ကွယ်ဝှက်အန္တရာယ်
Vol. 101 Ch. 4.1024
အားလုံးနီးပါး ရှုပ်ယှက်ခတ်နေသော မျက်လုံးများဖြင့် လုရွှမ်ကို စိုက်ကြည့်နေကြသည်။ သူက နတ်မီးနယ်ပယ်က ကျင့်ကြံသူ တစ်ယောက်ဆိုတာ ဟုတ်သေးရဲ့လား။ သူက ဘယ်အတိုင်းအတာအထိ ပါရမီရှင် ဖြစ်နေတာလဲ။
လူတိုင်းရဲ့ အမြင်မှာတော့ ပေါင့်တာထင်းရဲ့ အစွမ်းက ဆုံးဖြတ်ချက် ချနိုင်တဲ့ ပါရမီရှင်ဖြစ်ပြီး ကြယ်သခင်တွေ ငယ်ငယ်တုန်းက တူညီတဲ့ နယ်ပယ်မှာရှိတဲ့ လူအများစုဟာ အခု ပေါင့်တာထင်းနဲ့ အဆက်အသွယ် ရှိကြကာ သူကလည်း ပါရမီရှင်ပဲ ဖြစ်သည်။
သို့သော် လုရွှမ်လို မျှော်စင်နယ်ပယ် လူငါးဦးကို သတ်ရန် အလွန်လွယ်ကူ မနေသေးပေ။ သူ၏ ပါရမီသည် ကောင်းကင်နှင့်မြေကြီး၏ နိယာမများကို ကျော်လွန်ထားသည့် အဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်နိုင်ပါ့မလား။
နတ်မီးနယ်ပယ်က မျှော်စင်နယ်ပယ်ကို ယှဥ်နိုင်ပြီ ဆိုရင်တော့ မျှော်စင်နယ်ပယ်က ကျင့်ကြံသူများ အနေဖြင့် လျစ်လျူရှုထားနိုင်လိမ့်မည် မဟုတ်ပေ။
"ဟေး မင်းဘာဖြစ်နေတာလဲ... မင်းအရမ်း သန်မာလာတယ်နော် မင်းရဲ့ခွန်အားကို ဖုံးကွယ်ထားခဲ့တာလား"
ပေါင့်တာထင်းလည်း အရမ်းသိချင် သွားတာကြောင့် လုရွှမ်နား ကပ်မေးလိုက်သည်။
"ဘယ်သူသိမှာလဲ... ငါ တောင်ခြေမှာတုန်းက အဘိုးကြီးယင်ရဲ့ ယင်စွမ်းအင်ကိုးစင်းကို စုပ်ယူပြီးတော့ တစ်ခုခုဖြစ်သွားတာ ဖြစ်နိုင်တယ်... ဒါပေမဲ့ အခုအချိန်နဲ့ ကွက်တိ ဖြစ်သွားတယ်"
"နောက်ဆက်တွဲ ဆိုးကျိုးတော့ မရှိဘူး မဟုတ်လား"
ပေါင့်တာထင်း နည်းနည်း စိုးရိမ်သွားသည်။ ဤရုတ်တရက် ပြောင်းလဲမှုမျိုးက အမှန်တကယ်တမ်း ခွန်အားတိုးစေသည့် လျှို့ဝှက်ကျင့်စဥ် တစ်ခုနှင့် တူသော်လည်း ပေးဆောင်ရမည့် တန်ကြေးလည်း ရှိလိမ့်မည်။ တစ်သက်လုံး နောင်တရရမယ့် ကုန်ကျစရိတ် တချို့တောင် ရှိနိုင်သေးသည်။
"ရတယ် စိတ်မပူနဲ့... ဒီစွမ်းအင်က အားကုန်တာ နည်းနည်း မြန်ပေမယ့် ငါ့မှာ တောက်ပြောင်တဲ့ မျှော်စင်တွေ အများကြီးရှိတယ်လေ ဟားဟား မင်းဘာကို ကြောက်နေတာလဲ"
