အနှစ်သုံးဆယ်
Vol. 101 Ch. 4.1030
အနီးနားရှိ လူတိုင်းက အော်ဟစ်နောင်တ ရနေကြဆဲဖြစ်ပြီး လူအများအပြားသည် ကျောက်လှေကားထစ်များ ပေါ်ထွန်းလာတာကြောင့် နတ်တောင်ပေါ်သို့ တိုက်ရိုက် ပြေးတက်သွားကြသည်။
လုရွှမ်ရဲ့ မျက်လုံးများက နေမျက်လုံး အလင်းရောင်ဖြင့် တောက်ပလျက်ရှိရာ ကျောက်လှေကားများက အရင်ကနဲ့ မတူတော့ကြောင်း သူ သေသေချာချာ သတိပြုမိလိုက်သည်။ လူတစ်ယောက်က ကျောက်လှေကားထစ်တွေကို အပြေးအလွှား တက်ပြီး တစ်ယောက်နဲ့တစ်ယောက် ဝမ်းနည်းစွာ အော်ဟစ်လိုက်ကြသည်။
မကြာခင်မှာ လူအားလုံး ငြိမ်သက်သွားပြီး ခြေလှမ်းတွေကို ဂရုတစိုက်နဲ့ တက်ကြည့်လိုက်တဲ့အခါ တစ်ယောက်ပြီး တစ်ယောက် နောက်ပြန် လွင့်လာကြလေ၏။
"ကျောက်လှေကားက မတူတော့ဘူး" ပေါင့်တာထင်း ဆိုလိုက်သည်။
"အင်း နတ်တောင်ထိပ်က လူတွေ ဆင်းလာကြပြီ... သွားကြစို့!" လုရွှမ် အော်လိုက်သည်။
"ကောင်းကင် စာအုပ်လား?"
"အချိန်နဲ့အသက်က ကံတရားပဲ... ငါကတော့ အစကတည်းက ရှုံးမယ်ဆိုတာကို မျှော်လင့်ထားပြီးသား...ငါတို့မှာ အဲဒီအခွင့်အရေး မရှိဘူး သွားကြရအောင် နတ်တောင်က အရင်အတိုင်း ပြန်တည်ဆောက်ပြီးရင် ဘယ်လောက် အန္တရာယ်ရှိမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး!"
လူတိုင်း သက်ပြင်းချလိုက်ပေမယ့် လုရွှမ် ပြောတာ မှန်ကြောင်းလည်း နားလည်ကြပါ၏။ ယခုအချိန်တွင် နတ်တောင်၏ အန္တရာယ်သည် ပြန်လည် ကောင်းမွန်လာပြီ ဖြစ်သောကြောင့် သူတို့၏ ခွန်အားနှင့် ဆက်နေမည်ဆိုပါက လုံးဝ ဆုတ်ခွာသွားနိုင်မည် မဟုတ်ပေ။
လူအုပ်စုက ထွက်သွားပါပြီ။ မျှော်လင့်ချက် အကြီးကြီး ထားထားတဲ့သူတွေ အများကြီးရှိသေးပေမယ့် လုရွှမ်က ထွက်သွားပြီဖြစ်ကာ သူတို့လည်း နေစရာအကြောင်း မရှိတာကြောင့် ထွက်ခွာလာခဲ့လေသည်။
နတ်တောင်ကြီးက အတွင်းဘက်တွင် ပို၍ အန္တရာယ်များသည်။ သို့သော် ထွက်လမ်းများသည် တစ်စတစ်စ ထွက်ပေါ်လာပြီး လူအများအပြားလည်း စိတ်လှုပ်ရှားစွာ ပြေးလွှားနေကြသည်။ တစ်ယောက်ကို တစ်ယောက်ပင် မတားကြ။
ဒါဟာ ချောမွေ့တဲ့ ခရီးဖြစ်သွားပြီ။ နတ်တောင်ပေါ်ကနေ လမ်းလျှောက်ပြီးတဲ့အခါ လုရွှမ် စိတ်ရှုပ်ထွေးနေတာကို တချို့လူတွေ တွေ့လိုက်ရပေမယ့် ရှင်းရှင်းလင်းလင်းတောင် မမြင်နိုင်ခဲ့ပါဘူး။
"အထဲမှာ လူတွေ အသက်ရှင်နေသေးလောက်လား"
"မသိဘူး.... ဖြစ်နိုင်ပါတယ်!"
