အမှန်တရားကို ချေဖျက်
Vol. 102 Ch. 4.1037
အနီးနားရှိ လူများ၏ အမူအရာများသည် သိသိသာသာ ပြောင်းလဲသွားသော်လည်း တချို့ကမူ လုရွှမ် ဘယ်သူလဲ မသိကြပေ။
"ကိုကို ဘယ်သူလဲဆိုတာ သိတဲ့လူတွေနဲ့ ယှဉ်ရင် မသိတဲ့သူတွေ ပိုများတယ်"
လုရွှမ်လည်း ရှောင်ပိုင်ကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချစွာ ရယ်မောလိုက်သည်။
"လူတွေက ကိုယ့်ကိုကိုယ်ပဲ မာနကြီးပြနေတော့ တခြားသူကို သိပ်အလေးအနက် မထားနိုင်ကြပုံပဲ!"
ထိုအခါ ရှောင်ပိုင်က သူ့နှာခေါင်းလေးကို ဖြောင့်စင်းပြီး အော်ဟစ်လိုက်သည်။
"ဒါဆို ကိုကို့ရဲ့ခွန်အားကို အသုံးချပြီး သင်ခန်းစာ တစ်ခုသင်ပေးလိုက်လေ... သူတို့ ကိုကိုလုရွှမ် ဘယ်လောက် အစွမ်းထက်လဲ သိသွားလိမ့်မယ်"
"မှန်တယ်!"
လုရွှမ် အပြုံးနဲ့ပြောပြီး သူ့ခန္ဓာကိုယ်က လေပြင်းနိယာမ မပါဘဲ အလိုလို လွင့်နေပြီး ကောင်းကင်အထက်အထိ ပျံဝဲသွားသည်။
"ငါဘယ်သူလဲ မသိဘူးပေါ့လေ... အရမ်းကောင်းတယ် အခု မင်းတို့ကို တစ်ယောက်ပြီး တစ်ယောက် သိခွင့်ရအောင် လုပ်ပေးမယ်... သေချင်ရင် လာခဲ့ကြ!"
ရှုံထျန်းပါ့ လက်ထဲတွင် ကျန်နေသော နောက်ဆုံးသော တံဆိပ်ပြားကြောင့် ပြင်ပမှ အင်အားစုများ အားလုံးက ၎င်းတို့ကို လိုက်ရှာနေပြီး မည်သူမျှ အပြစ်မရှိသည့် ဂိုဏ်းကြီးရှစ်ခုစလုံး ဖျက်စီးသွားခဲ့သည်။
"မာနကြီးနေတဲ့ကောင်!"
မျှော်စင်နယ်ပယ်က အဘိုးအိုတစ်ဦးသည် လေထဲတွင် ပျံတက်လာပြီး လုရွှမ်ကို လက်ညှိုးထိုးပြကာ ကျယ်လောင်စွာ ကျိန်ဆဲပစ်လိုက်သည်။
"ကောင်လေး... မင်းက မာနကြီးပြီး ကိုယ့်နေရာကို မသိဘူးပဲ.... ကမ္ဘာငယ်လေးရဲ့ ဒီလိုကြီးမားတဲ့ ဖြစ်ရပ်တစ်ခုက ကံကြမ္မာကြောင့် ဖြစ်လာတာ... မင်း ကြွားလုံးထုတ်နိုင်တဲ့ အရာတွေမဟုတ်ဘူး"
"မင်းက တောင်တစ်သောင်းကမ္ဘာရဲ့ ကယ်တင်ရှင်... တောင်တစ်သောင်းကမ္ဘာ တစ်ခုလုံးကို မင်းကယ်တင်ခဲ့တာလို့ ပြောတာက ဟာသကြီးပဲကွ!"
လုရွှမ်နဲ့ ရှောင်ပိုင်တို့ နှစ်ယောက်လုံးမှာ ဒီလိုမျိုး ပြောလာမယ်လို့ မမျှော်လင့်ထားတာကြောင့် ခဏ ကြောင်အသွား၏။ ရှောင်ပိုင်က ခေါင်းခါလိုက်ပြီး။
"ကိုကိုလုရွှမ်.... ဒါပဲ ဒီလူတွေက ကိုကိုရဲ့ဖြစ်တည်မှု ကိုကို့ရဲ့အခန်းကဏ္ဍကို တမင်ဖျက်နေတာ.... အရှက်မရှိတဲ့ သူတွေကို တွေ့ဖူးပေမယ့် ဒီလောက် အရှက်မရှိတဲ့ ကောင်တွေကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး"
လုရွှမ်: "ငါဘာလုပ်ခဲ့လဲ ကိစ္စမရှိပါဘူး ငါ့ကိုယ်ငါလည်း ဘယ်တော့မှ ဂုဏ်မယူဘူး နောင်လာနောက်သားတွေ မေ့သွားတော့ရော ဘာဖြစ်လဲ? ငါ ဂရုမစိုက်ဘူး တခြားသူတွေရဲ့ မိသားစုစီးပွားရေးကို သိမ်းပိုက်ပြီး တခြားသူတွေရဲ့ ဥစ္စာကို အလွဲသုံးစားလုပ် ဒီကလူတွေကို သတ်တာတော့ ခွင့်မလွှတ်နိုင်ဘူး!”
