← Chapters

စစ်ပွဲမှာ အားလုံးက တရားတယ်

Vol. 49 Ch. 678

စစ်ပွဲမှာ အားလုံးက တရားတယ်

Vol. 49 Ch. 678

“သခင်မလေး အဲဒါက ပါ့တောက်ရဲ့အသံပဲ”

မိုးကြိုးတောင်ကြား၏ တောင်ထွတ်တစ်ခုပေါ်၌ ရှောင်ဟုန်က နာကျင်စွာ အော်ညည်းလိုက်သံကို ကြားလိုက်ရသည်။ သူမက ဖြူစုတ်သွားပြီး ထုတ်ဖော်ပြောလိုက်၏။ တစ်ဖက်တွင် ဝတ်ရုံပြာနှင့် မြေခွေးသားမွေးကို ဝတ်ဆင်ထားသည့် မိန်းမပျိုလေးက ခပ်ဖျော့ဖျော့ ပြုံးပြီးနောက် ပြောလိုက်သည်။

“တကယ် ပွဲကောင်းတစ်ခုပဲ ဒါပေမဲ့ ပိုပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာတယ်”

ရှောင်ဟုန်၏ ချစ်စဖွယ် မျက်လုံး၌ မယုံနိုင်မှုများ ပြည့်နေသည်။ သူမက မလှမ်းမကမ်းကို ကြည့်ပြီး အစ်မကြီးဆည်းလည်းဘက် လှည့်လိုက်၏။

“သခင်မလေး ပါ့တောက်က သေပြီနဲ့တူတယ် တစ်ကိုယ်တော်ဝံပုလွေက သူ့ကို သတ်လိုက်တာလား သူ့မှာ အစွမ်းထက်တဲ့ တည်ရှိမှုဖိနှိပ်ခြင်းသိုင်းကို ပိုင်ဆိုင်ထားတာလား သူက အလယ်အဆင့် ဒါမှမဟုတ် အဆင့်မြင့်ကောင်းကင်ဧကရာဇ်တစ်ယောက်များလား အဖွဲ့မှူးလုံက သူနဲ့အတူ ကောင်းကင်ဧကရာဇ် ၁၂ယောက်လောက် ခေါ်သွားတဲ့ပုံပဲနော် တခြားအဖွဲ့မှုးတွေလည်း ရှိနေမှာ ကျွန်မတို့ တစ်ချက် သွားကြည့်သင့်လား”

“ဘာကြောင့် သွားကြည့်ရမှာလဲ”

အစ်မကြီးဆည်းလည်းက ခေါင်းခါပြီးနောက် ပေါ့ပါးစွာ ပြုံးလိုက်တော့သည်။

“ငါတို့ ဒီမှာပဲ စောင့်ပြီး ပွဲကို ဆက်ကြည့်ကြတာပေါ့”

“ဒါပေမဲ့..”

ရှောင်ဟုန်က စိုးရိမ်ပူပန်သည့်အကြည့်တို့ ပေါ်လာလေ၏။

“အဲဒီမှာ လူတွေအများကြီးလေ တစ်ကိုယ်တော်ဝံပုလွေက လူတွေအများကြီးကို ဘယ်လိုလုပ် ဖြေရှင်းနိုင်မှာလဲ သခင်မလေးက သူ့ကို အသိအမှတ်ပြုထားတာ မဟုတ်ဘူးလား၊ သခင်မလေး အခု လှုပ်ရှားရင် သူက သခင်မလေးအပေါ် အကြွေးတင်သွားမှာပဲ”

အစ်မကြီးဆည်းလည်းက ခပ်ရေးရေးသာ ပြုံးလျက် ပြန်ပြောပေ။ သူမက တောင်ထွတ်ပေါ်၌ ဆိတ်ငြိမ်စွာ ရပ်နေပြီး မလှမ်းမကမ်းကို စိုက်ကြည့်နေလေ၏။ သူမက ကျန်းရီ သေမည်ရှင်မည်ကို ဂရုမစိုက်ပုံပေါ်ကာ ဤနေရာတွင် ပျော်ရန်အတွက်သာ ရောက်လာတာ ဖြစ်သည်။

