← Chapters

ခံပြင်းစရာလက်တွေ့ဘဝ

Vol. 10 Ch. 16

ခံပြင်းစရာလက်တွေ့ဘဝ

Vol. 10 Ch. 16

ပထမနှစ်တွေ ခံစစ်စခန်းတွေမှာ တာဝန်ယူပြီးမကြာခင်မှာပဲ ဒုတိယနှစ်တွေက စုဝေးရာကွင်းပြင်ဖြစ်ခဲ့တဲ့လမ်းမကြီးကိုဖြတ်ပြီး တောအုပ် A ထဲကို ချီတက်လာပါပြီ။ ပထမနှစ်တွေထဲက ထောက်လှမ်းရေးမြူတန့်တစ်ယောက်က ခံစစ်ကွပ်ကဲရေးမှူးဖြစ်တဲ့ ဖီးလစ်ကို သတင်းပို့လာတယ်။

“ခေါင်းဆောင်၊ ရန်သူက စစ်ကြောင်းနှစ်ကြောင်းခွဲလာနေပြီး တစ်ကြောင်းစီမှာ ကျောင်းသားဆယ့်ငါးယောက်ပါတယ်။ အထူးတန်းက တချို့ပါပေမဲ့ ဒီလောက်စွမ်းအားမကြီးဘူး။ အတွင်းပိုင်းစခန်းဖြစ်တဲ့ တောအုပ်A စခန်း ၂ကို စုံတွဲတိုက်သူတွေဖြစ်တဲ့ ဘယ်လာနဲ့ဂိုးလ်လာနေပြီး တောအုပ် A စခန်း ၃ ကိုတော့ ဂျိုနသန်နဲ့နျူရေလာနေပါတယ်။”

ဖီးလစ်ရဲ့မျက်နှာမှာ အထင်သေးတဲ့အပြုံးပေါ်လာပါတယ်။ သူက အထူးတန်းကို မကြာခဏသွားစိန်ခေါ်တတ်တာမလို့ စာတွေ့ငါးယောက်ရဲ့စွမ်းအားတွေက သိပ်အထင်ကြီးစရာမကောင်းမှန်း သိကြပါတယ်။ ဒီလူတွေကို သူလွယ်လွယ်နိုင်နိုင်ပါတယ်။

“ရန်သူတွေက ဒီလောက်အားမကောင်းဘူး။ ငါက အခုစခန်း ၂မှာ ခံစစ်ပြင်ထားတာမလို့ ၂ကိုလာနေတဲ့အုပ်စုကို ငါဖြိုပစ်မယ်။ စခန်း ၃ကိုတော့ ငါလာတဲ့အထိ တောင့်ခံထားလိုက်။”

“ဟုတ်ကဲ့...”

ဖီးလစ်က ခဏနေတော့ သူ့ရှေ့ကိုကြည့်လိုက်ပါတယ်။ ဘယ်လာနဲ့ဂိုးလ်ဦးဆောင်တဲ့ ဒုတိယနှစ်တွေက သူရှိနေတဲ့စခန်းကို ချီတက်လာပြီဖြစ်တာကြောင့် ဖီးလစ်က မီးတောက်တွေကို သူ့လက်ကြားမှာစုစည်းလိုက်ပြီး အလင်းတန်းကြီးတစ်ခုအဖြစ်ပြောင်းကာ ဘယ်လာဆီကို တည့်တည့်ပစ်လိုက်တယ်။

“သတိထား...” ဂိုးလ်က အော်လိုက်ပြီး ဘယ်လာကို ကာကွယ်ပေးဖို့လုပ်ပေမဲ့ ဘယ်လာက ခရစ်စတယ်ဒိုင်းတစ်ခုကိုဖန်တီးကာ မီးတောက်အလင်းတန်းကို ကာကွယ်လိုက်တယ်။ မီးတောက်တွေက ဒိုင်းကြောင့်ဖယ်ရှားခံလိုက်ရပြီး ဒိုင်းကလည်း ကြာကြာမခံဘဲပျော်သွားခဲ့ပေမဲ့ ဖီးလစ်ကလည်း ဆက်တိုက်မီးတောက်တွေကိုသုံးနိုင်တဲ့ သက်လုံမျိုးမရှိသေးဘူး။

“ဒုတိယနှစ်တွေ၊ ငါတို့နဲ့လူစုခွဲပြီး စခန်းအလံကိုရအောင်လုပ်။ ငါတို့က ဖီးလစ်ကိုတိုက်မယ်။”

“ဟုတ်...”

