← Chapters

နတ်လှေကားပေါ်တက်

Vol. 100 Ch. 4.1016

နတ်လှေကားပေါ်တက်

Vol. 100 Ch. 4.1016

သူတို့နှစ်ယောက် စကားမပြောဖြစ်ကြ​တော့ဘဲ ကွေ့ကောက်နေသော နတ်တောင်တန်းကြီးကို လှမ်းကြည့်လိုက်သည်။ တောင်တန်း တစ်လျှောက်က လှေကားထစ် ပုံစံတွေက တောင်ထိပ်ဆီသို့ ကွေ့ပတ် သွားကြရမယ့် အတိုင်းပါပဲ။

လှေကားများသည် တောင်ထိပ်တစ်ခုလုံးကို လွှမ်းခြုံထားသော တောင်တန်းများ ကဲ့သို့ပင်။ အဆုံးသတ်ကို မမြင်နိုင်သော်လည်း လူတို့၏ စိတ်နှလုံးကို တုန်လှုပ်သွားစေသည့် ကြီးမားသော အကျပ်ကိုင်မှုတစ်ခု ဆင်းသက်လာတာကိုတော့ နားမလည်နိုင်စွာ ခံစားရနိုင်သည်။

ကျောက်လှေကားများဘေးတွင် ရွှံ့ဗွက်နှင့် လူဆိတ်ညံနေသော အခြားလမ်းတစ်ခု ရှိသောိလည်း ကျောက်လှေကားထစ်များနှင့် နှိုင်းယှဉ်ပါက မတောက်ပသော လရောင်နှင့်ပင် တူ​​​နေသည်။

ကျောက်​ပြား တစ်ခုက မဝေးလှသော နေရာ၌ စိုက်ထူးထားသည်။ ၎င်းပေါ်တွင် 'နတ်လှေကား' စာလုံးကြီးကြီး သုံးလုံးပါရှိ၏။

“ကောင်းကင်လှေကားက တကယ် ရှိနေတာပဲ.... ဒဏ္ဍာရီတွေက မှန်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး.... ဒါပေမဲ့ တစ်ကမ္ဘာလုံးကို ရှာကြည့်တာတောင် ရှာမတွေ့တဲ့ လှေကားက နတ်တောင်မှာ တစ်ချိန်လုံး ပုန်းနေမယ်လို့ မထင်ထားဘူး"

ကျန်းယိရှင်က ပြောရင်း ကျောက်ပြားကို ထိလိုက်တာနဲ့ မျက်ရည်တွေ စီးကျလာခဲ့သည်။ နတ်သမီးကြီးယွင်ဟွားမှာလည်း သူမ၏ တည်ငြိမ်မှုတွေ ပျက်ပြားသွားကာ အသက်ရှူသံက ပိုမိုမြန်ဆန်လာသည်။

ထိုအချိန်တွင် အနောက်မှ ရှေးဟောင်းပစ္စည်း ငါးယောက်ကလာ်း အရှိန်အဟုန်ဖြင့် ဖြတ်ကျော်သွားရာ ကျောက်လှေကားထစ်များကို တွေ့တော့ ဝမ်းသာအားရ အော်ဟစ်ရယ်မောကြသည်။

လုရွှမ်နဲ့ ပေါင့်တာထင်းက ကျန့်နမ်၊ ကျန့်ပေနဲ့ ပေါ်ဝမ့်တို့ကို နာခံမှုဖြင့် တဖက်က လှေကားလမ်းသို့ ဦးဆောင်ကာ ချဥ်းကပ်သွားခဲ့သည်။ ဒီလိုအခွင့်အရေးမျိုးက ရှားသော်လည်း အနည်းဆုံး ယခုသူတို့အဆင့်နဲ့ တက်နိုင်တဲ့အရာ မဟုတ်သေးပေ။

