← Chapters

ရှန်ရှို့ ပေါ်လာပြီ

Vol. 100 Ch. 4.1012

ရှန်ရှို့ ပေါ်လာပြီ

Vol. 100 Ch. 4.1012

ဝိညာဉ်မိန်းကလေးက လုရွှမ်ကို အံ့သြစွာ ကြည့်ပြီး ထပ်မံ လက်ညိုးထိုးပြန်သည်။ လုရွှမ်သည် ထိုနေရာတွင် ရပ်နေပြီး သူ့ရင်ဘတ်ကို ဖွင့်လျက် နတ်သမီးလေးအား လက်ညိုးထိုးခိုင်းသလို ရပ်နေသည်။

ကျန့်မောင်နှမနှစ်ယောက်၊ ပေါင့်တာထင်းနှင့် ပေါ်ဝမ့်တို့ခမျာ မထိန်းနိုင်ဘဲ တခစ်ခစ် ရယ်လိုက်ကြလေသည်။ ဖုန့်ဖေးပင် ပြုံးစိစိ ဖြစ်သွားသည်။ ဤလိမ္မာပါးနပ်သော ကောင်လေးသည် ဝိညာဥ်မိန်းကလေးနဲ့ သွမ့်ရှင်းဟယ်တို့ကြားက ပူးပေါင်း ကြံစည်မှုကို ရှာ​တွေ့ပြီးသား ဖြစ်​နေတာထင်ရှားသည်။

"မင်းရဲ့ အစိမ်းရောင်မီးကို ရှာနေတာလား... ကံမကောင်းတာက ငါက အဲဒါကို မကြိုက်ဘူးလေ... ငါ့ခန္ဓာကိုယ်နဲ့ ဦးခေါင်းမှာရှိ ဆံပင်တွေကတောင် မင်းရဲ့မီးကို မကြိုက်ဘူး ငါ့သူငယ်ချင်းတွေလည်း အတူတူပဲ"

နတ်သမီးက ဒေါသတကြီး အော်ဟစ်လေတော့သည်။

“နင်အရင်ကတည်းက မြင်ထားတော့ရော ဘာဖြစ်လဲ? ဒါ ငါ့နယ်မြေပဲ... နတ်တောင်ရဲ့ အူတိုင်ထဲကို ဝင်ချင်ရင် ငါ့ကိုဒေါသထွက်စေတာတွေ မလုပ်မိစေနဲ့.."

သူမအမူအရာက ရုတ်တရက် မှုန်ကုပ်ကုပ် ဖြစ်သွားကာ ရယ်မောလိုက်လေသည်။

“လူတိုင်း ရပ်လိုက်.... ဒီလူယုတ်မာတွေကို အရင်သတ်ကြ!.... အိုး ငါပြောရဦးမယ်.... ဒါက ငါ့နယ်မြေနော်.... ငါ ဆုံးဖြတ်ချက်ချလိုက်ရင်...”

လုရွှမ်ကလည်း ရယ်မောချလိုက်ကာ ရှက်ရွံ့မှု သို့မဟုတ် စိုးရိမ်ပူပန်မှု အရိပ်အယောင်ကို မပြခဲ့ပေ။

"ဒါက မင်းရဲ့နယ်မြေ မဟုတ်သေးပါဘူး.... မင်းတို့ရဲ့နယ်မြေပဲ... မင်းလည်း သခင် မဖြစ်နိုင်သေးဘူး နောက်ပြီး ငါ့ခန္ဓာကိုယ်ထဲ ရန်ပြုချင်နေတဲ့ မင်းရဲ့စွမ်းအင်စိမ်း ကျူးကျော်မှုကို ငါဖယ်ရှားနိုင်တယ်... ဆိုတော့ သူတို့ရဲ့နယ်မြေတွေကိုလည်း ငါ သဘာဝကျကျ ဖယ်ရှားနိုင်လိမ့်မယ်"

"ဒါပေမဲ့ မင်းက မတူဘူး... မင်းက မင်းရဲ့ညီအစ်မတွေကို ဝါးမျိုပြီး နတ်တောင်တစ်ခုလုံးကို စိုးမိုးပြီး ကောင်းကင်စာအုပ်နဲ့ ကျောက်စာခွက်ကို ရချင်နေတာ... နှမြောစရာပဲ... မင်းမှာ အရမ်းကောင်းတဲ့ အတွေးတွေ ရှိနေရဲ့သားနဲ့...."

