← Chapters

တစ်​ပေ ပိုမြင့်တယ်

Vol. 100 Ch. 4.1019

တစ်​ပေ ပိုမြင့်တယ်

Vol. 100 Ch. 4.1019

လုရွှမ်သည် သူ့ခန္ဓာကိုယ်ကို ယင်စွမ်းအားများဖြင့် ထိုးဖောက်စေလိုက်သည်။ ယင်စွမ်းအင်ကိုးစင်းနှင့် ထိတွေ့လိုက်သော အခါတွင် သူ့လက်ဖဝါးမှာ ရေခဲများဖြင့် ပတ်ရစ်ခံလိုက်ရတော့သည်။ ရေခဲတွေက ဆက်ပြီး ပြန့်နှံ့သွားကာ သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်သွားတာကြောင့် ခဏလေးအတွင်းမှာပဲ လုရွှမ် အေးခဲသွားရ၏။

ကြက်သွေးရောင် မီးတောက်အုပ်စုသည် သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသော်လည်း ၎င်းကို မခုခံနိုင်ဘဲ ရေခဲထဲတွင် ရစ်ပတ်ခံထားရဆဲ ဖြစ်သည်။ ပေါင့်တာထင်းနဲ့ ဖုန့်ဖေးတို့ အံ့အားသင့်သွား၏။ လုရွှမ်တစ်ယောက် ယင်စွမ်းအင်ကိုးစင်းကြောင့် လှည့်စားခံရမည်ဟု မထင်ခဲ့ပေ။ လုရွှမ်က ထူးဆန်းသော မီးကို ထိန်းချုပ်နိုင်တယ် မဟုတ်လား။

လုရွှမ်ရဲ့ ဂုဏ်သတင်း ကြီးမားသော အစိတ်အပိုင်းကို ဓားမိုးကြိုးနဲ့ ထူးဆန်းမီးတောက်တို့က ထောက်ခံပေးထားခြင်း ဖြစ်သည်။ အဘိုးကြီးယင်မှာ တခဏမျှ ထိတ်လန့်သွားသော်လည်း နောက်အခိုက်အတန့်တွင် သူက အားရပါးရ ရယ်မောလိုက်သည်။

"ဟားဟားဟား ဒီအဘိုးကြီးက လမ်းလျှောက်တာထက် အများကြီး ပိုလျှောက်ထားတာကွ... မင်းဘာတတ်နိုင်​သေးလဲ ကျင့်ကြံမှုက သာမန်လေးနဲ့ နတ်ဓားကို အားကိုးနေတဲ့ကောင်လေး.... ထူးဆန်းတဲ့ မီးနဲ့ မာနကြီးတဲ့ကောင်လေး... ဒီအရာနှစ်ခု မရှိရင် မင်းမှာ အားကိုးစရာ ဘာရှိသေးလဲ"

"ငါ့မှာရှိတဲ့ ယင်ချီတိမ်တိုက်ကို ယင်စွမ်းအင်ကိုးစင်းလို့ ခေါ်တယ်.... ဒါပေမဲ့ အန္တရာယ်တွေ​ကြားက ကျဉ်းကျဉ်းလေး လွတ်မြောက်လာပြီး နှစ်ထောင်ချီကြာအောင် မွေးမြူထားနိုင်ခဲ့တာ... ငါ့ ယင်စွမ်းအင်ကိုးစင်းက ထူးဆန်းမီးတောက်လောက် မပြင်းထန်ပေမယ့် အဆင့်လည်း မနိမ့်ဘူးကွ!!"

