အဘိုးကြီး အရေးယူပြီ
Vol. 101 Ch. 4.1025
“ဓားတစ်ချောင်းတည်းနဲ့ကွ”
ပရိတ်သတ် အုပ်စုထံမှ ချီးမွမ်းသံများ ထွက်ပေါ်လာသော်လည်း အချို့လူများက အံ့သြမဆုံးနိုင် ဖြစ်နေတာကြောင့် ကြောင်အနေကြတုန်းပင်။ မျက်စိမှိတ်ပြီး ဆင်ခြင်နေသော လူအိုနှစ်ယောက်အနက်မှ တစ်ယောက်က ရုတ်တရက် မျက်လုံးပွင့်လာစဥ် လက်ခုပ် ထတီးလိုက်သော လူ၏ခန္ဓာကိုယ်မှာ အသားစများအဖြစ် ပေါက်ကွဲသွား၏။
သူ့ဘေးနားက ကျင့်ကြံသူတွေခမျာ အကုန်လုံးက သွေးတွေ ရွှဲရွှဲစိုပြီး အသားတွေ တဆက်ဆက် တုန်နေသော်လည်း အားလုံး ထိတ်လန့်နေတာကြောင့် လုံးဝ စကားမပြောရဲကြပေ။
သူတို့ လုံးဝ ထိတ်လန့်သွားပြီ။ လီလင်၊ နတ်သမီးကြီးယွင်ဟွားနဲ့ တခြားသူများ အားလုံးကလည်း ဤတစ်ကြိမ်တွင် ကြောက်ရွံ့သွားတာကြောင့် ဝင်မပါမိရန် ကြိုးစားနေကြသည်။
လုရွှမ်သည် သူ့လက်ထဲတွင် ချင်ထျန်းဓားကို ကိုင်ထားရင်း ခေတ္တရပ်လိုက်ပြီး ကျယ်လောင်သော အသံဖြင့် ဝေ့ယမ်းပစ်လိုက်သည်။ အဘိုးအိုသည် အလွန်တန်ခိုးကြီးတာ သိသာထင်ရှားတာမို့ လုရွှမ်လည်း ထိတ်လန့်သွားသည်။
"မင်းသွား!"
လူကြီးက တိုးတိုးလေး ပြောလာသည်။ ထိုသူကတော့ အရင်က အမိန့်ပေးဖူးတဲ့ လူကြီးပါပဲ။
"ဟုတ်ကဲ့ပါ ဘိုးဘေး!"
လူတစ်ယောက် ပြေးထွက်လာသည်။
"ကောင်လေး... မင်းရဲ့အရည်အချင်းတွေက ငါချီးကျူးလို့တောင် မဆုံးနိုင်ဘူး ဖြစ်နိုင်ရင် မင်းကို ငါတို့ရဲ့ ဝင်ပေါက်နံရံထဲတောင် ထည့်ထားချင်တာ... ငါတို့ကို ဖြတ်သန်းခွင့်ပေးလိုက် ဒါဆို ငါတို့ အနာဂတ်မှာ သေချာပေါက် ရှေ့ဆက်သွားနိုင်မှာပါ..."
"မင်းအခုလို လုပ်နေတာတွေက မင်းဘဝကို အဆုံးသတ်စေတော့မှာ အရမ်းစိတ်မကောင်းစရာ ကောင်းတယ်... ကောင်းမှုလုပ်ရင် မင်း အသက်ရှင်နေသေးပေမယ့် မကောင်းမှုလုပ်ရင် မင်း မရှင်သန်နိုင်တော့ဘူး"
ထိုလူကြီးရဲ့ စကားဆုံးတော့ လုရွှမ် မဲ့ပြုံးလေး ပြုံးလိုက်သည်။
"ခင်ဗျား လှောင်အိမ်ထဲမှာ သော့ခတ်ခံထားရတာ ကြာပြီမလား? တိုက်ချင်ရင် တိုက်လိုက် အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့... အစုလိုက် အပြုံလိုက်တောင် သတ်ပြီးသွားပြီလေ အခုလိုပြောနေတော့ အသုံးဝင်တာ ဘာရှိလဲ??"
