ရှေးဟောင်းလူသားများ
Vol. 100 Ch. 4.1013
စိမ်းပြာနဂါးကြီး၏ အရိပ်သည် တိုက်ရိုက် ပျောက်ကွယ်သွားသည်။
"ငါမင်းကိုခြောက်ဖို့ ကြိုးစားလိုက်တာ.... မင်းဘယ်လောက်တောင် ကြောက်နေလဲ ဆိုတာ ပြန်ကြည့်လိုက်ဦး... ဒါတောင် ငါတို့နဲ့ကစားဖို့ သတ္တိရှိရဲသေးတယ်ပေါ့...."
လုရွှမ် စကားကိုကြားတော့ နတ်သမီး၏ မျက်နှာများသည် ဒေါသကြောင့် မည်းမှောင်သွားလေသည်။
"ကောင်းပြီ ငါမင်းကို နောက်နေတာ မဟုတ်ဘူး... တတိယနတ်သမီး... ရှန်ရှို့က ငါ့ကိုယုံကြည်တဲ့အတွက်၊ ငါအားလုံးကို နားလည်ထားပြီဆိုတာ မင်းသိသင့်တယ်... ဒါကြောင့် စိတ်ရှုပ်နေသလို ဟန်ဆောင်နေစရာ မလိုဘူး နတ်တောင်ကိုသွားဖို့ အဲဒီလူတွေကို ဟန်ချက်ညီအောင်လုပ်ဖို့ လိုတယ်မဟုတ်လား”
"အားလုံးကို ငါတစ်ခုလောက် ပြောပြပါရစေ.... အထဲမှာ တန်ခိုးကြီးတဲ့ လူတစ်စုရှိတယ်... အနည်းဆုံးတော့ သူတို့အားလုံးက မျှော်စင်နယ်ပယ်က လူတွေပဲ... မျှော်စင်နယ်ပယ်ကို ကျော်လွန်ထားတဲ့ လူနှစ်ယောက်တောင် ရှိတယ်.... ထောင်ထဲမှာ အကျဉ်းချ ခံထားရတဲ့ ခံစားချက်ကို မင်းတို့ တွေးကြည့်လို့ရတယ်... သူတို့ပ လှောင်အိမ်ထဲကနေ လွတ်မြောက်ပြီး နှစ်ထောင်ချီပြီး ဘယ်လောက်တောင် ဒေါသထွက်နေမလဲ ဘယ်သူက သိနိုင်မှာလဲ”
မျှော်စင်နယ်ပယ်ကို ကျော်လွန်တာက ဘာလဲ။
"မိတ်ဆွေလေးလုရွှမ်... မင်း အမှန်တိုင်းပြောနေတာလား"
လူအုပ်ထဲမှာ အဘိုးကြီးတစ်ယောက်က ရုတ်တရက် ထအော်လိုက်သည်။ သူသည် သူ့ခြေထောက်အောက်က လမ်းကြောင်းတွေကို လျစ်လျူရှုပြီး လုရွှမ်ရဲ့ ပုခုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ လူတိုင်းရဲ့ မျက်စိများသည်လည်း နားမလည်နိုင်သော ထိတ်လန့်ခြင်းတို့ဖြင့် ပြည့်နေ၏။ ထိုကဲ့သို့ ခွန်အားရှိသောသူသည် သူတို့လူအုပ်ကြားထဲ ရှိနေနိုင်ခဲ့တာ ကြောက်စရာ ကောင်းလှသည်။
လုရွှမ် သူ့ခန္ဓာကိုယ်ကို ရွှေ့ချင်လိုက်သော်လည်း တောင်ကြီးတစ်ခုဆီမှ ဖမ်းမိသွားသလို လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ စိတ်ထဲမှာ ရှိုက်ကြီးတငင် ပြုံးလိုက်ပြီး ဒီလူကြီးရဲ့ ခွန်အားကို လျှော့တွက်မိခဲ့တာ တကယ့်ကို ကြောက်စရာကောင်းကြောင်း တွေးလိုက်မိ၏။
နတ်ဓားကို မသုံးရင် လုံးဝ မခွဲထုတ်နိုင်ပေမယ့် နတ်ဓားကို သုံးလိုက်တာနဲ့ မျက်နှာလည်း ပျက်သွားလိမ့်မယ်။ ထိုသို့သော သခင်လက်ထဲမှ ရုန်းထွက်ခြင်းသည် သေချာပေါက် ဆိုးရွားသော ရွေးချယ်မှု ဖြစ်လိမ့်မည်။