"ငါ့ရဲ့ ယင်စွမ်းအင်ကို ငါ တမင်တကာ အသုံးချခဲ့တာ မင်း ငယ်ငယ်ရွယ်ရွယ်နဲ့ မာနကြီး​နေမှန်း ငါသိတာပေါ့.... နတ်ဓားကို သုံးမယ့်အစား မင်းက ငါ့ကို တိုက်ခိုက်ဖို့ ထူးဆန်းတဲ့ မီးကို သုံးလိမ့်မယ်လို့လည်း ဟားဟားဟား ကလေး မင်းက အရမ်းငယ်ပါ​သေးတယ်"

သူတို့ဘေးက လှောင်အိမ်သခင်နဲ့ သွမ့်ရှင်းဟယ်တို့က ဝမ်းသာပီတိ ဖြစ်နေကြတာကြောင့် ကျယ်လောင်စွာ ရယ်မောလိုက်ပါ​၏။ တိုက်ပွဲက ဒီလို ချောချောမွေ့မွေ့နဲ့ ပြီးသွားလိမ့်မယ်လို့ မမျှော်လင့်ထားပေ။ လုရွှမ်က အဘိုးကြီးယင်ရဲ့ လှည့်စားမှုထဲ ခဏအတွင်းမှာပဲ ကျရောက်သွားခဲ့သည်။ အဘိုးကြီးယင်က မျှော်လင့်ထားတဲ့အတိုင်း တကယ် အကြံအစည် ကောက်ကျစ်သူပင်။

ဖုန့်ဖေးနဲ့ ပေါင့်တာထင်းတို့သည် ရန်သူများကို အလျင်အမြန် ထားခဲ့ကာ အလျင်စလို ကျော်တက်သွားကြရသည်။ ယင်စွမ်းအင်ကိုးစင်းကို တစ်ခါမှ မကြားဖူးသော်လည်း ၎င်းသည် အနှစ်တစ်သောင်းကြာ နာမည်ကြီးခဲ့သော ထူးဆန်းသော မီးကိုပင် အေးခဲသွားစေနိုင်တာမို့ သိသိသာသာပင် ထူးခြားပြီး လုရွှမ်ပင် အန္တရာယ်ထဲ ကျရောက်နေပြီ ဖြစ်သည်။

ရန်သူတွေကို သူတို့နှစ်ယောက်တည်း ဘယ်လိုလုပ် သတ်ရတော့မလဲ။

"အဘိုးကြီးယင်... အဲဒီကောင်ကို မြန်မြန်သတ်လိုက်တော့ နတ်ဓားက ခင်ဗျားအပိုင် ဖြစ်လာလိမ့်မယ်"

သွမ့်ရှင်းဟယ်က တစ်ဖက်ကနေ လှမ်းအော်လိုက်သည်။ သူသည် လုရွှမ်ဆီက ခြိမ်းခြောက်နိုင်တဲ့ စွမ်းအင်ကို အကြိမ်ကြိမ် ခံစားခဲ့ဖူးတာမလို့ လုရွှမ်ကို စိတ်နှလုံး အောက်ခြေကနေ ကြောက်​လေ၏။ လုရွှမ် စောစောစီးစီး သေသွားမယ်လို့ မထင်သော်လည်း အဘိုးကြီးယင်က ယင်စွမ်းအင်ကိုးစင်းကို သုံးလိုက်တဲ့အခါ လုရွှမ် နတ်ဓားသုံးချိန်ပင် မရလိုက်ပေ။

အဘိုးကြီးယင်၏ မျက်နှာသည် စိတ်ကြွဆေးပြားများ စားသုံးထားသည့် အရိပ်အယောင်များ ပေါ်လာ​တော့သည်။

"ဟုတ်တယ် ကောင်လေး... မင်းရဲ့ နတ်ဓားဟာ ဒီနေ့သူ့ရဲ့ ပိုင်ရှင်ကို ပြောင်းလဲလိမ့်မယ်"

သူသည် လုရွှမ်နံဘေးသို့ အမြန်ပြေးသွားပြီး ယင်စွမ်းအင်ကိုးစင်းသည် သူ့လက်ဖဝါးပေါ်တွင် ချွန်ထက်သော လက်ချောင်းငါးချောင်းဖြင့် ပြောင်း၍ လုရွှမ်ဦးခေါင်းကို ပြင်းထန်စွာ ထိုးချဖို့ ပြေးဝင်လာလေ၏။ ၎င်းက လုရွှမ်ကို တစ်ချက်တည်းဖြင့် သတ်ပစ်တော့မည်။

"မလုပ်နဲ့!"

