← Chapters

တိုးတက်လာသော အရည်အချင်းများ

Vol. 101 Ch. 4.1031

တိုးတက်လာသော အရည်အချင်းများ

Vol. 101 Ch. 4.1031

လေ​ပြင်းနှင့် တိမ်တိုက်များ အားကောင်းလာသည်နှင့်အမျှ ထန်းယွမ်မြို့ရှိ လူတိုင်းနီးပါးသည် အခန်းများနှင့် ခြံဝင်းများမှ ထွက်ပြေးကြပြီး ကမ္ဘာ့နံပါတ် (၁) အလုပ်ရုံဆီသို့ ပြေးထွက်လာခဲ့ကြသည်။

အချိန်တိုလေး အတွင်းမှာပင် ကောင်းကင်ယံ၌ မိုးကြိုးတိမ်တိုက်များ လှိမ့်ဆင်းလာပြီး အရောင် ခုနစ်ရောင်​ဖြင့် အားကောင်းသော တိမ်တိုက်များ စုစည်းကာ လှည့်ပတ်လာကြသည်။ ဒဏ္ဍာရီလာ သားရဲများ၏ ရုပ်ပုံများသည် ကောင်းကင်တိမ်တိုက်တွေထဲ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာရာ အောက်ဖက်က ကျင့်ကြံသူများ ထိတ်လန့်တုန်လှုပ် သွားကြကုန်သည်။

"အတိဒုက္ခကို ဖြတ်ကျော်နေတာလား"

"နတ်မိုးကြိုးက အားကောင်းတယ်"

"နတ်လက်နက် မွေးဖွားတော့မှာများလား"

တစ်ယောက်ယောက်က ဒီလိုပြောလာတော့မှ အားလုံးက ရုတ်တရက် လန့်နိုးသလို တန့်သွားကြတော့သည်။ တိမ်တိုက်များ စုဝေးရာနေရာသည် ကမ္ဘာ့နံပါတ်တစ် အကောင်းဆုံး လက်နက်သန့်စင်ရေး အလုပ်ရုံအပေါ်၌ ဖြစ်လေသည်။

ဒါက ကြယ်တစ်သောင်းကမ္ဘာတွင် အငြင်းပွားဖွယ်မရှိသော နံပါတ်တစ်ပါရမီရှင် လုရွှမ်ရှိရာ နေရာ ဖြစ်သည်။ ထန်းယွမ်မြို့ တစ်ခုလုံးတွင် အလွန်ကျော်ကြားသော လက်နက်သန့်စင်သည့် အလုပ်ရုံ ဖြစ်သည်။

ယခုလည်း လုရွှမ်က မှော်လက်နက်ကို သန့်စင်ရန် ပြင်တော့မည်။ ထိုသတင်းသည် တစ်ခဏခြင်းတွင် ထန်းယွမ်မြို့ တစ်ခုလုံးကို လှိုင်းလုံးကြီးတစ်ခုလို ပျံ့နှံ့သွားပြီး မကြာမီတွင် ကမ္ဘာ့နံပါတ်တစ် မှော်လက်နက်ကြီး မွေးဖွားတော့မည်ကို လူတိုင်း သိသွားကြသည်။

ယခုအချိန်တွင် ကောင်းကင်မှ ထွက်ပေါ်လာသော ကြီးမားသော ဖိအားသည် ကမ္ဘာ့နံပါတ်တစ် လက်နက်သန့်စင်ရေး အလုပ်ရုံ၏ အကာအကွယ် ဖွဲ့စည်းမှုကို ရုတ်သိမ်းစေလိုက်သည်။ မဟုတ်ပါက အချိန်မရွေး ကျိုးသွားနိုင်သည်။

လူတွေက နေရာပေါင်းစုံကနေ လာစုရုံးကြပေမယ့် နီးနီးကပ်ကပ်တော့ သွားမကြည့်ရဲကြဘူး။ လီမိသားစုသည် ကမ္ဘာ့နံပါတ်တစ် လက်နက်သန့်စင်ရေး အလုပ်ရုံကို ကာကွယ်ထားကြောင့် ထန်းယွမ်မြို့က လူတိုင်းသိထားပြီး ဖြစ်သည်။ ကျားမုတ်ဆိတ်ကို ဆွဲမိသူကတော့ သေလိမ့်မည်။

