← Chapters

နားမလည်နိုင်သော တိုက်ပွဲများ

Vol. 101 Ch. 4.1033

နားမလည်နိုင်သော တိုက်ပွဲများ

Vol. 101 Ch. 4.1033

"နင်ကငါ့ကိုရိုက်ရဲတယ်ပေါ့ သေဖို့ လမ်းရှာနေတာလား!"

အမျိုးသမီးက ရုတ်တရက် ပါးစပ်ကို ဖွင့်ဟပြီး အော်လိုက်ရာ ကြက်တွန်သံကဲ့သို့ စူးစူးရှရှ အသံနက်ကြီး ထွက်ပေါ်လာကာ အင်မတန် ကျယ်လောင်လှသည်။

ထိုစဥ် ပတ်ဝန်းကျင်မှာ လူအသွင်သဏ္ဌာန် ပုံစံတွေက လေထဲမှာ ဖျပ်ဖျပ်ခတ်လာပြီး ယောက်ျား၊ မိန်းမ တစ်ဒါဇင်လောက် ထွက်လာလေ၏။

အမျိုးသားတွေရဲ့ ဝတ်စားဆင်ယင်ပုံက မတူပေမယ့် အမျိုးသမီးတိုင်းကတော့ ထူးခြားတဲ့ နန်းတွင်း အဝတ်အစားတွေကို ဝတ်ဆင်ထားကြသည်။ ထွက်လာသည်နှင့် ချက်ချင်းပင် ဓားများဆွဲကာ လုရွှမ်ကို တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။

လုရွှမ် လူတိုင်းကို တစ်ချက် ကြည့်လိုက်သည်။ ထိုလူများ၏ ပြုစုပျိုးထောင်မှုသည် အားနည်းသည်​တော့ မဟုတ်။ ကျန့်မောင်နှမနှစ်ယောက်ပင် ဤလူများကို လုံးလုံးလျားလျား ညှဉ်းပန်းနှိပ်စက်နိုင်စွမ်း မရှိနိုင်တာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

သူတို့ ထွက်လာချိန်၌ လေထဲက လှိုင်းလုံးတွေက အရမ်း ထူးဆန်းနေသလို ခံစားရလေသည်။ စွမ်းအင် အတက်အကျတွေကို သူခံစားလိုက်ပေမယ့် ဒီလူတွေ ဘယ်လို ထွက်လာတာလဲတော့ သူ မမြင်လိုက်ရပေ။

အခင်းအကျင်းထဲ ဝှက်ထားတာလား။ မဖြစ်နိုင်ပါဘူး။ လုရွှမ်ရဲ့ လက်ရှိ ကျင့်ကြံမှုဟာ တခြားသူတွေထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်နေတယ်၊ အခင်းအကျင်း ရှိတယ်ဆိုရင် ဒါကို သူ သေချာပေါက် မြင်နိုင်မှာပံ။

ဤလူများ၏ မူလဇစ်မြစ်က လုံးဝ ကွဲပြားနေတာမျိုး ဖြစ်လိမ့်မည်။

"ဟမ့် မင်းက ငါ့ညီမလေးကို အနိုင်ကျင့်ဝံ့တယ်ပေါ့... သတ်ပစ်လိုက်!"

ထိုလူ၏ ဝိသေသလက္ခဏာမှာ သိသာထင်ရှားစွာ သာလွန်နေသဖြင့် အခြားသူများက ဘာမှမပြောဘဲ လုရွှမ်ကိုသာ တိုက်ရိုက် ဝန်းရံလိုက်သည်။

နန်းတော် ၀တ်ရုံဝတ် တ​ခြားအမျိုးသမီး တစ်ဦးက ဝင်ပြောလာသည်။

“အကိုကြီး... ဆရာ့ရဲ့ အမိန့်ကို မေ့သွားပြီလား... ဒီဒေသခံတွေရဲ့ ဘဝကို မထိခိုက်စေရဘူးတဲ့”

"ဟမ့် နူးညံ့သိမ်မွေ့တိုင်း အသက်ကို မကယ်နိုင်ဘူး"

