ယန်ခွမ်းကို သတ်
Vol. 100 Ch. 4.1014
"ကောင်းပြီ...ညီမ၆နဲ့ ညီမ၉... လမ်းတွေကို ချိတ်ဆက်ဖို့ အတူတူ လုပ်ကြရအောင်"
ရှန်ရှို့က ခေါင်းညိတ်ပြလာသော လုရွှမ်ကို ကြည့်လိုက်သည်။ ရှန်ရှို့ ပြေးထွက်သွားပြီး ဆဌမမြောက် နတ်သမီးအနားတွင် ရပ်နေလိုက်သည်။ သူမက တတိယအစ်မကိုတော့ သတိအပြည့်နှင့် ကြောက်ရွံ့နေသေးသည်။
သူမတို့ သုံးယောက် အတူတူ အလုပ်လုပ်ပြီးနောက် မကြာခင်မှာပဲ လမ်းက ရှင်းသွားသည်။
"သွားကြစို့!"
တတိယအစ်မက မပျံသန်းမီတွင် ညီမ၆နှင့် ညီမ၉ထံ ပျံသန်းလာခဲ့သော်လည်း ရှန်ရှို့သည် လုရွှမ်ထံသို့ ပြန်ပြေးသွားကာ ခေါင်းလောင်းငယ်လေးထဲသို့ ဝင်သွားပြန်သည်။
"တကယ် အမှိုက်ပဲ!"
တတိယအစ်မက ကျိန်ဆဲပြီး ရှန်ရှို့ကို လျစ်လျူရှုလိုက်သည်။ လုရွှမ်က ခပ်တိုးတိုး နှစ်သိမ့်ပေးပါ၏။
"သူ့စကားကို နားမထောင်နဲ့ လုံခြုံအောင်နေ"
ရှန်ရှို့က လေးလေးနက်နက် ခေါင်းညိတ်ပြပြီး ခေါင်းလောင်း သေးသေးလေးထဲကို ဝင်သွားလိုက်တာ အပြင်ကို မထွက်လာတော့ပေ။ ကျိုးသွားသော လမ်းသွယ်သည် နတ်တောင်နှင့် တိုက်ရိုက် ဆက်သွယ်ထားပြီး နတ်ဝိညာဥ်များက လမ်းဖွင့်လိုက်တာကြောင့် ရှေ့တွင် အတားအဆီးများ မရှိတော့ပေ။ အားလုံး တုံ့ဆိုင်းမနေဘဲ အတူတူ လမ်းမပေါ်က ထွက်ခဲ့ကြသည်။
သွမ့်ရှင်းဟယ်က သူ့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ပြန်ပြောလေသည်။
"သခင်လေးလုရွှမ် ကျေးဇူးအများကြီး တင်ပါတယ်... မဟုတ်ရင် ငါတို့အားလုံး သေသွားလိမ့်မယ်"
ဒီလိမ်လည်မှုမှာ သွမ့်ရှင်းဟယ်က ဘာတာဝန်ရှိတယ် ဆိုတာ လူတိုင်းသိပါ၏။ ဒီလူက ဒီလောက် အရှက်မဲ့နေလိမ့်မယ် မထင်ခဲ့မိကြချေ။ လုရွှမ်သာ ဝင်မပါခဲ့ရင် အားလုံး အန္တရာယ်ကနေ မလွတ်နိုင်လောက်တော့ချေ။
