ရွေးချယ်မှု
Vol. 101 Ch. 4.1027
"အဲဒါ မြေကမ္ဘာ...မြေကမ္ဘာပဲ"
တချို့ လူများမှာ သည်းမခံနိုင်တော့ဘဲ အကျယ်ကြီး အော်ဟစ်လိုက်ကြသည်။ သူတို့သည် နှစ်ပေါင်းများစွာ ကြိုးကြိုးစားစား အားထုတ်ပြီး သေခြင်းတရား ကိုးပါးထဲက တစ်ကြိမ်သာ လွတ်မြောက်ခဲ့ရတဲ့အထိ အားထုတ်ခဲ့ကြတာတွေက နတ်တောင်ထဲ ဝင်ပြီး မြေကမ္ဘာထဲသွားဖို့ မဟုတ်လား။ မြင့်မြတ်တဲ့ နယ်ပယ်ကို ကျင့်ဖို့ပဲ မဟုတ်လား။
အက်ကွဲကြောင်းများသည် ဆက်လက်ကျယ်ပြန့်လာပြီး ဝိညာဉ်စွမ်းအင် အပြည့် ဖြာထွက်သွားသည်။ သန့်စင်သော အငွေ့အသက်နှင့် ပြီးပြည့်စုံသော နည်းဥပဒေသများသည် အက်ကြောင်းများကို ထိုးဖောက်ဝင်ရောက်ကာ တဖြည်းဖြည်း ထုတ်ဖော် ပြသလာကြသည်။
"အဲဒါသေချာပေါက် မြေကမ္ဘာပဲ...မြေကမ္ဘာ ဆိုတာ သံသယဝင်နေစရာတောင် မလိုဘူး"
နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် သည်းမခံနိုင်တော့ဘဲ ကောင်းကင်သို့ ခုန်တက်ကာ ကောင်းကင်တွင် အက်ကွဲရာဆီသို့ အပြေးအလွှား ပြေးဝင်သွားခဲ့သည်။
လေပြင်းက ဟောက်လိုက်၏။ သူသည် မျှော်စင်နယ်ပယ်က ထူးထူးခြားခြား အစွမ်းထက်သူဟု ထင်ရပေမယ့် ပြင်းထန်တဲ့ လေပြင်းကြောင့် သူ့ခန္ဓာကိုယ်က မထိန်းနိုင်ဘဲ တောင်ပေါ်ကနေ လွင့်ထွက်သွားခဲ့သည်။
"အား....."
အော်ဟစ်သံနှင့်အတူ ထိုသည် ချောက်ကမ်းပါးပေါ်မှ ပြင်းပြင်းထန်ထန် ပြုတ်ကျကာ သေဆုံးသွားခဲ့သည်။
"အရူး.... ဒီအက်ကွဲကြောင်း မပေါ်လာသေးတာကို ထည့်မပြောရင်တောင် ဒါက နတ်တောင်ကြီးဟ!! အခု နတ်တောင်ရဲ့ အန္တရာယ်က ရှင်းရှင်းလင်းလင်း မသိရသေးဘူး လုပ်ချင်တာမှန်သမျှ တကယ် လုပ်နိုင်မယ်လို့ ထင်နေလား"
ထိုကျင့်ကြံသူ ကွယ်လွန်ခြင်းက လူအားလုံးကို စိတ်အေးချမ်းစေခဲ့သည်။ အမှန်ပင် နတ်တောင်သည် ယခုအချိန်တွင် မည်မျှပင် ငြိမ်သက်နေပါစေ မှော်အစွမ်း မရှိသော်လည်း နတ်တောင်ကြီး ဖြစ်နေသေးပြီး အန္တရာယ်ကလည်း ရှိနေသေးသည်။
"ဟေ့! ကောင်းကင်စာအုပ်ကို ကြည့်လိုက်!"