ကျန့်ပေ အော်ဟစ်ပြီး ဒူးထောက်ကျသွားခဲ့သည်။

"ဆရာ!"

ပေါ်ဝမ့်လည်း ဒေါသတကြီး ဟောက်ပြီး အမြန် ပြေးထွက်သွားသည်။ သူတို့နှစ်ဦးကို ကျန့်နမ်ကို တင်းတင်းကြပ်ကြပ် ဆွဲဖက်ထားရင်း သူ့မျက်လုံးများမှာလည်း မျက်ရည်များဖြင့် ပြည့်နှက်နေသည်။

ဖုန့်ဖေးနဲ့ ပေါင့်တာထင်းတို့မှာ အပြင်းအထန် တိုက်ခိုက် နေခဲ့ကြသော်လည်း ကံမကောင်းစွာဖြင့် ၎င်းတို့ကို လူသုံးလေးဦးက ဝိုင်းရံထားသောကြောင့် ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။

"ငရဲကို သွားလိုက်တော့!"

ရေခဲသည် လုရွှမ်ကို ဖုံးအုပ်ထားသော်လည်း အဘိုးကြီးယင်အပေါ် အတားအဆီး မရှိသဖြင့် တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။ ဖုန့်ဖေးနဲ့ ပေါင့်တာထင်းတို့ခမျာ မကူညီနိုင်တာကြောင့် မျှော်လင့်ချက် မဲ့သွားသည်။

ပေါ်ဝမ့်၊ ကျန့်နမ်နဲ့ ကျန့်ပေတို့ မျက်ရည် ကျနေတာကိုကြည့်ပြီး သွမ့်ရှင်းဟယ်မှာ ရိုင်းစိုင်းစွာ ရယ်မော​နေခြင်းကို မရပ်တန့်နိုင်တော့ပေ။ နောက်ဆုံးတွင် သူ့​နှလုံးသားထဲက ပြင်းထန်သော ပြသနာများ ကုန်ဆုံးသွားခဲ့ပြီ။ ဖုန့်ဖေးနဲ့ ပေါင့်တာထင်းဟာ အစွမ်းထက်လှသော်လည်း သူတို့ လုရွှမ်ကို မကူညီနိုင်ခဲ့ပေ။

အချိန် အနည်းငယ် ကုန်ဆုံးသွားသော်လည်း အဘိုးကြီးယင်၏ လက်ဖဝါးသည် လုရွှမ်ခေါင်း ပေါ်တွင် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

"အမ်... လူကြီးမင်းယင် ခင်ဗျား ဘာလုပ်နေတာလဲ"

"ယင်လောင်... မင်း ဘာလုပ်နေတာလဲ"

လုရွှမ်ကို သတ်ချင်ရင် ခဏလေးအတွင်း လုပ်လိုက်လို့ ရနေပြီ။ အခုက တစ်ခုခုမှားနေပြီဆိုတာ လူတိုင်း နောက်ဆုံးတော့ သိသွားပေမယ့် အဘိုးကြီးယင် ဘာလုပ်နေတာလဲ မသိတာကြောင့် လုံးလုံး စိတ်ရှုပ်ကုန်ကြပြီ။

ခဏလောက် စိုက်ကြည့်ပြီးနောက် ချွေးပုတီးလုံးကြီးတွေက အဘိုးကြီးယင်ရဲ့ နဖူးမှာ စုနေတာကို သတိထားမိပြီး သူ့ပါးစပ်ထောင့်တွေ ကွဲအက်သွားတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

"ကူညီကြပါဦး..... ငါ့ကို ကယ်ပါ!"