ဖုန့်ဖေးက "သွမ့်ရှင်းဟယ်... အားလုံးပြီးလို့ ထွက်သွားတဲ့ အခါကျရင် ကျွန်မတို့ ဆန်းကြယ်ကောင်းကင် အိမ်တော်ကို လာလည်လှည့်ပါဦး.... ကျွန်မတို့ တပည့်တော်တော်များများက ရှင့်ကို အရမ်းလွမ်းနေမှာ သေချာတယ်"
သွမ့်ရှင်းဟယ် မျက်နှာလည်း မည်းမှောင်သွားကာ ခဏတာမျှ ထိတ်လန့်သွားတော့သည်။ သူက လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး။
"ကျွန်တော်က လောကီရေးရာတွေနဲ့ အလုပ်ရှုပ်နေတာ.... ဒါကြောင့် အခွင့်အရေး မရမှာ ကြောက်ရတာ... ဒါ့ထက် ဆန်းကြယ်ကောင်းကင် အိမ်တော်က ပါရမီရှင်တွေအတွက် သန့်ရှင်းတဲ့မြေလေ....ကျွန်တော့်လို အရည်အချင်း သိပ်မရှိတဲ့ လူအတွက် နေရာပေးစရာ မလိုပါဘူး "
ထိုသို့ပြောပြီးနောက် သူသည် လုရွှမ်နဲ့ ပေါင့်တာထင်းတို့ကို နှုတ်ဆက်ကာ နောက်ပြန်မလှည့်ဘဲ အမြန်ထွက်ခွာသွားခဲ့သည်။ သူ့ရဲ့လူများကလည်း ထွက်သွားချင်ကြရာ လုရွှမ်က ရုတ်တရက် လက်ကိုဆန့်ကာ ယန်ခွမ်းကို တားလိုက်သည်။ ယန်ခွမ်းလည်း ခဏလောက် ထိတ်လန့်သွားပြီး သူ့မျက်နှာကို အတင်းလုပ်ပြုံး ပြံးပြကာ။
"သခင်လေးလုရွှမ်မှာ အကြံဥာဏ်တွေ ပေးစရာများ ရှိသေးလားလို့ မသိဘူး"
"ဒါက နည်းနည်း အကြံပေးတာပါ... မင်း ကိုယ့်မျက်လုံးတစ်ဖက်ကို ဘာလို့ မဖောက်ထုတ်သေးတာလဲ"
ယန်ခွမ်းနဲ့အတူ သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းလည်း အံ့အားသင့်သွားကာ လုရွှအ်ကို ထိတ်လန့်စွာ ကြည့်နေလေသည်။
"သခင်လေးလုရွှမ်.... ဒီဟာသကို ပေါ့ပေါ့ဆဆ မလုပ်ပါနဲ့လား"
ယန်ခွမ်းမှာ သူ့နဖူးက ချွေးပေါက်ကြီးတွေနဲ့ ပြောလိုက်ပါ၏။ လုရွှမ်ရယ်ကာ ယန်ခွမ်း၏ ပုခုံးများကို တင်းတင်းကြပ်ကြပ် ပုတ်လိုက်လေသည်။
"နောက်နေတာ မဟုတ်ပါဘူး... မင်းရဲ့မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်လိုက် ဒါမှမဟုတ် မင်းရဲ့ဘဝလေးကို ဒီမှာပဲ တစ်သက်လုံး နေခွင့်ရအောင် လုပ်ပေးလိုက််မယ်.... မင်းဘယ်ဟာကို ရွေးချယ်ချင်လဲ?"