ဒုတိယနှစ်တွေက စခန်းဆီကို ဆက်ချီတက်တယ်။ ဖီးလစ်က အဲဒီလူတွေကို တားဆီးဖို့အတွက် မီးလုံးတွေကို လက်ထဲမှာဖန်တီးပြီး ပစ်ခတ်ပေမဲ့ ဂိုးလ်နဲ့ဘယ်လာတို့က ဖြတ်တားလိုက်ပါတယ်။

“ဖီးလစ်၊ နင့်ရဲ့ပြိုင်ဘက်က ငါတို့ပဲ။” ဘယ်လာက အလင်းကျောက်တွေကို ပစ်ခတ်ကာ မြားမိုးအဖြစ်ရွာသွန်းလိုက်ပြီးပြောတယ်။ ဂိုးလ်ကလည်း သူ့ရဲ့ဧရာမလက်သီးနဲ့ အာရုံများနေတဲ့ ဖီးလစ်မျက်နှာကို ပိတ်ထိုးတာကြောင့် ဖီးလစ်နောက်ကို ခြေလှမ်းတချို့ဆုတ်လိုက်ရတယ်။

ဖီးလစ်ကတော့ ပထမနှစ်တွေနဲ့ ဒုတိယနှစ်တွေရဲ့စဦးတိုက်ပွဲအခြေအနေကို ကြည့်လိုက်တယ်။ ဘယ်သူမှ သိသိသာသာ အသာစီးမရသေးဘူး။ ဒုတိယနှစ်တွေက အတွေ့အကြုံရှိပေမဲ့ ပထမနှစ်တွေက ပိုများတယ်။ ဒီတော့ သူသာ ခေါင်းဆောင်နှစ်ယောက်ကို မြန်မြန်ရှင်းထုတ်နိုင်မယ်ဆိုရင် ကိစ္စတွေက အများကြီးပိုလွယ်သွားလိမ့်မယ်။

“မင်းတို့ဘယ်လောက်တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့။” ဖီးလစ်ရဲ့လက်မှာ မီးတောက်တွေစုဝေးလာပြီး ဖီးလစ်က လက်သီးဆုပ်လိုက်တယ်။ မီးတောက်တွေက သူ့လက်ဖျံအထိဖုံးအုပ်သွားပြီး သူက လက်ဝှေ့သမားတစ်ယောက်လို ကိုယ်ဟန်နဲ့ရပ်ပြီး ပြောလိုက်ပါပြီ။

“ငါက အာကိုင်းဂါမီ-ဆမလိုမျိုး မီးတောက်တွေကို ကြိုက်တဲ့လက်နက်မပြောင်းနိုင်သေးပေမဲ့ မင်းတို့ကိုပညာပေးဖို့ဆိုရင် ဒီလောက်နဲ့တင်လုံလောက်တယ်။”

အဲဒီနောက် သူက ပြေးထွက်လာတယ်။ သူ့ခြေမှာပါ မီးတောက်တွေရှိနေပြီး အဲဒီမီးတောက်တွေက သူ့ကိုမြန်နှုန်းမြှင့်ပေးပါတယ်။ ဖီးလစ်က ဘယ်လာရဲ့ရှေ့ကိုရောက်လာပြီး ဘယ်လာကို အပြတ်ရှင်းဖို့မျက်နှာကို လက်သီးနဲ့ထိုးပေမဲ့ ဂိုးလ်က ချက်ချင်းဝင်လာပြီး ဖီးလစ်နဲ့လက်သီးချင်းယှဥ်ပါတယ်။

“မိန်းကလေးတစ်ယောက်ရဲ့မျက်နှာကိုတိုက်တာ ရိုင်းတယ်ကွ။”

“တိုက်ပွဲမှာ ကျားမကွာဟချက်ဆိုတာမရှိဘူး။” ဖီးလစ်က ဂိုးလ်ကို ပြန်တုံ့ပြန်ရင်း ရင်ဝကိုဆောင့်ကန်လိုက်တယ်။ ဂိုးလ်အ​ခြေပျက်သွားပြီးနောက်တော့ ဖီးလစ်က သူ့လက်သီးနှစ်ဖက်ကို လက်ဝါးအဖြစ်ပြောင်းလိုက်ပြီး အခြေပျက်နေတဲ့ဂိုးလ်ကို မီးတန်းနဲ့မှုတ်ထုတ်တယ်။ ဘယ်လာက ဂိုးလ်ရှေ့မှာသလင်းဒိုင်းတစ်ခုဖန်တီးပေးပြီး ကာကွယ်လိုက်တယ်။

ခလွှမ်း....