လုရွှမ် အေးစက်စွာ ပြုံးလိုက်သည်။ ဒီလူတွေက ဘယ်က လာတယ်ဆိုတာ ဘုရားပဲ သိလိမ့်မည်။ သို့သော် သူတို့ဟာ ကိုယ့်ကိုယ်ကို ဖြောင့်မတ်တယ် ဆိုပြီး တစ်ပါးသူကို သတ်ဖြတ်ချင်နေတာမျိုးတွေ လုရွှမ်ရှေ့မှာ လာလုပ်လို့ မရပေ။

လူတိုင်း တိုက်ခိုက်လာသောအခါ လုရွှမ်သည် နတ်ဓားကို မသုံးဘဲ ကောင်းကင်မီးလက်သီးဖြင့် ထိုးကာ အားလုံးကို နှစ်ချက် သုံးချက်၊ ငါးချက် စသဖြင့် ပြန်လည် ကန်ထုတ်လိုက်သည်။ အဲဒီနောက် ခဏအတွင်း အမိန့်ပေးသူ ယောက်ျားပျိုနား ရောက်သွားကာ ထိုလူကို ကိုင်မြှောက်ပစ်လိုက်သည်။

"မင်းက ဘယ်သူလဲ....ဘာလို့ တောင်တစ်သောင်းကမ္ဘာမှာ ပေါ်လာတာလဲ? မင်းတို့ရဲ့ ဆရာက ဘယ်သူလဲ!!"

လုရွှမ်ရဲ့ အစွမ်းအစကို တွေ့သောအခါ လုရွှမ်ဆီက အရိုက်ခံလိုက်ရသော အမျိုးသမီးက ပျာပျာသလဲ ဆိုလာခဲ့၏။

“မသတ်ပါနဲ့.... ကျွန်မတို့က ရှင့်ကို ဆရာ့ဆီ ခေါ်သွား​ပေးပါ့မယ်”

လုရွှမ်က ရဲရင့်ပြီး သူတို့လူများကို အမှန်တကယ် မကြောက်ခဲ့ပေ။ လုရွှမ်ကရှေ့မှ လျှောက်သွားကာ သူတို့က နောက်မှ လိုက်နေရလေသည်။ အခင်းအကျင်း ကုလားကာများဖြင့် ဖုံးအုပ်ထားသော တောင်များပေါ်သို့ တိုက်ရိုက်လျှောက်သွားကာ တောင်အနက်ပိုင်းသို့ ဝင်ရောက်သွားခဲ့သည်။

"မင်းတို့က ဒီမှာပဲ အမြဲနေခဲ့တာလား.... တောင်တွေ ပြန်တက်လာ​တော့ မင်းတို့ တောင်ပေါ်ကနေ ပြန်ထွက်လာခဲ့တာလား"

လုရွှမ် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်သည်။ ပတ်ပတ်လည်က တောင်တွေပေါ်မှာ ကျန်ခဲ့တဲ့ ပင်လယ်ရေရဲ့ ခြေရာတွေကို ရှင်းရှင်းလင်းလင်း မြင်ရသေးသည်။

နန်းတော်အဝတ်အစား ဝတ်ထားသော မိန်းမငယ်လေးသည် လုရွှမ်အတွက် ယခင်က စကားဝင်ပြောပေးသူ ဖြစ်ခဲ့သော်လည်း ယခုအခါ သူမသည် လုရွှမ်ရဲ့ အကျဉ်းသားတစ်ဦး ဖြစ်လာခဲ့ပြီမလို့ သဘာဝအားဖြင့် စိတ်အခြေအနေ မကောင်းချေ။

လုရွှမ်ကတော့ ထိုလူများကို လျစ်လျူရှုကာ သူ့ပတ်ဝန်းကျင်ရှိ တောင်များနှင့် မြစ်များကို ကြည့်လိုက်သည်။ အဲဒီအထဲမှာ ဝှက်ထားတဲ့ အသွင်သဏ္ဍာန် တစ်ခုခု ရှိမရှိ စစ်ဆေးကြည့်ချင်ပေမယ့် အဲဒါက ရှေးခေတ်က ကျန်ခဲ့တဲ့ အရာတွေ ဖြစ်ပေမယ့် ဘာမှ ရှာမတွေ့ပေ။

