← Chapters

ပိုက်ဆံပေး

Vol. 102 Ch. 4.1038

ပိုက်ဆံပေး

Vol. 102 Ch. 4.1038

ပိုင်ရှန့်ရွှယ်က တခစ်ခစ်ရယ်ပြီး လုရွှမ်ရဲ့ ရှေ့မှာ ရပ်နေတဲ့ လူတိုင်းရှေ့မှာ ပေါ်ထွက်လာခဲ့သည်။ သူက လက်သီးဆုပ်လျက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း တောက်ပစွာ ပြုံးပြလိုက်ရာ ဘုန်းကြီး အမျိုးသမီးငယ်အချို့မှာ အံ့သြစွာ အော်ဟစ်လိုက်ကြသည်။

လုရွှမ်၏နှုတ်ခမ်းတွင် မယုံကြည်နိုင်သော အပြုံးတစ်ခု ပေါ်လာပြီး ရှောင်ပိုင် အသံသည်လည်း သူ့ဘေးနားမှ ထွက်ပေါ်လာသည်။

"ကိုကိုလုရွှမ် ဒီလူက တကယ်ကို အယုတ်တမာကောင်ပဲ!"

လုရွှမ် မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ရယ်ချပစ်လိုက်သည်။ ပိုင်ရှန့်ရွှယ်ရဲ့ မျက်နှာပေါ်တွင် ရှက်ရွံ့မှု အရိပ်အမြွက်များ ပေါ်လာသော်လည်း ရှောင်ပိုင်ကို တွေ့လိုက်သောအခါ သူ့မျက်လုံးများက တောက်ပလာ၏။

"ပိုင်ရှန့်ရွှယ်လို့ ခေါ်ပါတယ်... မိန်းကလေးရဲ့ အငွေ့အသက်က ဖြူစင်ပြီး မျက်လုံးတွေက ကြည်လင်နေလိုက်တာ... ကောင်းကင်ကိုးဘုံက နတ်သမီးတစ်ယောက်လိုပဲ... ဘယ်လောကီ အငွေ့အသက်မှ မစွန်းထင်းထားဘူး ရှန့်ရွှယ် အရမ်း သဘောကျမိပါတယ် မိန်းကလေးရဲ့ နာမည်ကို သိလို့ရမလား"

ရှောင်ပိုင်က နှုတ်ခမ်းစူပြီး မထီမဲ့မြင်ပြုတဲ့အမူအရာပြပြီး။

"ရွံစရာကောင်းလိုက်တာ! ကိုကိုလုရွှမ် သူ့ကိုရိုက်ပစ်!"

ပိုင်ရှန့်ရွှယ်ကတော့ ပေါ့ပေါ့ပါးပါးပဲ အော်ဟစ်လိုက်သည်။

"မင်းက လုရွှမ်ကိုး... လူမြင်ကွင်းမှာ မင်းတကယ်ပဲ အကြီးအကဲ တစ်ယောက်ကို သက်သက်မဲ့ သတ်ဖြတ်ခဲ့တယ်... ငါလည်း မင်းကိုသတ်ပစ်မယ်လို့ ကတိပေးထားခဲ့တယ် မင်း မကောင်းမှုတွေ အများကြီး လုပ်နေတာ မင်းကြောင့် မကောင်းဆိုးဝါးတွေ ပြည့်သွားမှာကို မကြောက်ဘူးလား”

"မင်း အရိုက်ခံသင့်တယ်... သောက်ပိုတွေ ပြောမနေနဲ့... မင်းအသံနဲ့ မင်းအနံ့နဲ့တင် အစားစားချင်စိတ် ပျောက်တယ်!"

အနံ့ကို ဖယ်ရှားတဲ့အနေနဲ့ လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"သေချင်​နေတဲ့ကောင်!.. ကောင်လေး မင်းရဲ့အဆင့်က မမြင့်ဘူးဆိုတော့ မင်းကို ငါလက်နက်မသုံးဘဲ လှုပ်ရှားမှုသုံးခုကို သုံးခွင့်ပေးမယ်!"

ဖြောင်း!