ဒိုင်းက စက္ကန့်မ​ခြားကွဲအက်သွားပေမဲ့ ဂိုးလ်က မီးတွေသူ့ဆီရောက်မလာခင် နေရာကနေ အချိန်မီခုန်ထွက်နိုင်ခဲ့တယ်။ ဂိုးလ်က ဘယ်လာကို လက်မထောင်ပြတယ်။ ဘယ်လာကလည်း ခေါင်းညိတ်လိုက်ပြီးတဲ့နောက် တိုက်စစ်စဖွင့်ပါတယ်။ ဖီးလစ်က သလင်းကျောက်တွေနဲ့တိုက်ရိုက်ပစ်ခတ်ခံနေရပြီး ဂိုးလ်က သူ့ကိုမရှောင်နိုင်အောင်ဖိအားပေးတယ်။

“ဘေးဖယ်စမ်း...” ဖီးလစ်က မီးတောက်တွေကို သူ့တစ်ကိုယ်လုံးကို ဝါးမျိုစေပြီးတော့ မီးတောက်အားလှိုင်းကြီးတစ်ခုကို ဖန်တီးကာ သလင်းကျောက်တွေကိုရော ဂိုးလ်ကိုပါ အဝေးကိုပစ်ထုတ်လိုက်နိုင်ပေမဲ့ တိုက်စစ်စဖွင့်ဖို့အတွက် ရှေ့ကိုတက်ဖို့လုပ်တော့ လှုပ်လို့မရတော့ဘူး။

“ဘာ...” သူ့ကိုယ်သူကြည့်လိုက်တော့ အရည်ပုံစံဖြစ်နေတဲ့ ဘယ်လာရဲ့သလင်းကျောက်အလွှာတွေက သူ့ကိုဖုံးအုပ်နေပြီး အစိုင်ဖြစ်စပြုနေပါပြီ။ ပြီးတော့ ပုံမှန်လိုမဟုတ်ဘဲ အလွှာပေါင်းများစွာပါ။

“ဒါက ငါ့ရဲ့အဆင့်မြှင့်ထားတဲ့ သလင်းကျောက်ထောင်ပဲ။ အရှုံးပေးလိုက်တော့။”

ဘယ်လာက ပြောလိုက်တယ်။ ဖီးလစ်က သလင်းလွှာတွေကို အကြိမ်ကြိမ်ဖျက်ဆီးပေမဲ့ နောက်ထပ်အလွှာပေါင်းများစွာထပ်ပေါ်လာပြီး သူ့ကိုထိန်းချုပ်တယ်။ ဒါပေမဲ့ ဖီးလစ်က ဖောက်ထွက်ဖို့ကြိုးစားနေဆဲဖြစ်ပြီး ဘယ်လာက သလင်းထောင်ကိုထိန်းထားဖို့ စွမ်းအားမလောက်တော့ဘူး။

ခလွမ်း.... သလင်းထောင်ကွဲထွက်သွားပြီး ဖီးလစ်က ရှေ့ကိုထွက်လာတယ်။ ဘယ်လာက သက်လုံမရှိတဲ့အတွက် ဆက်မတိုက်နိုင်တော့ဘူး။ ဂိုးလ်ပဲကျန်တော့တာ။ ဖီးလစ်က သာမန်ကျောင်းသားတွေရဲ့တိုက်ပွဲကိုကြည့်တော့ ပထမနှစ်တွေ ရှုံးစပြုလာနေပါပြီ။ ဒါပေမဲ့ သူဂိုးလ်ကို ရှင်းပြီးတာနဲ့ စခန်းက လုံခြုံပြီ။

ဘုန်း....

ရုတ်တရက် သူတို့ရဲ့ညာဖက်ထောင့်ကနေ ဧရာမပေါက်ကွဲသံကြီး ကြားလိုက်ရတယ်။ လက်ထဲမှာ အလံတစ်ခုကိုင်ထားတဲ့ နျူရေက ဆိုင်ကယ်ပျံနဲ့အတူ စခန်း ၂ကို ရောက်လာခဲ့ပါပြီ။ မိုးကောင်းကင်မှာရှိနေတဲ့ ဒရုန်းတွေဆီကနေလည်း ကြေညာသံထွက်လာတယ်။

[ဒုတိယနှစ် နျူရေ၊ ဂျိုနသန်တို့ ဦးဆောင်တဲ့အဖွဲ့မှ ပထမနှစ်စခန်း ၃ကို ဖျက်ဆီးပြီး။ ပါဝင်သူအားလုံး အမှတ်နှစ်ဆယ်စီရရှိ။]

ဖီးလစ်က မိုးကောင်းကင်မှာပျံသန်းနေတဲ့ နျူရေကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်ပါတယ်။ နောက်တော့

“မင်းတို့နှစ်ယောက်က C rankတွေပဲ။ ဘယ်လိုလုပ်ပြီးတော့ B rank အတန်းမှူးကို ဒီလောက်မြန်​မြန်နိုင်လာတာလဲ။”