ယန်ခွမ်းသည် ခဏအတွင်း လွတ်မြောက်အောင် ရုန်းချင်သော်လည်း လုရွှမ်က သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကြောင့် မလှုပ်ရှားနိုင်ပေ။ သူ့မျက်နှာက မည်းမှောင်သွားပြီး သူ့ခန္ဓာကိုယ်ထဲက ပြင်းထန်တဲ့ ရောင်ဝါတွေ ထွက်လာတော့သည်။
"လုရွှမ်... မင်းက ငါ့ရန်သူဖြစ်အောင် တမင်တကာ လုပ်နေတာပဲ မင်း ငါ့ကို ဒီလိုဆက်ဆံချင်ရင်တောင် အကြောင်းပြချက် ရှိသင့်တယ် မဟုတ်လား"
"ဟုတ်ပါတယ် လုရွှမ်... ယန်ခွမ်းက ငါ့ညီအစ်ကိုပါ... မင်း ဒီလောက်ကြီးစိုးနေရင် မင်း ငါတို့ရဲရန်သူပဲ"
သွမ့်ရှင်းဟယ်ကလည်း အော်ပြောလိုက်ရာ သူ့နောက်ကနေ လူသုံးယောက် မတ်တပ် ထရပ်လိုက်ကြသည်။
"ဟေ့ တခြားသူတွေ အများကြီး ရှိသေးတာပဲ ငါလာခဲ့မယ်"
ကျန့်မောင်နှမနှစ်ယောက်မှာ ကျင့်ကြံမှုစွမ်းအင် မလုံလောက်သော်လည်း နှစ်ယောက်လုံးက လုရွှမ်နောက်တွင် မဆိုင်းမတွ မတ်တပ်ရပ်နေလေသည်။ ဖုန့်ဖေး မျက်နှာကလည်း ညိုမဲနေကာ။
"သွမ့်ရှင်းဟယ်.... ဒါရှင့်ကိစ္စ မဟုတ်ဘူး... ရှင် ဝင်မပါတာ ပိုကောင်းတာပေါ့... မဟုတ်ရင် ကျွန်မရဲ့ ကျန်ရှိနေတဲ့ ဆန်းကြယ်ကောင်းကင် အိမ်တော်က ရှင့်ကို ဆုံးမရလိမ့်မယ်"
သွမ့်ရှင်းဟယ်ရဲ့ အမူအရာလည်း ပြောင်းလဲသွားကာ ရုတ်တရက် ပြန်ပြုံးပြလိုက်လေသည်။
"နတ်သမီးက နောက်နေပါပြီ.... ငါတို့က တရားမျှတမှုကို တောင်းဆိုဖို့ မတ်တပ်ရပ်နေတာပါ... လုရွှမ်က တစ်ဖက်သားကို အနိုင်ကျင့်နေတာ၊ ဒါက ကျိုးကြောင်း ဆီလျော်တုန်းပဲလို့ ထင်နေတာတော့ မဟုတ်ဘူးမလား"
လုရွှမ်၏ ပုံပန်းသဏ္ဌာန်ကြောင့်သာ မဟုတ်ပါက ဤလူများသည် သူ့ဆီက ရောင်းစားခံနေရလောက်ပြီ။ သူ ဘယ်လိုလုပ်ပြီးများ ဒီလောက် နိမ့်ကျသွားရတာလဲ။ အားလုံးက သူ့ကို အရှင်လတ်လတ် စားချင်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြ၏။
ဖုန့်ဖေးလည်း လုရွှမ်ကို အံ့အားသင့်သွားသော မျက်လုံးများဖြင့် ကြည့်နေသည်။ ယန်ခွမ်းနှင့် အဘယ်ကြောင့် ရုတ်တရက် ပြဿနာ တက်ချင်နေလဲ သူမလည်း မသိပေ။
လုရွှမ် ပြုံးပြီး "အကြောင်းရင်းကို သိချင်တာလား.... ဒါက ရိုးရှင်းပါတယ် ယန်ခွမ်းရဲ့ မျက်လုံးတွေက သူ မစီစဉ်သင့်တဲ့ အရာတွေကို တွက်ချက်ဖို့ ကြည့်နေတယ်... သူက အရမ်းကန်းနေသင့်တာမလို့ ဘာလို့ မျက်လုံးတွေကို အကောင်းအတိုင်း ချန်ထားခဲ့ရမှာလဲ"
ယန်ခွမ်းက ကျယ်လောင်စွာ ရယ်မောရင်း သူ့မျက်နှာက နီရဲသွားလေသည်။ လူတိုင်းက သူ့အမူအရာကို မြင်လိုက်ရသည့်အခိုက် အခြေအနေ မကောင်းတော့မှန်း သိလိုက်သည်။
"ငါက မတွက်သင့်တဲ့အရာကို တွက်ခဲ့တာပေါ့... ဟားဟား ရယ်စရာ ကောင်းလိုက်တာ ဘယ်လိုဖြစ်လို့လဲ မသိဘူး"
"သေချာတာပေါ့.... မင်း မြစ်ဝါကို မရောက်မချင်း အရှုံးမပေးသင့်ဘူး... တောင်နံရံကို မထိမချင်း နောက်ကို လှည့်မကြည့်သင့်ဘူး အခု မင်း ဝန်ခံသင့်ပြီ.... သတိပေးတဲ့အနေနဲ့ မင်းမျက်လုံးတစ်ဖက်ကို ငါလိုချင်တယ် ဒါပေမဲ့ မင်းက အခွင့်အရေးတစ်ခု ပေးထားတာတောင် ဝန်မခံချင်သေးဘူး... အရမ်းကောင်းတယ် မင်းရဲ့မျက်လုံးနှစ်လုံးစလုံး ရှိနေစရာ မလိုတော့ဘူး"
"မင်း!"
