နတ်လက်နက်
Vol. 101 Ch. 4.1032
ယခုအခါ နတ်လက်နက်ကို သတ္တိရှိရှိ သန့်စင်ခြင်းသည် ထင်ရှားသော သက်သေ ဖြစ်သည်။
လိုအပ်သော ပစ္စည်းများကို ဆန်းကြယ်ကောင်းကင် ဂိုဏ်းနှင့် လီမိသားစုမှ စုဆောင်းထားသောကြောင့် သဘာဝအားဖြင့် ပြဿနာမရှိပေ။ လုရွှမ်သည် နတ်မီးကို လက်ထဲတွင် ကိုင်ထားပြီး လုံလောက်သော အတွေ့အကြုံ ရှိထားပြီ။ တစ်ခုတည်းသော ပြဿနာမှာ အခင်းအကျင်း ဖွဲ့စည်းမှုကို လောင်ကျွမ်းရန် ဖြစ်သည်။
အနှစ်သုံးဆယ် အတွင်း နားလည်မှုဖြင့် လုရွှမ်ကတော့ သူလုပ်နိုင်မည်ဟု ယုံကြည်ခဲ့သည်။
ဝုန်း!
တိမ်တိုက်များက နောက်ဆုံးတွင် နတ်မိုးကြိုး ပုံသဏ္ဍာန် ဖြစ်လာလေ၏။ လုရွှမ်ကလည်း နတ်ဓားကို လုံးလုံးလျားလျား လောင်ကျွမ်းစေခဲ့သည်။ ယခင်က လောင်ကျွမ်းစေသော ပုံစံနှင့် မတူဘဲ သူသည် ကောင်းကင်မြေကြီး၏ လုံးဝ သန့်စင်သော ဝိညာဉ်စွမ်းအင်ကို အသုံးပြုနေခဲ့သည်။
နတ်လက်နက်ကို ချိုးဖျက်နိုင်လျှင်ပင် အခင်းအကျင်း ဖွဲ့စည်းမှုကို မဖျက်စီးနိုင်အောင် သန့်စင်ရမည်။ နတ်မိုးခြိမ်းသံသည် နောက်ဆုံးတွင် ကောင်းကင်ယံမှ ထိုးဆင်းလာပြီး လက်နက်ကို ထိမှန်သွားသည်။
"နတ်လက်နက်!"
ပေါင့်တာထင်း လေထဲ၌ ပျံဝဲကာ ပြင်းထန်သော စွမ်းအားကို ထုတ်လွှတ်၍ လူတိုင်းကို ကာကွယ်ပေးထားလိုက်သည်။
နတ်မီးနယ်ပယ် အဆင့်၉ ခွန်အားကို အပြည့်အဝ ပြသခဲ့ပြီ။ ၎င်း၏ စွမ်းအားသည် လက်ရှိ မျှော်စင်နယ်ပယ်က သခင်များစွာကို ထိတ်လန့်စေခဲ့သည်။ ပေါင့်တာထင်းက မျှော်စင်နယ်ပယ်သို့ မရောက်ရှိသေးကြောင်း သူတို့ သေချာပေါက် သိပါသည်။
နတ်မိုးခြိမ်းသံသည် နတ်လက်နက်ကို သန့်စင်ပေးနေသည့် လျှပ်စစ်မီးတောက်များ တောက်လောင်နေသည်။ သို့သော် ဓားသည် တွန်းကန်ခြင်း မရှိဘဲ လျှပ်စီးလက်လာသည့် အချက်တိုင်းကို အလိုအလျောက် ထိန်းထားနိုင်ခဲ့သည်။
နောက်ဆုံးတွင် နတ်မိုးခြိမ်းသံသည် နတ်လက်နက်ကို လုံး၀ ဖုံးလွှမ်းသွား၏။ နတ်လက်နက် လေထဲသို့ပျံသွားကာ တိမ်များထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။
ခဏအကြာတွင် တိမ်များပြိုကျပြီး နတ်စစ်သည်များ ဆင်းသက်လာသည်။
"အစ်ကိုပေါင့်!" လုရွှမ် အော်လိုက်သည်။
ယခင်က လုရွှမ်သည် ဤနတ်လက်နက်ကို ပေါင့်တာထင်း အတွက် သန့်စင်ထားကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်သည်။ လုရွှမ်ရဲ့ ရည်ရွယ်ချက်ကို သိသဖြင့် သူ မတွန့်ဆုတ်ဘဲ ပြေးထွက်သွားကာ နတ်စစ်သည်များကို ဖြတ်၍ နတ်လက်နက် ကိုယ်ထည်ကို ဆုပ်ကိုင်ထားလိုက်သည်။
