← Chapters

ပေါင့်တာထင်း သူ့အစွမ်းကို ထုတ်ပြပြီ

Vol. 100 Ch. 4.1017

ပေါင့်တာထင်း သူ့အစွမ်းကို ထုတ်ပြပြီ

Vol. 100 Ch. 4.1017

ဆန်းကြယ်ကောင်းကင် အိမ်တော်က လူများသည် သူတို့ မျက်လုံးများဖွင့်ကာ ကြည့်နေသော်လည်း စကားမပြောဝံ့ကြပေ။

"ငါ ကိုင်တွယ်ထားမယ်... မင်းက လူကို အရင်သွားကယ်လိုက်"

ပေါင့်တာထင်းက ဆိုလိုက်သည်။ လုရွှမ်လည်း ခေါင်းညိတ်ပြ၍ ဖုန့်ဖေးကို ဂူငယ်​လေး တစ်ခုထဲ ခေါ်လာခဲ့ကာ အခင်းအကျင်း အလွှာများကို လျင်လျင်မြန်မြန် စီစဥ်လိုက်သည်။

ဖုန့်ဖေးကို ဆေးအနည်းငယ် တိုက်ကျွေးပြီးနောက်၊ သူ့လက်ဖဝါးကို ဖုန့်ဖေးရဲ့ ကျော်ပေါ်သို့ တင်လျက် ယွမ်ယန်စွမ်းအားများကို တဖြည်းဖြည်း ဝင်ရောက် သွားစေလိုက်သည်။ အငွေ့အသက်များ ပွက်ပွက်ဆူလာပြီး မကြာမီတွင် သူတို့နေရာကို လေလှိုင်းအလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွားသည်။

ပေါင့်တာထင်းသည် မီးဘောလုံးကို ပေါ့ပေါ့တန်တန် ထွန်းညှိလိုက်ပြီး မြေပြင်ပေါ်ရှိ အလောင်းကို ပြာဖြစ်တဲ့အထိ လောင်ကျွမ်းစေကာ ဆန်းကြယ်ကောင်းကင် အိမ်တော်က တပည့်များကို စိုက်ကြည့်လိုက်သည်သည်။

"မင်းတို့ကအဲဒီမှာ ဘာလုပ်နေသေးတာလဲ... မင်းတို့ကို ကာကွယ်ဖို့သာ မဟုတ်ရင် နတ်သမီးဖုန့်ဖေးက ဒဏ်ရာရမယ်လို့ ထင်နေတာလား... ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာက ဘယ်သူ့ကိုမှ ထပ်မကာကွယ်နိုင်တော့ဘူး...မင်းတို့ အခုလုပ်နေတာက ကာကွယ်တာလား ကြံစည်နေတာလား?"

ဆန်းကြယ်ကောင်းကင် အိမ်တော်က တပည့်များသည် အံကြိတ်ကာ ရှုံးနေကြဆဲဖြစ်သည်။

"အရူးတစ်အုပ်ပဲ.... ရိုက်ရမှာတောင် အားကုန်တယ်"

ကျန့်နမ်တို့လူတစ်စုက ရွှင်မြူးပြီး လုရွှမ် တည်ထောင်ထားတဲ့ အခင်းအကျင်းနား အမြန်ရောက်လာပြီး စောင့်ကြပ်နေလိုက်သည်။ ဆန်းကြယ်ကောင်းကင် အိမ်တော်က တပည့်တွေကတော့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း စိတ်ရှုပ်ထွေးနေပုံရ၏။

သူတို့သည် ဆန်းကြယ်ကောင်းကင် အိမ်တော်က ပါရမီရှင်များဖြစ်ပြီး အတွင်းစည်း တပည့်များဖြစ်သည်။ မဟုတ်ပါက နတ်တောင်ကို ဘယ်လိုလုပ် ရောက်လာနိုင်ပါ့မလဲ။ ဒါပေမဲ့ အဲဒီလို ခရီးထွက်ပြီးတဲ့ နောက်မှာတော့ သူတို့ရဲ့ အားနည်းချက်တွေကို ရှာဖွေတွေ့ရှိလာခဲ့သည်။

ဒီကိုလာတဲ့လူတွေက နတ်မီးနယ်ပယ်မှ မဟုတ်ဘဲ မျှော်စင်နယ်ပယ်က ဒါမှမဟုတ် လွန်ခဲ့တဲ့နှစ် ထောင်ပေါင်းများစွာက ရှေးဟောင်းပစ္စည်းတွေတောင်မှ ပါလာသေးသည်။ လုရွှမ်လို ခွန်အားကို ဖုံးကွယ်ထားသည့် တားမြစ်လူသား၊ တားမြစ်မြေကြီးကို ပိုင်ဆိုင်ထားသည့် လူများလည်း ရှိပါသည်။