"ကောင်းကင်ဘုရင်ရဲ့ ခွန်အားနဲ့တောင်မှ မြေကမ္ဘာရဲ့ စရိုက်လက္ခဏာ နယ်ပယ်ထဲကို မထိုးဖောက်နိုင်ခဲ့ဘူး.... အခုကလည်း စိတ်ကူးယဉ်သက်သက်ပဲ ငါတို့က ကောင်းကင်စာအုပ်ကို ရှာနေကြတုန်းပဲ ဆိုပေမယ့် ကောင်းကင်စာအုပ် ဒီကမ္ဘာကနေ မထွက်ခွာခင်မှာ ကြည့်နိုင်ခဲ့ရင် ငါတို့အတွက် ကံကောင်းတဲ့ အခွင့်အလမ်းကောင်းပဲ”

လုရွှမ်လည်း နတ်သမီးကြီးယွင်ဟွားရဲ့ စကားကို ရှင်းရှင်းလင်းလင်း နားလည်ထားပြီးသား ဖြစ်တာကြောင့် သူ့စိတ်က တခြားသူတွေထက် ပိုလို့တောင် ငြိမ်သက်နေခဲ့သည်။ မျှော်လင့်ချက်မဲ့​နေတဲ့ ခံစားချက်မျိုးနဲ့ ရပ်နေဖို့ မလိုပါဘူး။

"အစ်ကိုလုရွှမ်.... ဆရာ...."

“မဝင်နိုင်တဲ့သူတွေက နောက်ဆုံးမှာ ပြန်လာလိမ့်မယ်.... ဒါပေါ့ အဲဒီအခွင့်အရေးကို ရတဲ့သူတွေက တစ်ယောက် သို့မဟုတ် နှစ်ယောက်တော့ ရှိကောင်းရှိနိုင်ပါတယ်... ဒါက တခြားအရာတွေနဲ့ မတူဘူး တိုက်နိုင်ပေမယ့် တိုက်လို့မရတဲ့ နေရာတွေ ရှိတယ်"

နတ်သမီးကြီးယွင်ဟွားက လုရွှမ်ကို တစ်ချက်ကြည့်လိုက်ပြီး ကျန့်ပေဘက်ကို လက်ပြလိုက်သည်။

"နတ်လှေကားကိုတွေ့ဖို့ ဆရာ မမျှော်လင့်ထားဘူး"

"ဆရာ...ဆရာ့ရဲ့ တပည့်ဖြစ်ရတာ ဂုဏ်ယူစရာကောင်းပါတယ်... တပည့် စိတ်ရင်းမှန်နဲ့ ဆရာ အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်"

နတ်သမီးကြီးယွင်ဟွားလည်း သက်ပြင်းချပြီး ကျန့်ပေရဲ့ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

"မင်းနဲ့ငါ ဘာလို့စောစော မဆုံခဲ့တာလဲ... ဒါပေမဲ့ ဒါဆရာ့ရဲ့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်တယ်... တပည့်တစ်ယောက် ရကံကြုံတော့ မင်းက ထွက်လာခဲ့တယ်... ငါလည်း တပည့်တစ်ယောက် ရမယ်လို့ မမျှော်လင့်ထားဘူး...”

"ထားပါတော့ မင်းမျက်လုံးတွေကို မှိတ်ထားလိုက်...."

နတ်သမီးကြီးယွင်ဟွားက သူမလက်ချောင်းများပေါ်တွင် စူးရှတောက်ပသော အလင်းစက်တစ်ခုကို ထုတ်၍ ကျန့်​ပေ၏ မျက်ခုံးအလယ်ဗဟိုကို ထိလိုက်လေသည်။

"ဒါက ဆရာတစ်​​ယောက်ရဲ့ ဝိညာဉ်​ဉာဏ်​အလင်းပဲ... မင်းဆီ လွှဲပေးလိုက်ပြီ နောက်ကျရင် ​ကောင်း​ကောင်း နားလည်​​နိုင်အောင် ကြိုးစား... ဒီ​ကောင်​​လေးက လုရွှမ်က ယုံကြည်​ထိုက်​သူပဲ သူ့နောက်လိုက်... ကိုယ့်​ကိုကိုယ်​လည်း ဂရုစိုက်​!"

