လှုံ့ဆော်
Vol. 100 Ch. 4.1011
အဲဒီနောက် လမ်းကြောင်းပေါ်ကနေ ဆက်သွားကြပြန်သည်။ ဖုန့်ဖေးသည် စူးရှသော မျက်လုံးများဖြင့် သွမ့်ရှင်းဟယ်ကို မျက်ခြေမပြတ် စိုက်ကြည့်နေသလို သူ့ရဲ့ ဆရာတူညီအစ်မနဲ့ မောင်တွေကိုလည်း သတိထားဖို့ အမြဲသတိပေးနေသည်။
လုရွှမ်နဲ့ ပေါင့်တာထင်းတို့က မာနကြီးပြီး မကြောက်မရွံ့ ရှိနေဆဲပင်။ ကျန့်မောင်နှမနှစ်ယောက်ဟာလည်း လုရွှမ်နှင့် တွေ့ဆုံပြီးနောက်တွင် သူတို့၏ကမ္ဘာကြီး သိသိသာသာ ပြောင်းလဲသွားကြောင်း သိရှိလိုက်ကြသည်။
တစ်ချိန်က တောင့်တခဲ့သော အရာသည် လက်တွေ့ဖြစ်လာပြီး တစ်ချိန်က တွေးခဲ့သမျှကလည်း အချည်းနှီး ဖြစ်မသွားပေ။ စိတ်ဝိညာဥ်နှင့် ထွက်သက်ဝင်သက်တို့သည် နားမလည်နိုင်သော အနတ္တများ ဖြစ်မယ့်အစား တဖြည်းဖြည်း အစစ်အမှန် ဖြစ်လာသည့် ခံစားချက်ကို ပေးစွမ်းလာသည်။
တစ်ချိန်ကဆို သူတို့ရဲ့ ကျင့်ကြံမှု တိုးတက်လာဖို့ ခက်ခဲတယ်လို့ ခံစားခဲ့ရပေမယ့် အခုချိန်မှာတော့ သူတို့ရှေ့မှာ အမှန်အကန် လုပ်နိုင်နေတာကို တွေ့ရတော့ အံ့သြမိသွားသည်။ မတူညီသောရှုထောင့်မှ ကြည့်လျှင် ကမ္ဘာကြီးတစ်ခုလုံးသည် လုံးဝ ကွဲပြားသွားပြီ။
"အားလုံးပဲ ငါတို့ အဆုံးထိ ရောက်လာပြီ ထင်တယ်... ကြည့်လိုက်!"
သွမ့်ရှင်းဟယ်က သူ့လက်က အဝေးသို့ ညွှန်ပြလိုက်သည်။ သူညွှန်ပြရာဘက်မှာတော့ လေထုအလယ်မှာ လွင့်မျောနေတဲ့ တောင်တန်းကြီး ရှိကာ ၎င်းက လူတွေရဲ့ နှလုံးသားထဲကို အလင်းရောင်တွေ ရောင်ပြန်ဟပ်နေသည့်အတိုင်း တောက်ပနေ၏။
"ဒါက ငါတို့အမြဲတမ်း ရှာချင်ခဲ့တဲ့ နတ်တောင်ကြီးပဲ.... ငါတို့က အဲဒီအတွက် အများကြီး ပေးဆပ်ခဲ့ပြီးမှ နောက်ဆုံးတော့ ဒီကိုရောက်လာခဲ့ပြီ... ငါတို့ရဲ့ ကြိုးစားအားထုတ်မှုတွေက နောက်ဆုံးတော့ အရာထင်သွားပြီ"
လူတိုင်းက မထိန်းနိုင်ဘဲ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ ဒီလမ်းတစ်လျှောက်လုံး ပင်ပင်ပန်းပန်း၊ ခက်ခက်ခဲခဲ လျှောက်လာခဲ့ကြရာ အခုနောက်ဆုံးတော့ သူတို့ရောက်လာခဲ့ပါပြီ။ ခြေထောက်အောက်က လမ်းသည် တွန့်လိမ်လှည့်၍ နတ်တောင်သို့ ပြန့်နှံ့သွား၏။
“မဟုတ်သေးဘူး... လမ်းက ပျက်သွားပြီ”
လူတစ်ယောက်က ရုတ်တရက် ထအော်ကာ သူ့အသံက စူးရှလွန်းတာကြောင့် အားလုံးလည်း အံ့သြသွားစွာနဲ့ လှည့်ကြည့်လိုက်တော့ လမ်းက အလယ်မှာ ကွဲသွားတာကို တွေ့လိုက်ရသည်။
"စိတ်မပူပါနဲ့... ဒီအတွက် အကြောင်းပြချက်က အရမ်းရိုးရှင်းပါတယ် ဘာကြောင့်လဲဆိုရင် ငါတို့ဆီမှာ နောက်ဆုံး ကပ်ဘေးတစ်ခုနဲ့ နောက်ထပ် အဖွဲ့တစ်ဖွဲ့ ရှိနေတာကြောင့်မလို့ သူတို့ကို သတ်ပစ်ဖို့ လိုတယ်... ကျိုးနေတဲ့လမ်းက ဆက်ရှိနေမှာ ဖြစ်ပြီး သူတို့လည်း ဒီမှာပဲ ရှိနေခဲ့သင့်တယ် !"