ဒုတိယအနေနဲ့ အတိဒုက္ခ ကပ်ဆိုးကြီးဟာ အချိန်မရွေး ကျရောက်လာနိုင်သည်။

အောက်ဖက်တွင်တော့ လုရွှမ်သည် နတ်မိုးကြိုးတွေ ပြည့်လျှံနေတဲ့ ကောင်းကင်အောက်တွင် တိုက်ရိုက်ထိုင်နေသည်။ သူ့အနားတွင် ဓားရှည်တစ်ချောင်းသည် အရောင်ငါးမျိုးဖြင့် တောက်ပနေပြီး အကာအကွယ်မပါဘဲ လေထုထဲ၌ လွင့်မျောနေသည်။

ဓားရှည်တွင် နိယာမ စွမ်းအင်များနှင့် အခင်းအကျင်း မျဉ်းကြောင်းများ ပေါ်လာသည်။ စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ်သည် လျင်မြန်စွာ စုဝေးကာ ချည်မျှင်များ အဖြစ်သို့ ပြောင်းလဲကာ ဓားကိုယ်ထည်ထဲသို့ ပေါင်းစည်းသွားသည်။

လုရွှမ်၏ ပခုံးပေါ်၌ သုံးနှစ်သားအရွယ် ကလေးနှစ်ယောက် ရပ်နေပြီး နားမလည်နိုင်သော စကားလုံးများကို မကြာခဏ ပြော​နေကာ လုရွှမ်ကလည်း အနည်းငယ် ခေါင်းညိတ်ပြနေသည်။ ထိုကလေးနှစ်ယောက်က သူ့အား ညွှန်ကြားချက် ပေးနေသည်ဟု ထင်မြင်ကြသည်။

ဒီမြင်ကွင်းကို တခြားသူတွေက မြင်ရင်တောင်မှ ဒီကောင်လေး နှစ်ယောက်က ဘယ်သူလဲ ဆိုတာ သိမှာ မဟုတ်သလို ယုံမှာလည်း မဟုတ်ဘူးဆိုတာ သေချာပါသည်။

လုရွှမ်သည် သူ၏ရှာဖွေတွေ့ရှိမှုကို ပြုလုပ်သောအခါ ရောင်စုံမီးရောင်များက လူတို့ကို ပို၍ပင် မှော်ဆန်သည့် ခံစားချက်ကို ပေးစွမ်းပြီး နှလုံးကို တင်းကြပ်သွားစေသည်။

အနောက်တွင်တော့ ပေါင့်တာထင်း၊ ကျန့်မောင်နှမနှစ်ယောက်၊ ဟုန်ရှန်ယင်းနဲ့ လီလင်ရှို့တို့ အားလုံးတို့သည် ၎င်းတို့၏ အချစ်ဆုံးသူငယ်ချင်း၊ ဆရာသခင်နှင့် ညီအစ်ကိုက မှော်လက်နက်ကို သန့်စင်နေသည်အား စေ့စေ့ကြည့်နေကြသည်။

လုရွှမ် ၎င်းကို သန့်စင်နိုင်ရန် အနှစ်သုံးဆယ်ကြာအောင် စောင့်ဆိုင်းနေခဲ့တာ ဖြစ်သည်။

သူတို့နှင့် လုရွှမ်သည် နေ့ရောညပါ ပေါင်းသင်းနေကြပြီး ပျော်ရွှင်သော ကာလကို သိကြသည်။ လေ့ကျင့်ခန်းများ၊ ပြိုင်ဆိုင်မှုများ၊ နယ်ပယ်ကို လျင်မြန်စွာ တိုးတက်စေခြင်း၊ အခင်းအကျင်း ဖွဲ့စည်းမှုများကို နားလည်ခြင်း၊ တချို့သော လက်နက်သန့်စင်ခြင်းတို့ကို လေ့လာခြင်း၊ စိတ်စွမ်းအားကို တိုးတက်စေခြင်း၊ ဝိညာဉ်ကို လေ့ကျင့်ခြင်းနှင့် ခန္ဓာကိုယ်ကို လေ့ကျင့်ပေးခြင်းတို့ကို အတူတူ လုပ်ခဲ့ကြသည်။