ဝှစ် ဝှစ်…

မိုးကြိုးတောင်တန်းနောက်ရှိ မိုးကြိုးတောင်ကြားထဲတွင် လူအယောက်၂၀ကျော်က ရှေ့သို့ တစ်ဟုန်ထိုး တက်သွားလေ၏။ အားလုံးက အရှိန်အမြင့်ဆုံး မြင့်တင်ထားသည်။ ရှေ့တွင် အဖွဲ့မှူးလုံက ရှိနေပြီး အလင်းစီးကြောင်းပမာ ဖြစ်နေလေ၏။ သူက မျက်တောင်ခတ်စာ အနည်းငယ်အတွင်း မိုးကြိုးတောင်ကြားထဲသို့ တစ်ဟုန်ထိုး ရောက်သွားပြီး ပါ့တောက်၏ အလောင်းပေါ်ရှိ ရတနာများကို ယူနေသော ကျန်းရီကို ချက်ချင်း ကြည့်လိုက်သည်။

“အမ်..”

သူက တူးခြစ်နေသော အကြွင်းအကျန်များကို ကြည့်ပြီး ရှုံ့မဲ့သွား၏။ ယခုအချိန်တွင် ပါ့တောက်၏အမေတောင် သူမသားကို ပုံဖော်နိုင်မှာမဟုတ်ပေ။ သို့သော်ငြား ကျန်းရီက အပြာရောင်ပုလဲလုံးကို ဆုပ်ကိုင်ထား၏။ ယင်းက ပါ့တောက်၏ ရေနဂါးပုလဲဖြစ်ကြောင်း အဖွဲ့မှူးလုံ ချက်ချင်း သိသွားသည်။ သူ မြန်မြန်ပြေးလျှင် ပါ့တောက် မည်သို့ သေဆုံးခဲ့ကြောင်း ဖော်ထုတ်နိုင်ပေမည်။ ကျန်းရီက သူ့ကို သတ်ခဲ့တာလား။

သူက ပါ့တောက်၏ခွန်အားကို ကောင်းစွာ သတိပြုမိ၏။ ကျန်းရီက ပါ့တောက်ကို အချိန်တိုအတွင်း ကြောက်မက်ဖွယ်ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမှာ ကျန်းရီက အဆင့်မြင့်ကောင်းကင်ဧကရာဇ် တစ်ဦးလောက် စွမ်းဆောင်ရည် မရှိလျှင် ထိုသို့ ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ပေ။ ထို့အပြင် သူက မီးဓာတ်တာအိုပုံစံကို ကျင့်ကြံနိုင်သော အဆင့်မြင့်ကောင်းကင်ဧကရာဇ်တစ်ဦး ဖြစ်ရပေမည်။ ကျန်းရီက မီးကို မကြောက်သောကြောင့် ယင်းက ဖြစ်နိုင်သည့် ဖြေရှင်းချက်ဖြစ်နေသည်။

ပြဿနာက ကျန်းရီ၌ အဆင့်မြင့်ကောင်းကင်ဧကရာဇ်တစ်ဦး၏ အရည်အချင်း ရှိနေခဲ့လျှင် သူက လမ်းဘေးခွေးတစ်ကောင်ပမာ ကျန်သည့်သူများ မောင်းထုတ်တာ ခံရပြီး လမ်းမပေါ်၌ လပေါင်းများစွာ အဘယ်ကြောင့်် အိပ်နေရမည်နည်း။ ပါ့တောက်နှင့်သူ နောက်ဆုံးအခေါက် တိုက်ခိုက်ခဲ့စဉ်တွင် ကျန်းရီက ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့၏။ ယင်းက ကျန်းရီ၏ခွန်အားသည် အလွန်သန်မာခြင်းမရှိဟု တွေးမိစေနိုင်တာပဲ ဖြစ်သည်။