လုရွှမ်က စကားပြောနေစဉ် အတွင်း မီးတောက်တစ်ခုကို ထုတ်လွှတ်လိုက်လေသည်။ အစိမ်းရောင် လေထုက ထွက်ပေါ်လာပြီး စူးရှနေသော်လည်း ခရမ်းရောင် မီးတောက်အနားကို လုံးဝ မချဉ်းကပ်ဝံ့ပေ။

ဝိညာဉ်မိန်းကလေးသည် ညင်သာစွာ ဟစ်အော်လိုက်ပြီး ပတ်ဝန်းကျင်ရှိ အစိမ်းရောင် စွမ်းအင်များကို ခရမ်းရောင်မီးဆီသို့ ပစ်လွှတ်လိုက်သော်လည်း ချက်ချင်း ငြှိမ်းသတ်ခံလိုက်ရသည်။

"ဟမ့်... အသုံးမဝင်ဘူးပေါ့လေ...ငါ့ အရမ်း အစွမ်းထက်မယ်လို့ ထင်ထား..."

သူမ၏ စကားများ ရုတ်ခြည်း ရပ်တန့်သွားသည်။ သာယာ ငြိမ့်ညောင်းစွာ ကခုန်နေသော ခရမ်းရောင်မီးသည် အမှန်တကယ်ပင် အစိမ်းရောင် မီးတောက်များကို ခုခံနေသည်။ မီးစိမ်းများက တဟုန်ထိုး တောက်လောင်နေသော်လည်း ခရမ်းရောင်မီးတောက်ကို မငြိမ်းသက်နိုင်ပေ။

ခရမ်းရောင်မီးတောက်က နောက်အခိုက်အတန့်တွင် တစ်ဖန် ပြန်ထလာပြီး မီးတောက်များ ပိုတောက်ပလာသည်။ ထိုခရမ်းရောင်မီး အနည်းငယ်ကြောင့် ထိခိုက်သွားပုံရသော နတ်သမီးလေး၏ မျက်နှာပေါ်ရှိ အကြည့်မှာ ဒေါသတကြီး ဖြစ်လာသည်။

"ဒါက....?"

နတ်တောင်မှာ နှစ်ပေါင်းများစွာ ကျင့်ကြံကာ မွေးဖွားလာပြီးနောက်မှာ ထူးဆန်းတဲ့ မီးတောက်တစ်ခုနဲ့ နီးနီးကပ်ကပ် ရှိနေခဲ့သလို ရင်းနှီးပေသည်။

ဤမီးတောက်သည် ထူးဆန်းသော မီးဖြစ်သည်ကို ဝိညာဉ်မိန်းကလေးက မသိခဲ့ပါ။ ဤခရမ်းရောင်မီး၏ အားမာန်ကို ကြည့်လျှင် မတူကွဲပြားသော မီးများကြားတွင်ပင် ထိပ်တန်းမီးများထဲ၌ အဆင့်သတ်မှတ်သင့်သည်။

“ဖီးနစ်နတ်မီးပဲ!!”

သူအ ပြောပြီးတာနဲ့ လူအုပ်ထဲမှ ဗဟုသုတ ရှိသူ တစ်ယောက်က ခဏလောက် စောင့်ကြည့်ပြီးနောက် မီးတောက်ရဲ့ အမည်ကို ဟစ်အော်လိုက်သည်။ ဖီးနစ်မီးတောက်ကို လူတိုင်းနီးပါး မမြင်ဖူးပေမယ့် ၎င်းရဲ့ စွမ်းအားကိုတော့ လူတိုင်းသိပါ၏။

၎င်းသည် သင့်နဂါးရဲ့ မီးတောက်နှင့် ကျူးချွဲ့သားရဲ မီးတောက်တို့နှင့်အတူ ထိပ်တန်းမီးသုံးမျိုးထဲ ရပ်တည်နိုင်သော မီးတောက် ဖြစ်သည်။ ထူးဆန်းသော မီးသုံးမျိုးတွင် တတိယအဆင့် ရှိသော်လည်း ၎င်းသည် နတ်သားရဲမီးတောက် ဖြစ်သည်ဟု ဆိုရမည်။ ထူးဆန်းသော မီးများကပင် ချီးမြှောက်ကြသည့် နတ်မီးဖြစ်ပေ၏။

ဤကဲ့သို့သော နတ်မီးသည် အမှန်တကယ်ပင် နတ်မီးနယ်ပယ်က လူငယ်လေး လက်ထဲတွင် ရှိနေပြီး မရေမတွက်နိုင်သော လူများကို မနာလို ဖြစ်စေလေသည်။ ဒါ့ထက် ထိုလူရဲ့အမည်မှာ လုရွှမ် ဖြစ်နေသေးသည်။

ထန်းယွမ်မြို့တွင် လုရွှမ်သည် သူ၏ စိတ်ဝိညာဉ်မီးကြောင့် အမြဲကျော်ကြား နေထဲ့သော်လည်း ယခုအခါတွင် လူတို့ကို စိတ်တိုင်းကျ စိတ်လွတ်စေသော ဖီးနစ်နတ်မီးကပါ သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေပြန်သည်။