ထိုမှသာ ကောင်းကင်စာအုပ်သည် လေပြင်းတိုက်သံနဲ့အတူ နတ်တောင်ပေါ်မှ လွင့်ပျံသွားတာကို လူတိုင်း တွေ့မြင်လိုက်ကြရသည်။ လူတိုင်း၏ အမြင်တွင် ကျောက်စာသည် လုံး၀ မပေါ်သေးသော်လည်း ရတနာရှစ်ပါးက ကျောက်ပြားနှင့်အတူ နတ်တောင်ထိပ်မှ တဖြည်းဖြည်း လွင့်မျောနေသည်။
"တကယ်လို့ ကောင်းကင်စာအုပ် တောင်ထိပ်က ထွက်သွားရင် ငါတို့ ဘယ်လို ရွေးချယ်ကြမလဲ"
လူအများစုသည် အရှုံးပေါ်ပြီး ရွေးချယ်ရန် အခက်အခဲ ရှိလာကြသည်။ လုရွှမ် ပေါင့်တာထင်းကို ကောက်ထူရင်း တောင်ပေါ်ကို တက်လာခဲ့သည့် နေရာကို ညွှန်ပြလိုက်သော် ကျောက်လှေကားများက ပေါ်လာခဲ့သည်။
"ဒါဆို မင်းက မြေကမ္ဘာထဲ ဝင်ဖို့ အစီအစဉ် မရှိဘူးပေါ့?"
ပေါင့်တာထင်း မေးလိုက်သည်။ ထိုအခါ လုရွှမ် ပြုံးလျက် ဖြေ၏။
"စိတ်မဝင်စားဘူး....ဝင်ချင်ရင် ငါ့ညီအစ်ကိုတွေ၊ သူငယ်ချင်းတွေနဲ့ လိုက်ဝင်မယ်... ဒီမှာက စိတ်ပူစရာတွေ အများကြီး ကျန်နေသေးတယ်။ အခု ထွက်သွားဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ပေါင့်တာထင်း သူ့စိတ်ထဲက အံ့အားသင့်သွားခဲ့သည်။ သူတို့သည် မြေကမ္ဘာထဲသို့ ဝင်ရောက်ရန် အခွင့်အရေးများစွာကို စွန့်လွှတ်ခဲ့သောကြောင့် အခွင့်အရေးကို အလွယ်တကူ စွန့်လွှတ်လိုက်ခြင်း မရှိခဲ့ပေ။
"ဒါဆို မင်းကရော မြေကမ္ဘာထဲကို ဝင်ဖို့ ဆန္ဒရှိလား"
လုရွှမ် ပြန်မေးလိုက်၏။
"မင်းလိုပဲ ငါလည်း... မစွန့်လွှတ်နိုင်တဲ့ စိုးရိမ်မှုတွေ အများကြီး ရှိသေးတယ်"
ထို့နောက် နှစ်ယောက်သား အတူတူ ရယ်မောလိုက်ကြသည်။ နှစ်ယောက်သား စကားစမြည် ပြောနေကြစဉ် နောက်ဆုံး ရတနာရှစ်ပါးသည် ကောင်းကင်ကျမ်းစာ ကျောက်ပြားကို ကျော်ဖြတ်ကာ တောင်ထိပ်မှ ပျံတက်၍ နတ်တောင်၏ အောက်ခြေသို့ ကျရောက်သွားသည်။
"ဆင်းရအောင်" ပေါင့်တာထင်း ဆိုလိုက်သည်။
"ခဏနေဦး....ကျန့်နမ်၊ ကျန့်ပေနဲ့ ပေါ်ဝမ့်တို့ကို ခေါ်ရမယ်... သူတို့ရဲ့ ဆရာသခင်နဲ့ အဖေက မြေကမ္ဘာထဲဝင်ဖို့ ကြိုးစားနေတာ သိသာတယ်... သူတို့မှာ အကာအကွယ် မရှိဘူး နတ်သမီးဖုန့်ဖေးကိုလည်း မေးကြည့်ရအောင် ဆန်းကြယ်ကောင်းကင် အိမ်ကြီးရဲ့ အခြေအနေကလည်း မကောင်းဘူးလေ ဟုတ်တယ်မလား"
အမှန်တော့ ပေါင့်တာထင်းလည်း ဒီအမှန်တရားကို နားလည်ပါသည်။