ဖီးလစ်က နားမလည်နိုင်ဖြစ်သွားတယ်။ ပထမနှစ်အတန်းမှူးတွေက အားမနည်းကြဘူး။ အနည်းဆုံးတော့ သူတို့တွေက ကျောင်းပြင်ပမှာရှာတွေ့နိုင်တဲ့ ပုံမှန် B rank ဟီးရိုးတွေထက်ပိုတယ်။

“မသိသာဘူးလား၊ ငါတို့ပိုအစွမ်းထက်လာလို့လေ။”

နျူရေက ပြောပြောဆိုဆိုနဲ့ သူ့လက်ထဲက အလင်းဒြပ်စင်သေနတ်ကို ပျံသန်းနေတဲ့ ဆိုင်ကယ်စီယာရင်အောက်က အပေါက်တစ်ခုတည်းထည့်လိုက်တယ်။ သူ့ဆိုင်ကယ်တစ်ခုလုံး အပြာရောင်အလင်းတွေနဲ့တောက်ပလာပြီး ဉာဏ်ရည်တုဆီကနေ အသံထွက်လာတယ်။

[အသွင်ပြောင်းခြင်းစတင်... ၅... ၄...]

နျူရေကတော့ အသွင်ပြောင်းခြင်းမပြီးသေးခင်မှာပဲ ဖီးလစ်ရှိရာကို ဆိုင်ကယ်နဲ့ထိုးဆင်းလိုက်ပြီး တည့်တည့်ဝင်တိုက်တယ်။ စိတ်ရှုပ်နေတာကြောင့် သတိမရှိသေးတဲ့ ဖီးလစ်က သတိဝင်လာပြီး ခုန်ဆုတ်ဖို့လုပ်ပေမဲ့ နောက်ကျသွားပါပြီ။

ဘုန်း....

“အား...” သူ့ခန္ဓာကိုယ်က ဆိုင်ကယ်နဲ့ဝင်တိုက်မိပြီး သစ်ပင်တစ်ပင်ကို ဝင်ဆောင့်မိတဲ့အထိ လွင့်ထွက်သွားတယ်။ သူပြန်ထလာတော့ နျူရေက သူ့ကိုပြုံးပြီးကြည့်နေပြီ။

[၂... ၁... အသွင်းပြောင်းခြင်းပြီးဆုံး။ တိုက်ပွဲဝင်ချပ်ဝတ်ပုံစံ။]

ဖီးလစ်ရဲ့ရှေ့မှာ လေပေါ်ပေါ်လောမျောနေတဲ့ နျူရေရှိနေတယ်။ သူ့ဆိုင်ကယ်က ဂျက်တွေက နျူရေရဲ့ခန္ဓာကိုယ်နောက်မှာ နျူရေကို ပျံသန်းနိုင်စေဖို့ကူညီပေးထားပြီး နျူရေရဲ့ခေါင်းပေါ်မှာတော့ ဆိုင်ကယ်ရဲ့ရှေ့မီးသီးရှိရာက စက်ရုပ်ခေါင်းအဖြစ် နေရာယူထားပါတယ်။ စက်ရုပ်လက်နှစ်ဖက်လည်းရှိနေပြီး အမြောက်နဲ့စက်သေနတ်တစ်စုံစီပါတယ်။ အဲဒီစက်ရုပ်လက်တွေက နျူရေရဲ့တကယ့်လက်တွေကို အရိပ်အခြေကြည့်ပြီးလှုပ်ရှားနေတယ်။

“ပျောက်ကွယ်သွားလိုက်တော့...” နျူရေက ဖီးလစ်ကို ဘယ်ဘက်အမြောက်နဲ့ချိန်တယ်။ အလင်းဒြပ်စင်တွေက အမြောက်ပြောင်းဝမှာစုဝေးပြီး အလင်းတန်းတစ်ခုအဖြစ်ထွက်လာတယ်။ ဖီးလစ်က အလင်းတန်းကို ကျွမ်းထိုးပြီးရှောင်လိုက်ပေမဲ့ ပေါက်ကွဲမှုကနေတော့ မရှောင်လိုက်နိုင်ဘူး။

ဘုန်း...