ပတ်ဝန်းကျင်တွင် ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။ ဖုန့်ဖေး၏အမူအရာမှာ တုန်လှုပ်သွားသော်လည်း ပေါင့်တာထင်းကတော့ လျစ်လျူရှုထား၏။ ၎င်းကို သူသိထားတာ ကြာပါပြီ။ လုရွှမ်က အသက်ရှူထုတ်လိုက်ပြီး ခရမ်းရောင် ဖီးနစ်နတ်မီးကို မှုတ်ထုတ်လိုက်သည်။

မီးတောက်များ ပေါက်ကွဲပြီး ပတ်ဝန်းကျင်က စိမ်းလန်းသော လေထုကို ပြာအဖြစ် တိုက်ရိုက် လောင်ကျွမ်းသွားစေသည်။ ဖီးနစ်နတ်မီးကို ငြိမ်းသတ်ပြီးနောက် လုရွှမ် ထိုဝိညာဥ်မိန်းကလေးကို လှမ်းကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

"ဒါက ဘာ​ဖြစ်လဲ?"

အနီးနားရှိ လူများသည် လုရွှမ်ကို ကြည့်ကာ သူတို့ကို ကူညီနိုင်မည်ဟု မျှော်လင့်ကာ ချက်ချင်း အလျင်အမြန် သွားလိုကြသည်။

လူများစွာကလည်း ပေါ်ဝမ့်ကို ငြူစူခြင်း၊ မနာလိုခြင်းနှင့် မုန်းတီးခြင်း အမျိုးမျိုးဖြင့် ကြည့်​နေကြပြန်၏။ ဤကလေးသည် လုရွှမ်ကို တွေ့လိုက်ရသောကြောင့် အလွန် ကံကောင်းသွားခဲ့သည်။

အကယ်၍ သူတို့လည်း လုရွှမ်၏ တပည့်ဖြစ်ခဲ့ပါက၊ ဤမှော်ဆန်သော မိန်းကလေးကို ဂရုစိုက်နေစရာ မလိုတော့ပေ။ လုရွှမ်ဟာ နတ်မိုးကြိုး အတိဒုက္ခ အရည်ကို စုပ်ယူနိုင်သည့် မှော်ဆေးပညာရှင်နှင့် လက်နက် သန့်စင်သူ ဖြစ်သည် မဟုတ်လော။ ကံမကောင်းစွာပဲ၊ အခုက အရမ်းနောက်ကျသွား​လေပြီ။

နတ်တောင်ဝိညာဥ် မိန်းကလေးမှာ ရုတ်ချည်း ပြောင်းလဲသွားသော ဒေါသကို ထိန်းထားနိုင်ခြင်း မရှိတော့ပေ။ ထိုကောင်လေးက သူမကို ဒေါသထွက်ပြီး သေအောင် လုပ်နေသလိုပင်။

"ဘာလို့ စိတ်ဆိုး​နေတာလဲ စိတ်အေးအေးထားပါ... ငါတို့အားလုံးအတူတူ ဒီလမ်းကို ဖြတ်ပြီး နတ်တောင်ရဲ့ အူတိုင်ထဲကို ဝင်လိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ... မဟုတ်ဘူးလား နတ်ဝိညာဥ်နှစ်ယောက်..."

ဆဌမမြောက် နတ်သမီးတွင် လူဆယ်လောက်ခန့်သာ ကျန်တော့သည်။ အခုအချိန်မှာ ဘယ်သူကမှ မတိုက်ခိုက်ဘဲ အတူပူးပေါင်းလိုက်တာက အ​ကောင်းဆုံးပဲ မဟုတ်ဘူးလား။

နတ်သမီး နံပါတ်သုံးမှာလည်း ဤနေရာသို့ ရောက်ရန် အလွန်ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ကြသော်လည်း လုရွှမ်၏ရယ်စရာ စကားကြောင့် အရာအားလုံးကို စွန့်လွှတ်လိုက်ရသည်။

"မင်းညီမကို ကိုက်စားချင်ရုံနဲ့ တစ်ကိုယ်တည်း ပေါင်းစည်းပြီး ကောင်းကင်စာအုပ် ကျောက်ပြားကို ရယူချင်​နေတာ မဟုတ်လား.... ဆဋ္ဌမနတ်သမီးကို ကိုက်စားလိုက်ရင်တောင် မင်းညီမ ဒီမှာရှိနေလို့ မအောင်မြင်နိုင်ဘူး... ရှန်ရှို့ ထွက်လာခဲ့တော့ ”

ရှန်ရှို့ အံ့ဩသွားပြီး လုရွှမ် သူမကို ဘာကြောင့်ခေါ်မှန်း မသိ ဖြစ်သွားသည်။

"စိတ်မပူပါနဲ့.... ငါမင်းကို လုံခြုံအောင်ထားပြီး မင်းရဲ့အခြေအနေကို ပြောင်း​​ပေးမယ် ဒါမှ နောင်မှာ မင်းကို ပုန်းကွယ်​နေစရာ မလိုတော့ဘဲ နေနိုင်မှာ..."