လက်ရှိအခြေအနေအရ လှောင်အိမ်သခင်တွေက အသန်မာဆုံး ဖြစ်နေပြီ။ ဆန်းကြယ်ကောင်းကင် အိမ်တော် ၊ အဲဒီနောက်တွင် ထန်းယွမ်ကြယ်က အင်အားစု တပ်ဖွဲ့ကိုးခုက ကြယ်တစ်သောင်းကမ္ဘာတွင် အပြင်းထန်ဆုံး ဖြစ်ပြီး အခြားအဆင့်တစ်ခု သို့မဟုတ် နှစ်ခုသာရှိသေးသည်။
လှောင်အိမ်သခင်များ ထွက်သွားချင်လျှင် သူတို့၏ အကြီးဆုံးပြိုင်ဘက်မှာ သဘာဝအတိုင်း ဆန်းကြယ်ကောင်းကင် အိမ်တော် ဖြစ်သည်။ မြေကမ္ဘာသို့ သွားရာ ဤလမ်းကြောင်းသည် အချိန်တိုင်းဖွင့်ရန် မဖြစ်နိုင်ကြောင်း သိထားပြီးသားမလို့ ဝင်ရမယ့် လူအကန့်အသတ်ကလည်း ရှိနိုင်သည်။
ထို့နောက် ဆန်းကြယ်ကောင်းကင် အိမ်တော်သည် သဘာဝအားဖြင့် လှောင်အိမ်သခင်များ၏ အကြောက်ဆုံး ခွန်အားဖြစ်သည်။ တခြားအားသာချက်များကြောင့် ဆန်းကြယ်ကောင်းကင် အိမ်တော်က ၎င်းတို့၏ အတားအဆီးဖြစ်လို့ မြေကမ္ဘာကြီးထဲသို့ ဖောက်ဝင်ရန် မဖြစ်နိုင်ပေ။
ထိုသို့သော အခြေအနေမျိုးတွင် ဆန်းကြယ်ကောင်းကင် အိမ်တော်က ကောင်းစွာ မလည်ပတ်ခဲ့ပါက ရလဒ် အနည်းငယ် မှားယွင်းသွားရုံဖြင့် ဂိုဏ်းတစ်ခုလုံးကိုပါ ပျက်စီးစေမည်ဖြစ်သည်။
ပေါင့်တာထင်း လုရွှမ်ကို လုံးဝယုံကြည်စွာ ခေါင်းညိတ်လိုက်သည်။ သူသာဆိုရင် နတ်သမီးဖုန့်ဖေးကို ဘယ်တော့မှ ဖိတ်ကြားမှာ မဟုတ်ဘူးလို့ သူ့ကိုယ်သူ ပြန်ပြောမိသည်။
ပေါင့်တာထင်းက လူများစွာကို အသံပို့၍ လျင်မြန်စွာ ခေါ်ဆောင်လိုက်ပြီး ဖုန့်ဖေးလည်း သူမမျက်နှာပေါ်တွင် အပြစ်ရှိသော အကြည့်ဖြင့် ရောက်လာသည်။
"အရာအားလုံးက လူတွေပေါ်မှာပဲ မူတည်တယ်... နတ်သမီးဖုန့်ဖေး ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့... မင်းမှာ အခက်အခဲတွေ ရှိနေမှန်း နားလည်တယ် အခု မင်းဒီကို မလာသေးဘူးလား"
လုရွှမ် ပေါင့်တာထင်းကိုပဲ လူခေါ်ခိုင်းလိုက်သည်။ ဒါဟာ သူမအတွက် စမ်းသပ်မှုတစ်ခုလည်း ဖြစ်ပါ၏။ သူမ ဒီနေရာကို တွယ်တာထားရင် သူ့ဆရာတူ ညီအကို မောင်နှမတွေလို သဘာဝအတိုင်း သူမ ဒီကို ရောက်လာမှာ မဟုတ်ပါဘူး။
သူတို့ကို တခြားသူတွေက အယုံအကြည် မရှိသလောက်ပင်။ သို့သော် အားလုံးက ပူလောင်သော မျက်လုံးများဖြင့် အာကာသအတွင်းက အက်ကြောင်းများကို ငေးကြည့်နေကြပြီး အခွင့်အလမ်းများ သူတို့အပေါ်သို့ ကျရောက်လာမည်ကို မျှော်လင့်နေကြသည်။