လုရွှမ်က တိကျတဲ့ အဖြေကို မပေးခဲ့ပေ။
"ရွှမ်ကျီး... မင်းမှာ ဘာအစီအစဉ်ရှိလဲ"
ရွှမ်ကျီးက ခပ်ဖျော့ဖျော့ပြုံးရင်း "ဂိုဏ်းဆရာကြီးက ငါ့ကို ဂိုဏ်းခေါင်းဆောင်အဖြစ် ပြန်သွားခိုင်းတယ်... ငါ့နှလုံးသားက ဖျော့တော့နေပြီ ငါဂိုဏ်းကို ပြန်သွားပြီး ငါ့ဦးလေးရဲ့ ရာထူးကို လွှဲပေးရဦးမယ်.. ဘာဆက်လုပ်ရမှန်း မသိသေးဘူး"
"ငါအခု လမ်းလျှောက်ပြီး ကြည့်ရသလောက်ဆို ငါက ရေတွင်းထဲက ဖားတစ်ကောင် ဖြစ်နေတုန်းပဲ... ငါသိလိုက်ရတာက ငါ သင်ယူစရာတွေ အများကြီး ကျန်နေသေးတာပဲ"
လုရွှမ်ရဲ့ နတ်တောင်ထိပ်က တိုက်ပွဲဟာ ပထမဦးဆုံး အကြိမ်အဖြစ် သူ့ကို အလွန်အမင်း တုန်လှုပ်သွားစေခဲ့သည်။ သူ့အရည်အချင်းက အလွန်ဆိုးရွားသည်ဟု ခံစားခဲ့ရပြီး တိုးတက်ရန် အသည်းအသန် ကြိုးစားရဦးမည်။
လုရွှမ်လည်း ရွှမ်ကျီးရဲ့ ပခုံးကို ပွတ်သပ်ပေးရင်းက ပြောလိုက်သည်။
"ကောင်းပြီ...ငါလည်း ခဏလောက် ပြန်သွားပြီး တံခါးပိတ်ကျင့်ကြံမလို့ စီစဉ်ထားတယ် ပြီးရင်တော့ ခါးသီးပင်လယ် ဒါမှမဟုတ် ငိုကြွေးမြည်တမ်းဝိညာဥ်ဂူကို သွားမယ် ငါတို့ရဲ့ အနာဂတ် လမ်းကြောင်းက အဲဒီ တားမြစ်ထားတဲ့ နေရာနှစ်ခုမှာ ရှိနေတယ်လို့ ခံစားရတယ်...."
ရွှမ်ကျီး: "ကောင်းပြီ အဲ့အချိန်ကျရင် ဆက်သွယ်လိုက်... ငါ သေချာပေါက် ပြန်လာခဲ့မယ်"
"ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"
"ဂရုစိုက်ပါ"
ရွှမ်ကျီး ထွက်သွားပြီး သူ့နောက်ကျောပြင် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ဖုန့်ဖေး ရောက်လာသော်လည်း သူမ စကားမပြောမီ လုရွှမ်က အရင်ပြောလိုက်သည်။
"နတ်သမီး... ငါ့မှာ မညှာတာတဲ့ တောင်းဆိုချက် တစ်ခုရှိတယ်"
"သခင်လေး ပြောပါ..."