"ဟားဟား!" အဘိုးကြီးက ရယ်သည်။
"မင်း စိတ်မကောင်း ဖြစ်နေပုံပဲ... မင်းစကားက မင်းခွန်အားနဲ့ ညီတတ်တယ်... မင်းက ကျော်ကြားမှုနဲ့ ဂုဏ်သိက္ခာကို ရှာဖွေနေတဲ့ သူတစ်ယောက်ဆိုရင် ဒီနေ့ ငါ ပိုင်ရှိုးဝူက မင်းကို သင်ပေးမယ်.... မင်းက သင်ခန်းစာတစ်ခုလို့ မှတ်ထားပေါ့ တောင်တစ်သောင်းကမ္ဘာမှာ မင်းရဲ့မာနက ဟာသတစ်ခုပဲကွ!"
ပိုင်ရှိုးဝူက အော်ဟစ်လိုက်ပြီး သူ့လက်ကို လေထဲသို့ မြှောက်လိုက်သည်။ ၎င်းက ဓားရှည်ကြီးဖြင့် လုရွှမ်ကို အစွမ်းကုန် ခုတ်လိုက်သည်။ ဓားစွမ်းအင်တွေ မရောက်လာခင်မှာပဲ လေပြင်းတွေက ဟောက်ပြီး ကြီးစိုးနေတဲ့ ရောင်ဝါကြီးက ထွက်လာသည်။
အနီရောင် နေလုံးသည် အဖိုးအို၏ ခန္ဓာကိုယ်ပေါ် ထိုးကျလာရာ ၎င်းခန္ဓာကိုယ်က ရွှေရောင်များ တောက်ပနေသကဲ့သို့ပင်။ နားမလည်နိုင်သော စွမ်းအားတစ်ခုက လုရွှမ်ရဲ့စိတ်ထဲကို တိတ်တဆိတ် ဝင်ရောက်လာကာ ခဏတာအတွင်း သူ့မျက်လုံးများသည် သူ့အထက်တွင် မြင့်မားစွာ ရပ်နေသော အဘိုးအို၏ ပုံသဏ္ဌာန်နှင့်သာ ပြည့်နှက်သွားသည်။
လုရွှမ်၏ မျက်လုံးများ တောက်ပလာသည်။ မတူညီသော ကမ္ဘာငယ်လေးများတွင် အမျိုးမျိုးသော သိုင်းပညာများ ရှိကာ သူ့ရှေ့တွင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ အံ့သြစရာတော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း စိတ်ဝင်စားဖို့တော့ ကောင်းသည်။
ကြိုတင်ပြင်ဆင်မှု မပြုလုပ်ထားပါက တောင်တစ်သောင်းကမ္ဘာက လူတွေ အကြီးအကျယ် ဒုက္ခရောက်သွားလိမ့်မည်။
ရှုံထျန်းပါ့သည် ပြင်ပကမ္ဘာမှ ဤသူရဲများကို တိုက်ခိုက်သောအခါတွင် ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရတာ အံ့သြစရာတော့ မဟုတ်ပေ။ စဉ်းစားကြည့်ရင် မတူညီတဲ့ ကမ္ဘာငယ်လေးတွေမှာ မတူညီတဲ့ နည်းစနစ်တွေနဲ့ မှော်အစွမ်းတွေ ရှိကြသည်။ သူတို့ကိုယ်သူတို့ ခုခံကာကွယ်လို့ မရဘဲ ဖိနှိပ်ခံရတာ မထူးဆန်းချေ။
လူအများကြားက တိုက်ပွဲသည် အတွေးကိစ္စမျှသာ ဖြစ်သော်လည်း ဤကွာဟချက်လေးကတင် အဆုံးအဖြတ် ပေးနိုင်ပြီး အခြေအနေ တစ်ခုလုံးကို ဝါးမျိုသွားနိုင်သည်။
အဘိုးအိုက ဒီလိုမျိုးဆိုရင် တခြားကမ္ဘာငယ်လေးက လူတွေဆိုလည်း သိုင်းပညာတွေ အများကြီး ရှိမှာပဲ။ တောင်တစ်သောင်းကမ္ဘာ လူတွေက သူတို့ကို ဘယ်လိုလုပ် တားနိုင်မှာလဲ။
ပိုင်ရှိုးဝူရဲ့ ဧရာမဓားကြီးက လုရွှမ်ရဲ့ခေါင်းကို ထိခါနီးမှာ လက်ဖဝါးတစ်ဖက် ဆန့်ထွက်လာပြီး ပိုင်ရှိုးဝူရဲ့ ဧရာမဓားကြီးကို ဖမ်းဆုပ်ထားလိုက်သည်။ သူ့လက်ဖဝါးတွင် မှိတ်တုတ်မှိတ်တုတ် တောက်ပနေသော အဝါရောင် အလင်းတန်းသည် လက်ဖဝါးကို ကာကွယ်ပေးသည့် နတ်ဝိညာဉ်ဒိုင်းတစ်ခုပဲ ဖြစ်သည်။