ပေါင့်တာထင်းကို သူ ရိုးရိုးသားသား ပြောလိုက်ခြင်းပင်။ ထိုလျှို့ဝှက် ကျွမ်းကျင်မှုမှာ အမြဲတမ်းတော့ အသုံးမဝင်လှပေ။ ဒါကြောင့် လုရွှမ် မျှော်စင်အစွမ်းကို အသုံးပြုခဲ့တာပဲ ဖြစ်သည်။ ဘယ်လို အခြေအနေမျိုးတွင်မဆို မျှော်စင်ကို ယွမ်စွမ်းအင် အဖြစ် ပြောင်းပြန် ပြိုကွဲစေမည် ဆိုပါက အသုံးဝင်နိုင်တာတွေ ရှိပေသည်။
"ငါးယောက်က မလောက်ဘူးဆိုတော့ ဆယ်ယောက် အရည်အချင်းက ဘယ်လောက်ရှိလဲ ကြည့်ရသေးတာပေါ့"
အဘိုးအိုက ထပ်အော်လိုက်သည်။ လှောင်အိမ်သခင်တွေရဲ့ မျက်နှာတွေက ခဏအတွင်း မည်းမှောင်သွားတော့သည်။ ဒါက သူတို့ကို သေအောင် တွန်းပို့ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။ သို့သော် သူတို့ဆယ်ယောက်ကသာ နတ်မီးနယ်ပယ် ပထမအဆင့်လေးကို မနိုင်ပါက မိမိကိုယ်ကို သတ်သေလိုက်တာကမှ ပိုကောင်းလိမ့်မည်။
လူဆယ်ယောက် ပြေးထွက်လာပြီး လူနှစ်ယောက်ကို ဝိုင်းထားလိုက်ကြသည်။
"အစ်ကိုပေါင့် ကိုယ့်ကိုကိုယ် ကာကွယ်ပါ... ငါ့ရဲ့ကန့်သတ်ချက်က ဘယ်မှာရှိမှန်းတောင် မသိသေးဘူး"
လုရွှမ်ရဲ့ စိတ်စွမ်းအင် အသံလွှင့်မှုကို ကြည့်တော့ ပေါင့်တာထင်း ခေါင်းညိတ်ပြလိုက်သည်။ ယခုအချိန်သည် အစွမ်းထက်ဟန် ဆောင်နေရမယ့် အချိန်မဟုတ်တော့ပေ။ ပထမအချက်မှာ မိမိအသက်ကို ကာကွယ်ရန်ဖြစ်သည်။ ပြီးမှ လုရွှမ်ကို ကူညီဖို့ အစွမ်းကုန်ကြိုးစားပြီး လူတစ်ဦးကို ဖယ်ထုတ်နိုင်ရင် ဖယ်ထုတ်သွားရမည်။
မာနကြီးပြီး လူတွေကို ပိုဆွဲဆောင်ချင်ပေမယ့် ခံနိုင်ရည် မရှိလောက်ပေ။ လုရွှမ်ကိုကူညီဖို့ သူ့ကိုယ်သူ အရင် ကာကွယ်ထားရမည်။ လူကိုးယောက် လုရွှမ်ကို ဝိုင်းထားလိုက်ကြပြီး အားလုံးကလည်း ဒါကိုတွေ့တော့ အံ့သြသွားကြသည်။
လှောင်အိမ်ထဲက ထွက်လာတဲ့ လူ၉ယောက်က သာမာန်အမှိုက်တွေလို မဟုတ်ပေ။ လှောင်အိမ်တွေထဲမှာ နှစ်ထောင်ပေါင်းများစွာ ပိတ်မိနေခဲ့တဲ့ လူတွေဖြစ်ကာ အငွေ့အသက်က အားကောင်းပြီး အတွေ့အကြုံလည်း ကြွယ်ဝကြသည်။
ယခုလက်ရှိ ဤနေရာတွင် မျှော်စင်နယ်ပယ်မှ သခင်များစွာ ရှိသောလည်း ထိုကဲ့သို့သော လူများသည် ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။ ဒါပေမယ့် ဒီလူတွေကလည်း လုရွှမ် ရောက်လာတဲ့အခါ သာမန်ဖြတ်သွားသူတွေလို ဖြစ်သွားပြန်၏။