"သခင်လေးလုရွှမ် ကျွန်မက ရှင်နဲ့ယှဥ်ရင် အများကြီး ကျန်ရစ်ခဲ့ပါပြီ"
ဖုန့်ဖေးက ဦးညွှတ် အလေးပြုလိုက်ရာ လုရွှမ် လက်ဝေ့ယမ်း၍ သူမကို အမြန်ပြန်ထစေလိုက်သည်။
"မင်း ကျောက်လှေကားထစ်တွေကနေ ဆင်းချင်နေတာမလား... ကျောက်လှေကားတွေ ဘယ်လောက်ကြာကြာ ပေါ်လာမယ်ဆိုတာ ဘုရားပဲ သိတယ်...မင်းဒါမျိုး လုပ်စရာမလိုပါဘူး?"
လုရွှမ် ပြောတာမှန်ကြောင်း သိသဖြင့် ပေါင့်တာထင်းသည် လူအနည်းငယ်ကို အလျင်စလို လှေကားထစ်များ အောက်သို့ ပို့ဆောင်ခဲ့သည်။ သူ့နောက်ကို လိုက်သွားသူ အနည်းငယ်သာ ရှိသည်။
လုရွှမ် လီလင်နံဘေးသို့ ရောက်သွားသောအခါ လီလင်ခမျာ အနည်းငယ် ရှက်ရွံ့နေပြီး လုရွှမ်အပေါ် အပြစ်ရှိသလိုလည်း ခံစားနေရသည်။
"ဦးလေး ကိုယ့်ကိုကိုယ် အပြစ်တင်နေစရာ မလိုပါဘူး... အခု အခြေအနေက တခြားသူတွေကကိုယ့်ထက် ပိုသန်မာတယ်လေ... ဦးလေးမှာလည်း လုပ်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိခဲ့ပါဘူး!"
လီလင်က အသက်ပြင်းပြင်းရှူပြီး ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ်!"
"ကျွန်တော် ထွက်သွားတော့မယ်... အကြီးအကဲကို ကြည့်ရတာ ထွက်သွားဖို့ အဆင်သင့် မဖြစ်သေးပုံပဲ... ဒါမှမဟုတ် လင်ရှို့အတွက် ဘာများပြောချင်လဲ"
လီလင်၏ မျက်လုံးများ အနည်းငယ် မှိန်သွားပြီး သူ့မိန်းမနှင့် သမီးကို တွေးနေမိသည်။ ဆုံးဖြတ်ချက် မချမီတွင် သူသည် အလွန်ချီတုံချတုံ ဖြစ်နေခဲ့ရာ ယခု လုရွှမ်၏စကားများက သူ့ကို နှိုးဆွလာသောကြောင့် သူ့စိတ်ထဲတွင် တုံ့ဆိုင်းသွားရပြန်သည်။
ဘယ်လိုရွေးရမှန်း မသိတော့ပါ။
လုရွှမ်လည်း သက်ပြင်းချလိုက်သည်။ လီလင်ရဲ့ အခက်အခဲတွေကို သူ နားလည်ပါ၏။ သူ့အရင်ဘဝတုန်းက ယွီရှန် အကြောင်း စဥ်းစားလိုက်ရင် သူလည်း လီလင်လို အလားတူ ဆုံးဖြတ်ချက်ချခဲ့ပါသည်။
"အကြီးအကဲ ကျွန်တော် တစ်သောင်းကမ္ဘာတွေမှာ အကြာကြီးမနေဖို့ ရည်မှန်းထားပြီးသားပါ... အကြီးအကဲ ကျွန်တော့်ကိုယုံရင် တစ်ချိန်ချိန်မှာ ရိုးသားတဲ့ ညီအစ်ကို၊ ညီအစ်မတွေ၊ သူငယ်ချင်းတွေနဲ့အတူ မြေကမ္ဘာကို လာမှာပါ..."
