နားလည်လိမ့်မှာပါ... ဒီစမ်းသပ်မှုတွေ အားလုံးကို တခြားသူတွေက ဖန်တီးထားတာ ငါတို့က နတ်တောင်ပေါ် ရောက်နေတာ... အဲ့ဝိညာဥ်က မင်းကို သေစေချင်ရင် မင်း သေရမယ်!"

"နတ်တောင်....နတ်ဝိညာဥ်?...နတ်ဝိညာဉ်က တစ်ခုထက် ပိုရှိနေတာလား?"

လုရွှမ်က မျက်ခုံးတွန့်ပြလိုက်ပြီး။

"ဒီအချိန်မှာ မင်းကိုပြောပြစရာ မလို​တော့ဘူး ထင်တယ်.... မင်းသိထားရမယ့် အရာက အခုပဲ သွမ့်ရှင်းဟယ်နဲ့ ပူးပေါင်းပြီး ဆက်လျှောက်... သွမ့်ရှင်းဟယ်ကို နောက်ဆုံးပန်းတိုင် ရောက်အောင် ကူညီပေးတာက အကောင်းဆုံးပဲ... ဒါဆို မင်းအသက်ရှင်ချင်ရင် ဝိညာဉ်မိန်းကလေးရဲ့ ဆန္ဒပေါ်မှာပဲ မူတည်တယ်"

ဖုန့်ဖေး မျက်မှောင် ကြုတ်လိုက်သော်လည်း လုရွှမ် ဘာပြောနေမှန်း လုံးဝ နားမလည်ပေ။ ဒါပေမဲ့လည်း သွမ့်ရှင်းဟယ် ဒီလမ်းကို ဘာကြောင့် လျှောက်​နေလဲ မသိပေမယ့် အလွန် ထူးဆန်းနေတာကိုတော့ သူမ သတိထားမိသည်။

သူမသည် လုရွှမ်ရဲ့ ရက်စက်မှုကို မုန်းတီးသော်လည်း သူမ အထင်အမြင်ထဲက သွမ့်ရှင်းဟယ်ထက် စာရင်တော့ များစွာသာလွန်နေသေးသည်။ ယခုအချိန်၌ လုရွှမ်စကားကို နားထောင်လိုက်တာက ပိုကောင်းပေသည်။

သွမ့်ရှင်းဟယ်သည် လူပေါင်းများစွာ၏ လုပ်ရပ်ကို မြင်သော်လည်း ဘာထင်မြင်ချက်မှ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ လူတော်တော်များများ စကားပြောတာကို ကြည့်ပြီးတော့ သူက ပြုံးပြုံးရွှင်ရွှင်နဲ့ ဆိုလာသည်။

"လမ်းပေါ် ဆက်သွားရအောင်"

အခုဖြစ်ပျက်ပြီးတဲ့ နောက်မှာတော့ နှစ်ဖက်ပါတီကြားက ချစ်ကြည်ရေးဟာ လုံးဝပြိုကွဲသွားပါပြီ။ ဖုန့်ဖေး သူ့ကို ဆန့်ကျင်သည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ သွမ့်ရှင်းဟယ် ဂရုမစိုက်ပေ။ ရှေ့ရောက်ရန် လူအလုံအလောက် စုဆောင်းထားပြီး​ပြီ ဖြစ်သည်။

ဝိညာဥ်မိန်းကလေးကိုလည်း အဖွဲ့နှစ်ဖွဲ့သာ ကျန်တော့ပြီး ၎င်းတို့နှင့် အခြားတစ်ဖွဲ့သာ ကျန်ရှိတော့ကြောင်းလည်း အကြောင်းကြားခဲ့သည်။ ဒါပေမဲ့ အဲဒီလူဆယ်ယောက်ထက်မနည်း ရှိရင်တော့ အောင်ပွဲက နီးလာပါပြီ။

သူကိုင်တွယ်ရန် အဖွဲ့တစ်ဖွဲ့သာ ကျန်ရှိတော့ပြီး ထိုအသင်း ကျိန်းသေသေရမည်ဟု ဆို​လေသည်။ မည်သည့်အချိန်တွင် မဆို ဆန်းကြယ်ကောင်းကင် အိမ်တော်မှ ဤလူများသည် သူ့​ရန်သူများ ဖြစ်လာလိမ့်မည်။

ယခုမူ သူ့အဖွဲ့သည် ဆန်းကြယ်ကောင်းကင် အိမ်တော်ထဲက လက်ကျန်လူကို ဖျက်ဆီးရန် အင်အားရှိပြီ ဖြစ်သည်။

All Chapters