အရာအားလုံး မြူခိုးတွေ ဖုံးလွှမ်းနေသလိုပင်။ လုရွှမ်သည် နေမျက်လုံးကိုဖွင့်ကာ ကောင်းကင်ရှိ လူတိုင်း၏ လမ်းကြောင်းကို ကြည့်လိုက်သည်။ သူသည် အခင်းအကျင်းရဲ့ တစ်စုံတစ်ရာကို မထိဘဲ တမင်တကာ ရွှေ့လိုက်သည်။

ဆက်လက်၍ တောင်အနက်ပိုင်းထဲ ဆက်ဝင်လာခဲ့သည်။ လုရွှမ်သည် သူတို့ဒီလောက် အနက်ပိုင်းထဲမှာ ရှိနေခဲ့တယ် ဆိုရင် ဘယ်လိုလုပ် ပေါ်လာတာလဲ စဥ်းစားနေမိ၏။ နောက်ဆုံးမှာတော့ သူတို့ရှေ့မှာ မြစ်ကြီးတစ်စင်း အရှေ့ဘက်မှာ ပေါ်လာပြီး အားလုံးက အဲဒီထဲကို ဝင်ရောက်သွားပါသည်။

လူတိုင်း၏ မျက်လုံးများထဲက လှောင်ပြောင်သယောင်ယောင် အရိပ်အမြွက်များ ခံစားရင်း လုရွှမ်သည် ကြောက်ရွံ့မှုမရှိဘဲ ရေထဲသို့ ဆင်းသွားခဲ့သည်။

ရေထဲက အလင်းရောင် ဖျော့ဖျော့တစ်ခု ထွက်ပေါ်လာပြီး လုရွှမ်ဆီသို့ ရောက်ရှိလာကာ သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ ရစ်ပတ်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားသော ရွှေချည်ကြိုး တစ်မျှင်အဖြစ်သို့ ပြောင်းလဲသွား၏။

အရှေ့က သွားနေသော လူက ကျယ်လောင်စွာ ရယ်မောပြီး လှည့်ပြောလိုက်သည်။

"ဟမ်....ဒေသခံ ငတုံးကောင်ပါကွာ.... နည်းနည်းပါးပါးတော့ တွက်ဆကြည့်ဦးပေါ့... မင်းကိုအခု ငါတို့ လုပ်ကြံလိုက်ပြီ... ငရဲကို သွားပေတော့..."

ရွှေချည်မျှင်သည် အသက်ရှင်နေသကဲ့သို့ အလွန်ထူးဆန်းပြီး ခန္ဓာကိုယ်ကို ရစ်ပတ်ကာ လုရွှမ်ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များကို မျိုချကာ အရှိန်အဟုန်ဖြင့် တုန်ခါနေသည်။

လုရွှမ်ကတော့ သူ့စိတ်ထဲတွင် အကြီးအကျယ် လှောင်ရယ်နေ၏။ ဤအရာသည် အမှန်တကယ်ပင် လျှို့ဝှက်ဆန်းကြယ်နေသော်လည်း သူကတော့ လုံးဝ မကြိုက်ပေ။

သူ၏ ယွမ်စွမ်းအားသည် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာတစ်ခုလို ဖြစ်ပြီး ရွှေချည်မျှင်က ပုရွက်ဆိတ် တစ်ကောင်ပင် မဟုတ်။ သန်မာသော ပုရွက်ဆိတ် တစ်ကောင်ဖြစ်လျှင်ပင် သောက်ဂရုစိုက်စရာ မလိုပေ။ သူ့မျက်လုံးများက တခြားသူများကို စိုက်ကြည့်ရာ အားလုံးက ကြည်နူးနေပုံရသည်။

မိန်းမငယ်လေး တစ်ဦးတည်းသာ သူမ၏ မျက်ခုံးကြားတွင် တွန့်ဆုတ်နေသော အရိပ်အမြွက်မျှသာ ရှိသော်လည်း သူမသည် နှုတ်ဆိတ်လျက် နေရာတွင်ပင် လွင့်နေလေသည်။