တချို့သော ဂိုဏ်းခေါင်းဆောင်များနှင့် အကြီးအကဲအဆင့် ကျွမ်းကျင်သူများသည် လုရွှမ်ရဲ့ အင်အားကို သဘာဝအတိုင်း စဥ်းစား အကဲဖြတ်နေကြပါသည်။ လုရွှမ်သာ လူကိုးယောက်ရဲ့ ဝိုင်းရံမှုအောက်ကနေ သူတို့ကို တကယ်သတ်နိုင်ရင် မိမိတို့ကိုပါ ယှဥ်နိုင်တော့မည်ဟု ဆိုလို့ရသလို သူတို့နဲ့ တန်းတူဖြစ်နိုင်တဲ့ အရည်အချင်းတွေပါ ရှိသွားလောက်ပြီ။
သူတို့အကုန်လုံး စိတ်ထဲကနေ သက်ပြင်းချနေကြသည်။ ဒါက တကယ့်ကို မယုံနိုင်စရာပါပဲ။ လုရွှမ်ရဲ့ ရုပ်ပုံက လျှပ်စီးကြောင်းတွေလို လူကိုးယောက်ကြားတွင် ပြေးလွှားနေသည်။ ချင်ထျန်းဓားက သူ့လက်ထဲတွင် ဝှေ့ယမ်းနေပြီး တိုက်ခိုက်ခြင်းမပြုဘဲ ခုခံကာကွယ်ရုံသာ လုပ်နေ၏။
ထို့ကြောင့် လူကိုးယောက်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။ လုရွှမ်သာ သူတို့ ကိုးယောက်ကို ပြန်လည် တိုက်ခိုက်နိုင်ခဲ့ရင် တကယ်ကို ကြောက်စရာ ကောင်းသွားလိမ့်မည်။
လုရွှမ်သည် လူကိုးဦး၏ လှုပ်ရှားမှုများနှင့် သိုင်းကွက်များကို အကဲခတ်နေ၏။ ယခုအခါတွင် သူ့ခွန်အားများ ပြန်လည် ကောင်းမွန်လာကာ အမြင်အာရုံမှာလည်း တိုးလာခဲ့ပြီ။ လှုပ်ရှားသူ၏ ချို့ယွင်းချက်နှင့် အရှိန်အဟုန်တို့ကို သူ့စိတ်ထဲတွင် မှတ်သားထားသည်။ ဒါတွေကို မှတ်ထားတာက အချိန်တိုအတွင်း ၎င်းတို့ကိုအနိုင်ယူရန် သော့ချက် ဖြစ်လာနိုင်သည်လေ။
သူ အနည်းငယ် ပင်ပန်းသည်ဟု ခံစားလာရပြီး ယွမ်စွမ်းအင် ထွက်နှုန်းမှာ အနည်းငယ် မတည်မငြိမ် ဖြစ်နေသော်လည်း ကန့်သတ်ချက်အထိတော့ မပြည့်သေးပေ။
အချိန်အတော်ကြာ ခုခံပြီးနောက် လူကိုးယောက်လည်း တဖြည်းဖြည်း စိတ်မရှည် ဖြစ်လာသည်။ နာရီဝက် ကြာသွားတဲ့အထိ သူတို့ကြားက တိုက်ပွဲဟာ ဘာမှ မပြီးမြောက်သေးဘဲ လုရွှမ်အပေါ် ပတ်ဝန်းကျင်က လူတွေရဲ့ အံ့အားသင့်မှုကိုတောင် ခံစားနိုင်ပါသည်။
ပြီးတော့ သူတို့ဟာ သဘာဝအတိုင်း အရှက်တရားရဲ့ တိုင်မှာ ရိုက်နှက်ခံထားရတဲ့ လူတွေ ဖြစ်သွားတော့သည်။ အနာဂတ်တွင် လုရွှမ် အကြောင်း ပြောဆိုသောအခါတွင် သူသည် ကမ္ဘာပေါ်တွင် နံပါတ်တစ် ပါရမီရှင်ဖြစ်ပြီး မျှော်စင်နယ်ပယ်မှ သခင်ကိုးဦးကို နာရီဝက် ခုခံနိုင်ခဲ့ကြောင်း ပြောကြလိမ့်မည်။