သွမ့်ရှင်းဟယ်က လမ်းကြောင်းတစ်ခုဆီသို့ ညွှန်ပြလိုက်သည်။ နောက်အခိုက်အတန့်တွင် လူအများအပြားသည် ဝမ်းသာအားရဖြင့် လမ်းကြောင်းမှ ထွက်သွားကြသည်။ ဤနေရာ၌ လှုပ်ရှားနေသည်ကို ခံစားရသဖြင့် ထိုလူများကို လှမ်းကြည့်လိုက်သည်။
ထိတ်လန့်မှု အပြည့်ဖြင့် ဤနေရာက လူများစွာဟာ နောက်ထပ် စမ်းသပ်မှု ရှိနေဦးမယ်လို့ မမျှော်လင့်ထားမိတာ ထင်ရှားပါသည်။ သွမ့်ရှင်းဟယ်ဘက်က လူများဟာ ယခင်အချိန်က သူတို့အားလုံးသည် သူတို့အဖွဲ့ကို ဂရုတစိုက် မှတ်သားခဲ့ကြသည်။ ယခု နောက်ထပ်ရောက်လာသူက လူအနည်းစုသာ ဆိုသော်လည်း လူနှစ်ရာကျော်ရှိနေပြီဟု မမျှော်လင့်ထားပေ။
၎င်းတို့အထဲတွင် ဆန်းကြယ်ကောင်းကင် အိမ်တော့မှ လူအများစုက ကျန်ရစ်ခဲ့၏။ ထိုစဥ် လေထုအလယ်၌ ရှန်ရှို့နဲ့ လုံးဝနီးပါး တူသော်လည်း စိတ်နေစိတ်ထားမှာ လုံးဝ ကွဲပြားသွားသည့် မိန်းကလေးတစ်ယောက် ပေါ်လာသည်။ ရှန်ရှို့က အလွန်လိမ္မာရေးခြားရှိပြီး ငယ်ရွယ်သော ကလေးမလေး တစ်ယောက်ကဲ့သို့ပင်။
ဒါပေမဲ့ သူတို့ရှေ့က မိန်းကလေးမှာ မောက်မာစွာဖြင့် နှုတ်ခမ်းထောင့်တွေကို အနည်းငယ် ပင့်တင်ထားလေကာ ပြုံးမပြနိုင်လောက်အောင် ဖြစ်နေသာ်။ သူမသည် အမှန်ပင် အရည်အချင်း ပြည့်မီသူဖြစ်ပြီး အစပိုင်းတွင် မျက်နှာသာပေးသူ အနည်းဆုံး ဖြစ်ခဲ့သော်လည်း ယခုအခါ အဆုံးသို့ ရောက်ရှိသွားကာ အရေအတွက်အများဆုံး အဖွဲ့ကိုလည်း ဦးဆောင်လာနိုင်ခဲ့သည်။
ကျင့်ကြံသူတွေဟာ ခဏလောက်အထိ အချင်းချင်း တီးတိုး ဆွေးနွေးနေကြသည်။ မယုံနိုင်လောက်အောင် ကောင်းကင်မှာ ရုတ်တရက် ပေါ်လာတဲ့ မိန်းကလေးကို ကြည့်နေကြကာ သူမသည် လမ်းအပြင်ဘက်တွင် ရပ်ကာ လေထဲတွင် ရပ်တန်နေခဲ့သည်။
သူမက လူသားလား။ သိသိသာသာတော့ လူသား မဟုတ်ဘူးချေ။ ဒါဆို ဘယ်သူဖြစ်နိုင်မလဲ။
"ချစ်ညီမလေး မင်းဒီအထိတောင် လိုက်လာခဲ့ပြီးပြီပဲ.... ဘာလို့ ပုန်းနေတာလဲ ထွက်လာခဲ့လေ..."