သူတို့၏ ခန္ဓာကိုယ်သည် အနည်းငယ် ထက်မြက်ပြီး တောက်ပနေကာ အဆိုပါ ချည်မျှင်များက ၎င်းတို့ထံ လုံးဝ မချဉ်းကပ်နိုင်စေသည့် တောက်ပမှုမျိုးပင် ဖြစ်သည်။

"မင်းတို့လက်လျှော့မှာ မဟုတ်ဘူးလို့ ငါထင်ထားပြီးသား... ဒါပေမဲ့ ဒီလောက်အထိ ရက်စက်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး... ငါမင်းတို့ကို မသတ်တာတောင် မင်းတို့က​တော့ ငါ့ကိုသတ်ဖို့ ရည်ရွယ်ထားပုံပဲ"

"အင်အား ကြီးကြီးမားမားနဲ့ မာနကြီးတာတတ်လည်း သေလမ်းရှာတာပဲကွ! ဒီမှာ ဘာဖြစ်နေမှန်းတောင် မသိဘဲ မင်းကိုယ်မင်း ဒီကမ္ဘာရဲ့ ဒေသခံလို့ ခေါ်ပြီး မောက်မောက်မာမာနဲ့ ဘယ်သူ့ကိုမှ အလေးအနက် မထားဘူး... မောက်မာနေတာကလည်း သေဖို့ နည်းလမ်းပဲကွ!!"

"မင်း​တို့ သေချင်​​နေပြီ ဆိုမှတော့ သွားသေလိုက်တော့ ငါ့မှာအဲ့လောက် စိတ်​​ကောင်း​ မရှိဘူး..."

လုရွှမ် အော်​​ပြောလိုက်သည်​။

သူ့လက်ဖဝါးများ တုန်ခါသွားကာ တောက်ပနေသော အစင်းကြောင်းများ တဖျပ်ဖျပ်ခတ်ကာ ခန္ဓာကိုယ်ထဲမှ ရွှေကြိုးတစ်ချောင်းကို တဖြည်းဖြည်း ဆွဲထုတ်လိုက်သည်။ ရွှေကြိုး၏ အသံသည် ကြမ်းတမ်းစွာ အော်ဟစ်နေကာ ၎င်းက အသည်းအသန် တွန်းလှန်နေသော သက်ရှိသတ္တဝါနှင့်ပင် တူလာသည်။

သူ့ရဲ့ လုပ်ကြံမှုက လုရွှမ်အပေါ်မှာ သက်ရောက်မှု လုံးဝ မရှိခဲ့ဘဲ တိုက်ရိုက် ဆွဲထုတ်ခံလိုက်ရသည်။ လက်ဖဝါးပေါ်၌ မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ရွှေချည်မျှင်ကို ပြာအဖြစ်သို့ လောင်ကျွမ်းစေခဲ့သည်။ ပတ်ဝန်းကျင်ရှိ ရေစီးကြောင်းသည် လေထဲတွင် ရုတ်တရက် ငြိမ်ကျသွားကာ လုံးဝသက်ရောက်မှု မရှိလာတော့ပေ။

"အားလုံး သေလိုက်တော့"

လုရွှမ် သူ့လက်ဖဝါးကို ပွတ်ဆွဲလိုက်ပြီး မီးတောက်ပေါင်း တစ်ဒါဇင်ကျော်ကို ပစ်လွှတ်လိုက်လေသည်။ သူက မီးတောက်ကို မြှားတစ်စင်းလို လူတိုင်းရဲ့ မျက်ခုံးများကြားသို့ ပစ်ခတ်လိုက်သည်။

တဝုန်းဝုန်း ပေါက်ကွဲသံနှင့်အတူ လူတိုင်း၏ ခန္ဓာကိုယ်များသည် မီးတောက်လောင်ပြီး ပြာကျသွားသည်။

"လူမိုက်တစ်စု!!"