ပြတ်ပြတ်သားသား ပါးရိုက်လိုက်သံနှင့် လေထဲတွင် ရုပ်ပုံတစ်ပုံ ရိုက်နှက်ခံရပြီး လှည့်ပတ်သွားခဲ့သည်။ ၎င်းက ပိုင်ရှန့်ရွှယ်ကလွဲလို့ တခြားမဟုတ်ပါဘူး။ လူတွေက အံ့သြသွား၏။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အရိုက်ခံရသူက ဘယ်လိုလုပ် သခင်လေး ပိုင်ရှန့်ရွှယ် ​ဖြစ်နေတာလဲ။

ပိုင်ရှန့်ရွှယ်ခမျာ မျက်နှာပေါ်တွင် လက်ငါးချောင်းရာကြီး ထင်သွားတော့မှာ လှည့်ပတ်နေသော သူ့ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်နိုင်သွားခဲ့သည်။ ပိုင်ရှန့်ရွှယ် သူ့မျက်နှာပေါ်က လက်ဝါးကို ဖယ်ရှားရန် ကြိုးစားသော်လည်း လက်ဖဝါးရာသည် တံဆိပ်တပ်ထားသလို ဖယ်ရှားလို့မရဘဲ ဖြစ်နေသည်။

ပိုလို့တောင် ထိတ်လန့်စေခဲ့တာကတော့ သူ့ပါးတွေက မီးလောင်ထားတဲ့အတိုင်း ပူလောင်နေသလို ခံစားနေရတာပါပဲ။ ဒါပေမဲ့ ဘယ်လိုလုပ် လက်ဖဝါးစွမ်းအင်က ဒီလိုအကျိုးသက်ရောက်မှု ရှိနိုင်မှာလဲ။

ပိုင်ရှန့်ရွှယ်သည် ပိုးပဝါကို ထုတ်ကာ သူ့​ပါးတစ်ခြမ်းကို ပတ်ထားလိုက်သည်။

"ဟားဟားဟား"

ရှောင်ပိုင်က အားရပါးရ အော်ရယ်သည်။

"ကိုကိုလုရွှမ်... သူက မျက်နှာတစ်​ခြမ်းကို အုပ်ထားတဲ့ ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်များလား"

ပိုင်ရှန့်ရွှယ်မှာ ကြီးမားသော မုန်းတီးမှုကို ခံစားလိုက်ရပြီး ရှောင်ပိုင်ကို ဒေါသတကြီး စိုက်ကြည့်ကာ သူမကိုလည်း မုန်းတီးသွားခဲ့သည်။ ထိုသူက သူသည် ခါးမှဆွဲထားသော ဓားရှည်ကို ဆွဲထုတ်ကာ ဒေါသတကြီး ဟောက်လိုက်သည်။

"ကောင်မလေး... မင်း သေမင်းကို လိုက်ရှာနေတာလား"

သူ့ဒေါသသံက အနည်းငယ် ပြတ်သားလာသည်။ အသံဆုံးသော သူ့ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွား၏။ ပိုင်ရှန့်ရွှယ်က သူ့ကိုယ်ခန္ဓာ ကျွမ်းကျင်မှုအပေါ် အလွန်ယုံကြည်မှု ရှိနေပုံရသည်။

ရှောင်ပိုင်က သက်ပြင်းချလေ၏။

"ကိုကိုလုရွှမ်..ဒီကောင်က ငတုံးများလား... လေပြင်းနိယာမကို နည်းနည်းလေး သိရုံနဲ့ လှည့်ပတ်နေတယ်တဲ့... လေပြင်းနိယာမကို ဒီအဆင့်မှာ လာသုံး​နေတာ ရှက်စရာကြီး!"

လုရွှမ်ကလည်း ပြုံးပြီး ပြောသည်။

"သူ့စကားက မကျေနပ်စရာ ကောင်းပေမယ့် ငါတို့ခေါင်းပေါ် ခုန်တက်ပြီး ခိုးဝင်တိုက်ခိုက် ချင်နေတာကတော့ သူ့ရဲ့အစွမ်းအစကို လွန်လွန်ကဲကဲ တွက်ဆနေတာပဲ"

"ဟူး.... ပျင်းရလွန်းလို့ ပင်ပန်းနေပြီရယ်"

ပိုင်ရှန့်ရွှယ် ထိတ်လန့်သွားပေမယ့် သူတို့နှစ်ယောက်က နောက်ပြောင်နေတာလား ဒါမှမဟုတ် သူ့ရဲ့ လှုပ်ရှားမှု လမ်းကြောင်းကို တကယ် မြင်​နေလားဆိုတာ သူ မသိတော့ပေ။ ယခုသူက အထက်တွင် ရှိနေသဖြင့် အောက်သို့ ခိုးဝင်လိုက်လေ၏။

သူ အံ့သြပြီး သံသယဝင်နေပေမယ့် သူတို့နှစ်ယောက်က သူ့ရဲ့ လှုပ်ရှားမှုတွေကို မြင်နိုင်တယ် ဆိုတာကို သူ မယုံနိုင်သေးဘူး။ လေညှင်းသခင်လေး ဆိုတဲ့ နာမည် ပျက်သွားမှာကို သူ လက်မခံနိုင်ပါ။