ဒါက မှော်လက်နက် ဖြစ်ပြီး မကောင်းတဲ့ လက်နက် မဟုတ်ပေ။ နတ်လက်နက်နှင့် သူ့သွေးစက်က ဆက်နွှယ်မှုရှိရန် လိုအပ်သည်။ ဒါက ဓားကို သန့်စင်နေသည့် အချိန်မှာ ကြိုးစားအားထုတ်ရမယ့် အရာလည်း ဖြစ်သည်။
အနှစ်သာရနှင့် သွေးအနည်းငယ် အသုံးပြုလိုက်ရုံနဲ့ နတ်လက်နက်ကို သခင်အဖြစ် အသိအမှတ်ပြုအောင် လုပ်ဖို့ကလည်း ထင်သလောက် မလွယ်ချေ။ မဟုတ်ရင် နတ်လက်နက်ကို နတ်လက်နက်လို့ ဘယ်လိုလုပ် ခေါ်နိုင်ပါတော့မလဲ။
ပေါင့်တာထင်း ပြန်လည် ပြေးဆင်းလာပြီး လုရွှမ်အနားသို့ ဆင်းလာကာ သူ့လက်ထဲက ဓားကိုလည်း စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
"ညီအစ်ကိုလု... ငါဒီဓားကို ချောင်ချင်ဓားလို့ နာမည်ပေးချင်တယ်၊ မင်းဘယ်လိုထင်လဲ"
လုရွှမ်က ခေါင်းညိတ်သည်။
"ကောင်းပြီ... ခင်မင်ရင်းနှီးမှုက ထာဝရတည်မြဲတယ်... အများကြီး အဓိပ္ပာယ်ရှိတယ်"
ချောင်ချင်ဓား၏ အဆင့်သည် အလွန်မြင့်မားခြင်း မရှိပေ။ နတ်လက်နက် အဆင့်၄ ဖြစ်လေ၏။ ပိုမိုကောင်းမွန်သော အဆင့် နတ်လက်နက်ကို သန့်စင်လိုပါက ကျင့်ကြံမှု၊ အတွေ့အကြုံ၊ ပစ္စည်းများနှင့် အခွင့်အလမ်းများပင် လိုအပ်သည်။
လုရွှမ်သည် လက်ထဲ၌ ကိုင်ဆောင်ထားသော ချင်ထျန်းဓားသည် တစ်သောင်းကမ္ဘာတွေထဲ အဆင့်အမြင့်ဆုံး အဆင့်၉ နတ်လက်နက် ဖြစ်ကြောင်း သိပါသည်။ ဒါက တစ်သောင်းကမ္ဘာတွေ ခံနိုင်ရည်ရှိမည့် ကန့်သတ်ချက်ထက် ကျော်လွန်နေပြီ ဖြစ်သည်။
မိုးကြိုးဘေးဒုက္ခ ပြန့်နှံ့သွားပြီးနောက် လူတိုင်းချဉ်းကပ်လာခဲ့ရာ နတ်လက်နက်ကို သန့်စင်သူ လုရွှမ်က လက်နက်ကို သူ့သူငယ်ချင်းများထံ ပေးခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။
ပေါင့်တာထင်းရဲ့ နာမည်ကိုပါ ထန်းယွမ်မြို့တစ်ခုလုံး ချက်ချင်းသိသွားပြီး လူတိုင်းက ချီးကျူးခံရတဲ့ ကံကောင်းသူ တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့နောက် သူ့ကျင့်ကြံမှု အဆင့်က တားမြစ်မြေကြီးနဲ့ နတ်မီးနယ်ပယ် အဆင့်၉သို့ ရောက်ရှိထားကြောင်း ဖော်ပြလိုက်သောအခါ လူတိုင်း တိတ်ဆိတ်သွားခဲ့ကြသည်။
လုရွှမ်ဆီက ခင်မင်ရင်းနှီးမှုကို ရရှိနိုင်သူများသည် အမှန်တကယ်ပင် ထူးကဲသော သူများဖြစ်သည်။
အနှစ်သုံးဆယ် ကြာပြီးနောက် ကမ္ဘာ့နံပါတ်တစ် အလုပ်ရုံသည် လူတိုင်း၏ အမြင်နယ်ပယ်ထဲသို့ တစ်ဖန်ပြန်လည် ရောက်ရှိလာခဲ့သည်။ ၎င်းက အလွန်ထက်မြက်သော သဘောထားဖြင့် ခိုင်ခိုင်မာမာ ပြန်လည် ရောက်ရှိလာခြင်းပဲ ဖြစ်သည်။
ယခုအချိန်တွင် မျှော်စင်နယ်ပယ်က သခင်များ၊ သို့မဟုတ် အင်အားကြီး ဂိုဏ်းဝင်များဖြစ်သည့် သခင်ကြီးများပင် လုရွှမ်ကို တွေ့ချင်ပါက ထိုသူက ဂုဏ်ရှိမရှိ အပေါ်တွင် မူတည်နေသေးသည်။