သူတို့ဂုဏ်ယူခဲ့ရတဲ့ ကျင့်ကြံမှုနဲ့ ခွန်အားဟာ ဒီလူတွေရှေ့မှာ လုံးဝ မလုံလောက်တော့ပေ။ ဤနေရာတွင် အရိုက်ခံရသောအခါတွင် သူတို့ရဲ့ သန်မာတယ် ဆိုတဲ့ စကားလုံးက လုံးဝ ပျောက်ကွယ်သွားပြီး ဂုဏ်သတင်းတွေလည်း အပိုင်းပိုင်း ကွဲသွား​တော့သည်။

ဒီလိုအချိန်မျိုး သူတို့ဆီမှာ တစ်ခါမှ မဖြစ်ဖူးကြဘူးလေ။ အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးလာပြီး နေ့တစ်ဝက် ကုန်သွားသည်။

"ဟမ့် တစ်ယောက်ယောက်က ကြံစည်ဖို့ ဒီကိုလာနေပြီ!"

ပေါင့်တာထင်းက ရုတ်တရက် ထအော်လိုက်ပြီး အခင်းအကျင်းဘက်က လူတွေလည်း လှည့်ပြောလိုက်သည်။

"အားလုံးပဲ မင်းတို့ ဆက်ထိန်းထားလိုက်!"

လူသုံးယောက် သူတို့အရှေ့မှာ ပေါ်လာကာ ပထမတစ်ယောက်ကတော့ သွမ့်ရှင်းဟယ် ဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူ့နောက်လိုက်ပါပဲ။ တခြားလူများကတော့ သေဆုံးသွားတာ သို့မဟုတ် စော​စောစီးစီး ထွက်ပြေးသွားကြတာ ဖြစ်ပေမည်။

"ဟာဟား အားလုံး ဘေးကင်းကြရဲ့လား... နတ်သမီးဖုန့်ဖေး ဒဏ်ရာရသွားတယ်လို့ ကြာတယ်... သူမရဲ့ ဒဏ်ရာက တော်တော် ပြင်းထန်ပုံရတယ်နော် လုရွှမ်က ဒဏ်ရာကို ကုစားဖို့ အနည်းဆုံး တစ်ရက်လောက် အချိန်ယူရလိမ့်မယ် ထင်တယ်"

"ဟေး ငါက အစကတော့ သူငယ်ချင်းတချို့နဲ့ မိတ်ဆက်ပေးချင်ပေမယ့် အခုတော့ မ​ဖြစ်နိုင်​တော့ဘူး ထင်တယ်... ငါ့သူငယ်ချင်းတွေက ဒေါသ သိပ်မထိန်းနိုင်ဘူးလေ... လုရွှမ်နဲ့ ရန်ငြိုးရန်စလေးလည်း ရှိတယ်"

"အကြီးအကဲတို့ ထွက်လာကြတော့..."

သွမ့်ရှင်းဟယ်လို လူမျိုးက အကြီးအကဲလို့ ခေါ်လိုက်တယ် ဆိုကတည်းက ထိုလူများဟာ ကြီးကျယ်သော နာမည်ကောင်း ရှိ​နေနိုင်သည်။ သူ့အသံဆုံးတော့ လူတချို့က ပျင်းရိစွာဖြင့် ထွက်လာကြသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရောင်ဝါသည် နားမလည်နိုင်သော အရိပ်အယောင်များ ရှိနေသည်။

ပေါင့်တာထင်း ခဏလောက် ထိတ်လန့်သွားပြီး။

"မန်ဟွမ်အငွေ့အသက်တွေ... မင်းတို့က ဘယ်သူလဲ လှောင်အိမ်သခင်တွေ?"

စုစုပေါင်း လူခြောက်ဦး ထွက်လာကြပြီး အားလုံးက မျှော်စင်နယ်ပယ်၌ ရှိနေကြသည်။ ခေါင်းဆောင် အဘိုးကြီးက ပြုံးပြီး ပြောလာ၏။

"မန်ဟွမ်အငွေ့အသက်....ဟားဟားဟား ဒီခေတ်က လူတွေက ငါတို့ကိုအဲ့လို့ ခေါ်တာလား?"

"အိုး.... အဘိုးကြီးယင်...ဒီလိုနာမည်မျိုးကို မကြိုက်ရင် သူတို့ကို သတ်ပစ်လိုက်ရုံပေါ့..."