လုရွှမ်သည် သူ၏ ခွန်အားကို အလွန်ယုံကြည်မှု ရှိသည်။ သူက မာနမကြီးဘဲ သူ့ထက်သာလွန်သော နယ်ပယ်တစ်ခုက လူများကိုလည်း ချေမှုန်းနိုင်အောင် ကြိုးစားနေသူပင်။
ပိုင်ရှိုးဝူ အံ့အားသင့်သွားသည်။ လုရွှမ်က သူ့ဓားကြီးကို ခုခံထားဖို့ လက်ဖဝါးကိုပဲ အသုံးပြုထားမယ်လို့ မထင်ထားတာကြောင့် မယုံနိုင်လောက်အောင်ပင် တုန်လှုပ် ခြောက်ခြားသွား၏။ လုရွှမ်မျက်လုံးများသည် ကြည်လင်ပြတ်သားပြီး သူတို့ကို ပြင်းထန်စွာ လှောင်ပြောင်နေမှန်း သိသာသည်။ သူ့ကိုလည်း မျက်စိထဲ မထည့်ထားပေ။
"မင်းလိုလူတွေကို ငါအကြိမ်ပေါင်းမနည်း သတ်ခဲ့ပြီးသား"
လုရွှမ် သူ့လက်ကို တွန်းထုတ်လိုက်ပြီး ပိုင်ရှိုးဝူကို သူ့ဓားနဲ့အတူ မြေပြင်ပေါ် ပစ်ချလိုက်သည်။ လုရွှမ် သူ့ခြေဖဝါးကို မြှောက်လျက် ဖိနင်းလိုက်တဲ့အခါ ပိုင်ရှိုးဝူရဲ့ ခေါင်းက မြေကြီးထဲ နစ်သွားလေသည်။ ဒါပေမဲ့ သူ မသေသေးပေ။ သူက ကျယ်ကျယ်လောင်လောင် အော်ဟစ်ပြီး တခြားသူတွေကို အကူအညီ တောင်းလိုက်သေးသည်။
လုရွှမ် အနှစ်သုံးဆယ်ကြာ လေ့ကျင့်ပြီးနောက်တွင်ပင် သူ၏လက်များသည် နတ်တောင်ပေါ်မှ ပြသခဲ့သော လက်ဝါးနဲ့ ယနေ့အထိ ဝေးကွာနေသေးတာကို ထင်ထင်ရှားရှား ခံစားလိုက်ရသည်။
ယခုတော့ သူ့အစွမ်းရှိသမျှဖြင့် ပိုင်ရှိုးဝူကို မသတ်နိုင်ပေ။ သို့သော်လည်း သူ့ကို ညင်သာစွာ ကန်လိုက်လျှင်ပင် တစ်ဖက်လူမှာ ပျော့ဖတ်ကို လွင့်သွား၏။ သူ့ပတ်ဝန်းကျင်က လူတွေက ကျယ်လောင်စွာ အော်ပြီး လုရွှမ်ကို တိုက်ခိုက်ဖို့ ရှေ့ကို ပြေးသွားကြသည်။
သူ့ကို မသတ်နိုင်လို့ မနှိပ်စက်နိုင်ဘူးလို့တော့ မဆိုလိုပေ။ လုရွှမ်သည် ခြေဖဝါးအောက်တွင် ပြင်းထန်သော စွမ်းအင်များကို ပေါက်ကွဲထွက်စေကာ ပိုင်ရှိုးဝူရဲ့ တွင်းခုနစ်ပေါက်မှ သွေးများကို အဆက်မပြတ် ထွက်လာစေပြီး မသေမရှင် ဖြစ်သွားစေသည်။
ထိုအချိန်တွင် ကယ်ဆယ်ရေး သမားများသည်လည်း ထိတ်လန့်တုန်လှုပ်သွား၏။ လုရွှမ် အမှန်တကယ်ပင် သူ့ကို သတ်ဝံ့မည်ဟု မမျှော်လင့်ထားသလို ပိုင်ရှိုးဝူကို ကယ်တင်လို့ မရအောင်ပါ လုပ်ပစ်ခဲ့သည်။
လူတစ်ဒါဇင်ကျော်၏ လက်နက်များက လုရွှမ်ဆီသို့ တစ်ပြိုင်တည်း ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ လုရွှမ်၏ နတ်ဝိညာဥ်ဒိုင်းလွှာသည် အပြင်ဘက်၌ အဝါရောင်ဘတောက်တောက်ဖြစ်ပြီး အတွင်းအလွှာကတော့ အပြာရောင်ကဲ့သို့ ကြည်လင်နေသော်လည်း လူတိုင်း၏ တိုက်ခိုက်မှုကို ခုခံထားသည်။
"မတောက်တခေါက်တွေ!"