အချိန်အတော်ကြာအောင် ခွန်အားတွေ စုဆောင်းပြီးတဲ့ နောက်မှာတော့ အဘိုးကြီးယင်ဟာ သေလုမြောပါး အားနည်းနေတဲ့ လူလို အသံထွက်လာလေသည်။

"လူကြီးမင်းယင်... နောက်ပြောင်မနေနဲ့ ရပ်လိုက်တော့ ဒါက ရယ်စရာမကောင်းဘူးဗျ!!"

သွမ့်ရှင်းဟယ်လည်း အော်ပြောလိုက်သည်။ ကြောက်ရွံ့မှု အနည်းငယ်က သူ့ရင်ထဲ ရုတ်တရက် တိုးဝင်လာသည်။ လုရွှမ်ကို ကြည့်လိုက်ရင်း တဖြည်းဖြည်း ထိတ်လန့်လာ၏။ ဖြစ်နိုင်ပါ့မလား။

"သွားရအောင် မြန်မြန်သွားရအောင်!"

သွမ့်ရှင်းဟယ် အော်လိုက်သည်။ သူက သူ့နောက်လိုက် နှစ်ယောက်ကိုတောင် ဂရုမစိုက်​တော့ဘဲ လှည့်ထွက် ပြေးသွားခဲ့သည်။

ထိုအခိုက် ဖောင်းကနဲ အသံနှင့်အတူ လုရွှမ်ခန္ဓာကိုယ်ပေါ်ရှိ ရေခဲများ ပေါက်ကွဲသွားကာ လုရွှမ် ပြေးထွက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်သည် ရှည်လျားသော ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားပြီး ဥက္ကာပျံထက်မြန်သော အရှိန်ဖြင့် ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။

ပျံသန်း သွားလေရာရာ၌ ရေခဲအနည်းငယ် စိမ့်ဝင်ကာ မြေပြင်ပေါ်သို့ ကျသွားသည်။ သို့သော်လည်း သွမ့်​​ရှင်းဟယ်၏ အရှိန်သည် အလွန်မြန်လွန်းသဖြင့် လုရွှမ် အလွန်လျင်မြန်သော်လည်း သူ မလိုက်နိုင်သေးပေ။

"ထွက်ပြေးရတာ အရမ်းလွယ်တယ်ပေါ့.... ဖမ်းလိုက်!"

လုရွှမ်၏ သြရှရှ အသံနဲ့အတူ သူ့နောက်မှ ဓားရှည်သည် လူမြင်ကွင်းမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း သွမ့်ရှင်းဟယ်ရဲ့ ခန္ဓာကိုယ်သည် အနက်ရောင်အစက်လေး ဖောက်ဝင်သွားကာ ရုတ်တရက် မြေပြင်ပေါ်သို့ ပြုတ်ကျသွား​လေသည်။ ၎င်းက လေထဲမှာတင် ခန္ဓာကိုယ်က တစ်စစီ ဖြစ်သွားရှာ၏။

ချင်ထျန်းဓား ပြန်ပြေးလာစဥ် လုရွှမ် နတ်ဓားကို ပိုးပဝါထဲ ပြန်ထုတ်ထားလိုက်သည်။

"ဟမ့် ချင်ထျန်းဓားအောက်မှာ သေရတာ ဂုဏ်ယူလိုက်စမ်းပါ!"

တစ်ဖက်ကို လှည့်ကြည့်လိုက်ရင်း ဖုန့်ဖေးနဲ့ ပေါင့်တာထင်းဘက်ကို လက်ပြလိုက်သည်။

"မင်းတို့ကို စိတ်ပူအောင် လုပ်မိသွားပြီ... အဘိုးကြီးယင်က ငါ့ကို ကြံစည်နေတာ ငါလည်း သူ့ကို ကြံစည်နေတာ.... နတ်ဆိုးက သရဲ တစ်ပေပိုမြင့်တယ်လေ"

