← Chapters

ခက်ခဲသောဘဝ

Vol. 101 Ch. 4.1035

ခက်ခဲသောဘဝ

Vol. 101 Ch. 4.1035

ကျင့်ကြံသူလေးရဲ့ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး ချက်ချင်း ဦးညွှတ်လိုက်သည်။

"ဓားတစ်သောင်းဂိုဏ်းက အငယ်တန်း ကျူးလိ... အကြီးအကဲလုရွှမ်ကို ဂါရဝပြုပါတယ်"

စကားအဆုံးတွင် သူ့မျက်လုံးများ နီရဲလာပြီး ငိုချလိုက်လေ​တော့သည်။ လုရွှမ် သူ့ကို ဆွဲထူပေးကာ ပခုံးကို ပုတ်လိုက်သည်။

"ခက်ခက်ခဲခဲ နေ့ရက်တွေ ကုန်ဆုံးသွားပါပြီ.... ငါက သူတို့အတွက် လက်စားချေပြီး ငါတို့ဂိုဏ်းတွေအတွက် တိုက်ခိုက်မယ်!!"

ကျူးလိက လေးနက်စွာ ခေါင်းညိတ်ပြပြီး လုရွှမ်နှင့်အတူ လှည့်ထွက်လာခဲ့သည်။ တောတွင်းအကွက်အကွင်းများကြားမှ ရှောင်တိမ်းသွားကာ အထဲဝင်လေ ဝိညာဉ်စွမ်းအားများက ပိုမိုပါးလျလာသည်။

သို့သော် ကြည့်လိုက်လျှင် ဤနေရာသည် အရင်းအမြစ်များ ပေါကြွယ်ဝသော နေရာဖြစ်ခဲ့ပုံရ​လေသည်။ ဒါပေမဲ့ သူတို့တွေဟာ ရှင်သန်ဖို့အတွက်တော့ ဒီလိုဆိုးရွားတဲ့ နေရာတစ်ခုမှာ ပုန်းအောင်းပြီး ရုန်းကန်နေရပါ၏။

အရှေ့ဘက်တွင် တောထူထပ်သော အခြားသစ်တောတစ်ခု ရှိသော်လည်း အခင်းအကျင်း ဖွဲ့စည်းပုံတစ်ခုကို ရှင်းရှင်းလင်းလင်း လှမ်းမြင်ရပြီး လူတိုင်း ပုန်းနေပုံရသည်။ ကျူးလိ ခေါင်းအသာယမ်းပြီး သူ့ဝတ်ရုံ​လက်မောင်းကို ကိုင်ထားသော ကျူးလိဘက်ကို ခေါင်းညိတ်ပြလိုက်သည်။

အခင်းအကျင်းကို ဖြတ်ပြီးသော် အောက်ဖက်က ရှုခင်းတွေ ပြောင်းသွားတော့ တောင်ကုန်းလေးတစ်ခု ပေါ်လာ၏။ ထိုအပေါ်၌ ကျင့်ကြံသူ ထောင်ပေါင်းများစွာ အတူတူ ​​နေထိုင်နေကြသည်။

သို့သော် အဆင့်နိမ့်ကာ သူတို့အားလုံးက သူတော်စင်တစ်ပိုင်းများ ဖြစ်ကြရာ ၎င်းတို့သည် လွန်ခဲ့သော အနှစ်သုံးဆယ်က မွေးဖွားခဲ့သော ကလေးများ ဖြစ်နိုင်​ပေသည်။

လုရွှမ်၏ ဝိညာဉ်စွမ်းအားသည် တောင်အတွင်း ဂူထဲတွင် လူများစွာ ရှိနေဆဲဖြစ်သော်လည်း မျှော်စင်နယ်ပယ်သို့ ရောက်ရှိသွားသော လူသုံးဆယ်ခန့်သာ ရှိပြီး သူတို့၏ ခွန်အားမှာ ပျမ်းမျှအားဖြင့် သာမာန်သာ ဖြစ်ကြောင်း ခံစားရသည်။