လုရွှမ် စိတ်ပျက်စွာ တံတွေးထွေးပြီး မြစ်ထဲမှ ပြေးထွက်သွားလိုက်သည်။ နေမျက်လုံးအစစ်သည် မျက်လုံးနှစ်ဖက်လုံး၌ ဖွင့်ထားလျက် ထူးဆန်းသော ရောင်ဝါများ လွင့်စင်နေသည့် မြစ်အောက်ဘက်ရှိ မြစ်ကို ငုံ့ကြည့်လိုက်သည်။

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး မီးကျီးကန်း၏ နတ်ဆိုးမီးဘောလုံးများကို မြစ်ထဲသို့ ပစ်လွှတ်လိုက်သည်။ အဖြူရောင် ရေငွေ့များက လျင်မြန်စွာ မြင့်တက်လာပြီး ထူးဆန်းသော လေသံများ လွင့်စင်သွားကာ ဘာမှမဖြစ်ထားသကဲ့သို့ ပြောင်းလဲသွားသည်။

လုရွှမ်သည် ဤပြင်ပလူများကို ကရုဏာတရား မရှိသောကြောင့် လှည့်ထွက်ဖို့ ပြင်လိုက်စဥ်။

"မိတ်ဆွေ! မင်းကငါ့တပည့်ကို သတ်ပြီး ဒီအတိုင်း ထွက်သွားချင်နေတာက မင်းငါ့ကို မရိုမသေ လုပ်တာပဲ မဟုတ်ဘူးလား??"

နာကြည်းနေသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လုရွှမ်၏ နောက်ကျောဘက်တွင် ပေါ်လာပြီး သူ့ခြေအောက်တွင် ပျံသန်းနေသော ဓားတစ်လက်ကိုလည်း တွေ့ရသည်။

"ဒါတွေက မင်းရဲ့တပည့်တွေလား အဟက်... သူတို့က ဘာခေါ်ရမှန်းမသိတဲ့ အရူးတစ်အုပ်ပဲ... မင်းဆိုတဲ့ ဆရာသခင်ကလည်း လူကောင်း​ဖြစ်ပုံ မပေါ်ဘူး"

လုရွှမ် သူ့လက်ညိုးကို အသံလာရာဘက်သို့ ထိုးလိုက်ပြီး။

"ငါ့ပြိုင်ဘက် မလုပ်ချင်နဲ့ ငါမင်းနဲ့ သောက်ပို စကား​တွေ မပြောချင်ဘူး"

"အတင့်ရဲလိုက်တဲ့! အငယ်တန်း!"

ထိုသူက ဟောက်ပြီးသည်နှင့် ဓားစွမ်းအင် တစ်ချက် လွှဲခုတ်လိုက်သည်။ လုရွှမ် သူ့ခန္ဓာကိုယ်ကို တစ်ဖက်သို့ လှည့်လိုက်ပြီး ဓားအလင်းကို ရှောင်လိုက်သည်။

"ဟမ့်... အရည်အချင်းတော့ ရှိသားပဲ!"

လုရွှမ်ကတော့ ထိုသူ့စကားများကို နားထောင်ရန် အလွန်ပျင်းနေပြီး သူ့လက်ထဲက ဓားစွမ်းအင်က ပေါက်ကွဲထွက်ကာ ထိုလူကို ၂ပိုင်း ပိုင်းပစ်လိုက်သည်။

"အရူး!"

ဆူပူ ကြိမ်းမောင်းပြီးနောက် လုရွှမ် ဆက်လက် ပျံသန်းလာခဲ့သည်။ ဘာတွေဖြစ်နေလဲ သူ မသိသေးပေ။

ကောင်းကင်သို့ ပျံတက်ကာ အဝေးကို ပြေးထွက်လာခဲ့စဥ် နောက်ဆုံးတွင် စိမ်းလန်းသောသစ်ပင်များနှင့်အတူ ဝိညာဉ်စွမ်းအင်များ အပြည့်နှင့် တောအုပ်တစ်ခုက သူ့ရှေ့တွင် ပေါ်လာသည်။

နတ်ဆိုးသားရဲများ ဟောက်ပြီး ရန်ဖြစ်နေကြသည့် အကြားမှ လုရွှမ်၏ ရုပ်သွင်သည် အလင်းတဖျပ်ဖျပ်ခတ်ပြီး ဖြတ်ပြေးသွားခဲ့သည်။

All Chapters