ယန်ခွမ်း ဟောက်ပြီး လွတ်မြောက်အောင် အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် လုရွှမ်ရဲ့ ခန္ဓာကိုယ်ဟာ တောင်နဲ့တူပြီး လွတ်မြောက်အောင် မရုန်းထွက်နိုင်ခဲ့ပါဘူး။ လုရွှမ် ခန္ဓာကိုယ်မှ ခရမ်းရောင် ဖီးနစ်နတ်မီးသည် ရန်ကွမ်ကို ရုတ်တရက် ဖုံးအုပ်လိုက်လေသည်။
"မလှုပ်ဖို့ ပြောထားတယ် နားလည်လား?"
ယန်ခွမ်း မလှုပ်ဝံ့တော့ပေ။ ဤမီးတောက်သည် ဝိညာဉ်မိန်းကလေးကိုပင် ကြောက်လန့်သွားစေရာ သူ မခံနိုင်လောကိပေ။
"ကောင်းပြီ... မင်းဘယ်သူ့ကို ကြံစည်နေလဲ ပြောပြပါရစေ မင်းမှာ ငါ့ညီမရှောင်ပေအပေါ် အကြံအစည် ရှိနေတယ်"
"ညီမကို?"
ကျန့်ပေ အံ့အားသင့်သွားပြီး မယုံနိုင်စွာ မော့ကြည့်လိုက်သည်။ ယန်ခွမ်းက သူမကို လုပ်ကြံနေတာလား။ သူမ လုံးဝ မခံစားခဲ့ရပါဘူး။
ကျန့်နမ်ရဲ့ မျက်နှာကလည်း ချက်ချင်း မည်းမှောင်သွားပြီး
"ယန်ခွမ်း ... မင်း ငါ့ညီမကို သတ်ဖို့ ကြံစည်နေတာလား"
ယန်ခွမ်းရဲ့ အမူအရာ ပြောင်းလဲသွားသဖြင့် လူတိုင်းက သူ့စိတ်အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ယန်ခွမ်း ကျန့်ပေကို အမှန်တကယ် စိတ်ဝင်စားနေသည်မှာ ထင်ရှားပေသည်။
"သူမမှာ ဖြူစင်တဲ့ နှလုံးသားရှိတယ်... အခုလက်ရှိ လူတော်တော်များများလည်း မြင်ကြမယ်လို့ ထင်တယ်.... ပြီးတော့ ယန်ခွမ်းက သူ့ရဲ့ လက်ရှိအဆင့်ကို ဖြတ်ကျော်ဖို့ ပေလေးကို အိုးထဲမှာ ဘယ်လို သန့်စင်ရမလဲ ဆိုတာကို စီစဉ်နေတာ..ပေလေးက အရမ်းဖြူစင်ပြီး ချစ်ဖို့ကောင်းတာကို မင်းက ဘယ်လိုလုပ် ဒီလိုအတွေးမျိုး ရှိနိုင်ရတာလဲ"
ကျန့်ပေက အော်လိုက်ပြီး လန့်သွားသဖြင့် သူ့အစ်ကိုနောက်ကို အမြန် ဝင်ပုန်းနေလိုက်သည်။ သူမ ဒီလိုကိစ္စမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။ လုရွှမ်သာ မတွေ့ခဲ့ဘူး ဆိုရင် သူမနဲ့ သူမအစ်ကိုက ကြေကွဲစရာကောင်းလောက်အောင် လုပ်ကြံခံရလောက်ပြီ။ သူမအစ်ကိုက သေပြီး သူမဟာ မီးဖိုထဲ ရောက်သွားနိုင်သည်။