“အား...” ဖီးလစ်ရဲ့ကျောကို ကာကွယ်ပေးထားတဲ့ ကျောင်းသားချပ်ဝတ်က တစီစီပျက်စီးသွားပြီး ဖီးလစ်ကိုယ်တိုင်လည်း ဒဏ်ရာရသွားတယ်။ ဝတ်စုံက မီးအနီလင်းလာပြီး ပေါ်တယ်တစ်ခုက သူ့ရှေ့မှာပွင့်လာတယ်။ ဒါက ပြိုင်ပွဲက​နေ အထုတ်ခံရပြီဖြစ်တဲ့အကြောင်း ပြသနေတဲ့လက္ခဏာပါ။ ဒါပေမဲ့ ဖီးလစ်က တိုက်ချင်ခိုက်ချင်နေတုန်း။

“မရသေးဘူး၊ မပြီးသေးဘူးကွ။ ငါမင်းကို သေအောင်သတ်မှာ။” ဖီးလစ်က အော်ဟစ်နေပါတယ်။

“တိုက်စစ်ပဲအားစိုက်ပြီး ခံစစ်အတွက် ဘာအကွက်မှမရှိတဲ့ နင့်ကိုယ်နင်အပြစ်တင်လိုက် ဖီးလစ်။” နျူရေက အမှိုက်တစ်စကို ကြည့်နေသလိုမျိုးပုံစံနဲ့ ဖီးလစ်ကို ပြောလိုက်တယ်။

ဝုတ်... ဝုတ်...

ဖီးလစ်က ပေါ်တယ်ထဲမဝင်ဘဲ ဆက်တိုက်ဖို့လုပ်နေပေမဲ့ ခွေးဟောင်သံကြားလိုက်ရပြီးတဲ့နောက် ရုတ်ချည်းဆိုသလို ခေါင်းသုံးလုံးခွေးနက်ကြီးက ပေါ်တယ်ထဲကနေထွက်လာပြီး ဖီးလစ်ကို ကိုက်ချီကာ ခေါ်ထုတ်သွားလေရဲ့။

...

ပထမနှစ် ဘယ်​​တောင်ပံမှာ ယုတိုက တောအုပ် B စခန်း ၁ ကို သိမ်းပိုက်ဖို့အတွက် လက်ကျန်ဒုတိယနှစ်တွေကို ဖြေရှင်းနေတယ်။ တိုက်ပွဲမစခင် ဒုတိယနှစ်က ဆယ်ယောက် သူတို့က အယောက်တစ်ရာဆိုပေမဲ့ သိမ်းမိခါနီးတော့ ပထမနှစ်က ရှစ်ဆယ်ကျော်ပဲကျန်တော့တာ။

“ဒါကြောင့်မလို့ တာလီယာကို စခန်းတွေသိမ်းတဲ့နေရာမှာ မကူညီစေချင်တာ။” ယုတိုက ပြောလိုက်ပါတယ်။ တာလီယာက စခန်း ၄ကို သိမ်းမိတာနဲ့ ပင်မစခန်းကိုဆက်သွားရမှာ။ တာလိီယာလည်း သူ့လိုပဲ အခုလောက်ဆိုရင် လူရှစ်ဆယ်လောက်ပဲကျန်တော့မှာ။ ပင်မစခန်းကိုသိမ်းဖို့ဆိုရင် အဲဒီထက်တော့ လူဦးရေနည်းလို့မဖြစ်ဘူး။ ရန်သူက ပင်မစခန်းကို သေချာကာကွယ်ထားမှာပဲလေ။

[ဒုတိယနှစ်၊ ဘယ်လာ၊ ဂိုးလ်နှင့် နျူရေတို့ ဦးဆောင်သည့်တပ်ဖွဲ့မှ ပထမနှစ် စခန်း ၂ကို သိမ်းပိုက်ရရှိ။ သက်ဆိုင်သူကျောင်းသားအားလုံး အမှတ်နှစ်ဆယ်စီရရှိ။]

ရုတ်တရက်ထွက်ပေါ်လာတဲ့ ကြေညာချက်ကြောင့် ယုတိုမျက်လုံးပြူးသွားတယ်။ သူက နာရီကိုကြည့်လိုက်ပြီး

“ခုမှ မိနစ်နှစ်ဆယ့်ငါးမိနစ်ပဲရှိသေးတာလေ။ စခန်းနှစ်ခုတောင် ကျသွားပြီလား။ ဖီးလစ်လည်း သူတို့ကို အကြာကြီးတောင့်မခံနိုင်ဘူးလား။ ဒီစခန်းကို မြန်မြန်ကျအောင်လုပ်မှဖြစ်မယ်။”

ယုတိုက နောက်ဆုံးကျန်တဲ့ အစောင့်ကျောင်းသားကို ဖြေရှင်းလိုက်ပြီးတဲ့နောက်တော့ စခန်းက အလံကိုဖြုတ်ယူလိုက်တယ်။ ဒရုန်းတွေဆီကနေလည်း ကြေညာချက်ထွက်လာတယ်။