"ဆန်းကြယ်ကောင်းကင် အိမ်တော်မှာ ငါ့သူငယ်ချင်း နည်းနည်းရှိတယ် ကျေးဇူးပြုပြီး ငါ့ကိုယ်စား ကူညီပြီး သူတို့ကို ဂရုစိုက်ပေးပါဦး"
"စိတ်မပူပါနဲ့ ကျွန်မ မသေသရွေ့ သူတို့ကို ဘယ်သူကမှ အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး။"
လုရွှမ် သူငယ်ချင်းတွေရဲ့ နာမည်ကို ချရေးပေးပြီးတာနဲ့ ဖုန့်ဖေးလည်း ထွက်သွားခဲ့သည်။
"သွားရအောင်... ထန်းယွမ်မြို့ကို သွားကြရအောင်... အဲဒီတပည့်လေးတွေ ငါ့ကို အရမ်းလွမ်းနေလောက်ပြီ"
ပေါင့်တာထင်းရဲ့ နှလုံးသားထဲက အထီးကျန်မှုကို မြင်တော့ လုရွှမ် ပြုံးပြီး ပြောလိုက်သည်။
"နောင်တမရပါနဲ့.... မင်းရဲ့ ညီအစ်ကိုတွေကို ငါ မကယ်နိုင်သေးဘူး ဆိုပေမယ့် မျှော်လင့်ချက်တော့ ရှိတယ် ဟားဟား.... ငါ ကောင်းကင်စာအုပ်ကို ရထားပြီ"
ပေါင့်တာထင်းရဲ့ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး မျက်လုံးများ တောက်ပလာကာ အားရပါးရ ရယ်မောလိုက်လေသည်။ သူက လုရွှမ်ရဲ့ ပုခုံးများကို ပွေ့ဖက်လိုက်ပြီး။
"ကောင်းပြီ ပြန်ကြရအောင်"
ကျန့်နမ်၊ ကျန့်ပေနဲ့ ပေါ်ဝမ့်တို့သည် ပေါင့်တာထင်း အဘယ်ကြောင့် ရုတ်တရက် ဤမျှပျော်ရွှင်သွားသည်ကို မသိသော်လည်း သူပျော်နေတာကို တွေ့ရတော့ သူတို့လည်း ဝမ်းသာသွားကြသည်။
ပေါ်ဝမ့်မှာတော့ နတ်တောင်ကို ကြည့်ရင်း သူ့မျက်နှာကို မျက်ရည်များ စီးကျကာ သူ့အဖေကို မမြင်နိုင်တော့မှန်း သူ သိပါသည်။ လုရွှမ် ပေါ်ဝမ့်ရဲ့ ပုခုံးကိုလည်း ပုတ်ပေးလိုက်သည်။
"သွားကြရအောင်... လူတိုင်းက ကိုယ်ကံကြမ္မာကိုယ်ပဲ ယုံရတယ်"
ပေါ်ဝမ့် ခေါင်းညိတ်ကာ မျက်ရည်များကို သုတ်လိုက်သည်။
"မင်းတို့ ထန်းယွမ်မြို့ကို မရောက်ဖူးသေးဘူးမလား.... အဲဒီနေရာက အရမ်းကောင်းတဲ့ နေရာပဲ"
နတ်တောင်ရဲ့ အစွန်အဖျားကနေ ထွက်လာတော့ ကောင်းကင်တစ်ခွင်လုံးကို မြင်လိုက်ရသလို အရာအားလုံးက မျက်စိထဲ ရှင်းလင်းသွားလေသည်။
စောင့်မျှော်နေတဲ့ လူတွေလည်း မရှိတော့ပေ။ အကြောင်းမှာ သူတို့အားလုံး နတ်တောင်ထဲကို ပြေးသွားကြပြီလေ။ တစ်ချိန်က စည်ကားခဲ့သော စျေးကွက်သည် ယခုအခါ မြေလှန်လောင်စာအဖြစ် ပြောင်းလဲသွားခဲ့ကာ လူဟောင်းတွေရဲ့ ခြေရာတွေပဲ ကျန်တော့သည်။
ပြင်ပကမ္ဘာသည် တိတ်ဆိတ်နေချေပြီ။ နတ်တောင်၏ တောင်ခြေသည် လူဆိတ်ညံနေပြီး သန့်ရှင်းတဲ့ အပျက်အစီးတစ်ခုကဲ့သို့ပင်။ အာကာသထဲတွင် လွင့်မျောနေသော ကြယ်ရောင်များကလည်း အလွန်ဆိတ်ညံနေ၏။
"အိုး.... ဒီနေရာက ဒီလောက် တိတ်ဆိတ်နေမယ်လို့ မမျှော်လင့်ထားဘူး ငါတို့ ဘယ်လို ထွက်သွားကြမလဲ"