နေ့ရက်တိုင်း၏ ဘဝသည် ပြီးပြည့်စုံလှသည်။ နေ့ရက်တိုင်းက ခက်ခဲသော်လည်း ကျေနပ်စရာကောင်းတဲ့ အချက်က နေ့ရက်တိုင်း တိုးတက်မှုကို ခံစားနိုင်သည်။ ဒီလိုဖြစ်နေတာ အနှစ်သုံးဆယ်လောက် ရှိနေမှန်း ပြင်ပလူတွေ မသိကြပေမယ့် သူတို့ကိုယ်သူတို့တော့ ဟိုတုန်းကနဲ့ လုံးဝ မတူဘူးဆိုတာ သိနေပါပြီ။

ကျန့်မောင်နှမနှစ်ယောက်သည် ကျင့်ကြံမှု နယ်ပယ်တွင် ထူးကဲကြသည်။

အဆုံးတွင် ကျန့်ပေသည် တားမြစ်ကောင်းကင် အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းမျှသာ လိုတော့သော်လည်း လူ့အင်အားသည် တစ်ခါတစ်ရံတွင် ညံ့ဖျင်းပြီး အတင်းအကြပ် ခိုင်းစေလို့ မရပေ။ တားမြစ်မြေကြီးသည် တားမြစ်ကောင်းကင်လောက် မကောင်းသော်လည်း ခက်ခဲကြောင်း သူမက နားလည်သည်။

သူမကအခု တားမြစ်ကောင်းကင် အောက်က လူတွေထဲ ရောက်နေပြီမလို့ ဉာဏ်ပညာကို ပေါင်းစပ်ပြီး ခွန်အားကို မြှင့်တင်နိုင်ပါသည်။ ဒါ့အပြင် ကျန့်နမ့်ဟာ လေးလံသော ဝန်ထုပ်ဝန်ပိုးများ မပါဘဲ ခြေတစ်လှမ်းတိုးကာ သူ့ညီမကဲ့သို့ အသက်ရှင်လျက် တားမြစ်မြေ​ကြီးထဲသို့ ဝင်ရောက်လာခဲ့သည်။

မောင်နှမ နှစ်ယောက်သည် အချင်းချင်း ကူညီပေးကြပြီး သေးငယ်သော အဆင့်နှစ်ခုကို ဖြတ်ကျော်ကာ ၎င်းတို့၏ ခွန်အားများ တိုးမြင့်လာကာ နတ်မီးနယ်ပယ် အဆင့်၇သို့ ရောက်ရှိသွားသည်။

ပေါင့်တာထင်းကတော့ များစွာ မတိုးတက်ခဲ့ပေ။ သူ၏ လေ့ကျင့်မှုအဆင့်သည် ထူးထူးခြားခြား ဖြစ်နေပြီ ဖြစ်ပြီး နောက်ဆုံးတွင် သူသည် နတ်မီးနယ်ပယ် အဆင့်၉သို့ ရောက်ရှိသွားကာ တားမြစ်မြေကြီးကိုလည်း ပိုင်ဆိုင်ထားသူမို့ မောင်နှမထက် များစွာသာလွန်သည်။ လုရွှမ် လေ့ကျင့်နေချိန် လူတိုင်းလည်း လေ့ကျင့်နေလိမ့်မည်။

ဟုန်ရှန်ယင်း၏ အရည်အချင်းသည် သာမာန်ပဲ ဖြစ်သော်လည်း ကျော်ကြားသော ဆရာတစ်ဦး၏ လမ်းညွှန်မှုနှင့် အဆုံးမရှိသော အရင်းအမြစ်များကြောင့် သူမ၏ ခွန်အားကလည်း အရှိန်အဟုန်ဖြင့် ကြီးထွားလာသည်။ သို့သော် ကျင့်ကြံမှုတွင်တော့ တားမြစ် လူသားနှင့် တားမြစ် မြေကြီးဆိုင်ရာ တားမြစ်ချက်များကို ဘယ်သောအခါမှ မရောက်နိုင်တော့ပေ။