နတ်မီးနယ်ပယ် ကျင့်ကြံသူတွေက ရာဂဏန်းမျှသာ ရှိသေးပြီး ကျန်တာတွေက ကောင်းကင်ဘုံသခင်များနှင့် မဟာသူတော်စင်များပင် ဖြစ်သည်။ စုစုပေါင်း အရေအတွက်က ၁သိန်းထက်ပင် နည်း​ပေသည်။

တောင်တစ်သောင်းကမ္ဘာ တစ်ခုလုံးကို လွှမ်းမိုးထားသည့် ဂိုဏ်းရှစ်ခုသည် ယခုဆိုလျှင် လူပေါင်း 100,000 ထက်နည်းသွားတာကို စိတ်ကူးပင် မယဉ်ကြည့်မိလောက်ပေ။ ပြီးတော့ သူတို့ထဲက အများစုဟာ မွေးခါစ ကလေးတွေလည်း ပါသေး၏။

တကယ်ကို အထီးကျန်သလို ခံစားလိုက်ရသည်။

"ဘယ်သူက အထဲကို ဝင်လာရဲတာလဲ!!"

နက်နဲသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဒါဟာ ရှုံထျန်းပါ့ရဲ့ ကာလကြာရှည်စွာ ပျောက်ဆုံးသွားသော အသံဖြစ်ကြောင်း လုရွှမ် သိသည်။ သူ့စကားသံကို ကြားတော့ လူသုံးဆယ်ကျော်က ပြေးထွက်သွားပြီး လုရွှမ်ကို ပိတ်ဆို့ထား၏။

လုရွှမ် သူ၏ အရိပ်အယောင်ကို လုံးဝ ဖုံးကွယ်မထားသောကြောင့် ရှုံထျန်းပါ့ သူ့ကိုခံစားမိတာ သာမာန်ပဲ ဖြစ်သည်။

နတ်မီးနယ်ပယ် လူသတ်သမားတစ်စုသည်လည်း အောက်မှ ပျံတက်လာပြီး ၎င်းတို့၏ လူသတ်ချင်သည့် ရည်ရွယ်ချက်များကို စုစည်းကာ ဘယ်သူမျှ မကြောက်ကြပေ။ ရှုံထျန်းပါ့က ရှေ့ဆုံးမှ ပြေးထွက်လာခဲ့ကာ လုရွှမ်ကို မြင်သောအခါ ထိတ်လန့်သွား၏။ သူတင်မက တခြား မျှော်စင်နယ်ပယ်မှ သခင်အချို့လည်း အံ့ဩသွားကြသည်။

"မင်း ပြန်ရောက်လာပြီလား?"

ရှုံထျန်းပါ့ရဲ့ မျက်နှာမှာ အနည်းငယ်နီနေပြီး အနည်းငယ် ရှက်သွားပုံရသည်။ လုရွှမ်လည်း ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး။

"ပြန်လာပြီ!"

ထိုသို့ပြောပြီးနောက် လုရွှမ် ရှုံထျန်းပါ့အား ရိုသေစွာ ဦးညွှတ်လိုက်သည်။ ရှုံထျန်းပါ့ရဲ့ မျက်နှာမှာ နီရဲလာပြီး သူ့ခမျာ လက်မခံဝံ့ပေ။ လုရွှမ်ရဲ့ ခွန်အားသည် သူ့ထက်သာလွန်ခဲ့ပြီး လွန်ခဲ့သော အနှစ်သုံးဆယ်ခန့်က သူ့ကိုယ်သူ ပြန်ကြည့်ရင်း ရှက်သွားခဲ့သည်။

ဒါ့အပြင် သူတို့နှစ်ဦးကြားက ဆက်ဆံရေးဟာ တစ်ချိန်တည်းမှာ အလွန်အဆင်မပြေ ဖြစ်ခဲ့ပြီး တစ်ယောက်နဲ့ တစ်ယောက် သတ်ချင်ခဲ့တယ်လို့ ပြောလျှင်ပင် လွဲမှားနေမှာ မဟုတ်ချေ။ အခုတော့ လုရွှမ်က သူ့ကို တကယ်ဂါဝရပြုပြီး သူနဲ့မထိုက်တန်ဘူးလို့ ခံစားရလေသည်။