လုရွှမ်က စကားဆုံးတဲ့အခါ သူ့ဓားကို မြှောက်ပြီး အဘိုးကြီးဆီ ပြေးဝင်သွားလိုက်သည်။ အဘိုးကြီး၏ မျက်နှာသည် မည်းမှောင်သွားကာ ပေါင့်တာထင်းကတော့ ရယ်ချလိုက်လေသည်။
"ဟုတ်တယ်! ခင်ဗျားက လှောင်အိမ်ကြောင့် အနံ့ဆိုးတောင် ထွက်နေပြီ"
ဝုန်း!
အဘိုးအို၏ ခန္ဓာကိုယ်မှ လေလှိုင်းများ ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုလေလှိုင်းရဲ့ အရှိန်အဟုန်ကြောင့် ပေါင့်တာထင်းတစ်ယောက် အဝေးသို့ လွှင့်ပစ်ခံလိုက်ရပြီး ပါးစပ်မှ သွေးများ ထွက်ကျလာခဲ့သည်။ သူက လုရွှမ်ပေးထားသော ဆေးလုံးကို အမြန် မျိုချလိုက်ရသည်။
ပေါင့်တာထင်း တစ်ဖက်ကလူကို ထိတ်လန့်စွာ ကြည့်ကာ အော်လိုက်သည်။
"လုရွှမ် သတိထားပါ... ဒီလူကြီးက အရမ်းသန်မာတယ်"
လုရွှမ်လည်း ၎င်းကို သဘာဝအတိုင်း မြင်နေရပါပြီ။ ပေါင့်တာထင်းကို အရှိန်အဟုန်ဖြင့် ဗုံးကြဲလိုက်ရုံဖြင့် ပြင်းထန်သော ဒဏ်ရာကို ရသွားစေတယကြောင့် လီလင်ထက် ကျော်လွန်နေပြီ ဖြစ်ကြောင်း ပြောနိုင်ပါသည်။ ဤကမ္ဘာရှိ ရှေးဟောင်း ပစ္စည်းများနှင့် အတူတူနီးပါး ရှိနိုင်သလို ၎င်းတို့ထက် သာလွန်နေလားလည်း မသိနိုင်သေးပေ။
နတ်သမီးကြီးယွင်ဟွား ကျန်းယိရှင်ကို ငုံ့ကြည့်လိုက်တဲ့အခါ ကျန်းယိရှင်ဘက်ကလည်း ပြန်ပြောလာခဲ့လေသည်။
"ကျွန်တော်က သူ့ပြိုင်ဘက် မဟုတ်ပါဘူး... အကြီးအကဲကော ဘယ်လိုလဲ"
"၅၀%အထိပဲ ယှဥ်နိုင်လောက်တယ်!"
လီလင်နဲ့ ထန်းယွမ်ကြယ်ရှိ အဓိက အင်အားစု ကိုးခုမှ အခြားသော ဂိုဏ်းခေါင်းဆောင်များ သည် မယုံသင်္ကာ ဖြစ်ကာ တိတ်တဆိတ် အသံပို့ရင်း အချင်းချင်း ကြည့်နေကြသည်။
"ဂိုဏ်းချုပ်လီလင်... မင်း ဘယ်လိုထင်လဲ"
လီလင်က သက်ပြင်းချရင်း "နတ်လက်နက်တွေ သုံးပြီး ကံကောင်းရင်တော့ လွတ်မြောက်နိုင်ရုံလောက်ပဲ"
ထန်းအယ့်ကြယ်၊ ထန်းရှားကြယ်နဲ့ ထန်းကျီကြယ်တို့က လျှို့ဝှက်စွာ ဆွေးနွေးနေကြသော်လည်း အားလုံးက ဘာမှမလုပ်နိုင်ကြချေ။
"ဆရာရဲ့ ပြိုင်ဘက်တောင် မဟုတ်ဘူးလား"
ထန်းကျီကြယ်က သခင်ဟောင်းကလည်း ခေါင်းယမ်းသည်။
"လုရွှမ် ဘယ်လိုလုပ်မလဲ"
"အံ့ဖွယ်တစ်ခုခု ဖြစ်မလား ကြည့်ကြတာပေါ့!"
