← Chapters

အခွင့်အရေး

Vol. 100 Ch. 4.1020

အခွင့်အရေး

Vol. 100 Ch. 4.1020

သူသည် မျှော်စင်ကို တိတ်တဆိတ် ဖယ်ထုတ်လိုက်သည်။ နတ်မီးနယ်ပယ်သို့ မြှင့်တင်ထားပြီ ဖြစ်တာကြောင့် သူ့အပေါ် ဒီလိုမျှော်စင်ရဲ့ အကျိုးသက်ရောက်မှုက အရင်ကလောက် မကောင်းပေမယ့် နောင်လာနောက်သား မျိုးဆက်သစ်တွေ အတွက် သိမ်းထားမယ်ဆိုရင် အရမ်းတန်ဖိုးရှိပါသေးသည်။

"အစ်ကိုလုရွှမ် အရမ်းတော်တာပဲ...ညီမမှာ သေမလောက် လန့်သွားတာ!"

ကျန့်ပေက ငိုတစ်ဝက် ရီတစ်ဝက်နဲ့ ပြောလာသည်။ ပေါ်ဝမ့်ကလည်း ကျယ်လောင်စွာ ထောက်ခံရင်း သူလည်း အလွန် စိတ်လှုပ်ရှားနေကြောင်း ထင်ရှားပေသည်။ လုရွှမ် သူတို့ကို လက်ပြပြီး တခြားသူတွေဘက် လှည့်ကြည့်လိုက်သည်။

"ဘာလဲ တိုက်ချင်သေးတာလား.... မင်းတို့ အရမ်းသစ္စာရှိတာပဲ... သူတို့နဲ့အတူ မြေအောက် လိုက်သွားပြီး ညီအစ်ကိုကောင်းတွေလို အဖော်ပြုပေးမယ်ပေါ့?"

ဟောက်သံကြားတော့ လှောင်အိမ်သခင် လူတစ်စုလုံး ထွက်ပြေးသွားကြတော့၏။ ထိုအခါမှ ဖုန့်ဖေးနဲ့ ပေါင့်တာထင်းလည်း သက်ပြင်းကိုယ်စီ ချနိုင်ကြတော့သည်။ သူတို့သည် အမှန်တကယ်ပင် ပါရမီရှင်များ ဖြစ်ကြလေသည်။ သူတို့၏ လူသားဆန်သော စွမ်းရည်များသည် သာမန်လူများထက် များစွာသာလွန်သည်။

သို့သော် ဤလှောင်အိမ်သခင်များ၏ ခွန်အားသည် နှစ်ထောင်ပေါင်းများစွာ ပိတ်မိနေသော်လည်း နယ်ပယ်မှာ မတိုးတက်သေးသော်လည်း ကျွမ်းကျင်မှု၊ စွမ်းအင်စုစည်းမှုနှင့် အတွေ့အကြုံများ စုဆောင်းမှုဟာ သာမန် ကျင့်​ကြံသူများထက် များစွာသာလွန်လေ၏။

ဒါ့ထက် လူသုံးလေးယောက်က သူတို့ထဲက တစ်ယောက်ကို တိုက်ခိုက်ရင် အရှုံးမပေးဘဲ အချိန်အတိုင်းအတာ တစ်ခုအထိ ထိန်းထားနိုင်လေသည်။

လုရွှမ်သည် အဘိုးကြီးယင်ကို နတ်ဓား အကူအညီဖြင့် တိုက်ခိုက်ပင်လျှင် အနိုင်ရသည့်နှုန်းမှာ 60% ထက်မပိုဟု ဆိုနိုင်သည်။ အကယ်၍ အဘိုးကြီးယင် သူ့လက်ထဲတွင် မှော်လက်နက်ကောင်းများ ကိုင်ဆောင်ထားမည်ဆိုပါက အနိုင်ယူရန် လုံးဝ မဖြစ်နိုင်။