နောက်ဆုံးအခေါက် တိုက်ခိုက်ချိန်မှစပြီး နှစ်လတာ ကုန်လွန်သွားခဲ့၏။ အချိန်တိုအတွင်း ဆန်းကြယ်ဧကရာဇ်ကတောင် သူ့ခွန်အားကို မြန်မြန်ဆန်ဆန် မမြှင့်တင်နိုင်ရာ ကျန်းရီဆိုလျှင် ဝေးချေသေး၏။

သူသည် ပါ့တောက်ကို ယခင်က မေးခဲ့ဖူး၏။ ကျန်းရီ၌ အစွမ်းထက်သည်က စိတ်ဝိညာဉ်တိုက်ခိုက်မှုသာ ဖြစ်ပြီး ကျန်းရီ၌ မီးဓာတ်တာအိုပုံစံတိုက်ကွက် ရှိကြောင်း သူ တစ်ခါမှ မကြားခဲ့ဖူးပေ။ ထိုသို့ဆိုလျှင် ဖြေရှင်းချက်တစ်ခုသာ ရှိ၏။ ကျန်းရီက မီးဓာတ်တန်ဖိုးကြီးရတနာတစ်ခု ရှိနေတာပဲ ဖြစ်သည်။ သို့ဆိုလျှင် တူညီသည့်ပြဿနာ ရှိလာပြန်၏။ သူ့၌ မီးဓာတ်တန်ဖိုးကြီး ရတနာတစ်မျိုး ရှိနေခဲ့လျှင် ပါ့တောက်သည် နောက်ဆုံးအခေါက် သူတို့ တိုက်စဉ်တည်းက သေနေသင့်သည်။ ထို့ကြောင့် ရှုထောင့်မျိုးစုံကို သုံး၍ တွေးပြီးနောက် အဖွဲ့မှူးလုံက ကျန်းရီက လှည့်ကွက်တချို့ကို သုံးပြီး မိုးကြိုးမီးအကူအညီဖြင့် ပါ့တောက်ကို သတ်ခဲ့တာဟု ကောက်ချက်ချမိသည်။

ကျန်းရီက ပါ့တောက်ကို အပေးအယူလုပ်ရန်အတွက် ဤနေရာကို လာခိုင်းခဲ့သည်။ သို့သော် မည်ကဲ့သို့သော အပေးအယူမျိုး သူ ပြုလုပ်ချင်သနည်း။ အပေးအယူ အမှန်တကယ် လုပ်ချင်လျှင် အစ်မကြီးဆည်းလည်းကို အဘယ်ကြောင့် မရှာသနည်း။ အစ်မကြီးဆည်းလည်း အမိန့်ပေးလျှင် သူ့ကို မည်သူမျှ ဘာမှလုပ်ရဲတော့မှာ မဟုတ်ပေ။

ပါ့တောက်သည် မိုးကြိုးတောင်ကြားအတွင်း ငါးကီလိုမီတာခန့်သွားပြီး အသတ်ခံလိုက်ရသည်က အံဩစရာကောင်းလှသည်။ ပါ့တောက်က မီးလောင်ပြီး သေသွားတာ ဖြစ်၏။ ထို့ကြောင့် ကျန်းရီသည် မိုးကြိုးမီးကို သုံး၍ ပါ့တောက်ကို သတ်ရန်အတွက် အကွက်ချထားတာ ဖြစ်နိုင်ချေများသည်။

ဝှစ်..

အဖွဲ့မှုးလုံက စိတ်ထဲ လျင်မြန်စွာ တွေးနေလေ၏။ သူက အဖြစ်အပျက်ကို သဘောပေါက်သွားပြီး ကျန်းရီဆီသို့ပျံသန်းသွားတော့သည်။ ထိုသို့ ကောက်ချက်ချရသည့် အကြောင်းမှာ မီးဝိညာဉ်ပုလဲကဲ့သို့ ရတနာမျိုး ကျန်းရီတွင် ရှိနေကြောင်း မသိသောကြောင့် ဖြစ်သည်။ မဟုတ်လျှင် သူက မိုးကြိုးမီးထဲရှိ မိုးကြိုးဒဏ်ကို ခံနိုင်ရည်ရှိသည့် ခန္ဓာကိုယ်မျိုး ရှိနေလိမ့်မည်။ ကောင်းကင်မိုးကြိုးကျွန်းတစ်ခုလုံး၌ ယင်းကို မည်သူမျှ မယုံလေရာ သူဆိုလျှင် ပိုဆိုးချေ၏။

ဝှစ်..