"ဆရာ... တပည့်တို့ သူ့ကို တားလို့ မရဘူးလား?"
ဖုန့်ဖေးကလည်း သူ့ဆရာကို မေးလေသည်။
"နန်းတော်သခင် ပြန်လာမှရလိမ့်မယ် မဟုတ်ရင် ဆန်းကြယ်ကောင်းကင် အိမ်တော် တစ်ခုလုံးမှာ ဘယ်သူမှ သူ့ရန်သူမဖြစ်နိုင်ဘူး"
လုရွှမ်လည်း တိတ်တဆိတ် တံတွေး မျိုချမိသည်။ သူ့စိတ်က ယခင်ကထက် ပို၍ လေးနက်လာကာ ထိုသူသည် သူ့ဘဝတွင် ရင်ဆိုင်ခဲ့ရသမျှ အကြီးမားဆုံးရန်သူ ဖြစ်လေသည်။ အဲဒီလူနှစ်ယောက်က သူ့ကို ပုရွက်ဆိတ်ကို ကြည့်နေသလိုမျိုး ကြည့်နေ၏။
ထိုစဥ် နတ်ဓားက အနည်းငယ် တုန်ခါသွားပြီး လုရွှမ်၏ ခံစားချက်ကဲ့သို့ပင် ခရမ်းရောင်အလင်းများ အနည်းငယ် ထွန်းတောက်လာသည်။
သူ့ဘယ်ဘက်လက်တွင် မျှော်စင် အပိုင်းသုံးပိုင်းကို ကိုင်ထားပြီး တခဏချင်းတွင် ၎င်းတို့အားလုံးသည် ယွမ်စွမ်းအင် အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ယွမ်စွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲတွင် လှုပ်ယမ်းကာ အဘိုးအိုကို ဓားစွမ်းအင် တစ်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။
အဘိုးအို လှုပ်ရှားလိုက်သည်။ လုရွှမ်သည် သူ့မျက်လုံးများထဲ မှိတ်တုတ်မှိတ်တုတ် အလင်းတစ်ချက် ဖြတ်ပြေးလာသလို ခံစားလိုက်ရပြီး အဖိုးအိုက သူ့ရှေ့တွင် ချက်ချင်းပေါ်လာကာ လက်ဝါးကို လွှဲရိုက်လိုက်လေသည်။
လုရွှမ် မျက်နှာလှည့်ရန် အချိန်နည်းနည်းသာ ရလိုက်တာကြောင့် လျှပ်တပြက်အတွင်း လက်မောင်းက အရိုက်ခံလိုက်ရ၏။ အဘိုးအို၏ လက်ဖဝါးကြောင့် လုရွှမ်လက်မောင်းတစ်ဖက် ကျိုးသွားကာ ခန္ဓာကိုယ်ကလည်း ခပ်ဝေးဝေးသို့ လွင့်ကျသွားသည်။
"မင်းငါ့လက်ဝါး တစ်ချက်ကို တားနိုင်တာကို ဂုဏ်ယူလိုက်တော့...."
အဘိုးအိုက မေးစေ့ကို အနည်းငယ် မြှင့်ထားသော်လည်း ဆက်မတိုက်ခိုက်သေးပေ။ သူက လုရွှမ်ကို သူ့မျက်လုံးထဲ၌ လုံးဝ မထည့်ထားသလိုပင်။ လုရွှမ် မတ်တပ်ထရပ်ကာ ဆေးလုံးများကို အမြန် မျိုချလိုက်ပြီး လူကလည်း ထိတ်လန့်သွားသည်။
အရမ်းသန်မာလွန်းတယ်!