ဒါပေမဲ့ ရယ်စရာကောင်းတာက အဘိုးကြီးယင်ဟာ သူ့ရဲ့ ခွန်အားကို အကုန်အစင်မသုံးဘဲ လုရွှမ့ဆီကိုသွားပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့လေသည်။ လုရွှမ်ဆီက ပြန်လည် လှည့်စားခံလိုက်ရတာက သူရထိုက်တာကို ရသွားတာလို့ပဲ ပြောရတော့မည်။

ဖုန့်ဖေးနဲ့ ပေါင့်တာထင်းလည်း ပြေးလာကြသည်။ ရောက်ရောက်ချင်းပဲ ပေါင့်တာထင်းက လုရွှမ်လက်မောင်းကို လက်သီးတစ်ချက် ထိုးလိုက်ပေ၏။

"ကောင်လေး မင်းငါ့ကို သေအောင် ခြောက်ပြန်ပြီ!"

"သူ ယင်စွမ်းအင်ကိုးစင်းနဲ့ ငါ့ကို လုပ်ကြံဖို့ ကြံနေမယ်လို့ ငါက ဘယ်လိုလုပ်သိမှာလဲ"

သူတို့ သုံးယောက်လုံး ရယ်စရာတွေ တွေးနေကြသလို တစ်ချိန်တည်းမှာပဲ ရယ်မောလိုက်ကြသည်။ ခဏကြာတော့ ဖုန့်ဖေးက ချောင်းအသာဆိုရင်း ပြောလာသည်။

"ဖုန့်ဖေး... အစ်ကိုလုကို ကျေးဇူးတင်ပါတယ်... ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မ မပြောနဲ့ ဆန်းကြယ်ကောင်းကင် အိမ်တော်က တပည့်တွေ အားလုံး အသတ်ခံရလိမ့်မယ်"

"တခြားသူကို ကူညီတာက ကိုယ့်ကိုကိုယ် ကူညီတာပဲ ဆိုတာ အခုကိစ္စက သက်သေပြနေတာပဲ မဟုတ်ဘူးလား ငါ မင်းကို ကူညီတယ် ပြီးတော့ ငါ့အတွက်လည်း အကျိုးကျေးဇူးတွေ အများကြီးရခဲ့တယ်လေ"

......

"ကောင်းပြီ မင်းတို့ငါ့ကို ကာကွယ်ထား​​ပေး... ငါ ဒီယင်စွမ်းအင်ကိုးစင်းကို ပထမဆုံး အသွင်ပြောင်းမယ်....အဲ့လူက ဒါကို နှစ်ထောင်ပေါင်းများစွာ ပေါင်းစည်းခဲ့တာ ဆိုတော့ တကယ့်ကို အစွမ်းထက်လွန်းတယ်"

လုရွှမ် ဘာမှ ဂရုမစိုက်ဘဲ ထိုင်ချလိုက်သည်။ ယင်စွမ်းအားတွေဖြင့် သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားရင်း အေးစက်တဲ့ လေလှိုင်းတွေကို ပြေးထွက်လာစေသည်။ သူ့ခန္ဓာကိုယ်ကို ရေခဲများက ခဏအတွင်း ဖုံးအုပ်ပစ်လိုက်လေသည်။

လူတိုင်း လန့်သွား၏။ လုရွှမ် ပြောတာက ရိုးရှင်းတယ်လို့ အားလုံးက နားလည်ခဲ့ကြပေမယ့် တကယ်တော့ ဒါဟာ အလွန် အန္တရာယ်များလေသည်။ အဲဒီလူတွေကို အရင် လွှတ်ထားရတဲ့ အကြောင်းရင်းက အထင်အမြင်သေးမှုကြောင့်မဟုတ်ဘဲ ခွန်အားမရှိလို့ပါပဲ။