ထို့ကြောင့် သူမသည် စွမ်းအင်အားလုံးကို လက်နက် သန့်စင်ရာ၌သာ အာရုံစိုက်ထားပြီး သူ၏ ပထမဆုံး ဧကရာဇ်လက်နက်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။ ဧကရာဇ်လက်နက် အဆင့်၁ ဆိုပေမဲ့ အတားအဆီးကို ကျော်ဖြတ်ပြီး ဧကရာဇ်လက်နက် နယ်ပယ်ထဲကို ဝင်သွားပြီလို့ ယူဆနိုင်ပါပြီ။

ချောင်လုသည် ငိုယိုပြီး ပြန်သွားပြီးနောက် သိပ်မကြာလိုက် ကမ္ဘာ့နံပါတ်တစ် အလုပ်ရုံကို ပြန်ရောက်လာ၏။ နတ်တောင်တွင် သူမ၏ အဖိုးပျောက်ဆုံးသွားခြင်းကြောင့် သူမသည် ခဏပင် မကစားချင်တော့ဘဲ ပြင်းပြင်းထန်ထန် လေ့ကျင့်လာခဲ့သည်။

သူမရဲ့ ထူးခြားတဲ့ စွမ်းရည်ကို ပြသနိုင်ခဲ့ကာ အဲဒီအကြောင်းကို မေးသူတိုင်းကလည်း ချီးကျူးခဲ့ကြသည်။ လုရွှမ်၏ အကြံပြုချက်အောက်တွင် သူသည် ကိုယ်ခံပညာနှင့် လက်နက်များကို တစ်ချိန်တည်း လေ့ကျင့်လေ့ကျင့်မည် ဖြစ်ပြီး အနာဂတ်တွင် သူမ၏ အောင်မြင်မှုများကို လျှော့တွက်၍ မရ​တော့ပေ။

မော့ရှဲနဲ့ မုရုန်ချင်တို့ နှစ်ဦးစလုံးသည် လက်နက် သန့်စင်ခြင်းတွင် ကျွမ်းကျင်ကြသည်။ လုရွှမ်၏ လေ့ကျင့်​ပေးမှုအောက်တွင် ၎င်းတို့၏ စွမ်းရည်များကို ပေါင်းစပ်ကာ ဧကရာဇ်လက်နက်များကို တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်အထိ သန့်စင်နိုင်ခဲ့သည်။

လွန်ခဲ့သည့် အနှစ်သုံးဆယ်အတွင်း ကမ္ဘာ့နံပါတ် ၁ အလုပ်ရုံမှ ရောင်းချသော ဧကရာဇ်လက်နက်များကို အခြေခံအားဖြင့် အမျိုးသမီး နှစ်ဦးမှ သန့်စင်ခဲ့ခြင်း ဖြစ်ပေသည်။

ချွန်းရှောင်လေးကတော့ သိုင်းပညာကို ဆည်းပူးရင်း ယခုဆို သူမသည် မဟာသူတော်စင် ပြီးပြည့်စုံသောကာလကို ဖြတ်ကျော်ကာ ကောင်းကင်ဘုံသခင် နယ်ပယ်ရောက်ရန် အခွင့်အလမ်းကို စောင့်ဆိုင်းနေပြီ။ မကြာခင် ကာလအတွင်း သူမ လုပ်နိုင်တော့မှာ ဖြစ်သည်။

လီလင်ရှို့သည် ဖခင်၏ လမ်းညွှန်မှုနှင့် လုရွှမ်၏ ဂရုစိုက်မှုအောက်တွင် နေ့တိုင်း နှစ်ကြိမ်တိုင်တိုင် ခွန်အားများ တိုးလာသဖြင့် လီလင်ပင် တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။

ယခု သူမသည် နတ်မီးနယ်ပယ် အဆင့်၅ သို့ ရောက်ရှိသွားကာ ဆဋ္ဌမမြောက် မှော်မီးခွက်ကို တွေ့ရှိပြီး တား​မြစ်လူသား အဆင့်ကို ဖွင့်တော့မည်။