ကျန့်နမ် ဒေါသအရမ်းထွက်ပြီး ရှေ့ကို အလျင်စလို ထွက်တော့မည်အလုပ် ပေါင့်တာထင်းက တားလိုက်သည်။
"ပေလေးကို ကောင်းကောင်း စောင့်ရှောက်ထား... ငါတို့ကျန်တာကို ဂရုစိုက်လိုက်မယ်"
ကျန့်နမ် လေးလေးနက်နက် ခေါင်းညိတ်ပြပြီး သူ့ရဲ့ သွေးနီရောင် မျက်လုံးတွေက ကျေးဇူးတင်စကား အပြည့်နဲ့။
ယန်ခွမ်းရဲ့ မျက်နှာက ဖြူဖျော့သွားကာ ရုတ်တရက် အော်လိုက်သည်။
"ဒါဟာ ခဏလေးပဲ ဝင်လာတဲ့ အတွေးတစ်ခုပါ... မမှန်ဘူးလို့ ထင်တဲ့အတွက် ငါမလုပ်နိုင်ပါဘူး..... အဲဒါက ယာယီအတွင်းစိတ်ထဲက နတ်ဆိုးပဲ! လုရွှမ် မင်းက ဘာလို့ ငါ့ကို သတ်ချင်တာလဲ... တော်တော် ရက်စက်လွန်းတယ်လို့ မထင်ဘူးလား"
လုရွှမ်က လှောင်ပြောင်လိုက်သည်။
"သည်းခံပေးရမှာလား.... မင်း အဲ့လို တွေးနေကတည်းက ငါ အရမ်းကို သည်းခံထားခဲ့ပြီးသား... "
"မင်း!"
ယန်ခွမ်းမှာ လှောင်အိမ်ထဲက တိရိစ္ဆာန်တစ်ကောင်လို ရုန်းထွက်ဖို့ နေရာရှာရန် ကြိုးစားပြန်သည်။ သို့သော် လုရွှမ်လက်ထဲမှာ တင်းကျပ်စွာ ပိတ်မိနေသဖြင့် လုံးဝ မလှုပ်ရှားနိုင်ပေ။
"အကြီးအကဲတို့ ကျေးဇူးပြုပြီး...."
ဖြောင်း!
နတ်သမီးကြီးယွင်ဟွားက သူ့မျက်နှာကို ပါးရိုက်လိုက်ခြင်းပင်။
"ဒီအမှိုက်က ဘာလာလုပ်တာလဲ... ကောင်လေး သူ့ကို သတ်လိုက်!!"
"မဟုတ်ဘူး... မလုပ်နဲ့!"
ဖီးနစ်နတ်မီးသည် ယန်ခွမ်း၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားလေသည်။ တစ်ဖက်လူက ဝမ်းနည်းစွာ အော်ဟစ်ကာ မြေပြင်ပေါ်တွင် လှိမ့်ကာပတ်ကာဖြင့် ရုန်းကန်နေ၏။ ခဏကြယလို့ လေတိုက်လိုက်သောအခါတွင် ဖုန်မှုန့်နှင့် မီးခိုးများ အဖြစ် ပျောက်ကွယ်သွားခဲ့သည်။