"ဟားဟားဟား"

လူခြောက်ယောက် သုံပြိုင် ရယ်မောလိုက်ကြသည်။ အဘိုးကြီးယင်က ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီး။

"လှောင်အိမ်သခင်တဲ့လား.... ဟမ့် ဒီနာမည်ကို မကြားရတာ သုံးနှစ်ရှိပြီ မဟုတ်လား? ကောင်လေး မင်း ဒါကို သိပြီဆိုကတည်းက မင်းက အဲဒီကလေး လုရွှမ် နဲ့ ပတ်သက်နေတာ သေချာတယ် သတ်ပစ်!"

အဘိုးအို၏ အမိန့်ကို လိုက်နာရင်း မျှော်စင်နယ်ပယ် သခင်တစ်ဦးသည် ပြေးလာလေသည်။ ၎င်းက လက်ဖဝါးကို လှမ်းဆွဲလိုက်ရာ ဓားနှစ်လက် ပေါ်လာခဲ့ပြီး အော်ဟစ်ကာ ပေါင့်တာထင်းဘက် ခုတ်ချလိုက်သည်။

"အစ်ကိုပေါင့်မှာ ထူးထူးခြားခြား ကျင့်ကြံထားတာတွေ ရှိတယ်လို့ ကျွန်တော် အမြဲကြားနေခဲ့ရတာ... အခု နောက်ဆုံးတော့ မြင်ခွင့်ရတော့မယ်"

သွမ့်ရှင်းဟယ်က အော်လိုက်သည်။ သူ့အသံက အတော်လေး ကျေနပ်နေပုံရပြီး ဆန်းကြယ်ကောင်းကင် အိမ်တော်က တပည့်တွေဆီ လျှောက်သွားလေ၏။

ယခုအချိန်တွင် ပေါင့်တာထင်းသည်လည်း သွမ့်ရှင်းဟယ်ကို အာရုံစိုက်ရန် စိတ်မ၀င်စားတော့ပေ။ မျှော်စင်နယ်ပယ်မှ လှောင်အိမ်သခင်က သူ့ကို ဓားနှစ်ချောင်းဖြင့် ခုတ်သတ်နေပြီ ဖြစ်သည်။

ဓားသွားနှစ်ချောင်း၏ ချွန်ထက်သော အစွန်းများသည် လေထုကိုပင် ၂ခြမ်းကွဲသွားစေသလို ခံစားရသည်။ လူအရိပ်ကလည်း တဟုန်ထိုး ဖြတ်ကျော်သွားကာ တခဏအတွင်း သူသည် ပေါင့်တာထင်း ရှေ့သို့ ရောက်နေပြီ။

ဓားနှစ်ချောင်းသည် အရောင်ကင်းစင်ပြီး မမြင်နိုင်သော ဓားသွားများက သူ့ခန္ဓာကိုယ်ကို ​ပိုင်းဖြတ်တော့မလို ပေါင့်တာထင်း ခံစားနေရသည်။ ပေါင့်တာထင်း လျင်မြန်စွာ ဆုတ်ခွာ၍ ကျဉ်းမြောင်းစွာ ရှောင်ထွက်သွားခဲ့သည်။

"ဟား ဟား ကောင်းတယ်ဟေ့"

အဘိုးကြီးက ပြုံးပြီး ပေါင့်တာထင်းဘေးမှာ ပေါ်လာပြန်သည်။ ထိုအခါ ပေါင့်တာထင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် လေထဲ၌ သဲလွန်စ မရှိဘဲ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ အဘိုးကြီးလည်း အံ့အားသင့်သွားကာ သူ မကြိုက်သော ပေါင့်တာထင်း၏ ရုပ်ကိုပင် မတွေ့နိုင်တော့ချေ။

"ဟားဟား..... တော်တော် စိတ်ဝင်စားဖို့ ကောင်းလာပြီ"

အဘိုးအိုက ရုတ်တရက် သူ့လက်တွေကို ချိတ်ပြီး ဓားသွားတွေကို လှုပ်ယမ်းလိုက်သည်။ ဓားရှည်များသည် တစ်ဖက်ပြီး တစ်ဖက်မှ ကျယ်လောင်စွာ ထွက်ကျလာကာ ပတ်ဝန်းကျင် နေရာတစ်ခုလုံး ဓားမိုးသီးများ ကြွေကျလာခဲ့၏။

မီးရောင်များနှင့် အရိပ်များ တဖျပ်ဖျပ် ခတ်လျက် ​လေထု​တစ်ခုလုံးကို ဓားသွားတွေက ဖုံးလွှမ်းထားလေရာ မြင်သူတိုင်း ထိတ်လန့်သွားကြသည်။ ဒီလိုအခြေအနေမျိုးမှာ သူတို့ထဲက တစ်ယောက်ယောက်သာ ဆိုရင် ဓားနဲ့ အထိုးခံရလို့ ပွဲသိမ်းသွားမှာ သေချာပါသည်။

"လူကြီး... သိုင်းကွက် လာပြီ!"