[ပထမနှစ် ယုတိုနှင့်အဖွဲ့မှ ဒုတိယနှစ် စခန်း ၁ကို သိမ်းပိုက်ရရှိ။ သက်ဆိုင်သူကျောင်းသားအားလုံး အမှတ်နှစ်ဆယ်စီရရှိ။]

[ပထမနှစ် တာလီယာနှင့်အဖွဲ့မှ ဒုတိယနှစ် စခန်း ၄ကို သိမ်းပိုက်ရရှိ။ သက်ဆိုင်သူကျောင်းသားအားလုံး အမှတ်နှစ်ဆယ်စီရရှိ။]

ယုတိုက ပြုံးလိုက်တယ်။ သူတို့လည်း စခန်းတချို့ရလာပြီ။ ဒါပေမဲ့ အပြည့်အဝတော့ သူပြုံးမထားပါဘူး။ သူက ကျန်နေသေးတဲ့ ဒုတိယနှစ်တွေဘက်ကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။

“အားလုံးပဲ၊ နောက်တန်းမှာ ငါတို့ထင်မထားတဲ့ကိစ္စတစ်ခုခုဖြစ်နေတယ်ထင်တယ်။ ဗျူဟာချထားတဲ့အတိုင်း နောက်တန်းကတပ်တွေ ရန်သူကိုထိန်းထားနိုင်တုန်း ဘယ်တောင်ပံက ပြန်ဆုတ်ပြီးတော့ စစ်ကူပေးရမယ်။”

နဂိုကတော့ ယုတိုက ဒုတိယနှစ်စခန်းသုံးခုလောက်ကို ဖျက်ဆီးချင်ခဲ့တာ။ ဒါမှ သူ့လက်အောက်ကလူတွေ အမှတ်များများရမှာ။ ဒါပေမဲ့ နောက်တန်းမှာ ပြဿနာရှိနေပြီဆိုတော့ ပြန်ဆုတ်မှဖြစ်တော့မယ်။

“တာလီယာက ပင်မစခန်းကို ဖျက်ဆီးနိုင်ပါစေပဲ ဆုတောင်းရမယ်။”

ဒါပေမဲ့ ယုတိုဆုတောင်းမပြည့်ခင်မှာပဲ မကြားချင်ဆုံး မိန်းကလေးတစ်ယောက်ရဲ့အသံကို ကြားလိုက်ရပါတော့တယ်။

“ပြန်ဆုတ်နေတာလား၊ နင်တို့ဘယ်သွားမလို့လဲ။” ယုတိုရဲ့မျက်လုံးတွေက တုန်လှုပ်နေပြီးတော့ သူ့ရှေ့က သူ့ထက်နည်းနည်းကြီးတဲ့ မိန်းကလေးကိုကြည့်လိုက်တယ်။ ကျောမှာ နဂါးတောင်ပံတွေပေါက်နေပြီးတော့ပုတ်သင်အမြီးနဲ့တူတဲ့ အမြီးကလည်း ပေါက်နေသေးတယ်။ လက်တွေကလည်း လက်သည်းနဲ့အကြေးခွံတွေနဲ့။

“ဒုတိယနှစ်အထူးတန်းက S rank လီဆာ။ နင်တို့အထူးတန်းလက်တွေ့ငါးယောက်က ခံစစ်ကို တာဝန်ယူထားတာလား။” ယုတိုက မျက်ခုံးပင့်ပြီးပြောလိုက်တယ်။ လီဆာကတော့ခေါင်းခါလိုက်တယ်။

“မဟုတ်ပါဘူး၊ ငါတို့က ပုံမှန်အတိုင်း တာဝန်ခွဲယူလိုက်တာလေ။” လီဆာက ပြောလိုက်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဒရုန်းကနေ ကြေညာသံတွေ

ဆက်တိုက်ထွက်ပေါ်လာပြန်တယ်။

....

မက်ဒါနာက တိုက်ပွဲကွင်းပြင်ရဲ့ခေါင်မိုးပေါ်မှာထိုင်နေရင်း တိုက်ပွဲတွေကို စောင့်ကြည့်နေတယ်။ ဒရုန်းတွေက ကြေညာသံတွေက ကျောင်းတစ်ခုလုံးကို ပဲ့တင်သံထွက်နေတော့တာပေါ့။

[ဒုတိယနှစ်အီဗန်မှာ ပထမနှစ်စခန်း ၁ကို တစ်ဦးတည်း သိမ်းပိုက်ရရှိ။ အမှတ်ငါးဆယ်ရရှိ။] မက်ဒါနာက အီဗန်ရှိနေတဲ့နေရာကို ကြည့်လိုက်တယ်။ အီဗန်ရဲ့မျက်လုံးတွေက သွေးနီရောင်ပြောင်းနေပြီး သူ့ပခုံးပေါ်မှာတော့ ရန်သူ့စခန်းအလံကို တင်ထားတယ်။ သူ့ဘေးမှာတော့ သတိလစ်ပြီး ဖြစ်သလိုလဲကျနေတဲ့ ပထမနှစ်ကျောင်းသားတွေ အပုံလိုက်ကြီး။