ညည်းသံနှင့်အတူ ထိုမိန်းကလေး၏ တစ်ဖက်တွင်လည်း မိန်းကလေးတစ်ယောက် ပေါ်လာသည်။ သူမတို့က တစ်ပုံစံတည်း ဖြစ်ကာ တစ်ခုတည်းသော ခြားနားချက်ကတော့ သူမတို့ရဲ့ စိတ်နေစိတ်ထားပဲ ဖြစ်သည်။ ပေါ်လာသူရဲ့ အသက်ရှုသံက ဒေါသတွေ ထွက်နေကြောင်း ထင်ရှားပြီး သူမရဲ့ ပါးပြင်တွေမှာ မကျေနပ်မှုတွေ ပြည့်နေ၏။
"ဟမ့် နင့်အဖွဲ့ထဲက ဒီကောင်ကြောင့်သာ မဟုတ်ရင် နင်ကငါ့ထက် ပိုလုပ်နိုင်မယ်လို့ ထင်နေတာလားလား"
ပထမမိန်းကလေးက လုရွှမ်ကို လက်ညိုးထိုးပြလိုက်သည်။ လုရွှမ်လည်း ထိုနှစ်ယောက်ကို တစ်လှည့်စီ အကဲခတ်နေသည်။
"ဟာဟားဟား.... ဒါလည်း ငါ့အခွင့်အရေးပဲ မဟုတ်လား ညီမလေး"
ဒုတိယမိန်းကလေးရဲ့ မျက်လုံးများကလည်း ရုတ်တရက် အေးစက်သွားကာ။
"ဒီလူတွေကို အခုသွားသတ်လိုက်!!"
သူမက လုရွှမ်တို့ဘက်ခြမ်းက လူတိုင်းကို အော်ပြောလိုက်သည်။
"ဟေ့ ကလေးမလေး မင်းကဘယ်သူလဲ မင်းပြောတာကို ငါတို့က နားထောင်ရမှာလား"
ဆန်းကြယ်ကောင်းကင် အိမ်တော်မှ လူတစ်ယောက်က ပြန်အော်လေသည်။
ဒီခရီးက သူ့အသက်ကို ဆုံးရှုံးလုနီးပါး ဖြစ်နေပြီ။ သူအသက်ရှင်နေပေမယ့် သူချစ်တဲ့လူက ကွယ်လွန်သွားပြီး ညီအကိုတွေနဲ့လည်း တစ်သက်လုံး ခွဲဝေခံစားနိုင်ခဲ့တဲ့ အရာတွေက သေခြင်းတရားကြောင့် တစ်ယောက်တည်း ထားခဲ့ပြီး သေဆုံးသွားခဲ့ကြသည်။
အခုဆို မိန်းကလေးတစ်ယောက် ရုတ်တရက်ပေါ်လာပြီး တစ်ခုခု လုပ်ခိုင်းဖို့ လာအော်ပြန်လေရာ ဘယ်သူက နာခံချင်ပါ့မလဲ။
"သြော် မင်းက သိပ်မနာခံတတ်ဘူးပဲ..."
နတ်သမီးက အော်ဟစ်ပြီး ထိုလူကို လက်ညှိုးထိုးလိုက်သည်။ ထိုအခါ ထိုလူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် အစိမ်းရောင် အငွေ့အသက်များ ထွက်ပေါ်လာခဲ့ကာ တုန်လှုပ်ခြောက်ခြားနေသော မျက်လုံးများဖြင့် စိမ်းစိုနေသော ရေအိုင်အဖြစ် ပြောင်းလဲကာ လမ်းထဲသို့ စိမ့်ဝင်အရည် ပျော်သွားလေသည်။
လူတိုင်း အံ့အားသင့်သွားပြီး မယုံကြည်နိုင်စွာ ဖြစ်ခဲ့ကြသည်။
"ဟမ့် အခုဘယ်သူ့အမြင် ထပ်ရှိသေးလဲ"
ဘယ်သူမှ စကားမပြောရဲကြချေ။
"ကောင်းပြီ.... သူတို့ကို သတ်လိုက်!!"