ဖုန့်ဖေးနဲ့ ပေါင့်တာထင်းတို့ နှစ်ယောက်သည် လုရွှမ်ကို လျင်မြန်စွာ ကာကွယ်ပေးလိုက်ကြသည်။ တခြားသူများသည်လည်း အပြင်ဘက်တွင် ဝိုင်းထားလျက် ကာကွယ်ထားခဲ့ကြသည်။ အချိန်အတော်ကြာပြီး နောက်ဆုံးတွင် လုရွှမ် ခန္ဓာကိုယ်ပေါ်ရှိ ရေခဲများ လွင့်စင်သွားကာ ရေခဲပြင်ထဲမှ ထွက်လာခဲ့သည်။

"ကာကွယ်ပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်"

"ယင်စွမ်းအင်ကိုးစင်းက အဲ့သလောက်တောင် အစွမ်းထက်တာလား"

ပေါင့်တာထင်း မေး​ကြည့်လိုက်သည်။ ထူးဆန်းတဲ့ မီးအားလုံးကိုပင် အေးခဲသွားအောင် လုပ်နိုင်တာက တကယ့်ကို ကြောက်စရာ ကောင်းလှသည်။ လုရွှမ်လည်း ခေါင်းအသာ ညိတ်လိုက်၏။ ဒါက သူ့ရဲ့ ယွမ်ယန်ခွန်အားနဲ့ ယှဉ်နိုင်တဲ့ အရာမို့ သဘာဝအတိုင်း အလွန်အစွမ်းထက်တယ်လို့ ဆိုနိုင်သည်။

"ယင်စွမ်းအားကို အသွင်ပြောင်းတာက ပုံမှန်အလေ့အကျင့်ကို မထိခိုက်စေဘူး... ကျန်တာတွေကို ဖြည်းဖြည်းချင်း ဖြေရှင်းဖို့ပဲ လိုတယ်... နောက်ဆုံးတော့ ငါ့နယ်ပယ်က နည်းနည်း နိမ့်နေသေးတယ်... လှောင်အိမ်သခင်က ယင်စွမ်းအင်ကိုးစင်းကို နှစ်ထောင်ပေါင်းများစွာ ကြာအောင် ပြုစုပျိုးထောင်ခဲ့တာ”

ဖုန့်ဖေး ခေါင်းညိတ် သဘောတူလိုက်သည်။ ဒါက နှစ်ထောင်ပေါင်းများစွာ သန့်စင်ခဲ့တဲ့ သတ္တုအပိုင်းအစ တစ်ခုလိုပင်။ ၎င်းက နှစ်ထောင်ပေါင်းများစွာ သန့်စင်ခံရပါက မှော်ဆန်လက်နက် ဖြစ်လာနိုင်သည်။

လူတိုင်းရဲ့ မျက်လုံးများက နတ်လှေကားကို တစ်ဖန် စူးစိုက်ကြည့်နေကြ။ စောစောက ဝင်လာခဲ့သော ကျင့်ကြံသူများက တက်နေပြီဖြစ်သည်။

"ငါတို့လည်း တက်မှာလား?"

ပေါင့်တာထင်းက မေးလိုက်သည်။ နတ်လှေကားပေါ် တက်ချင်တဲ့ ခံစားချက်မျိုး မရှိချေ။ ဒါကြီးက ဘယ်လို အကျိုးသက်ရောက်မှု ရှိလို့လဲ။ ဖုန့်ဖေးသည် ပေါင့်တာထင်း မျက်နှာပေါ်က ဂရုမစိုက်တဲ့ အကြည့်ကိုမြင်တော့ ပေါ့ပေါ့ပါးပါး ဝင်​ပြောလာခဲ့သည်။