ကျန့်ပေ ခေါင်းညိတ်ပြပြီး မျက်ရည်တွေ စီးကျလာပြန်သည်။

"ဆရာ အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်"

"အင်း!"

နတ်သမီးကြီးယွင်ဟွားက ပေါ့ပေါ့တန်တန် ညည်းညူရင်း ကျန်းယိရှင်နဲ့အတူ နတ်လှေကားထစ်ပေါ်သို့ တက်လှမ်းကာ လက်ဖဝါးများကို ဝှေ့ယမ်း၍ တက်သွား၏။ ရှေးဟောင်းပစ္စည်း ငါးယောက်ကလည်း မစောင့်နိုင်တော့ပြီမို့ စိတ်မရှည်ဘဲ လျင်မြန်စွာ လိုက်ပါသွားခဲ့သည်။

အဲဒီနောက် ကျင့်ကြံသူတွေ တစ်ယောက်ပြီး တစ်ယောက် ဒဏ်ရာတွေ အနည်းနဲ့အများဖြင့် ရောက်လာခဲ့သည်။

ဖုန့်ဖေးကလည်း ဆန်းကြယ်ကောင်းကင် အိမ်တော်မှ အငယ်တန်း ညီအကို မောင်နှမ တစ်စုကို ဦးဆောင်လာ၏။ သူမ၏ အသက်ရှုသံ အနည်းငယ် တည်ငြိမ်နေပေမယ့် သူမမျက်နှာသည် နီလွန်းနေသည်။ အဂ္ဂိရတ်ဆရာ တစ်ယောက်အနေဖြင့် လုရွှမ် ဒဏ်ရာတွေအကြောင်း နားလည်သဘောပေါက်ပါသည်။

တစ်ချက် ကြည့်လိုက်လျှင်ပင် ဖုန့်ဖေး အစောပိုင်းက ဒဏ်ရာရခဲ့ကြောင်း၊ ဒဏ်ရာရပြီးနောက်တွင်ပင် တစ်ဖန်ပြန်လည် လှုံ့ဆော်ခံရကာ ဒဏ်ရာများမှာလည်း ထပ်လောင်းတိုးလာခဲ့သည်။ အဲဒီအငယ်တန်း ညီအကို မောင်နှမတွေကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် မရဘဲ သုံးယောက်သာ လျော့သွား၏။

အားလုံးက လုရွှမ်တို့အဖွဲ့ကို ဒေါသတွေ အပြည့်နဲ့ ကြည့်နေကြသည်။

လုရွှမ်မှာ ထိုမာနထောင်လွှားသော လူများကို အာရုံစိုက်ရန် ပျင်းရိလွန်းသဖြင့် ဖုန့်ဖေး၏ မျက်နှာဆီသို့သာ အကဲခတ်လိုက်သည်။ လီလင်ကြောင့် ဖုန့်ဖေး သူ့ကို အရင်က လွှတ်ထားတာကြောင့် လျစ်လျူရှုထားလို့ မဖြစ်ချေ။

အထူးသဖြင့် ဒီလိုနေရာမျိုးမှာ ထိခိုက်ဒဏ်ရာရရင် အသက်ဆုံးရှုံးနိုင်သည်။

"မင်း ဒဏ်ရာ အပြင်းအထန် ရထားတယ်... ချက်ချင်းကုစားဖို့ လိုတယ်... ငါ့ရဲ့ဆေးက မင်းရဲ့ကျင့်စဥ်နဲ့ဆို တစ်နေ့မှာ လုံးဝ ပြန်ကောင်းလာနိုင်တယ်"

ထိုစဥ် ချောမောသော မျက်နှာထားရှိသော လူတစ်ယောက်က ဖုန့်ဖေးရှေ့၌ ဝင်ရပ်လိုက်သည်။

"ငါတို့ ဆရာတူအစ်မ ဖုန့်ဖေးရဲ့ဒဏ်ရာကို ငါတို့ကိုယ်တိုင် ဂရုစိုက်မယ်... သူ့ကို စောင့်ရှောက်ဖို့ ဆန်းကြယ်ကောင်းကင် အိမ်တော်ရဲ့ ရာဇဝတ်ကောင်ဖြစ်တဲ့ မင်းကို မလိုအပ်ဘူး!!"