ရှန်ရှို့လည်း ခေါင်းလောင်း သေးသေးလေးထဲမှ လွင့်ပျံလာခဲ့၏။ လူတိုင်း၏ မျက်လုံးထဲတွင်တော့ လုရွှမ်ခန္ဓာကိုယ်ထဲမှ လွင့်ပျံလာသည့် အတိုင်းပင်။

နတ်သမီးနှစ်ပါးနှင့် ထိုဝိညာဉ် မိန်းကလေး၏ အသွင်အပြင်က တစ်ပုံစံတည်း တူနေတာကို မြင်လိုက်သောအခါ လူတိုင်း အံ့သြသွားခဲ့ကြသည်။ အမှန်တကယ်ပင် နတ်သမီးတစ်ပါး ထပ်ရှိနေသေး၏။ ဝိညာဥ်မိန်းကလေး နှစ်ယောက်ရဲ့ အမူအရာသည်လည်း အမှန်တကယ်ပင် ပြောင်းလဲသွားခဲ့သည်။ ရှန်ရှို့ ရှိနေတာကို သူတို့တကယ် သတိမထားမိခဲ့ကြပေ။

"နင်!" တတိယအစ်မက အော်လိုက်သည်။

တတိယအစ်မ ဒေါသထွက်လာတာကို မြင်လိုက်ရသဖြင့် ရှန်ရှို့လည်း ခေါင်းလောင်းလေးထဲသို့ တိုက်ရိုက် ပြန်ပြေးဝင်သွားခဲ့သည်။ ထိုအခါ ဝိညာဥ်မိန်းကလေး၆က ရယ်ပြီး ပြောလေ၏။

"တတိယအစ်မ.... နင်က ကြီးစိုးလွန်းနေတာပဲ... ညီမ၉တောင် ကြောက်သွားပြီ... ညီမ၉ရေ... ကျေးဇူးပြုပြီး ထွက်လာခဲ့ပါတော့ ငါဒီမှာရှိနေသရွေ့ သူနင့်ကိုဘာမှ မလုပ်ရဲဘူး"

သူမသည် ရှုံးနိမ့်ပြီး သေဆုံးလိမ့်မည်ဟု သူမထင်ခဲ့သည့်အတွက် အလွန်စိတ်လှုပ်ရှားနေခဲ့သော်လည်း ကောင်းကင်ကနေ ရုတ်​တရက်​ ညီမတစ်​​ယောက်​ကို ​ပေါ်လာစေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ ညီမ၉ ရှိနေရင် တတိယအစ်မက သူမကို တိုက်ခိုက်ရန်​ မလိုအပ်​​တော့​ပေ။

တတိယအစ်မက ကဲ့ရဲ့ရှုံ့ချလေသည်။

"လမ်းတစ်လျှောက်က စမ်းသပ်မှုတွေကို မင်း ဘာလို့ ပြင်ဆင်ထားပုံ ပေါ်နေတာလဲလို့ စဥ်းစားနေတာ လတ်စသတ်တော့ မင်းဘေးမှာ လှည့်စားတတ်တဲ့ လူရှိနေတာပဲ"

ရုတ်​တရက်​ပင်​ လုရွှမ်ခန္ဓာကိုယ်​မှ ပြင်းထန်​သည့်​ ​ရောင်​ဝါတစ်​ခု ​ပြေးထွက်လာပြီး စိမ်းပြာနဂါးတစ်​​ကောင်​၏ အရိပ်​အ​ယောင်​ ထွက်ပေါ်လာကာ တတိယအစ်မဆီသို့ ဟောက်​လိုက်​လေသည်​။

နဂါးသည် ၎င်း၏ပါးစပ်ကို ဖွင့်၍ တတိယအစ်မကို လှမ်းကိုက်လိုက်သည်။

စိမ်းပြာ နဂါးကြီးသည် အရိပ်အယောင်နှင့် တူသော်လည်း ၎င်း၏ဦးခေါင်းထိပ်ရှိ နဂါးဦးချိုတစ်စုံသည် ကောင်းကင် အထက်မှ မိုးခြိမ်းသံနှင့် ပေါင်းစပ်ထားသောကြောင့် ပို၍ပင် ကြောက်စရာကောင်း​နေသည်။ တတိယအစ်မလည်း ဖျော့တော့သွားကာ လျင်မြန်စွာ နောက်ဆုတ်သွားသည်။

All Chapters