"လူကြီးမင်း ကျေးဇူးပြုပြီး ကျုပ်ကို လွှတ်လိုက်ပါ.... ခင်ဗျားနဲ့ ဒီလို စကားပြောရတာ အဆင်မပြေဘူး"
လုရွှမ်ရဲ့ အသံက တည်ငြိမ်နေပြီး သူ နည်းနည်းမှ အထိတ်တလန့် ဖြစ်သွားပုံ မပေါ်ချေ။ လူတော်တော်များများလည်း သူ့ကို တိတ်တဆိတ် သဘောကျသွား၏။ တချို့သော လူအများစုမှာ ၎င်းတို့၏ ကျွမ်းကျင်မှုနယ်ပယ်တွင် ပိတ်မိနေပြီး ကျင့်ကြံမှု မတိုးတက်နိုင်တော့သော ရှေးဟောင်းပစ္စည်းများ ဖြစ်ကြသည်။
ဒီလူကြီးက ဥပမာပါပဲ။
တချို့လူကြီးတွေက သူတို့မှာ အရည်အချင်း မရှိရင် ကျင့်ကြံမှုက မတိုးတက်နိုင်တော့ပေ။ အဲဒီအခါဆို သူတို့က အဓိပ္ပာယ်မဲ့သွားတဲ့ ဘဝအတွက် ကြယ်တစ်သောင်းကမ္ဘာ တစ်ခုလုံးအတွက် ကပ်ဆိုးတစ်ခုဖြစ်သည့် သက်သက်မဲ့ ဖျက်ဆီးခြင်းနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကို စတင်ခဲ့ကြသည်။
နောက်ပိုင်းတွင် သခင်အုပ်စုများ ပေါ်လာပြီး ထိုရူးသွပ်သော ရှေးဟောင်းပစ္စည်းများကို သတ်ပစ်ကာ စည်းကမ်းတစ်ခုကို ချန်ထားခဲ့သည်။ မျှော်စင်နယ်ပယ် အဆင့်၉ အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် လူတိုင်း၏ရန်သူ ဖြစ်မည်ဖြစ်သောကြောင့် လူသတ်ရန် နေနေသာသာ လူတိုင်းရှေ့တွင် အလွယ်တကူ မပေါ်လာသင့်ပေ။
သို့သော် စည်းကမ်းများသည် စည်းကမ်းများသာ ဖြစ်ပြီး စကားလုံးအနေဖြင့်သာ ရှိ၏။ အဲဒီလူတွေက တကယ်ကို ရူးသွပ်ပြီး သူတို့ရဲ့ အသက်ကို ဂရုမစိုက်ကြပေမယ့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသူတွေဟာ အချည်းနှီး သေဆုံးသွားကြရရာ ဒီလိုရှေးဟောင်း ပစ္စည်းမျိုးကို ဘယ်သူက မကြောက်လို့လဲ။
ဒီလိုလူမျိုးနဲ့ တွေ့တောင် မတွေ့ချင်ဘူးလေ။ ယခု သူတို့ရှေ့တွင် လူငယ်တစ်ယောက်သည် မျက်လုံးနီရဲရဲ နီနေသည့် အရူးဖြစ်နေသော အဘိုးအိုတစ်ဦးနှင့် မျက်နှာချင်းဆိုင်လျက် ရှိသော်ငြား သူ့အမူအရာက ဖြောင့်စင်းပြီး သူ့လေသံက ဘာမှမထူးခြားပေ။
အဘိုးအိုလည်း ခဏမျှ အံ့အားသင့်သွားပြီး ကျယ်လောင်စွာ ရယ်မောကာ လုရွှမ်ကို လွှတ်လိုက်လေသည်။
"ကောင်လေး... မင်းက သတ္တိကောင်းတဲ့ ယောက်ျားကောင်းပဲ... ဒီလောက်ကြီးကျယ်တဲ့ နာမည်ကောင်းကို ရနိုင်တာ အံ့သြစရာတော့ မရှိပါဘူး... ယောက်ျားတွေထဲမှာ သတ္တိ အကောင်းဆုံးပါပဲ... ဒီအဘိုးကြီးက ကျန်းယိရှင်ပါ..."