သို့သော်လည်း သူမရဲ့ အစ်ကိုဖြစ်သူ လုရွှမ်သည် အလျင်စလို မပြောင်းလဲသေးဘဲ အခြားသူများကလည်း လုရွှမ်အတွက် စိတ်မပူပေ။ လုရွှမ်ရဲ့ နယ်ပယ် ကြီးထွားမှုသည် ပေါက်ကွဲ ထွက်လာမယ့် အခြေအနေမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ အချိန်အကြာကြီး မပြောင်းလဲဘဲ ရုတ်တရက် အောင်မြင်မှု တစ်ခု ရလာလျှင် နယ်ပယ်ငယ် သုံးလေးခုကို ဆက်တိုက် ကျော်ဖြတ်သွားနိုင်သည်။

သူတို့အားလုံး၏ အမြင်တွင်ပင် လုရွှမ်သည် ကြီးကျယ်ခမ်းနားသော နယ်ပယ်တစ်ခုသို့ တိုက်ရိုက် ဖြတ်ကျော်သွားလျှင်ပင် အံ့သြစရာ မဟုတ်​တော့ပေ။ လုရွှမ်ဟယ ထိုကဲ့သို့သော လူဖြစ်သောကြောင့် အမြဲတမ်း အံ့ဖွယ်များကို ဖန်တီးနေဦးမှာ ဖြစ်နေ၏။

နယ်ပယ် မတိုးတက်သေးသော်လည်း လုရွှမ်သည် နတ်တောင်မှ ပြန်လာကာစအချိန်နှင့် နှိုင်းယှဉ်လျှင် များစွာတိုးတက် ကောင်းမွန်လာသည်ဟု လူတိုင်း ခံစားနိုင်သည်။

လုရွှမ်သည် လွန်ခဲ့သော တစ်နှစ်ခွဲခန့်က အဘိုးကြီးယင်၏ ခန္ဓာကိုယ်မှ စုပ်ယူထားသော ယင်ချီများကို သူ့ခန္ဓာကိုယ်ထဲသို့ လုံးလုံးလျားလျား ပေါင်းစည်းလိုက်ကြောင်း လီလင်ကသာ သိခဲ့ပြီး သူ့ခန္ဓာကိုယ်တွင် အနာဂတ် ပြဿနာများက မရှိတော့ပေ။

ကျွမ်းကျင်မှု တိုးတက်ခြင်းအတွက်မူ နတ်တောင်ပေါ်မှ ဗီဇပြောင်းပြီးနောက်ကဲ့သို့ ရက်စက် ကြမ်းကြုတ်မှုမျိုး မဟုတ်ဘဲ သဘာဝအတိုင်း မှန်မှန်လုပ်ဆောင်ပြီး တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ပါက လုံးဝ ထူးခြားလာပါလိမ့်မည်။

လီလင်သည် အရင်တုန်းကတော့ သူရှုံးခဲ့ရင်တောင် အနည်းဆုံး အကြိမ်တစ်ရာအတွင်း ရှုံးမှာမဟုတ်ဘူးလို့ သူ့ကိုယ်သူ မေးခဲ့သည်။ အဲဒီတုန်းက သူ့ခွန်အားသည် နတ်မီးနယ်ပယ် အဆင့်၉ ပြီးပြည့်စုံမှုသို့ ရောက်ရှိထားပြီ ဖြစ်သော်လည်း ယခု လုရွှမ်နဲ့ နှိုင်းယှဥ်ကြည့်ပါက စိတ်ချရမှု နည်းပါးနေပေလိမ့်မည်။

လွန်ခဲ့သော အနှစ်သုံးဆယ်အတွင်း လုရွှမ်၏ အကြီးမားဆုံး အမြတ်မှာ ကောင်းကင်စာအုပ် ကျောက်​ပြားပဲ ဖြစ်သည်။ ကောင်လေးငယ်ကို ကွားကွားဟု နာမည်ပေးထား၏။ ရားရားနှင့် နာမည်ပြောင် ကွားကွားတို့၏ အကူအညီဖြင့် လုရွှမ်သဘ် အခင်းအကျင်း ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ နားလည်မှုများ ပို၍နက်နဲလာခဲ့သည်။

All Chapters