"အစ်ကိုပေါင့်... ရှင်က အရာအားလုံးကို သိတယ်လို့ ပြောနေပေမယ့် တချို့ အထူးလျှို့ဝှက်ချက်တွေက ကျွန်မတို့အတွက် သိဖို့ မဖြစ်နိုင်ဘူး... အဓိက အဖွဲ့ဝင်တွေနဲ့ ဂိုဏ်းကြီးတွေရဲ့ အကြီးအကဲတွေမှ သိနိုင်ကြတာ"

"နတ်တောင်ပေါ်က နတ်လှေကားပေါ် တက်တယ် ဆိုတာက တစ်ပိုင်းပဲ ရှိသေးတယ်... ဒဏ္ဍာရီအရ နတ်လှေကားကို သုံးပိုင်း ပိုင်းခြားထားတယ်...မြေကမ္ဘာမှာ တစ်ပိုင်း ကောင်းကင်ကမ္ဘာမှာ တစ်ပိုင်းရှိတယ်...အဆုံးကိုရောက်အောင် တက်နိုင်ရင် တကယ် မသေမျိုး ဖြစ်နိုင်တဲ့အထိ တက်လှမ်းသွားနိုင်တယ်"

လုရွှမ်နဲ့ ပေါင့်တာထင်းကို ပေါ့ပေါ့ပါးပါး ကြည့်ရင်း ဖုန့်ဖေးက ဆက်ပြောပြသည်။

"ဒါပေါ့... သူတို့အားလုံးက ကောလဟာလတွေပဲလေ အဲ့နေရာကို ရောက်ဖို့ဆိုတာ အရမ်းဝေးနေတော့ အဲ့အကြောင်း မပြောတော့ပါဘူး ဒါပေမဲ့ အပိုင်းတစ်ခုစီရဲ့ အဆုံးကို ရောက်သွားရင် ကိုယ်ဆန္ဒရှိတဲ့အရာတွေ ​ဖြစ်လာနိုင်တယ် ဆိုတဲ့ ကောလဟာလတွေတော့ ရှိတယ်”

"ငါ့ရဲ့ တခြားညီအစ်ကို သုံးယောက် ပုံမှန်ပြန်ဖြစ်နိုင်ပါ့မလား"

ပေါင့်တာထင်းက သူ့ရဲ့အမူအရာမှာ မျှော်လင့်ချက် အရိပ်အမြွက်နဲ့ မေးလိုက်သည်။ ဖုန့်ဖေးလည်း ခဏမျှ တုံ့ဆိုင်းသွားရ၏။ ၎င်းသည် ဒဏ္ဍာရီတစ်ခုသာ ဖြစ်တာကြောင့် သူမလည်း အတိအကျ မသိပေ။ ဒါပေမဲ့ သူမက ခေါင်းညိတ်ပြနေတုန်းပါပဲ။

“ဒါ အနည်းဆုံး အခွင့်အရေးတစ်ခုပဲ”

ပေါင့်တာထင်း သူ့လက်သီးတွေကို တင်းတင်းဆုပ်လိုက်ပြီး

"ကောင်းပြီ ဒါဆို ဒီကျောက်လှေကားကို ငါတက်ပြီး အခွင့်အရေးကို ဆုပ်ကိုင်လိုက်မယ်"

ကျန့်ပေ ရုတ်တရက် ဖြတ်မေးလိုက်သည်။

"နတ်လှေကားရဲ့ နောက်တစ်ပိုင်းက မြေကမ္ဘာမှာ ရှိနေတာဆိုတော့ အဆုံးကိုရောက်ရင် မြေကမ္ဘာကို ရောက်သွားမှာလား"

ဖုန့်ဖေးနဲ့ ပေါင့်တာထင်းတို့ နှစ်ယောက်စလုံးက ပြုံးပြီး ခေါင်းခါပြလိုက်သည်။ လုရွှမ်ကလည်း ပြုံး၍ ဖြေ၏။

"ဒီစိတ်ကူး ရှိတဲ့လူတိုင်း နတ်တောင်တန်းဆီ ရောက်လာခဲ့တာ... ဒါပေမဲ့ မဖြစ်နိုင်ဘူးလို့ ဘယ်သူမှ သေချာ မပြောနိုင်ဘူး... အဲဒီတုန်းက ကောင်းကင်ဘုရင် မလုပ်နိုင်တဲ့အရာက ဒီနေ့ခေတ် လူတွေအတွက် ဖြစ်နိုင်ချေ မရှိဘူးလို့ ပြောလို့မရဘူး....”