လုရွှမ် အမြင်မှာတော့ ဒီလူကိုးယောက် တိုက်ပွဲကို အဆုံးသတ်ဖို့ မလောရင် သူ လောရတော့မှာပဲ ဖြစ်သည်။ သူကြည့်ရသလောက်တော့ သူတို့ရဲ့ ခွန်အားက ကျင့်စဥ်ကနေ ရရှိလာခဲ့ခြင်း မဟုတ်ပေ။ ဒါကြောင့် စိတ်နှလုံးက မထိန်းချုပ်နိုင်ဘဲ ဖြစ်နေသည်။ ဒီလိုခွန်အားက အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း မှေးမှိန်သွားလိမ့်မည်။
ဒါက သူ့ကို စိတ်သက်သာရာ ရစေပေမယ့် သူထိန်းချုပ်နိုင်တဲ့ အချိန်က သူ့ရဲ့ ကြံ့ခိုင်မှု ဘယ်လောက် ပြင်းထန်သလဲပေါ် မူတည်ပြီး လုံး၀ ကွဲပြားသွားလိမ့်မယ်။
အရင်က လူငါးယောက်နဲ့ တိုက်ခိုက်တဲ့အခါ လုရွှမ်ဟာ အခွင့်အရေးတွေ အများကြီး ရခဲ့တာကြောင့် မကြောက်ဘူးလို့ ခံစားခဲ့ရသည်။ ယခုမူ လူကိုးဦးနှင့် ပြင်းထန်သော တိုက်ပွဲတွင် မျှော်စင်ရဲ့ ယွမ်စွမ်းအင် စားသုံးမှုကို ထိန်းထားနိုင်သော်လည်း ပြသထားနိုင်သော ခွန်အားမှာ မတည်ငြိမ်တော့ပေ။
အထူးသဖြင့် သန်မာသော လူနှင့် ဆက်ဆံရသောအခါ မျှော်စင်က သူလုပ်နိုင်သော ခွန်အားကို မြှင့်တင်ပေးမည် ဖြစ်သော်လည်း အချိန်ကတော့ အလွန်တိုတောင်းလိမ့်မည်။ ရန်သူကို အချိန်တိုအတွင်း မဖြိုဖျက်နိုင်ရင် ဒုက္ခရောက်မှာ သေချာသည်။
လူကိုးဦးသည် နောက်ဆုံးတွင် စိုးရိမ်ထိတ်လန့်သွား၏။ သူတို့ လုရွှမ်ကို အခွင့်အရေးတစ်ခု ပေးမိသွားပြီ။ နောက်ဆုံးတွင် လူကိုးယောက်ဟာ လုရွှမ်ကို ဝိုင်းထားသော်လည်း ကြာလာလျှင် အပြစ်အနာအဆာကို ဖော်ထုတ်နိုင်သည်။ လုရွှမ်ကို ဖမ်းမမိပါက သူတို့ဘာမှ လုပ်နိုင်စွမ်း မရှိတော့ပေ။ ဒါပေမဲ့ ချို့ယွင်းချက်က နည်းနည်းကြာသွားတဲ့အခါ ရက်စက်စွာ သတ်ပစ်ခံရလိမ့်မည်။
ထို့ကြောင့် လုရွှမ်သည်လည်း အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်။ သူက လူကိုးဦး သည်းမခံနိုင်တော့ဘဲ ၎င်းတို့ကိုယ်တိုင် တိုက်ပွဲဝင်လာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ အမှားအယွင်းကို တိုးစေမည့်အချိန်ကို စောင့်ဆိုင်း၍ သူတို့ကို ထိန်းချုပ်ကာ မိမိကိုယ်တိုင်လည်း ဘေးကင်းစွာ လွတ်မြောက်နိုင်အောင် ကြံစည်ရမည်။