မထင်မှတ်ဘဲ သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေမှာ တုန်းက ထန်းယွမ်ကြယ်က လီမိသားစုနဲ့အတူ လုရွှမ် လိုက်လာခဲ့သော်လည်း ယခုအခါတွင် ထိုအခွင့်အရေးကို မတွေ့ရတော့ပေ။
"ငါတို့ ဘယ်လိုပြန်ကြမလဲ"
လူပေါင်းများစွာလည်း အံ့ဩသွားကြသည်။
"လုရွှမ် မင်း ဒီကို ဘယ်လို ရောက်လာတာလဲ"
"ငါ ဒီနေရာကို ပို့ဆောင်ခြင်းအစီအရင်ကြောင့် ရောက်လာတာ... ဒီနေရာက ဘယ်ရောက်နေရာမှန်းတောင် မသိခဲ့ဘူး"
ထိုအချိန်တွင် လွန်းပျံယာဉ် တစ်စင်း ရုတ်တရက် ပျံသန်းလာခဲ့လေသည်။ လူတိုင်း အံ့အားသင့်စွာ ပျံသန်းသွားကြည့်လိုက်တော့ ယာဥ်ထိပ်မှာ "လီ" ဟူသော စကားလုံးတစ်လုံးက တောက်ပနေလျက်သား။
"အိမ်တော်သခင်က ခင်ဗျားတို့ကို ဒီမှာစောင့်နေဖို့ အမိန့်ပေးထားပါတယ်... သခင်လေးနဲ့ သခင်မလေးတို့ အထဲဝင်ကြပါ"
အားလုံးက ရွှင်မြူးစွာနဲ့ ယာဉ်ပေါ်တက်ပြီး နတ်တောင်နဲ့ ဝေးရာသို့ ထွက်ခွာလာခဲ့ကြလေသည်။ ရင်အနည်းငယ် ကြာပြီးနောက် သူတို့သည် ထန်းယွမ်ကြယ်နဲ့ ထန်းယွမ်မြို့သို့ ရောက်ရှိခဲ့သည်။
လီမိသားစု၏ မင်းသမီးလေးသည် ဧည့်သည်များကို လူကိုယ်တိုင် လာရောက်၍ ကြိုဆိုလေသည်။ သူတို့ကို ဧည့်ခံရန်အတွက် လီမိသားစုမှ ဧည့်ခံပွဲတစ်ခု ကျင်းပပေးကာ လီလင်းနဲ့အတူ မိသားစု၏ အကြီးအကဲသည် ၎င်းတို့နှင့်အတူ ရက်ပေါင်းများစွာ စကားစမြည် ပြောခဲ့ကြသည်။
ထိုအချိန်တွင် ထန်းယွမ်မြို့၌ ဒဏ္ဍာရီတစ်ခု တဖြည်းဖြည်း ပျံ့နှံ့လာခဲ့သည်။
ဒဏ္ဍာရီအရ လုရွှမ်၏ စွမ်းအားသည် မျှော်စင်နယ်ပယ် အထွတ်အထိပ်နှင့် ယှဉ်နိုင်နေပြီ။ သူသည် မျှော်စင်နယ်ပယ်ရဲ့ ခန္ဓာကိုယ်ပေါ်သို့ ခြေတစ်ချောင်းဖြင့် နင်းသတ်ခဲ့ကြောင်း၊ မျှော်စင်နယ်ပယ် လူငါးဦးကို ဓားတစ်ချောင်းတည်းနဲ့ သတ်ခဲ့ကြောင်း၊ လူကိုးယောက်ကို သတ်ပစ်ကာ သူ၏ ခွန်အားသည် အလွန်အစွမ်းထက်သော ဂိုဏ်းဆရာများနှင့် ကြယ်သခင်အားလုံးကို သူ့ကို ကြည့်နေစေကြောင်း သတင်းများက ပျံ့နေတော့သည်။
ဒါပေမယ့် အမှန်လား မှားလားဆိုတာ ဘယ်သူမှ အတည်မပြုနိုင်ပါဘူး။ တချို့လူတွေက သူတို့ရဲ့ ဇာတ်လမ်းကို ဒဏ္ဍာရီနည်းနည်း ထပ်ထည့်ကြပါသေးသည်။
သို့သော် ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်သော ကြယ်စင်သခင်သည် နတ်တောင်ထဲ၌ ပျောက်ကွယ်သွားခဲ့ရာ မြေကမ္ဘာရဲ့ ဒဏ္ဍာရီကလည်း ထပ်မံဖော်ပြ ခံခဲ့ရသည်။ နတ်တောင်၌ နတ်လှေကား ရှိသည်။ သင် တက်နိုင်လျှင် ကောင်းကင်ဘုံသို့ တက်နိုင်ပြီး နတ်ဘုရားနယ်မြေ အထိ တက်နိုင်ပြီ။