[ဒုတိယနှစ်လီနာမှ ပထမနှစ်စခန်း ၄ကို တစ်ဦးတည်း သိမ်းပိုက်ရရှိ။ အမှတ်ငါးဆယ်ရရှိ။] လီနာကတော့ ပထမနှစ်ကျောင်းသားတွေကို ဧရာမရေလုံးကြီးထဲ စုပြုံထည့်ပိတ်ထားပြီး အတန်းမှူးကိုဓားနဲ့ထောက်ထားတယ်။ အားနေတဲ့ လက်တစ်ဖက်ကတော့ အလံကိုကိုင်ထားပြီး အလံတိုင်ကနေ ဆွဲချွတ်ရုံလေး ချွတ်လိုက်တာ။

...

ယုတိုကတော့ လီဆာကို မျက်လုံးပြူးပြီးကြည့်နေတုန်းပဲ။ ဒုတိယနှစ်ကျောင်းသားတချို့က မဆင်မခြင် လီဆာကိုဝင်တိုက်ကြပေမဲ့ ​ခပ်မြန်မြန်ပဲနှိမ်နင်းခံရပြီး ယုတိုမှာ လူလေးဆယ်ပဲကျန်တော့တယ်။ လီဆာကိုယ်မှာတော့ ခြစ်ရာလေးတစ်ရာတောင်ရှိမနေဘူး။ လီဆာကတော့ အခြေအနေတွေကို ရှင်းပြနေပါတယ်။ ဒါပေမဲ့ လေသံက မောက်မာတဲ့ပုံစံ နည်းနည်းလေးမှမပါဘဲ ပေါ့ပေါ့ပါးပါးပဲ။

“နင်တို့ကံမကောင်းတာက ငါတို့ဒုတိယနှစ်ဗျူဟာမှူးက နျူရေလေ။ နင်တို့က အရေအတွက်သာပြီး ငါတို့က အရည်အချင်းသာတယ်လို့ သူရှင်းပြတယ်။ ငါတို့အရေအတွက်နဲ့ဆိုရင် ခံစစ်ကိုအလုံးစုံအားဖြည့်မလား တိုက်စစ်ကို အလုံးစုံအားဖြည့်မလားဆိုပြီး ရွေးလို့ရပေမဲ့ သူက နှစ်ခုလုံးကို ရွေးလိုက်တာ။ နှစ်ဖက်လုံးကို အားဖြည့်တိုက်ရင် ငါတို့လည်းအားနည်းသွားမှာဆိုပေမဲ့ နင်တို့က အဲဒီလောက် မစွမ်းဘူးတဲ့လေ။

နင်တို့ခံစစ်မှူးကို ဗျာများအောင်လုပ်ပြီး ပြင်ပစခန်းတွေကိုသိမ်းဖို့ကြံထားတာဆိုပေမဲ့ နင်တို့က ထင်တာထက်အားနည်းနေတော့ အတွင်းစခန်းတွေပါကျကုန်တာ။

ငါတာဝန်ယူရတဲ့အပိုင်းကတော့ ပထမနှစ်ရှေ့တန်းစစ်ကြောင်းတွေကို တားဖို့ပေါ့။”

“မင်း...” ယုတိုက ဒေါသထွက်လာပေမဲ့ ဒီလောက်နဲ့ပဲရပ်လိုက်တယ်။ သူက အားလုံးကို လှည့်ပြီးပြောလိုက်တယ်။

“အားလုံးလူစုခွဲပြီး ရန်သူ့ပင်မစခန်းဆီကို ချီတက်ကြ။”

နောက်တော့ ယုတိုကိုယ်တိုင်လည်း အရိပ်အဖြစ်ကိုပြောင်းသွားပြီး ဒုတိယနှစ်ပင်မစခန်းဆီပြေးတယ်။ ကျန်တဲ့ကျောင်းသားတွေလည်း အလားတူပဲဆိုပေမဲ့ လီဆာက သူတို့ကို တစ်ယောက်ချင်းစီလိုက်ရိုက်နေတာကြောင့် တစ်ယောက်ပြီးတစ်ယောက် ပြိုင်ပွဲကနေ ထွက်သွားနေရတယ်။