သူ့ခွန်အားသည် သိသိသာသာ တိုးတက်လာသော်လည်း အမြင်အာရုံမှာ မမြင့်မားလာသေးပါ။ ဒါမှမဟုတ် သူ့ခန္ဓာကိုယ်နဲ့ လုံလောက်အောင် မညှိနှိုင်းနိုင်တာကြောင့် ထိုလက်ဖဝါး စွမ်းအင်ကို တားဆီးဖို့ နှေးကွေးလွန်းတာ ဖြစ်လိမ့်မည်။
ထို့အပြင် သူ မျှော်စင်နယ်ပယ် သုံးယောက်၏ စွမ်းအင်ကို လုံးလုံး သုံးစွဲလိုက်ပြီးပြီ ဖြစ်သည်။ လုရွှမ် သူ့နှုတ်ခမ်းပေါ်က သွေးတွေကို သုတ်လိုက်ရင်း သူ့လက်မောင်းက တစ်ချက် ငဲ့ကြည့်လိုက်သည်။
"အဘိုးကြီး... ခင်ဗျားက တကယ်ပဲ အစွမ်းထက်ပါတယ် ဒါပေမဲ့ အဲဒါထက် ဘာမှ မပိုဘူး.... ခင်ဗျားရဲ့ အသက်ကို ကြည့်ပြီး ခင်ဗျားကို သုံးကြိမ် တိုက်ခွင့်ပေးတယ်"
"ဟားဟားဟား"
အဘိုးကြီးကလည်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"လူငယ်လေး မင်းက တကယ်ကို ဉာဏ်ကောင်းတဲ့ ကောင်လေးပဲ.... မင်း အခုလိုအချိန်မှာတောင် ပြုံးပြနိုင်သေးတယ်... အဲဒါက ဒီအဘိုးကြီးကို အရမ်းသနားသွားစေတယ်ကွ ဒါပေမဲ့ မင်းရဲ့ သေခြင်းတရားက ပန်းတိုင်တောင် ရောက်နေပြီ... ငါကလည်း ဒုတိယအကြိမ် ပါးရိုက်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူး!"
သူ့ခန္ဓာကိုယ်က တစ်ဖန် ပျောက်ကွယ်သွားပြီး လုရွှမ်၏ခေါင်းထက်တွင် ပေါ်လာပြီး လက်ဖဝါးဖြင့် ပါးရိုက်ချလိုက်သည်။ နဖူးပေါ်သာ အရိုက်ခံရရင် ပါးပါးလှီးထားတဲ့ အသားတစ်ဆုပ်ထဲလို ဖြစ်သွားမှာ မဟုတ်ဘူးလား။
ဦးခေါင်းထက်မှာ ဝိညာဉ်ဒိုင်းနှစ်ခု ပေါ်လာ၏။ တစ်ခုက အဝါရောင်တောက်တောက်နဲ့ နောက်တစ်ခုက ကောင်းကင်ပြာရောင် ဖြစ်သည်။ ၎င်းကို ပိတ်ဆို့လိုက်ပြီးနောက် ဝိညာဉ်ဒိုင်းနှစ်ခုက တစ်ချိန်တည်း ပေါက်ကွဲသွားကာ လုရွှမ်၏ ခန္ဓာကိုယ်လည်း လွင့်သွားခဲ့ပြန်သည်။
"အဟဲ ဒါက ဒုတိယမြောက် လှုပ်ရှားမှုပဲ"
အဘိုးအိုက သူ့နောက်ကို မလိုက်သေးဘဲ လှောင်ပြောင်ရင်း။
"ဟုတ်တယ် ဒါက ဒုတိယလက်ဝါးပဲ..."