"ဂိုဏ်းချုပ်ရှုံ... အတိတ်က မီးခိုးတွေက တိမ်တွေလိုပါပဲ လွင့်ထွက်သွားတာ ကြာပါပြီ... ဒါပေမဲ့ အခု ခင်ဗျားလုပ်ခဲ့တာက ဒီမျိုးဆက်ကို ချီးမြှောက်လိုက်တာပဲ... ဒီလက်ဆောင်က ထိုက်တန်ပါတယ်"

ထိုမှသာ ရှုံထျန်းပါ့လည်း လက်ခံယူ၏။ သူ့မျက်နှာကတော့ နီရဲနေဆဲပင်။ သူက လုရွှမ်ကို အမြန်ကူညီကာ။

"ပြန်လာတာ အရမ်းကောင်းတယ်... မင်းပြန်လာတာ အရမ်းကောင်းတယ်"

လုရွှမ် ရှုံထျန်းပါ့ရဲ့ ပုခုံးများကို တင်းကြပ်စွာ ပွေ့ဖက်လိုက်ပြီး ခေါင်းညိတ်​ပြလိုက်သည်။ ဂိုဏ်းချုပ်ရှုံလည်း သူ့နှလုံးသားထဲတွင် နွေးထွေးမှုကို နားမလည်နိုင်စွာ ခံစားလိုက်ရပြီး လွန်ခဲ့သည့် အနှစ်သုံးဆယ်အတွင်း သူ့အတွက် အနည်းငယ် ခက်ခဲခဲ့ကြောင်း လုရွှမ်အနေနဲ့ နားလည်ပေးလေသည်။

လုရွှမ် ပြန်ရောက်လာတဲ့ သတင်းက လျင်မြန်စွာပဲ ပြန့်နှံ့သွားပြီး မကြာခင်မှာပဲ အနှစ်သုံးဆယ်ကြာ လျှို့ဝှက်စွာ ပျောက်ကွယ်သွားခဲ့တဲ့ လုရွှမ်ဟာ တစ်ဖန်ပြန်လာကြောင်း လူတိုင်းသိလိုက်ကြသည်။

ပွင့်လင်းသော နေရာတွင် လူများစုဝေးကာ လုရွှမ် ပြန်လာတာကို ကြိုဆိုကြသည်။ လုရွှမ်လည်း သူ့လက်ကို လူတိုင်းကို ဝှေ့ယမ်းပြီး ခံစားချက်အပြည့်နဲ့ နှုတ်ဆက်လိုက်သည်။

ရင်းနှီးသော သူငယ်ချင်းများသည် တစ်ယောက်ပြီး တစ်ယောက် ပြေးထွက်သွားကြပြီး သူ့စိတ်နှလုံးထဲက ကျန့်ကျောက်နဲ့ ထျန်းယင်ကိုတော့ မမြင်လိုက်ပေ။ သူတို့တွေ တိုက်ပွဲအတွင်းမှာ သေဆုံးသွားခဲ့တာပဲ ဖြစ်ပေမည်။

ထျန်းရှောင်းမှာ နတ်မီးနယ်ပယ်သို့ ချီတက်ခဲ့ပြီး လုရွှမ် ရှေ့သို့ ပြေးလာခဲ့သည်။ သူမသည် သန်မာသော မိန်းက​လေးတစ်ဦးနှင့် တူလာပြီး လုရွှမ်ကို နာကျင်စွာ ပွေ့ဖက်လိုက်သည်။ သူမဘေးတွင်တော့ လော့ချင်းယီးနှင့် 70% ဆင်တူသည့် ကောင်းကင်ဘုံသခင် နတ်သမီးတစ်ဦး ပါလာသည်။

"အကိုကြီး... နောက်ဆုံးတော့ ပြန်လာပြီပေါ့ အဖေ၊ အမေ၊ အကြီးအကဲနဲ့ ညီအကို မောင်နှမတွေ အားလုံး သေကုန်ပြီ ဝူးဝူး...."