မနာခံရင် သေရမှာ မဟုတ်လား။ ဘယ်သူက ထင်မြင်ချက် ပေးရဲမှာလဲ။
"ငါ မင်းတို့ကို မိတ်ဆက်ပေးပါရစေ... ဒါက ငါတို့ကို ကူညီပေးနေတဲ့ နတ်တောင်ဝိညာဉ်တွေထဲက တစ်ခုပဲ။ နတ်ဝိညာဉ်ကို ငါတို့က သူ့ရဲ့ အဆင့်အတန်းကို ပြန်ရအောင် ကူညီပေးနေသရွေ့တော့ သူမက ငါတို့ကို နတ်တောင်ရဲ့ အူတိုင်ထဲကို ဝင်နိုင်အောင် လုပ်ပေးလိမ့်မယ် မင်းတို့ဘာလို့ တုံ့ဆိုင်းနေသေးတာလဲ?"
သွမ့်ရှင်းဟယ်က ပထမဦးဆုံး အလျင်စလို ထွက်သွားဖို့ အော်လိုက်သည်။ လူတိုင်းသည် သွမ့်ရှင်းဟယ်ကို ၎င်းတို့၏ နှလုံးသားထဲတွင် အရူးတစ်ပိုင်းဟု တင်စားခေါ်ဝေါ်နေကြသည်။ သွမ့်ရှင်းဟယ်ရဲ့ လှည့်စားခြင်းကို ခံခဲ့ရပေမယ့် သူတို့ကမသိဘဲ ချီးကျူးဂုဏ်ပြု ခံခဲ့ရသေးသည်။
ဒါပေမဲ့ အခု စိတ်ထဲမှာ ဆဲဆိုကြိမ်းမောင်းနေပေမယ့် မသေချင်ရင်တော့ သည်းခံရတော့မည်။
"သတ်ပစ်!"
နှစ်ဖက်စလုံး အော်ဟစ်ပြီး အချင်းချင်း ပြေးထွက်လာကြသည်။ လုရွှမ်နှင့် အခြားသူများသာ ကျန်ရစ်ခဲ့သည်။
"မင်းတို့ဘာလို့ ရှေ့ထွက်ပြီး မတိုက်တာလဲ"
ဝိညာဉ်မိန်းကလေးက ရှုံ့မဲ့နေသော မျက်နှာထားဖြင့် ဆိုလာသည်။
"ငါပြောတာကို ငါပြောတာကို နားမထောင်ဘူးလား!!"
"အဟက်"
လုရွှမ်က ရယ်ပြီး နတ်ဝိညာဥ်ကို လှမ်းကြည့်လိုက်သည်။
"အဲ့တော့ ဘာဖြစ်လဲ?"
စကားလုံးများက ကျယ်လောင် ပြတ်သားပြီး လေထုထဲတွင် လှုပ်လှုပ်ရှားရှား တိုက်ခိုက်နေသော လူတိုင်း၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားသည်။ ရန်သူဘက်သို့ အပြေးအလွှား တွန်းလှန် တိုက်ခိုက်နေသော လူတိုင်းလိုလို အံ့အားသင့်သွားကာ လုရွှမ်ကို မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်ကြသည်။
လုရွှမ်က ထိုဝိညာဥ်မိန်းကလေးကို ရန်စကား ပြန်ပြောရဲတယ်တဲ့လား။ သူတို့၏ နှလုံးသားထဲတွင် မျှော်လင့်ချက်၊ ငြူစူခြင်းနှင့် အံ့သြနေသော ခံစားချက်များ ရောထွေးသွားခဲ့သည်။
"ဟုတ်ပြီ!"
ဝိညာဉ်မိန်းကလေးသည် ထိတ်လန့်သွားပြီး သူမ၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားကာ လုရွှမ်အား လက်ညိုး ထိုးလိုက်သည်။
လုရွှမ်က "မင်းက လာကစားနေတာလား... လက်ညိုးထိုးရတာ ပျော်စရာ ကောင်းတယ်ပေါ့... ကလေးကုလားနဲ့..."
သူတို့ဘဝတွေက ဒုက္ခရောက်ပေမယ့် လုရွှမ်ရဲ့စကားကို ကြားတော့ မရယ်ဘဲ မနေနိုင်ခဲ့ကြပါဘူး။ လုရွှမ်ရဲ့ မျက်လုံးတွေကို ကြည့်လိုက်တော့ လုရွှမ်ကသာ ဒီလိုအချိန်မျိုးမှာ ပြောရဲဆိုရဲ ဖြစ်နေတာကြောင့် ပိုပိုပြီး သဘောကျသွားသလို ခံစားလိုက်ရလေသည်။ သူက လှုံ့ဆော်ရဲသူပင်။