လုရွှမ် ထိုလူကို မကြည့်ဘဲ ဖုန့်ဖေးကို ကြည့်နေဆဲပင်။ ဖုန့်ဖေးရဲ့ မျက်ခုံးများက အနည်းငယ် တုန်လှုပ်သွားကာ ပြင်းထန်စွာ နာကျင်နေမှန်း သိသာသည်။

ယခင်က သူတို့သည် အမှန်ပင် ခြုံခိုတိုက်ခိုက်ခြင်း ခံခဲ့ရသည်။ အပြစ်ရှိသည်ဟု ခံစားရသော ဖုန့်ဖေးသည် တိုက်ခိုက်မှု အများစုကို သူမတစ်ယောက်တည်း တားဆီးခဲ့သည်။ သို့တိုင် အငယ်တန်း မောင်နှမနှစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိပြီး သေဆုံးသွားခဲ့သည်။

ပြီးတော့ သူမရဲ့ ဒဏ်ရာက ပြင်းထန်နေပြီး တတ်နိုင်သမျှ အမြန်ဆုံး ပြန်ကောင်းလာဖို့ လိုကြောင်း သူမ ကောင်းကောင်းသိပါ၏။

သို့သော် အငယ်တန်း ညီအကို မောင်နှမများ၏ ဒေါသသည် ယခင်က ဝိညာဉ်မိန်းကလေး၏ ကိစ္စနှင့် ဆက်နွှယ်နေသေးကြောင်း သူမ နားလည်သည်။ ယခင်က လုရွှမ်သည် အန္တရာယ်များကို အဖန်ဖန် ရှောင်နိုင်ခဲ့ပြီး သူ့သူငယ်ချင်းများကိုပင် ကာကွယ်နိုင်ကြောင်း တွေးတောနေဆဲ ဖြစ်သည်။

သူ့ဘေးမှာ ဝိညာဥ်နတ်သမီးလေး တစ်ယောက်ရှိတော့ အရာအားလုံးကို နားလည်ပြီးသား ဖြစ်ပေမယ့် သူမဘက်ကို လုံးဝ မဖော်ပြခဲ့ရာ ငယ်ငယ်ရွယ်ရွယ်နဲ့ ညီအကိုမောင်နှမ အများစုဟာ အဲဒီလမ်းမှာ မတရား သေဆုံးသွားခဲ့ရသည်။

နတ်တောင်ဝိညာဥ်က ချုပ်ကိုင်ထားလျှင်ပင် သွမ့်ရှင်းဟယ်နဲ့ လုရွှမ်တို့က ကြံရာပါများ ဖြစ်​ပေသည်။

"ဟမ့် လုရွှမ် မင်း မြင်တယ်မလား... ဆရာတူအစ်မက မင်းကို လုံးဝ ဂရုမစိုက်ချင်ဘူး... မင်းထွက်သွားလို့ရပြီ!!"

သူသည် အလွန်မာနကြီးသော်လည်း ဖုန့်ဖေးရဲ့ တိတ်ဆိတ်မှုကို တိတ်တဆိတ် ရှုတ်ချမှုအဖြစ် ခံယူလိုက်၏။ ဖုန့်ဖေး ပါးစပ်ထဲမှ သွေးတွေ ထွက်လာခဲ့သည်။ အချိန်အကြာကြီး သည်းခံပြီးပြီမလို့ နောက်ဆုံးတော့ မခံနိုင်တော့ပေ။ သူမ ခန္ဓာကိုယ်​က ​နောက်​ကို ​ပျော့ကျသွားသည်။

လုရွှမ် ဒါကို ရှင်းရှင်းလင်းလင်း မြင်တာကြောင့် အမြန် လျှောက်သွားခဲ့သော်လည်း လက်တစ်ဖက်က သူမကို ဘေးသို့ လှမ်းဆွဲလိုက်သည်။

"သူက ငါ့ရဲ့ ဆရာတူအစ်မ မင်း သူ့ကို ဂရုစိုက်​ပေးစရာ မလိုဘူး!"