ဖောင်းကနဲ အသံနှင့်အတူ အဘိုးကြီးယင်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ့ခန္ဓာကိုယ်က တဆက်ဆက် တုန်နေ၏။ ရောင်ဝါက ဖရိုဖရဲဖြစ်​နေပြီး ကျင့်ကြံမှုနယ်ပယ်က တခါတရံ နတ်မီးနယ်ပယ်သို့ ပြောင်းသွားကာ တစ်ခါတစ်ရံ မျှော်စင်နယ်ပယ်သို့ ပြန်ခုန်သွားသည်။ ကောင်းကင်ဘုံသခင် အထိပါ ရုတ်တရက် ခုန်ဆင်းသွားသည်မှာ အလွန်ထူးဆန်း​နေသည်။

တခြား လှောင်အိမ်သခင်များကလည်း ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေကြောင့် ကြောင်အနေကြသည်။ ဤလှောင်အိမ်သခင် များသာမက ကျန့်မောင်နှမနှစ်ယောက်နဲ့ တခြားသူများမှာလည်း ဆွံ့အနေကြဆဲ ဖြစ်သည်။

စူးစမ်းလိုစိတ် အရှိဆုံးလူမှာ ထုံးစံအတိုင်း အဘိုးကြီးယင်ပင်။ သူ့နှုတ်ခမ်းတွေ တုန်နေပေမယ့် ခက်ခက်ခဲခဲ မေးဖို့ ကြိုးစားနေဆဲ။

“မင်း...မင်း ဘယ်လို လုပ်လိုက်တာလဲကွ!”

"မင်းတစ်ယောက်တည်း ယင်စွမ်းအင်ကိုးစင်းကို နားလည်တဲ့သူလို့ ထင်​နေတာလား... ငါ့ရဲ့ကျင့်စဥ်ကို မြှင့်တင်တဲ့ လုပ်ငန်းစဉ်မှာ ယင်နဲ့ယန် ဆုံစည်းမှုကို အောင်မြင်ဖို့အတွက် ယင်စွမ်းအင်ကိုးစင်း လိုအပ်တယ်... ငါ့ယင်နဲ့ယန်က ယင်စွမ်းအင်ကိုးစင်းနဲ့ တူတယ်... မင်းရဲ့ယင်စွမ်းအင်က အေးပေမယ့် ချို့ယွင်းချက်တွေနဲ့ အပြည့်ပဲ”

"ယင်စွမ်းအားက ယန်ကို ထုတ်ပေးနိုင်တယ်... ယန်စွမ်းအင်ကလည်း ယင်ကို ထုတ်ပေးနိုင်တယ် မင်းက ကောင်းကောင်း မလေ့ကျင့်ရသေးပေမယ့် စစ်မှန်တဲ့ ယင်ယန် တိုက်ခိုက်မှုက ငါ့အတွက်တော့ ဘယ်လိုနည်းနဲ့မှ ခြိမ်းခြောက်မှု မဖြစ်လာနိုင်ဘူး... မင်း ပွင့်ပွင့်လင်းလင်း တိုက်ခိုက်သွားတာကို ကျေးဇူးတင်ပါတယ်... မင်း နှစ်ထောင်ချီပြီး ကြိုးစားလုပ်ဆောင်ခဲ့တဲ့ ယင်စွမ်းအင်ကိုးစင်းက ငါ့ရဲ့ ကျွမ်းကျင်မှု ဖြစ်နေတယ်လေ"

အဘိုးကြီးယင်၏ ခန္ဓာကိုယ်သည် ခဏမျှ တုန်လှုပ်သွားပြီးနောက် ရပ်တန့်သွားသည်။

"စိတ်မကောင်းပါဘူး... မင်းအခု သေရတော့မယ်.... အရမ်း ဒေါသထွက်​ပြနေလည်း အပိုပဲ!"

လုရွှမ် သူ၏လက်ချောင်းများကို ပွတ်ဆွဲလိုက်ရာ မီးလုံးကြီးသည် အဘိုးကြီးယင်၏ မျှော်စင်ကလွဲလို့ အရာအားလုံးကို ပြာချပစ်လိုက်ပေသည်။

All Chapters