ကျန့်ချိုးချန် ပြင်းထန်စွာ ငိုကြွေးလိုက်သည်။ သူမရဲ့ နှလုံးသားမှာ ဝမ်းနည်းကြေကွဲမှုတွေနဲ့ ပြည့်နှက်နေပြီး နောက်ဆုံးမှာတော့ သူမအဲဒါတွေကို လွှတ်ချလိုက်ပေပြီ။

လုရွှမ်လည်း အမျိုးသမီး​လေး နှစ်ယောက်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပေးရင်း နူးညံ့သိမ်မွေ့စွာ နှစ်သိမ့်ပေးကာ နောက်ဆုံးတွင် သူ့မျက်လုံးများတွင် မျက်ရည်များ အိုင်လာခဲ့သည်။

လူတိုင်းသည် နောက်ဆုံးတွင် ထိုင်ပြီး လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်​လောက်က ၎င်းတို့၏ အတွေ့အကြုံများကို ပြောဆိုကြရာ အားလုံးက မျက်ရည်စီးကျလာ​လေသည်။

"ငါပြန်လာပြီ... ငါ့ကိုယုံပါ ငါတို့ဂိုဏ်းကို ပြန်ယူမယ်... သက်ကြီးရွယ်အိုတွေ၊ ညီအကိုတွေ၊ ဂိုဏ်းဝင်တွေအတွက် ကလဲ့စားချေမယ် သွေးအတွက် သွေးနဲ့ ပူဇော်မယ်!"

"သွေးအတွက် သွေးနဲ့ပူဇော်မယ်!"

လူတစ်စုသည် လုရွှမ်ရဲ့ စကားအတိုင်း သုံးကြိမ်ဆက်တိုက် ဟောက်လိုက်သည်။ အချိန်အတော်ကြာ စကားပြောပြီးနောက်တွင် လူစုသည် ကိုယ့်နေရာကို ပြန်သွားကြပြီး နောက်ဆုံးတွင် လုရွှမ်၊ ရှုံထျန်းပါ့နဲ့ အကြီးအကဲများ အဖွဲ့သည် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြဖို့ တောင်ကုန်းပေါ်သို့ ရောက်လာကြသည်။

"လုရွှမ် သူတို့ရဲ့ စွမ်းအားက ပြင်းထန်လွန်းတယ်... ငါတို့ သူတို့နဲ့ လုံးဝ မယှဉ်နိုင်ဘူး"

"ဟုတ်တယ်... ဒါတင်မကဘူး၊ ငါတို့ဘက်က လူအင်အားလိုတယ် လူမရှိဘူး အရင်းအမြစ်တွေ လိုအပ်တယ် အရင်းအမြစ်တွေကလည်း မရှိဘူး ငါတို့က သူတို့နဲ့ ယှဉ်လို့မရဘူး။"

"......"

လူအချို့က စကားဆက်ချင်နေသေးသော်လည်း လုရွှမ် ၎င်းတို့၏ မကျေနပ်ချက်များကို ရပ်တန့်ရန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ငါ့မှာအရာအားလုံး ရှိတယ်! ငါ့ကိုယုံပါ ငါတို့မှာ အတူတူရှိ​နေတယ်လေ... ဘယ်သူမှ မရှိဘူးလား... ငါတို့ကိုယ်တိုင် လေ့ကျင့်မယ် အရင်းအမြစ်တွေ မရှိဘူးလား... ငါတို့လုယက်ရမယ် ငါတို့ဂိုဏ်းကိုပါ ပြန်လုရလိမ့်မယ်!"

လုရွှမ် မိုက်မဲစွာ ပြောနေတာလားဟုပင် အတွေးဝင်လာသည်။ ဘယ်လိုပဲ ဖမ်းဆုပ်ပါစေ သူတို့မှာ ခွန်အား မရှိတော့ဘူးလေ။ သူတစ်ယောက်တည်း လုယက်ဖို့ မျှော်လင့်ထားလို့လား။

"ဟာဟား ငါတို့မှာ သူငယ်ချင်းရှိတယ်လေ... ငါတို့မှာ သဘာဝ မဟာမိတ်တွေ မရှိဘူးလား ပင်လယ်မျိုးနွယ်..."