"ရှောင်ပိုင်... သူ့ကို သွားသတ်လိုက်... အလကား ငါးသေနှစ်ကောင်ကို ငါထိန်းထားမယ်"

ရှောင်ပိုင်ရဲ့ ခန္ဓာကိုယ်က တိုက်ရိုက် ပျောက်ကွယ်သွားပြီး လုရွှမ်ကလည်း လူအုပ်ထဲမှ ပြေးထွက်လာတဲ့ ဓားစွမ်းအင်နှစ်ခုကို ဖယ်ရှားပစ်လိုက်သည်။ လုရွှမ်၏ ဓားစွမ်းအင်များက အရှိန်ပြင်းပြင်းနှင့် ထိုးဖောက် ပျံသန်းသွားလေရာ လူနှစ်ယောက် တိုက်ရိုက် ပြုတ်ကျပြီး သေဆုံးသွားတော့၏။

"အား......"

ပိုင်ရှန့်ရွှယ်လည်း လေထဲက ပြုတ်ကျသွားသည်။ သူ့တစ်ကိုယ်လုံးဟာ ကျားခြေသည်း အရာများဖြင့် ဖုံးအုပ်ထားပြီး အဝတ်များက စုတ်ပြတ်သတ်နေပြီ။ သွေးများကလည်း စွန်းထင်းနေသလို အရေပြားပါ စုတ်ပြဲသွားတာကြောင့် အသားစများ အပြင်ဘက်သို့ တွဲကျနေသည်။ သူ့တစ်ကိုယ်လုံးတွင် နဂိုအတိုင်း အရေပြားက မရှိ​တေည့သလောက် ဖြစ်ပြီး အလွန် ကြောက်စရာကောင်းသည့် အမာရွတ်များဖြင့် ဖွဲ့စည်းထားသည့် အလောင်းကောင်လို ဖြစ်နေသည်။

"မင်း မင်းက နတ်ဆိုးပဲ!"

ပိုင်ရှန့်ရွှယ် လှည့်ထွက်ပြီး အဝေးကို ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာချင်အောင် အော်လိုက်ပစ်သည်။ သို့သော် လုရွှမ်က ဓားစွမ်းအင်ကို ထုတ်လွှတ်လိုက်ကာ ပိုင်ရှန့်ရွှယ်ရဲ့ ခေါင်းကို ပြက်သားစွာ ဖြတ်ချပစ်သည်။

"အားနည်းလွန်းတယ်... သိပ်တောင် မလှုပ်ရှားလိုက်ရဘူး"

ရှောင်ပိုင်ကလည်း အထင်အမြင်သေးစွာဖြင့် အော်လိုက်သည်။

"ဘယ်သူလာချင်​သေးလဲ"

လုရွှမ် လူတိုင်းကို ကြည့်ပြီး မေးလိုက်သော်လည်း အားလုံးက ပါးစပ်ပိတ်ပြီး ခန္ဓာကိုယ်တွေက တောင့်တင်းနေကာ မလှုပ်ရဲကြချေ။ အနည်းငယ်မျှသော လှုပ်ရှားမှုက လုရွှမ်ရဲ့ ဒေါသကို နှိုးဆွပေးမိမှာ သေချာသည်။ ဒီလိုလည်း ခေါင်းပြတ်သွားမှာ မလွဲပေ။

"ကောင်းတယ်... ဒါပေမဲ့ မင်းတို့ကို သတိပေးလိုက်မယ်... နေ့ခင်းအိပ်မက်တွေကို ရပ်လိုက် မင်းတို့ရဲ့ သိုလှောင်လက်စွပ်နဲ့ လက်ကောက်တွေ အားလုံးကို လွှဲပေးလိုက်... ဒါက မင်းတို့ရဲ့ဘဝကို ကယ်တင်နိုင်မယ့် ပိုက်ဆံပဲ... မင်းတို့မှာ ရွေးချယ်စရာမရှိတော့ဘူး"

"ဒါပေါ့ မင်းတို့တွန်းလှန်ရင် ငါက ပိုတောင် ပျော်ဦးမှာ... မင်းအားလုံးကို သတ်ဖို့ အကြောင်းပြချက် ရှိသွားတာပါ့"

လုရွှမ်၏ အသံသည် အေးတိအေးစက်နဲ့ သူတို့နံဘေးမှာ တီးတိုးပြောနေသည့် နတ်ဆိုးတစ်ကောင်လိုပင်။ လူတိုင်းမှာ လုရွှမ်ကို ကြောက်လန့်တကြားဖြင့် ကြည့်နေကြရသည်။

သခင်လေး ပိုင်ရှန့်ရွှယ်ပင်လျှင် လုရွှမ်၏ ညီမလက်တွင် ဆုံးပါးသွားခဲ့ရသည်။ သူတို့ ကောင်းကောင်း သိသော်လည်း သူတို့၏ ဘဏ္ဍာနှင့် အရင်းအမြစ် အားလုံးကို ဘယ်လိုလုပ် လွှဲပြောင်းပေးဖို့ ဆန္ဒရှိနေနိုင်ပါ့မလဲ။

"ပြေး!"