အဲဒီနောက် သူ့ခန္ဓာကိုယ်က ပြန်ပျောက်သွားပြီး လုရွှမ်ရဲ့ ခန္ဓာကိုယ်လည်း ရုတ်တရက် ပျောက်သွားခဲ့သည်။ လုရွှမ် ဘယ်မှာရှိနေတာလဲ မသိနိုင်တော့အောင် သူ့ရဲ့ ခြေရာလက်ရာကို လုံးဝ ရှာမတွေ့ရတော့ပေ။
အဘိုးအိုသည် လှည့်ပတ် ရှာဖွေခဲ့သည်။ သူ၏ ဝိညာဉ်စွမ်းအားများ တဟုန်ထိုး ပြင်းထန်လာပြီး စွမ်းအင် လှိုင်းလုံးများသည် ကောင်းကင်အထိ တိုးဝင်သွားသော်လည်း လုရွှမ် ဘယ်ရောက်သွားလဲ အာရုံခံမရချေ။
အားလုံးက တစ်ယောက်နဲ့ တစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်နေကြ၏။ ဂိုဏ်းဆရာ ဒါမှမဟုတ် ကြယ်သခင်တောင်မှ သဲလွန်စ မရှိဘဲ ကြောင်အနေကြရသည်။
လူအချို့က ကျောက်လှေကားထစ်များဆီသို့ မျှော်ကြည့်နေကြသော်လည်း ကျောက်လှေကားများသည် ကြာရှည်စွာ ပျောက်ကွယ်သွားခဲ့ပြီး ပြန်လှည့် ဆင်းရန် မဖြစ်နိုင်ပေ။ နတ်တောင်ပေါ်မှ ခုန်ချခြင်းသည် သေခြင်းတရားကို တောင်းဆိုခြင်းသာ ဖြစ်သည်။
အဘိုးအိုသည် မျက်လုံးမှိတ်ထားသော အဘိုးအိုနှစ်ယောက်ကို လှမ်းကြည့်လိုက်သော် အဘိုးအိုနှစ်ယောက်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ကြ၏။ မျှော်စင်နယ်ပယ်ကို ကျော်ဖြတ်ထားခဲ့တဲ့ လူနှစ်ဦးတောင်မှ လုရွှမ်ရဲ့တည်ရှိနေတာကို သတိမပြုမိဘဲ ဖြစ်သွားခဲ့သည်။
အဘိုးအိုက တိုးတိုးလေး ဟစ်အော်လိုက်ပြီး။
"ကောင်လေး မင်း ပုန်းနေနိုင်ပြီလို့ ထင်မနေနဲ့..."
သူ့လက်ကို ဆန့်လိုက်သော် ပေါင့်တာထင်း တစ်ယောက် သူ့ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ဘဲ အဘိုးအိုဆီမှာ အဖမ်းခံလိုက်ရလေသည်။ သူက ပေါင့်တာထင်း လည်ပင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရာ တစ်ချက် ညှစ်လိုက်တာနဲ့ သေသွားနိုင်လေသည်။
ပေါင့်တာထင်းမှာ သူ့လည်ပင်းက အနည်းငယ် အားလျော့သွားသလို ခံစားလိုက်ရသော်လည်း စကားကတော့ ပြောနိုင်ပါသေး၏။ သူဘယ်လောက်တောင် ဉာဏ်ကောင်းလိုက်သလဲ။ အဘိုးကြီးက သူ့ကို သက်ညှာပေးဖို့ တောင်းဆိုခိုင်းကာ လုရွှမ်ကို ထွက်လာစေချင်နေတာမှန်း သူမသိဘဲ နေပါ့မလား။
ပေါင့်တာထင်းက ရယ်လိုက်သည်။
"လုရွှမ် မထွက်လာနဲ့... ငါသေရင်လည်း သေပါစေ.... ဘာပဲဖြစ်ဖြစ် ငါ လူနှစ်ယောက်ကို သတ်ပြီးပြီ မင်း ကောင်းကောင်း လေ့ကျင့်ပြီး နောက်မှ ငါ့အတွက် လက်စားချေပေးပါ!"