လူကိုးဦးကို သတ်နိုင်ဖို့ ဒဏ်ရာ အနာတရများကို လဲလှယ်ပေးရမည်ဆိုပါက ထိုက်တန်ပါသည်။ အခု ဒီအခွင့်အရေးက နောက်ဆုံး ရောက်လာပြီလေ၏ လူကိုးယောက် သည်းမခံနိုင်တော့ဘူး မဟုတ်လား။
လုရွှမ်သည် သူ့လက်ဖဝါးထဲတွင် မျှော်စင်၏ နောက်ထပ် အပိုင်းတစ်ပိုင်းကို ဖိချေကာ ယွမ်စွမ်းအင် အဖြစ်သို့ ပြောင်းလဲလိုက်သည်။ ဤနည်းဖြင့် ၎င်းထုတ်ပေးသော ယွမ်စွမ်းအင်သည် သဘာဝအတိုင်း သူကိုယ်တိုင် စုဆောင်းထားသည့်အ ရာထက် ပိုကောင်းမည် မဟုတ်သည့်အပြင် လုပ်ဆောင်နိုင်သည့် ခွန်အားမှာလည်း အတော်လေး ယုတ်ညံ့ပါသည်။
သို့သော် လုရွှမ်သည် သူ့နှလုံးသားကို ငြိမ်သက်စေပြီး သူ့ကိုယ်ပိုင် ယွမ်စွမ်းအားကို မလှုပ်ရှားသေးဘဲ အန္တရာယ်အရှိဆုံး အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ မျှော်စင်ရဲ့ ယွမ်စွမ်းအင် စားသုံးမှုက မြန်ဆန်လွန်း၏။ ထိုယွမ်စွမ်းအင်သည် အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာသော မီးခိုးဖြူများနှယ် ကောင်းကင်သို့ ထိုးတက်လာခဲ့သည်။
လုရွှမ်မှာ သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ တဟုန်ထိုး ပြင်းထန်လာပြီး ပေါက်ကွဲလုမတတ် ဖြစ်လာတာကို ခံစားလိုက်ရသည်။ ယွမ်စွမ်းအင်များ ချင်ထျန်းဓားထဲသို့ ပြေးဝင်သွားစဥ် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားက တောက်ပသွားသည်။
ကိုးယောက်ထဲက တစ်ယောက်က အပြစ်အနာအဆာ တစ်ခုကို တစ်ဖန်ပြသလာတာကို မြင်တော့ လုရွှမ်လည်း သူ့ဓားကို အမြန်ထုတ်လိုက်ပြီး ထိုလူကို ဓားဖြင့် ထိုးချလိုက်သည်။
ခေတ္တတောင် ရပ်မနေပေ။ အကြောင်းမှာ လူကိုးဦး၏ လှုပ်ရှားမှုများက သူ့စိတ်ထဲ မှတ်သားထားပြီးသားမို့ ထိုးဖောက် ဝင်ရောက်လာမည့် နောက်ထပ် ခြေလှမ်းကိုပင် ခန့်မှန်းနိုင်နေပြီ။
ချွင်း!
နောက်ထပ် ဓားစွမ်းအင်ရှစ်လက် ဖြတ်ပြေးသွားစဥ် လူကိုးဦးသည် ကောင်းကင်မှ တဗုန်းဗုန်း ပြုတ်ကျကြကာ မျက်လုံးများက တအံ့တသြ ပြူးထားလျက်သား ဖြစ်နေကြ၏။ နောက်အခိုက်အတန့်တွင်တော့ မျက်လုံးများ မှိတ်ကာ သေဆုံးသွားကြလေသည်။