တစ်ဖက်တွင်မူ ကျန်းရီက ပါ့တောက်၏ ရေနဂါးပုလဲနှင့် ရွှေရောင်နတ်ဘုရားလက်စွပ်ကို ယူလိုက်ပြီးနောက် လှည့်လာသည်။ အဖွဲ့မှူးလုံကို မြင်တွေ့သည့်အချိန်၌ သူ့မျက်လုံးထဲ ကြောက်လန့်သည့် အရိပ်အယောင်ပေါ်လာကာ လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။

“လိုက်..”

ကျန်းရီက ပါ့တောက်ကို မည်သို့ သတ်ခဲ့စေကာမူ အဖွဲ့မှူးလုံက တတ်နိုင်သလောက် သူ့ကို အမဲလိုက်ရန်အတွက် ဆုံးဖြတ်ချက်ချခဲ့၏။ ယခုအချိန်တွင် သူတို့က ဤအခွင့်အရေးကို မဖမ်းဆုပ်လျှင် နောင်၌ သူ့ကို သတ်ဖြတ်ရန် ပိုခက်ခဲသွားနိုင်လောက်သည်။ ထို့အပြင် ကိစ္စရပ်များက ယခုအချိန်တွင် ဆိုးဝါးလှ၏။ တစ်မြို့လုံးက သူတို့ကို စောင့်ကြည့်နေလေ၏။ သူက သတ္တိကြောင်၍ မရပေ။ မဟုတ်လျှင် သူ၏ဂုဏ်သိက္ခာအရ ကောင်းကင်မိုးကြိုးမြို့ပေါ်၌ သူ့ကို နေခွင့်ပေးတော့မှာ မဟုတ်ပေ။

ဝှစ်..

သူ့အရှိန်က အမြင့်ဆုံးတွင် ရှိနေ၏။ ကျန်းရီနှင့်သူ့ကြားရှိ အကွာအဝေးကို လျော့ချလျက် ကောင်းကင်စိတ်အာရုံကို ကျန်းရီဆီ ထပ်ခါတလဲလဲ ဖြန့်ကျက်လိုက်သည်။ သူက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး အင်မတန် ကျောချမ်းနေလေ၏။ ပါ့တောက်က အစောပိုင်းကပင် ကျန်းရီလှည့်စားပြီး သတ်ဖြတ်တာ ခံခဲ့ရသည်။ သူ မည်သို့ ဂရုမစိုက်ဘဲ နေမည်နည်း။

ငါးကီလိုမီတာ လေးကီလိုမီတာ သုံးကီလိုမီတာ

နှစ်ဖက်က ပိုနီးကပ်လာသည်နှင့် ကျန်းရီက ပိုပိုပြီး ထိတ်လန့်လာပုံပေါ်၏။ ရုတ်တရက် အသံပို့ပြီးနောက် ပြောလိုက်၏။

“အဖွဲ့မှူးလုံ ကျုပ်တို့ အပေးအယူတစ်ခု လုပ်ရင်ရော ဘယ်လိုလဲ”

“အပေးအယူလား”

အဖွဲ့မှူးလုံက မျက်နှာသေဖြစ်နေသော်ငြား ရင်ထဲတွင် ရှုတ်ချလိုက်၏။ ကျန်းရီက တူညီတဲ့လှည့်ကွက်ကို ထပ်သုံးပြန်ပြီလား။ ဟုတ်ပြီလေ သူနဲ့အတူ လိုက်ဆော့ပေးပြီး သူ့ရဲ့ကိုယ်ပိုင်ကစားပွဲအတိုင်း ရိုက်ချတာပေါ့။ သူက ခဏတာရပ်တန့်ပြီးနောက် အသံပို့လိုက်တော့၏။