နောက်အခိုက်အတန့်တွင် အဘိုးကြီး၏ ခေါင်းပေါ်၌ ပေါင့်တာထင်း ပေါ်လာလေသည်။ ပေါင့်တာထင်းတစ်ယောက် အဘိုးကြီးရဲ့ ခေါင်းပေါ်၌ ရပ်နေလိမ့်မည်ဟု ဘယ်သူမှ မထင်ထားကြပေ။ သူ့ရဲ့ လုပ်ဆောင်ချက်က ထူးဆန်းမှုကို အရိပ်အယောင်ပင် ဖော်ပြထားခြင်း မရှိသော်လည်း သာမန်လူများထက် သာလွန်စွာ သတ္တိရှိလှသည်။

အဘိုးအိုလည်း လန့်ဖျပ်သွားပြီး ဓားနှစ်ချောင်းနှင့် အထက်သို့ ခုတ်ထစ်လိုက်သည်။ သို့သော် ပေါင့်တာထင်းရဲ့ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြန်သည်။ အဘိုးအို ခဏမျှ ထိတ်လန့်သွားပြီး သူ့ဓားဖြင့် ခုတ်ဆဲဖြစ်သော်လည်း လူကို ရှာမတွေ့တော့ပေ။

"ကောင်လေး... စိတ်ဝင်စားစရာပဲ!"

"သတိထာ!"

လှောင်အိမ်သခင် တစ်ယောက်ဆီက ကျယ်လောင်တဲ့ အော်သံတစ်သံ ထွက်လာခဲ့သည်။ ထိုစဥ် အဘိုးအိုမှာ သူ့ခေါင်းထိပ်မှ တွန်းအားတစ်ခု ရုတ်တရက် ဆင်းသက်လာသည်ကို ခံစားလိုက်ရပြီး သူ့လက်ကို အလိုလို အပေါ်သို့ ဝှေ့ယမ်းလိုက်သော်လည်း အချိန်နှောင်းနေပြီ ဖြစ်သည်။

အဘိုးအို၏ ဦးခေါင်းကို ဓားသွားကဲ့သို့ လက်ဖဝါးက တစ်ချက်တည်းနဲ့ ရိုက်ချပစ်လိုက်လေပြီ။ ဦးနှောက် အစိတ်အပိုင်းများသည် နေရာတိုင်းတွင် အဖြူနှင့်အနီများ အဖြစ် ပြန့်ကျဲနေပြီး အလွန်ရွံရှာဖွယ် ကောင်းသွားသည်။

ပေါင့်တာထင်း တစ်ဖန်ပေါ်လာပြီး သူ့လက်ကို ဝှေ့ယမ်းကာ ဓားနှစ်ချောင်းကို သိမ်းပိုက်လိုက်သည်။

"အဆင့်၉ ဧကရာဇ်လက်နက်ပဲ... မဆိုးပါဘူး"

သူ့ရဲ့ခြေရာလက်ရာက ပေါ့ပါးပြီး သန်မာကာ တိုက်ပွဲကြီးတစ်ခုနဲ့ ကြုံခဲ့ရသူတွေလို လုံးဝ မပင်ပန်းနေပေ။ သွမ့်ရှင်းဟယ် အပါအဝင် လူတိုင်းလိုလို ပေါင့်တာထင်းကို ကြည့်ပြီး ထိတ်လန့်နေပါသည်။

"ငါ့ညီအစ်ကိုကို သတ်ချင်ရင် ငါ့အလောင်းကို အရင်နင်းသွား!"

ပေါင့်တာထင်းက စကားတစ်ခွန်းကို ပေါ့ပေါ့ဆဆ ပြောပြီး သူ့တစ်ကိုယ်လုံးကို မီးခိုးရောင် စွမ်းအင်များဖြင့် ဖုံးအုပ်ကာ ဆန်းကြယ်ကောင်းကင် အိမ်တော်က လူများ၏ ရှေ့တွင် ပေါ်လာခဲ့သည်။

အချိန်အတော်ကြာတဲ့အထိ ဘယ်သူမှ ခြေတစ်လှမ်းမှ မလှမ်းလာရဲသေးချေ။

All Chapters