ထိုလူက ဒေါသတကြီး ဟစ်အော်လိုက်ပြီး ယခုအချိန်တွင်ပင် မနာလိုဖြစ်နေနိုင်သေး၏။

"ထွက်သွား!!"

လုရွှမ်ခန္ဓာကိုယ်မှ စွမ်းအင်များ ထွက်​​ပေါ်လာပြီး ပြင်းထန်သော လေအဖြစ်သို့ ပြောင်းလဲကာ လူငယ်၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသည်။ တစ်ဖက်လူရဲ့ နယ်ပယ်က အားမနည်းသော်လည်း လုရွှမ်နှင့် နှိုင်းယှဉ်ပါက ယွမ်စွမ်းအင် ကြွယ်ဝမှုနှင့် အရည်အချင်း နှစ်ခုစလုံးက များစွာ နိမ့်ကျသည်။

လေပြင်းကြောင့် သူ့ခန္ဓာကိုယ် လွင့်စင်သွားကာ ရှက်ရွံ့စွာ ပြန်လဲကျသွား၏။ လုရွှမ် လက်လှမ်း၍ ဖုန့်ဖေးကို ထိန်းထားပေးလိုက်စဥ် အနောက်ကနေ ဓားစွမ်းအင်နဲ့ ထိုးချလိုက်သူကတော့ လွင့်သွားသူပါပဲ။

"ငါ့ဆရာတူအစ်မကို လွှတ်လိုက်!"

လုရွှမ့၏ မျက်လုံးများထဲ လူသတ်ချင်သည့် အငွေ့အသက်များ ပြည့်လာသည်။ ထိုလူ၏ စိတ်ထဲတွင် ဖြစ်ပျက်နေသမျှကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ဒီလူ ဖုန့်ဖေးအပေါ် ယုတ္တိမတန်တဲ့ စိတ်ကူးတွေ ရှိနေတယ်ဆိုတာ ရှင်းပါ၏။

လုရွှမ် ဒါ​တွေကို ဂရုမစိုက်ပေမယ့် ဒီလိုအချိန်မျိုးမှာ အလိုက် မသိတဲ့အတွက် ရွံရှာစရာကောင်းတယ်လို့သာ မှတ်ယူလိုက်သည်။ ဖုန့်ဖေး သွေးအန်လိုက်တာက သူ့ဒဏ်ရာမှာ ထင်ထားတာထက် ပိုပြင်းထန်ကြောင်း လုရွှမ် သဘောပေါက်သွားသည်။

ဒါတောင် ​​ဒီလူက အခုချိန်ထိ ဒုက္ခပေးနေတုန်းပဲ။

ချွင်း!

လုရွှမ်နောက်ကွယ်မှ နတ်ဓားသည် ရုတ်တရက် ထအော်ကာ အလိုလို ထွက်သွားကာ ရန်သူ့ဓားကို ခုခံထားလိုက်သည်။ နတ်ဓားက ခုတ်လှဲလိုက်စဉ် ထိုလူက ထိတ်လန့်စွာ ကြည့်နေခဲ့ပြီး သူ့ကိုယ်လုံးမှ စွမ်းအင်များ ပိတ်လှောင်ခံလိုက်ရသလို လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

နတ်ဓားနှင့် နှိုင်းယှဥ်လျှင် သူ၏ ဓားစွမ်းအင် အနည်းငယ်သည် ခုခံရန် အချိန်ပင် မရှိခဲ့ဘဲ ဓားစွမ်းအင်ကြောင့် စွမ်းအင်ထက်ဝက်ခန့် ဖြတ်တောက်ခံခဲ့ရသည်။

All Chapters