“ဟေ့ကောင် ငါ့ကို လှည့်စားချင်နေသေးတာလား ပါ့တောက်က မင်းနဲ့အပေးအယူ လုပ်ပြီး အဆုံးကျသေသွားတယ်လေ.. ငါ့ကို အရူးများ ထင်နေလား”

“မဟုတ်ဘူး ဒါမျိုး ဖြစ်မှာ မဟုတ်ဘူး”

ကျန်းရီက ခေါင်းခါလိုက်ပြီး ကြောက်လန့်နေသည့်ပုံဖြင့် အသံပို့ကာ ပြောလိုက်တော့သည်။

“ပါ့တောက်က တောင်တန်းထဲကနေ လာတဲ့အချိန် မိုးကြိုးမီးကြောင့် လောင်သွားတာ ဒါ ကျုပ်ကိစ္စမဟုတ်ဘူး အဖွဲ့မှုးလုံ ကျုပ်မှာ နဂါးညှိုးရော်မြက်ပင်ရှိတယ် မြို့ထဲကို ဝင်ခွင့်ပေးသရွေ့ အဲဒါကိုပေးမယ်”

“တကယ်လှည့်ကွက်တစ်ခုပဲ”

အဖွဲ့မှုးလုံက ကျန်းရီသည် ပါ့တောက်ကို အကောက်ကြံပြီး သတ်ခဲ့သည်ဆိုတာ ပိုသေချာသွားသည်။ ဆိုရလျှင် ပါ့တောက်က တောင်တန်းထဲရှိ မိုးကြိုးမီးကို မည်သို့ သတိမပြုမိဘဲ ရှိမည်နည်း။ အပူချိန်က တောင်တန်းများထဲတွင် ပိုမိုမြင့်မားလေရာ ပါ့တောက်က အရူးတစ်ယောက် မဟုတ်ပေ။

သူက ကျန်းရီနှင့် ထပ်မံလိုက်ပါလာပြီးနောက် အေးစက်စက် ပြုံးလိုက်၏။

“နဂါးညှိုးရော်မြက်လား.. မင်း ငါ့ကို အရူးလုပ်ချင်သေးတာလား မင်းမှာ နဂါးညှိုးရော်မြက်ပင် တကယ်ရှိနေရင် ဘာကြောင့် မင်းဖာသာမင်း မသိမ်းထားတာလဲ မင်း အပေးအယူ လုပ်ချင်ရင် တခြားအဖွဲ့မှူးတွေကို ဘာကြောင့်မ ရှာတာလဲ ငါတို့ အဆင်မပြေဘူးဆိုတာ မှတ်မိသေးတယ်”

၂ ကီလိုမီတာ ၁.၅ ကီလိုမီတာ

အဖွဲ့မှူးလုံက ကျန်းရီကို ပြောဆိုနေစဉ် သူတို့ကြားရှိ အကွာအဝေးကို လျင်မြန်စွာ လျော့ချလိုက်၏။ ကျန်းရီက သူ့ကို လှည့်စားချင်နေသည်။ ထို့ကြောင့် သူက ပွဲကို လက်တန်းကြံဖန် ပြောဆိုရမည်။ သူတို့နီးကပ်လာသည်နှင့် ကျန်းရီကို သေအောင် လည်ပင်းညှစ်သတ်မှာပဲ ဖြစ်သည်။

“အဖွဲ့မှူးလုံ ရပ် ကျုပ်နောက်လိုက်တာ ရပ်လိုက်တော့”

ကျန်းရီက ပိုမိုကြောက်လန့်လာပုံပေါ်ပြီး သူ့မျက်နှာ၌ စိတ်ပျက်အားငယ်မှုတို့ ပြည့်နေသည်။ သူ့နား၌ မိုးကြိုးမီး မရှိချေ။ သူက ဉာဏ်ကုန်နေပုံပေါ်ကာ ရွေးချယ်စရာ မရှိဘဲ အသံပို့ရတော့၏။