"ဒါပေမဲ့ ငါတို့က သန်မာပါတယ် တောင်ပေါ်တက်ရအောင်!"

ထုံးစံအတိုင်း လူတိုင်း ဒီကိုလာရတဲ့ ရည်ရွယ်ချက်က ကောင်းကင်စာအုပ်ကို ရဖို့ပါပဲ။ အခုက ကောင်းကင်စာအုပ်က တောင်ပေါ်မှာ ရှိနေပုံရလေသည်။

"လူတိုင်း သတိထားကြပါ"

လုရွှမ် ကျောက်လှေကားများစွာကို တက်လှမ်းခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်မှုများက အမျိုးမျိုးရှိသဖြင့် ဤကျောက် လှေကားများတွင် အဆုံးမရှိသော လျှို့ဝှက်ဆန်းကြယ်မှုများ ရှိနေကြောင်း သဘာဝကျကျ သိပါသည်။

လုရွှမ် ကျောက်လှေကား ထစ်များအပေါ်သို့ တက်သွားသောအခါ အနည်းငယ် ထိတ်လန့်သွားသော်လည်း မျက်နှာပေါ်ကတော့ ဘာမှမဖြစ်သွားပေ။ သူ့ဘေးနားက လူနှစ်ယောက်ကို ကြည့်လိုက်သော် သူတို့မျက်နှာမှာလည်း အံ့အားသင့်သွားသလို ဖြစ်သွားကြသည်။

ရှန်ရှို့ ရုတ်တရက် ခုန်ထွက်လာ၏။

"တောင်ကြီးက တကယ်ပြောင်းသွားပြီ... အဆုံး ရောက်အောင်သွားရင် မြေကမ္ဘာထဲကို ဝင်ဖို့ အခွင့်အရေးက တကယ်ပေါ်လာမှာ"

သူမ စကားပြောပြီးသည်နှင့် လုရွှမ် ခန္ဓာကိုယ်ပေါ်မှ ခေါင်းလောင်းသံ ရုတ်တရက် ကျယ်လောင်စွာ မြည်လာသည်။ လုရွှမ် အမူအရာ ပြောင်းသွားပြီး ခေါင်းလောင်းလေးကို ထုတ်ယူလိုက်သည်။ ရိုးရှင်း နေသေးပေမယ့် ဒီအချိန်မှာတော့ လုရွှမ်ရဲ့ လက်ဖဝါးဟာ ခေါင်းလောင်းလေးကို လုံးဝ မဆုပ်ကိုင်နိုင်ဘဲ နတ်တောင်ထိပ်ဆီသို့ ပျံပြေးသွား၏။

"အခွင့်အရေး တကယ်ပေါ်လာပြီ အစ်ကိုလုရွှမ် တောင်ပေါ်ကို မြန်မြန်တက်တော့!"

ရှန်ရှို့ အော်ပြောပြီး ခေါင်းလောင်းလေးနောက် အမြန်လိုက်ကာ ချက်ချင်းပင် သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့သည်။

"သွားရအောင်!"

လုရွှမ် အော်လိုက်ပြီးသော် လူတိုင်း တောင်ထိပ်ဆီသို့ အရူးအမူး ပြေးကြသည်။ လှေကားက သာမာန် ကျောက်လှေကားများ ကဲ့သို့ပင် ကျောက်လှေကားများပေါ်တွင် လုံးဝ အတားအဆီး မရှိပေ။

All Chapters