လုရွှမ်က သက်ပြင်းချရင်း လက်ကိုမြှောက်ကာ ဦးညွှတ်လိုက်သည်။
"အကြီးအကဲကျန်းကို နှုတ်ခွန်းဆက်ပါတယ်"
ပေါင့်တာထင်းကို အသံလွှင့်လျက် မေးမြန်းကြည့်ရာ ပေါင့်တာထင်းက သူ့အသံတွင် တုန်တုန်ယင်ယင် အရိပ်အယောင်တစ်ခု ရောလျက် ဆိုလာသည်။
"တကယ်ကြီး ကျန်းယိရှင်ဟ.. သူဘယ်သူလဲဆိုတာ မင်းမသိဘူးမလား... လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ကြယ်တစ်သောင်းကမ္ဘာမှာ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်ခဲ့ဖူးတယ်.... လူတော်တော်များများက သူ့ကို သေပြီလို့ ထင်ခဲ့ကြပေမယ့် မမျှော်လင့်ထားဘူး..သူအသက်ရှင်နေသေးတယ်ဟ"
လုရွှမ်လည်း ထိတ်လန့်သွားသည်။
အနီးနားရှိလူများထံမှ တီးတိုးတီးတိုး ပြောဆိုသံများ ထွက်ပေါ်လာပြီး ကျန်းယိရှင်၏ ဝိသေသလက္ခဏာကို ရှင်းရှင်းလင်းလင်း နားလည်လာခဲ့ကြသည်။ နတ်တောင်ကြီး၏ ပြောင်းလဲမှုများသည် ဤရှေးဟောင်း ရုပ်ကြွင်းအားလုံးကို ဆွဲဆောင်နိုင်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
လူအုပ်ကြားတွင် လူဟောင်းခြောက်ယောက် ပြေးလာကာ အသီးသီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေကြ၏။ သူတို့၏ အမူအရာမှာ အငြိမ်းစားယူခဲ့သော ကျွမ်းကျင်ပညာရှင်များ၏ ပုံစံဖြစ်သည်။
"ကောင်လေး... လူနှစ်ယောက်က မျှော်စင်နယ်ပယ်ကို ကျော်သွားပြီလို့ ပြောတယ်နော်!"
လူတစ်ယောက်က လှမ်းအော်ပြောလိုက်သည်။ ဤလူကြီးများနှင့် ရင်ဆိုင်ရသည့်အခိုက် လုရွှမ် သဘာဝအတိုင်း သတိမမူဘဲ မနေဝံ့ချေ။
"ဟုတ်တယ်...ကျုပ် သိသလောက်တော့ မျှော်စင်နယ်ပယ်ကို ကျော်လွန်ထားတဲ့ လူနှစ်ယောက် ရှိတယ်.... သူတို့က ကျုပ်တို့ရဲ့ ဝမ့်ကမ္ဘာတွေထဲက မဟုတ်တဲ့ မြေကမ္ဘာကနေ ရောက်လာကြတဲ့ လူတွေ"
“ဒါဆို မင်းက ဘယ်လိုသိတာလဲ”
ဆိုတဲ့ မေးခွန်းကို မေးတဲ့ သူကတော့ အမျိုးသမီး တစ်ယောက်ပါပဲ။ သူမရဲ့ မျှော်စင်နယ်ပယ် အထွတ်အထိပ်မှာ ရှိနေသေးတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ပြီး ဒီအမျိုးသမီးဟာ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ရှေးဟောင်းပစ္စည်း တစ်ခုလို့ ပြောလို့မရပါဘူး။
"အိုး... အကြီးအကဲယွင်ဟွားကိုး... အကြီးအကဲကို ဂါဝရပြုပါတယ်"
ကျန်းယိရှင်က အမျိုးသမီးရဲ့ နာမည်ကို ရုတ်တရက်အော်ပြီး ဦးညွှတ်ချလိုက်သည်။ အနီးနား တစ်ဝိုက်တွင် လူများမှာ ပေါက်ကွဲတော့မတတ် ဖြစ်လာသည်။ ကျန်းယိရှင်ဟာ သက်ကြီးရွယ်အိုများကြားတွင် စီနီယာ ဖြစ်နေပြီ ဖြစ့သော်လည်း မထင်မှတ်ဘဲ အမျိုးသမီးတစ်ဦးက ပေါ့ပေါ့ပါးပါး ထွက်သွားစဥ် ကျန်းယိရှင်က သူမကို အကြီးအကဲဟုပင် ခေါ်နေခဲ့သည်။
နတ်သမီးကြီးယွင်ဟွားက ဝမ်းနည်းစွာ ပြုံးပြီး ပြောလေသည်။