“အဖွဲ့မှုးလုံ ကျုပ်မှာ နဂါးညှိုးရော်မြက်ပင်တကယ် ရှိတာပါ မြို့ထဲကို ဝင်မသွားနိုင်ရင် ကျုပ်သေမှာပဲ တကယ် ကြိုးစားနေရတာပါ တခြားအဖွဲ့မှူးတွေကို ကျုပ်မသိဘူးလေ ကျုပ်တို့ကြားထဲမှာ ရန်ငြိုးရှိတာကြောင့် အပေးအယူလုပ်ဖို့ ရှာလိုက်ရတာပဲ မဟုတ်ရင် တခြားသူတွေနဲ့ အပေးအယူလုပ်ရန် ကျုပ်နောက်ကို ခင်ဗျားလိုက်အုံးမှာပဲ မဟုတ်ဘူးလား”

ဝှစ်

အဖွဲ့မှုးလုံက ရုတ်တရက် အရှိန်တင်ပြီး သူတို့ကြားရှိ အကွာအဝေးကို မီတာငါးရာခန့် လျော့ချလိုက်သည်။ သူက ကောက်ကျစ်သွာ ပြုံးလျက် ပြောလိုက်တော့၏။

“ဟေ့ကောင် ငါ့ကို ပါ့တောက်လို တုံးအမယ်များ ထင်နေလား သေပေတော့”

သူ၏လက်ပေါ်၌ အလင်းဖြာထွက်လာ၏။ အတွင်းအား ထွက်ပေါ်လာသည်နှင့် ယင်းက လေဟာနယ်ကို လှုပ်ခါသွားစေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ပြန့်ကားလာပြီး သူက အစွမ်းထက်သော တာအိုပုံစံ တိုက်ကွက်ကို ထုတ်ဖော်တော့မှာ သိသာနေ၏။

“နေအုံး..”

ကျန်းရီက လေထဲ၌ ပျံသန်းတာကို ရုတ်တရက် ရပ်တန့်လိုက်၏။ ရှေးဟောင်းနတ်ဘုရားလက်စွပ်က ရုတ်တရက်တောက်ပလာပြီး အဖြူရောင်ကျောက်စိမ်းသေတ္တာက ပေါ်ထွက်လာ၏။ သေတ္တာက ၎င်းပေါ်၌ ဆန်းကြယ်သည့် ပုံသဏ္ဌာန်များရှိနေလျက် ရှေးဆန်သည်။ တစ်ချက်ကြည့်ရုံဖြင့် သာမန်ပစ္စည်းနှင့်မတူပေ။ သေတ္တာကတောင် ထူးကဲနေလျှင် အထဲတွင် ရတနာရှိနေပါက ယင်းက အဖိုးအနဂ္ဃထိုက်တန်သော ရတနာဖြစ်ရပေမည်။

ဤသေတ္တာက နဂါးညှိုးရော်မြက်ပင် ပါဝင်သည့် သေတ္တာဖြစ်သည်။ ကျန်းရီက သေတ္တာကို ထုတ်လိုက်ပြီးနောက် အဖွဲ့မှူးလုံရှေ့ ရုတ်တရက် ပစ်လိုက်၏။ တစ်ချိန်တည်းတွင် သူက အော်ပြောလိုက်သည်။

“အဖွဲ့မှူးလီ အဖွဲ့မှူးလုံကို ဖြေရှင်းဖို့ ကူညီပေးပါအုံး ဒီနဂါးညှိုးရော်မြက်ပင်ကို ယူလို့ရပြီး အတုအယောင် နတ်ဘုရားလက်နက်တချို့လည်း ပြီးမှ ပေးမယ်”

“အဖွဲ့မှုးလီလား..”

အဖွဲ့မှုးလုံက သေတ္တာကို စိုက်ကြည့်နေပြီး မည်သို့ ပြုလုပ်ရမည်မှန်း မဆုံးဖြတ်နိုင်သေးပေ။ အဖွဲ့မှုးလီဟူသော စကားကို ကြားချိန်၌ သူ့ခန္ဓာကိုယ်က အလိုလို တုန်ယင်သွားကာ အကြည့်လွဲလိုက်ပြီး သူ၏ဘယ်ဘက်ခြမ်းဆီသို့ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်မိ၏။

...

All Chapters