“ဟေး... ဟေး... ငါပြောတာ စောင့်နားထောင်ကြဦးလေ။” လီဆာက ယုတိုနောက်ကနေ ပျံသန်းလိုက်လာနေရင်း ပြောလိုက်လေရဲ့။ တစ်ပြိုင်နက်တည်းမှာပဲ ဒရုန်းတွေကနေ ကြေညာချက်တစ်ခုထွက်လာတယ်။

“စာမေးပွဲချိန် မိနစ်သုံးဆယ်ကုန်ဆုံး၊ ပထမနှစ် တစ်ရာကျော် ကျန်ရှိ။ ပထမနှစ် လက်ကျန်ကျောင်းသားအားလုံး အမှတ်နှစ်ဆယ်စီရရှိ။”

ယုတိုက မခံချင်စိတ်နဲ့ မျက်မှောင်ကြုတ်ထားတယ်။ပထမနှစ်တွေရဲ့တိုက်ပွဲရည်မှန်းချက်က ဒုတိယနှစ်တွေကို နိုင်ဖို့မဟုတ်ဘဲ ရှင်ကျန်ဖို့ပါ။ ဒါပေမဲ့ သူက သူမာနအရ ဒုတိယနှစ်တွေကို နိုင်နိုင်မယ့်ဗျူဟာကို ချခဲ့မိတာ။

“ခုမှ မိနစ်သုံးဆယ်ပဲရှိသေးတာကို ခံစစ်စခန်းအားလုံးနဲ့ ကျောင်းသားသုံးပုံနှစ်ပုံကို ဆုံးရှုံးသွားပြီလား။ တကယ့်ကို ရှက်စရာပဲ။” ယုတိုက မကျေမနပ်နဲ့ပြောလိုက်တယ်။

ဒါပေမဲ့ သူပင်မစခန်းနဲ့နီးလာတော့ ဘာကြောင့်မှန်းမသိဘဲ လီဆာက ဆက်မလိုက်လာတော့ဘူး။ ပြီးတော့တာလီယာနဲ့ပြန်တွေ့တယ်။ တာလီယာရဲ့လူကလည်း နှစ်ဆယ်မပြည့်ချင်တော့ဘူး။ သူ့မှာကတော့ နှစ်ဆယ်ကျော်ရုံလေးပဲကျန်တာရယ်။

“တာလီယာ၊ နင်တို့ဘယ်သူတွေနဲ့ ရင်ဆိုင်မိတာလဲ။”

“မိရိုင်ပဲ။ သူ့ရဲ့မီးကြာပန်းတွေက အားကောင်းလွန်းတယ်။ ချက်ချင်းလူစုခွဲပြေးခဲ့ပေမဲ့ တောထဲမှာ မမြင်ရတဲ့ ထောင်ချောက်တွေအများကြီးရှိ​နေတယ်။”

ယုတိုက ထောင်ချောက်တွေဆိုတာနဲ့ လူတစ်ယောက်ကို တွေးမိသွားတယ်။ “ဒုတိယနှစ်မှာ ထောင်ချောက်ကျွမ်းကျင်သူဆိုလို့ တစ်ယောက်ပဲရှိတယ်။ အဲဒါက ဂရေဟမ်ပဲ။ သူက အားနည်းတော့ နင်တို့ကို တိုက်ရိုက်မတိုက်ဘဲ ထောင်ချောက်တွေဆင်ထားတာ။”

“ရန်သူ့တပ်တွေက ငါတို့ပင်မစခန်းကို ဘယ်တော့သိမ်းမိမယ်မသိဘူး။ မြန်မြန်လေး သူတို့ပင်မစခန်းကို တိုက်ရအောင်။” တာလီယာက ပြောလိုက်တယ်။

နောက်တော့ သူတို့က ပင်မစခန်းဆီရောက်လာပြီး ချဥ်းကပ်ဖို့ကြိုးစားပေမဲ့ သူတို့မြင်နေရတဲ့မြင်ကွင်းကို မယုံနိုင်ဖြစ်သွားတယ်။ နဂါး၊ ဖီးနစ်၊ လိပ်နက်၊ ကျားဖြူ အစရှိတဲ့ ဒဏ္ဍာရီလာသားရဲကြီးတွေက ပင်မစခန်းရဲ့အလံတိုင်ကိုစောင့်နေပြီး ပင်ပန်းနေပုံရတဲ့ ဂရေဟမ်နဲ့ထိုင်နေရင်းအိပ်ငိုက်နေတဲ့ ယုဆတို့က ပင်မစခန်းမှာရှိနေတယ်။

“အကုန်လုံးက စက္ကူရုပ်တွေ။ အထူးတန်းရဲ့A rank အိုနီဂါမီပညာရှင် ယုဆရဲ့သက်ဝင်စက္ကူရုပ်တွေပဲ။” ယုတိုက ပြောလိုက်ပါတယ်။

All Chapters