လုရွှမ် လီလင်ကို ဆုံးဖြတ်ချက် ပြက်သား ပူလောင်သော မျက်လုံးများဖြင့် ကြည့်နေသည်။ လီလင်းသည် မျက်လုံးများကို မှိတ်ကာ ခေါင်းခါလိုက်သည်။
လုရွှမ်လည်း သက်ပြင်းချလိုက်ပြီး ထန်းကျီဂိုဏ်းဘက်ကို သွားလိုက်ရာ မကြာခင်မှာပဲ ရွှမ်ကျီးကလည်း လုရွှမ်ဆီကို ခြေလှမ်းကျဲတွေနဲ့ လျှောက်သွားလိုက်သည်။
"ခဏနေပါဦး လီမိသားစုကလူတွေ ငါနဲ့လိုက်ခဲ့... ဒီအခွင့်အရေးအတွက် ငါတို့ ဇနီးမယားတွေကို စွန့်လွှတ်ရမှာပဲ မင်းတို့ ဆန္ဒမရှိရင် ဆင်းလိုက်ကြရအောင်... သေချာတာပေါ့ မင်းတို့ ဒီကမ္ဘာမှာ နေချင်တယ်ဆိုရင်တော့ ငါလီလင် မင်းတို့ရဲ့မိသားစုကို ထောက်ပံ့ပါ့မယ်"
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်ကြီး!"
လီမိသားစုအုပ်စုသည် ကျယ်လောင်သော အသံဖြင့် သဘောတူခဲ့ပြီး အများစုမှာ စိတ်ပါလက်ပါ လိုက်နာခဲ့ကြသည်။ လူအနည်းငယ်သည် ထိုနေရာတွင် အဆင်မပြေစွာ ရပ်နေကာ လီလင်က ၎င်းတို့ဘက်ကို လက်သီးဆုပ်လျက် ဆိုလိုက်သည်။
"မင်းတို့ အောင်မြင်ပါစေလို့ ဆုတောင်းပါတယ် ဂရုစိုက်ပါ!"
"ဦးလေး... ကျွန်တော်က ဒီအတိုင်း ကြွားလုံးထုတ်နေတာ ဖြစ်နိုင်တယ် ဆိုရင်ရော"
လုရွှမ် ပြုံးပြီး လှမ်းပြောလိုက်သည်။
“ဒါဆိုလည်း ငါမသေခင် မင်းကိုပါ သတ်ပစ်မယ်”
လီလင်က ရှားရှားပါးပါး ဟာသတစ်ခု ထုတ်ပြောလာခဲ့သည်။ သူ့အမူအရာက တက်ကြွနေသလို အငွေ့အသက်တွေကလည်း တက်ကြွနေကာ သူ့စိတ်နေစိတ်ထားက အရင်ကနဲ့ လုံးဝမတူတော့ပေ။
လူတစ်စုက တောင်ပေါ်ကို ဆင်းသွားကြည့်ပြီး တခြားသူများကလည်း လှုပ်လှုပ်ရွရွ ဖြစ်နေကြပြီး တချို့လူများက သူတို့၏ ခေါင်းပေါ်မှ အက်ကွဲကြောင်းကို အစမှ အဆုံးထိ ကြည့်ချင်နေကြသည်။