လူတစ်ဒါဇင်ကျော်သည် ရုတ်တရက် လူစုလူဝေးထဲမှ ထွက်ပြေးသွားကြစဥ် အားလုံးက လှည့်ထွက် ပြေးသွားကြသည်။ သူတို့မှာ အကြံကောင်း တစ်ခုရပြီး လုရွှမ် အားလုံးကို အမီလိုက်နိုင်မည်ဟု မယုံကြသေးပေ။

"အ လိုက်တဲ့လူတွေ!!"

လုရွှမ် ပေါ့ပေါ့ပါးပါး စကားနှစ်ခွန်းသာ ပြောလိုက်သည်။ ရုတ်တရက် အရပ်ရပ်သို့ ပြေးသွားသော လူများသည် အလင်းအလွှာကို ပြင်းပြင်းထန်ထန် ပြေးဆောင့်မိသွားရာ အားလုံးလိုလိ ကောင်းကင်မှ ပြုတ်ကျလာကုန်၏။

"ကန့်သတ်ချက်တွေ ရှိတယ်... ဒါအခင်းအကျင်းပဲ!"

တစ်ယောက်ပြီး တစ်ယောက် လုရွှမ်ကို မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်၏။ ဒီလူက ဘယ်တုန်းက အခင်းအကျင်းကို ဖွဲ့စည်းလိုက်တာလဲ။ ဒီလို ကြောက်စရာကောင်းတဲ့ ပုံစံကို သူ ဘယ်လိုလုပ်ပြီး တည်ဆောက်ခဲ့တာလဲ။

ရှောင်ပိုင်က ပြင်းပြင်းထန်ထန် ဟစ်အော်လိုက်သည်။

"ပစ္စည်းတွေကို လွှဲလိုက်... မဟုတ်ရင် ဟားဟား သေမင်းကို ထိုင်စောင့်နေလိုက်တော့!"

"အားလုံး စည်းလုံးကြ!!"

ဓားမီးတစ်ဖျပ်ဖျပ် တောက်သွားပြီး မျှော်စင်နယ်ပယ် တစ်ယောက်ရဲ့ အလောင်းက တခြားတစ်နေရာတွင် ပေါ်လာ၏။

"မင်းလူတိုင်းကို သတ်နိုင်မယ်လို့ ငါမယုံဘူး!"

နောက်ထပ် ဓားမီးတစ်လက် လင်းလာပြီး ထိုလူကြီးရဲ့ ခေါင်းပေါ်ကို ပျံသန်းသွားပေမယ့် ထိုလူက မသေသေးပါဘူး။ သူက ဓားတစ်ချောင်းကို ကိုင်ထားပြီး သူ့ခန္ဓာကိုယ်သည် လေထုထဲတွင် ဆိုင်းငံ့ထားကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဝတ်ရုံက တောက်ပနေသည်။ သူ အထူးသန့်စင်ထားသည့် အကာအကွယ် တိုက်ပွဲဝတ်စုံ ဖြစ်ပုံရတာ ထင်ရှားပါသည်။

ဓားသည် ကျိုးပဲ့သွားသလို အင်္ကျီ အပိုင်းအစများကလည်း ပဲ့ရွှဲ့သွားသည်။ ဘယ်သူကမှ ဝင်မရှုပ်ရဲပေ။ နှစ်ယောက်စလုံးက မျှော်စင်နယ်ပယ်က သခင်တွေ ဖြစ်ကြပေမယ့် လုရွှမ်ဓားကို မတားဆီးခဲ့ကြပါဘူး။ ခုခံဝံ့သူက သေလိမ့်မည်။

"ကျွန်တော် လွှဲပေးပါ့မယ်!"

မျှော်စင်နယ်ပယ်က အဘိုးအိုတစ်ဦးမှ ဦးစွာ အော်ဟစ်ပြီး သိုလှောင်လက်စွပ်ကို လွှဲပြောင်းပေးလိုက်သည်။

All Chapters