လုရွှမ် သူ့ဓားကို နောက်ပြန်ဆွဲလိုက်ပြီး ထောင်ချီတဲ့ ဓားစွမ်းအင်များကို ပစ်လွှတ်လိုက်သည်။ ထိုလူတွေခမျာ အော်သံပင် မထွက်နိုင်ဘဲ တစ်ချိန်တည်းမှာပင် ခေါင်းပေါင်း ဆယ့်သုံးလုံးဟာ လုရွှမ်ဆီက အဖြတ်ခံခဲ့ရသည်။ လည်ပင်းမှ သွေးများက ပန်းထွက်နေကာ ခန္ဓာကိုယ်တွေက တုန်လှုပ်နေဆဲ ဖြစ်သည်။
"ဒီနေ့ လူသတ်ဖို့ သိပ်စိတ်မ၀င်စားဘူး"
လုရွှမ် ဆိုလိုက်သည်။
အနီးနားရှိ လူများသည် လုရွှမ်၏ ဓားရှည်သည် လျင်မြန်လွန်းပြီး ထက်မြက်လွန်းသဖြင့် သူတို့၏ အမြင်အာရုံထဲတွင် လူတိုင်းက ဓားစွမ်းအင်ကြောင့် ခေါင်းပြတ်သွားတာကိုသာ မြင်လိုက်ရ၏။ အားလုံးလိုလို ထိတ်လန့်သွားကြသည်။
ယင်းသည် သူတို့၏ စိတ်ပိုင်းဆိုင်ရာ အကာအကွယ်များကို ဖြတ်ကျော်ကာ နှလုံးသားထဲအထိ နက်နက်ရှိုင်းရှိုင်း စွဲထင်သွားသည့် အကြောက်တရား ဖြစ်သွားသည်။
လုရွှမ်သည် လေထဲတွင် တိုက်ခိုက်နေပြီး သူ့ဓားသည် ဖီးနစ်ကကွက်တွေ ကသွားသလို သူရဲကောင်းဆန်သော အသွင်ကို ဖြတ်ကျော်သွားသည်။
လုရွှမ် နောက်တစ်ကြိမ် ကြည့်သောအခါ သူသည် နတ်မီးနယ်ပယ် ပထမအဆင့်သာ ရှိသေးတာကို မြင်တော့ အကြီးအကျယ် အံ့သြသွားရပြန်သည်။
"ဟမ့် မင်းဘာတွေ မာနကြီးနေတာလဲ ငါမင်းကို ဧည့်ခံပြမယ်လေ!"
အသံရှင်က ဤအခိုက်အတန့်လေး ဝေးနေသေးသည် နောက်အခိုက်အတန့်မှာတော့ သူတို့အနား လွင့်မျောနေပြီ။ ထိုသူ့ဆီက လာသော ပုလွေသံသည် ပန်းချီကား တစ်ချပ်လိုပင် ဖြူစင်သော လူငယ်၏ အသွင်အပြင်နှင့် လိုက်ဖက်စွာ ငြိမ်သက်စွာ ထွက်ပေါ်လာနေသည်။
"လေညှင်းသခင်လေး ပိုင်ရှန့်ရွှယ်!"
မိန်းကလေးတစ်ဦးက အဲဒီလူရဲ့ နာမည်ကို စိတ်လှုပ်ရှားစွာ ထအော်လိုက်လေသည်။