ကောင်းကင်ဘုရင် နန်းတော်၌ထဲ ပေါ်လာသည်ဟု ဆိုကြသော ကောင်းကင်စာအုပ်သည် နတ်တောင်ပေါ်သို့ ပျံသန်းသွားပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။
ကောလဟာလများကြားတွင် လုရွှမ်သည် လူတိုင်းကိုခေါ်၍ ကမ္ဘာ့နံပါတ် ၁ အလုပ်ရုံသို့ ပြန်ခေါ်သွားခဲ့သည်။ သူက လူတိုင်းရဲ့ အာရုံစိုက်မှုကို ရှောင်ပြီး တိတ်တဆိတ် တံခါးပိတ်ကျင့်ကြံသွားခဲ့သည်။
အချိန်တွေက အကုန်မြန်တာကြောင့် မျက်စိတစ်မှိတ် အတွင်းမှာပဲ အနှစ်သုံးဆယ် ကြာသွားခဲ့သည်။
လွန်ခဲ့သည့် နှစ်သုံးဆယ်အတွင်း ပင်လယ်ပြင်သည် ကြီးမားသော အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရသည်။ နှစ်တွေကြာလာတာနဲ့အမျှ လူငယ်ကို ဆံပင်ဖြူလာပြီဟု ထင်နေကြသူတွေလည်း
ထန်းယွမ်မြို့မှာတော့ လူတွေက လုရွှမ်ဆိုတဲ့ နာမည်ကို တဖြေးဖြေး မေ့နေကြပြီး တစ်ဖက်လူဟာ ကမ္ဘာ့နံပါတ်တစ် လက်နက် သန့်စင်ရေး အလုပ်ရုံမှာ ပုန်းနေခဲ့တယ်လို့သာ ဆိုလာကြသည်။ လုရွှမ်ဟာ နတ်တောင်ကနေ ဒဏ်ရာပြင်းထန်စွာ ရလာပြီး ကုသနေကြောင်း သိထားကြရာ လူများစွာသည် ချင်ထျန်းနတ်ဓားကို လုယူရန် လျှို့ဝှက်စွာ ခိုးဝင်ခဲ့ကြသည်ဟုလည်း ဆိုနေ၏။
လီမိသားစုကလည်း လှုပ်ရှားနေရသည်။
တိုက်ခိုက်သူများအား ရှစ်ကြိမ်ဆက်တိုက် သတ်ဖြတ်ပြီး ၎င်းတို့၏ အလောင်းများကို မြို့ရိုးပေါ်တွင် ရက်တစ်ရာကြာ ကြိုးဆွဲချပြီးနောက် ကမ္ဘာ့နံပါတ် (၁) အဆောက်အအုံသည် လီမိသားစုမှ ပိုင်ဆိုင်ကြောင်း လူများက သိရှိခဲ့ကြသည်။
ယနေ့ခေတ် ထန်းယွမ်မြို့ကို လီမိသားစုမှ လုံးလုံးလျားလျား ကြီးစိုးသွားခဲ့ပြီ ဖြစ်သည်။ လီမိသားစုသည် မူလက သူတို့၏စကားအတိုင်း အင်အားစု ဖြစ်ခဲ့သော်လည်း ယခုအခါ ထန်းယွမ်မြို့တစ်ခုလုံးကို အုပ်စိုးနိုင်နေပြီ ဖြစ်သည်။
ဤနေ့တွင် ထန်းယွမ်မြို့တစ်ခွင်၌ ရုတ်တရက် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ နတ်မိုးခြိမ်းသံက ကမ္ဘာ့နံပါတ် ၁ အလုပ်ရုံကို ထိမှန်သွားကာ လူတိုင်းကို ထိတ်လန့်သွားစေသည်။
ကာလကြာရှည်စွာ အာရုံစူးစိုက်မှု ပျောက်ကွယ်သွားသော ကမ္ဘာ့နံပါတ် ၁ အလုပ်ရုံက သခင်တစ်ယောက် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီဟု ဆိုကုန်ကြသည်။ ကမ္ဘာ့နံပါတ် ၁ အလုပ်ရုံကို ကြည့်ကာ ထူးခြားသော ဝိညာဉ်စွမ်းအင် ဆိုင်ရာ အငွေ့အသက်ကြောင့် ကြီးကြီးမားမား တစ်ခုခု ဖြစ်တော့မည်ဟု ခံစားလာရသည်။
လီမိသားစုတွင် လီလင်သည် ပင်မအခန်းမှ ထွက်လာပြီး အသံလာရာဘက်ကို စေ့စေ့ကြည့်ကာ တီးတိုး ဆိုလိုက်သည်။
"ဒီကောင်လေးတော့ နောက်ထပ် အံ့ဖွယ်တစ်ခုခုကို လုပ်တော့မယ်ထင်တယ်"