"အစ်ကိုကြီးလုရွှမ် ညီမအဖေက အစ်ကို့ကို ဖိတ်ခိုင်းလိုက်တယ်"
လီလင်ရှို့သည် လုရွှမ်က သူ့အဖေကို ပြန်လာခဲ့ဖို့ တွန်းအားပေးခဲ့တာကို သိလိုက်ရတော့ လုရွှမ်နဲ့ ပိုရင်းနှီးလာပြီး သူ့အစ်ကိုအရင်းလိုပင် အပြည့်အ၀ မှတ်ယူသွားလေသည်။
လီလင်ရှို့ ပျော်ရွှင်နေပေမယ့် လီလင်ကတော့ လုရွှမ်ကို သူ့သမီးနဲ့ လက်မထပ်ပေးနိုင်တဲ့ အတွက် ဝမ်းနည်းနေ၏။
ချောင်လု: "ဆရာ.... အဖေက ဆရာ့ကို ဆန်းကြယ်ကောင်းကင်ဂိုဏ်းကို အလည်လာဖို့ ဖိတ်လိုက်ပါတယ်..."
လဝက်ကြာပြီးနောက် လုရွှမ်သည် အခြားဖိတ်ကြားချက်အချို့ကို ငြင်းပယ်ရင်း ဂိုဏ်းတစ်ခုစီမှ လွတ်မြောက်လာခဲ့သည်။ သူက ပြန်လည် တံခါးပိတ်ကျင့်ကြံသွားကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်လေသည်။
ရက်အနည်းငယ် အကြာတွင် လီမိသားစု၏ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေး လမ်းကြောင်း ပေါ်လာပြီး လုရွှမ် ထွက်ခွာသွားပြန်သည်။
တောင်တစ်သောင်းကမ္ဘာ၌။
တောင်ကြီးတစ်ခုပေါ်တွင် အလင်းရောင် မှိန်ဖျော့ဖျော့လေး ပေါ်လာကာ လုရွှမ် လေထုထဲမှ ခုန်ထွက်လာခဲ့သည်။ နောက်ဆုံးတော့ သူပြန်ရောက်လာပြီ။ သူ့ရှေ့မှာ မြင်သမျှ အရာအားလုံးဟာ သူစိတ်ကူးထားတဲ့အတိုင်း လုံးဝကို ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီးသည် စိမ်းလန်းစိုပြေပြီး ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေ၏။ ဒါ့အပြင် ခိုင်လုံသော နည်းဥပဒေသများနှင့် အသက်စွမ်းအင် အပြည့်ရှိသည်။
လုရွှမ် ကောင်းကင်သို့ ပျံတက်ကြည့်လိုက်တော့ မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော တောင်တန်းကြီးများဟာ မြင်ကွင်းထဲမှ မဆုံးနိုင်အောင် ရှည်လျားကြောင်း တွေ့လိုက်ရသည်။ ဒီနေရာကတော့ လူသူကင်းမဲ့နေပုံရပြီး အဝေးတွင် ချိတ်ဆွဲထားသော ရေတံခွန်ကတော့ အလွန်ကြီးကျယ် ခမ်းနားလှသည်။
လုရွှမ် ပြေးထွက်သွားလိုက်သည်။
ရုတ်တရက် အော်ဟစ်သံနဲ့အတူ ကောင်းကင်သို့ ထိုးတက်လာသော ငှက်ကြီးတစ်ကောင်က တောင်ပံတွေကို ခတ်လိုက်ရင်း လုရွှမ်ကို ရှည်လျားပြီး ချွန်ထက်တဲ့ နှုတ်သီးဖြင့် လှမ်းကိုက်လိုက်လေသည်။
ဘယ်လောက်တောင် ရက်စက်လိုက်တဲ့ ငှက်ကြီးလဲ။
လုရွှမ် မရှောင်ဘဲ ထူးဆန်းသော ငှက်နှုတ်သီးထိပ်ကို လက်သီးဖြင့် တိုက်ရိုက် ထိုးချလိုက်သည်။ လုရွှမ်လက်သီးမှာ ထိခိုက်ဒဏ်ရာ ရသွားခြင်း မရှိသော်လည်း ငှက်ကြီး၏နှုတ်သီးမှာ ကျိုးသွားခဲ့သည်။ ငှက်ကြီးခမျာ မအော်နိုင်တော့ဘဲ ရှက်ရွံ့စွာဖြင့် ထွက်ပြေးသွားတော့သည်။