"အကြီးအကဲတဲ့လား... ဟားဟား မင်းနဲ့ငါက အခု မသေနိုင်တဲ့ကောင်တွေ ဖြစ်နေပြီ ဘာလို့ အကြီးအကဲလို့ ခေါ်နေရမှာလဲ... မင်းရဲ့လက်ရှိ ကျင့်ကြံမှု အဆင့်က ငါ့ထက်မဆိုးပါဘူး ပုံမှန်အတိုင်းပဲ ပြောရအောင်"
"ဟုတ်ကဲ့" ကျန်းယိရှင်က တလေးတစား ပြန်ပြောလေသည်။
လုရွှမ် ပေါင့်တာထင်းကို တစ်ချက်ကြည့်လိုက်တော့ ပေါင့်တာထင်းဘက်ကလည်း အသံ ထွက်လာသည်။
"ကျန်းယိရှင်က လွန်ခဲ့တဲ့ အနှစ်တစ်ထောင်က နာမည်ကြီးလာခဲ့တာ သေချာတယ် ဒီအမျိုးသမီးက ဘယ်ခေတ်က လာတယ်ဆိုတာတော့ ဘယ်သူမှ မသိလောက်ဘူး"
ကျန်တဲ့ ငါးယောက်ကလည်း နတ်သမီးကြီးယွင်ဟွားကို အလျင်စလို ဂါဝရပြုကြလေသည်။ အရည်အချင်းအရ ကျန်းယိရှင်တောင် သူမကို အကြီးအကဲလို့ ခေါ်တယ်ဆိုတော့ သူတို့က များစွာ နောက်ကျနေပြီ။
"ကောင်လေး ငါ့ကိုပြောပါဦး... သူတို့က ဘယ်သူတွေလဲ ကြည့်ရတာ မင်းနဲ့ အများကြီး သက်ဆိုင်နေပုံရတယ်"
နတ်သမီးကြီးယွင်ဟွားက လုရွှမ်ကို စူးစူးရှရှသော မျက်လုံးများဖြင့် ကြည့်နေပုံမှာ လုရွှမ်နှလုံးသားကို ထိုးဖောက်ဝင်ရောက် သွားတော့မည့်အတိုင်းပင်။ လုရွှမ် အတိုချုံး မိတ်ဆက်ပြီး လှောင်အိမ်အကြောင်း ပြောပြလိုက်သည်။
ယွင်ဟွား၏ နဖူးကြောတွေ ရုတ်တရက် ကျုံ့သွားကာ ကျန်းယိရှင်ကို ငုံ့ကြည့်လိုက်သည်။ တစ်ဖက်လူကလည်း ခေါင်းညိတ်ပြကြရာ နှစ်ယောက်စလုံးမှာ အလွန် ရုပ်ဆိုးသွားကြသည်။
လှောင်အိမ်၏ လျှို့ဝှက်ဆန်းကြယ်သော တည်နေရာကို သူတို့ သိသည်မှာ ထင်ရှားသော်လည်း ကျန်ငါးယောက်မှာ အနည်းငယ် စိတ်ရှုပ်ထွေးပြီး တုန်လှုပ်သွားကြ၏။ သူတို့ လှောင်အိမ်အကြောင်း မသိကြပေ။
"သူတို့စကားအတိုင်းဆို ဘာမှပြောစရာ မရှိတော့ဘူး... ငါတို့ နတ်တောင်ရဲ့ အူတိုင်ထဲကို သွားရမယ်!"
နတ်သမီးကြီးယွင်ဟွားက လူတိုင်းကြားအောင် အော်ပြောလိုက်သည်။
"အကြီးအကဲ နောက်က လိုက်ချင်ပါတယ်" ကျန်းယိရှင်က ဦးစွာဆိုလိုက်သည်။
နတ်သမီးကြီးယွင်ဟွား၏ မျက်လုံးများသည် အခြားငါးယောက်ကို ငုံ့ကြည့်လိုက်၏။ ထိုလူတွေဟာ သူတို့၏ မျက်နှာပေါ်တွင် ရွံ့ရှာသော အပြုံးများဖြင့် ဦးညွှတ်လိုက်သည်။
"အကြီးအကဲ နောက်ကို လိုက်ချင်ပါတယ်"
"အရမ်းကောင်းတယ် ကောင်မလေး မင်းလမ်းကို ဦးဆောင်နိုင်တယ်!"
တတိယအစ်မ၏ မျက်နှာက မည်းမှောင်သွား၏။ သူမ နတ်သမီးကြီးယွင်ဟွားကို ယခုတိုက်ခိုက်လိုပါက သူမ မသေနိုင်သော်လည်း မျက်နှာသာရနိုင်မည် မဟုတ်ကြောင်းကိုတော့ သိပါသေးသည်။ တခြားနတ်ဝိညာဥ် နှစ်ယောက်ကလည်း သူမကို အခွင့်ကောင်းယူခဲ့ပါက ဒုက္ခရောက်သွားလိမ့်မည်။
သူမ စိတ်ထဲ မြန်မြန်ဆန်ဆန် တွေးနေထဲ့သည်။ သူမက တစ်ယောက်တည်း၊ ဒီလူတွေကို ရှေ့ပြေးအဖြစ် ထားလိုက်တာကလည်း သိပ်တော့ မဆိုးလှချေ။