ပင်လယ်မျိုးနွယ် အကြောင်း ပြောလိုက်သောအခါ ရှုံထျန်းပါ့ရဲ့ မျက်နှာက မည်းမှောင်သွားသည်။

လုရွှမ်က ပြုံးပြီး "ငါတို့ ပြင်ပက ကျင့်ကြံတွေရဲ့ ကျူးကျော်မှုနဲ့ မယှဉ်နိုင်ဘူးဆိုတာ သိတယ်... ပင်လယ်မျိုးနွယ်က ငါတို့ကို လက်လျှော့လိုက်ပြီ မှန်တယ်... တကယ်တော့ ဒါက အရေးမကြီးဘူး ငါတို့ ခွန်အားတွေ ရှိနေသရွေ့ ပင်လယ်မျိုးနွယ် က ငါတို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူလိမ့်မယ်”

"ပင်လယ်မျိုးနွယ် ဘက်ကို ငါ သွားပြောမယ် သူတို့ဘယ်လိုရွေးရမယ် ဆိုတာ သိလိမ့်မယ်"

"တိုက်ခိုက်ချင်ရင် လက်နက်ကောင်းကောင်း မရှိရင် ဘယ်လိုလုပ်မလဲ ဟုတ်တယ်မလား... ကျွန်​တော် ပေးလိုက်မယ်...ခင်ဗျားတို့ အားလုံးက မျှော်စင်နယ်ပယ်က သခင်တွေပဲလေ ဒါပေမဲ့ မင်းတို့ မှော်လက်နက်ကို မကိုင်ဆောင်ထားရင် တခြားသူတွေနဲ့ ဘယ်လိုလုပ် ပြိုင်တိုက်မလဲ"

လုရွှမ် ထုတ်ယူလိုက်သည့် အရာမှာ ကိုးအဆင့်မှ ပထမအဆင့်အထိ လွန်ခဲ့သည့် သုံးနှစ်အတွင်း သူသန့်စင်ထားသော ဧကရာဇ်လက်နက်များ ဖြစ်သည်။ သူဒီကို မလာခင်မှာ တစ်ခုခုဖြစ်လာမှာကို စိုးရွံ့မိတာကြောင့် သန့်စင်ခဲ့ရာ တကယ်သုံးရလိမ့်မယ်လို့ မမျှော်လင့်ထားပေ။

လုရွှမ် နောက်ထပ် တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်ပြီး။

"ဒါက နယ်စပ်ဖြတ်ကျော် သွယ်တန်းထားတဲ့ တံဆိပ်ပြားပါ...တခြားကမ္ဘာက ကျွန်တော့်သူငယ်ချင်းတွေ လာကူညီလိမ့်မယ်"

လီလင် လက်မှတဆင့် လီလင်ရှို့လက်ထဲသို့ ပေးခဲ့သော တံဆိပ်ပြားဖြစ်သည်။ လုရွှမ် စာလုံးကို အသက်သွင်းလိုက်သော် လီလင်ရှို့၏ စိုးရိမ်သောက အသံများ ထွက်ပေါ်လာသည်။

"အစ်ကိုလုရွှမ်... ဘာဖြစ်လို့လဲ? အဲဒီဘက်မှာ အန္တရာယ်​ဖြစ်လို့လား"

သူတို့စိတ်ထဲမှာတော့ လုရွှမ်ဟာ အမြဲတမ်း ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်ဖြစ်ပြီး အန္တရာယ်ကို အကောင်းအဖြစ် ပြောင်းလဲပေးနိုင်တဲ့သူပင်။ နယ်စပ်ဖြတ်ကျော် တံဆိပ်ပြားကို လွှဲပေးခဲ့ပေမယ့် လုရွှမ် ဒါကို သုံးမယ်လို့ မထင်ထားတာကြောင့် လီလင်ရှို့ စိတ်ပူသွားသည်။

All Chapters