လုရွှမ်ရဲ့ နှုတ်ခမ်းက အေးစက်စွာ ကော့ညွတ်သွား၏။
"ရှောင်ပိုင်... မင်း ဒဏ်ရာရသွားပြီ မင်းကို ဘယ်သူက နာကျင်အောင် လုပ်ရဲတာလဲ"
အမျိုးသမီးတစ်ယောက်ရဲ့ အသံက ချောက်ကမ်းပါးကနေ စူးစူးဝါးဝါး ပေါ်ထွက်လာ၏။ ခမ်းနားသော် နန်းတော် အဝတ်အစားကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက် ထွက်လာလေသည်။
လုရွှမ် ပျံသန်းနေရာမှ ရပ်လိုက်ပြီး အမျိုးသမီးကို ကြည့်လိုက်သည်။
"ဟမ့်...နင်က ဒီဇာတိခံလား... ငါ့ရဲ့စီးတော် သားရဲကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့လေ.. နင်ရှောင်ပိုင်ရဲ့ နှုတ်သီးကို ချိုးရဲတယ် ဆိုမှတော့ ငါနင့်ပါးစပ်ကိုလည်း ဖျက်စီးပစ်မယ်!"
နန်းတော် အဝတ်အစားဝတ် အမျိုးသမီးက အော်ဟစ်လိုက်ပြီး ခြေဖဝါးအောက်မှာ ဓားအလင်းတွေ တဖျပ်ဖျပ် ခတ်လျက် ဓားပျံဖြင့် ပြေးထွက်လာ၏။ သူမက လုရွှမ်ကို မျက်စိထဲ လုံးဝ မထည့်ဘဲ အမြန်ပြေးလာကာ လုရွှမ်ပါးကို ရိုက်ချလိုက်သည်။
သူမ တစ်ဖက်လူရဲ့ ပါးကို ရိုက်ပစ်လိုက်ကတည်းက သူမက အလွန်ရက်စက်ပြီး ကြီးစိုးတတ်ကြောင်း ထင်ရှားပါသည်။
လုရွှမ်ခန္ဓာကိုယ်က အလွန်လျင်မြန်စွာ လှုပ်ရှားသွားသည်။ သူမရဲ့ ကျင့်ကြံမှု အဆင့်ကို မမြင်နိုင်သော်လည်း ၎င်းသည် လုံးဝ ကွဲပြားသော ကျင့်စဥ်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းမိပါသည်။ ပြင်းထန်သော ရောင်ဝါကို ကြည့်လျှင် မျှော်စင်နယ်ပယ် ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်လောက် ရှိနေပြီ။
နန်းတော် ၀တ်စုံ ဝတ်ဆင်ထားသော အမျိုးသမီး၏ အရည်အချင်းက အလွန် ကောင်းမွန်ပါ၏။ လုရွှမ်ကတော့ အမျိုးသမီး၏ လက်ကို သူ၏လက်ဖဝါးဖြင့် ပိတ်ဆို့ကာ တစ်ချက်လှည့်၍ သူမနောက်ကျောကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
လုရွှမ်၏အမြင်တွင်၊ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အသက်ကြီးသူဖြစ်စေ ကလေးဖြစ်စေ အရေးမကြီးပါ။ ခွန်းအားမရှိဘဲ ကြီးစိုးတာ၊ မသန်မာဘဲ မာနကြီးနေတာတွေကို သူ့ရှေ့မှာ ပေးဆပ်ရလိမ့်မည်။
အမျိုးသမီးက အော်ဟစ်လိုက်ပြီး သူမခန္ဓာကိုယ်သည် ပေပေါင်းများစွာ အကွာအဝေးသို့ လွှင့်သွား လုရွှမ်ကိုလည်း ထိတ်လန့်စွာ ကြည့်နေခဲ့သည်။ သူမအထင်တွင် လုရွှမ်၏နယ်ပယ် ခွန်အားသည် သူ့ထက် အဆပေါင်းများစွာ နိမ့်နေသောကြောင့် မာနကြီးခဲ့ရာ မမျှော်လင့်ဘဲ သူမထက် ကျော်လွန်သူ ဖြစ်နေ၏။