← Chapters

နာမည်ကို ချန်ထားခဲ့ပြီ

Vol. 102 Ch. 4.1039

နာမည်ကို ချန်ထားခဲ့ပြီ

Vol. 102 Ch. 4.1039

"ကောင်းပြီ!"

လုရွှမ် သိုလှောင်လက်စွပ်ကို စုပ်ယူလိုက်ပြီး ခဏလောက် စစ်ဆေးပြီးတဲ့အခါ ကျောက်စိမ်းပြားထဲ ထည့်လိုက်တယ်

"မင်းသွားလို့ရပြီ"

အဘိုးအိုလည်း အံ့အားသင့်သွား၏။ သူက ဝမ်းသာအားရဖြင့် ဘေးဥပဒ်ကို လွတ်မြောက်ခြင်းအတွက် ပျော်ရွှင်မှုအပြည့်ဖြင့် အပြင်သို့ လျင်မြန်စွာ ပြေးသွားရာ အမှန်ပင် အခင်းအကျင်း ကန့်သတ်ချုပ်ချယ်မှုကို ကျော်ဖြတ်ကာ အမြန် ထွက်ခွာသွားခဲ့သည်။

လူနှစ်ယောက်ကလည်း ရုတ်တရက် လျင်မြန်စွာ ပြေးထွက်လာပြီး အဘိုးအိုနောက်သို့ လိုက်သွားခဲ့သည်။ ပြင်းထန်သော အသံနှစ်ချက်နဲ့အတူ နှစ်ယောက်သား အထိန်းအကွပ်မဲ့ ထိမှန်ပြီး မြေပြင်ပေါ်သို့ လဲကျသွား၏။

ဝုန်း!

ပေါက်ကွဲသံနှင့်အတူ ကြက်သွေးရောင်မီးတောက်များက လူနှစ်ယောက်၏ ခန္ဓာကိုယ်ပေါ် တက်လာ၏။ စိတ်ဝိညာဉ်မီးက ပြင်းထန်စွာ လောင်ကျွမ်းသွားချိန် လူနှစ်ယောက်မှာ ဝမ်းနည်းပူဆွေးစွာ အော်ဟစ်နေရင်း မီးလောင်ပြာကျသွားသည်။

လုရွှမ်ကတော့ လက်စွပ်ကို ဖယ်လိုက်ပြီး "နောက်တစ်ယောက်" ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ပြိုကျမှုနှင့်အတူ လက်စွပ်များနှင့် သိုလှောင်လက်ကောက်များသည် တစ်ခုပြီးတစ်ခု မိုးရွာချသလို ပြုတ်ကျလာကာ မြေကြီးပေါ်တွင် စုပုံလာခဲ့သည်။

"မှန်တယ်... မင်းတို့ ပိုက်ဆံပေးပြီးရင် ထွက်သွားလို့ရတယ်"

လူတိုင်းသည် ပစ္စည်းတွေကို ထားခဲ့ပြီး ထွက်ခွာရန် အလွန်တွန့်ဆုတ် နေကြသော်လည်း တုံ့ဆိုင်းစွာပဲ ထွက်ခွာသွားခဲ့ ကြရပေသည်။ တစ်စုံတစ်ဦးသည် ကန့်သတ်ချက်ကို ကျော်ဖြတ်ခဲ့သော်လည်း နောက်တစ်ယောက်ကတော့ ထပ်မံပိတ်ဆို့ခံခဲ့ရသည်။

ပိတ်ဆို့ခံထားတဲ့ လူဆီကနေ နောက်ထပ် မီးတောက်တစ်ဆုပ် တောက်လောင်လာပြီး ထိုလူအား ချက်ချင်း မီးလျှံထဲ ပစ်သွင်းလိုက်တော့သည်။

"ဟမ့် မင်း အရမ်းဉာဏ်ကောင်းတာပဲ!"

ယခုအချိန်တွင် လုရွှမ်၏ စိတ်ဝိညာဉ်မီးသည် အလွန်အစွမ်းထက်ပြီး အကန့်အသတ်မရှိ ပြင်းထန်ကာ နတ်ဆိုးမီးလျှံများနှင့်လည်း ပြည့်နေပါသည်။ နတ်မီးနယ်ပယ်က လူမပြောနဲ့ ​မျှော်စင်နယ်ပယ်က လူတွေတောင် တားရခက်လိမ့်မည်။

"ကျွန်တော်မှားသွားပါတယ် ခွင့်လွှတ်​ပေးပါ"

လုရွှမ်က အော်သံများကို လျစ်လျူရှုကာ ထိုလူကိုပါ ပြာဖြစ်တဲ့အထိ မီးရှို့ပစ်လိုက်သည်။

"မင်းကိုပေးတဲ့ အခွင့်အရေးကို မဆုပ်ကိုင်ထားနိုင်ရင် သေဖို့ ထိုက်တန်လို့ပဲ"

သူ့ပတ်ဝန်းကျင်ရှိ လူများသည် အလွန်ထိတ်လန့် တုန်လှုပ်သွားကာ မြေပြင်ပေါ်တွင် နောက်ထပ် သံကွင်းများကို စုပုံလာ​ကြသည်။ လုရွှမ်ရဲ့ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်တဲ့ အပြုံးတစ်ပွင့် ပေါ်လာပြီး ရှောင်ပိုင်၏ မျက်လုံးများသည်လည်း သိုလှောင်လက်စွပ်များကို မြင်ရသည့်တိုင်အောင် မထီမဲ့မြင်ပြုမှုများနှင့် ပြည့်နှက်နေသည်။

လူတွေ တစ်ယောက်ပြီးတစ်ယောက် အမြန်ထွက်သွားပေမယ့် တချို့ကတော့ မီးလောင်ပြာကျနေဆဲပါပဲ။

"လှောင်ကွင်း နှစ်ကွင်းအတွက် ငါ ပေးချေပြီးပြီ၊ ဘာလို့ ငါ့ကို သွားခွင့်မ​ပေးတာလဲ?"

ရှောင်ပိုင်: "နင့်ကိုယ်​ပေါ်မှာ ရှိ​နေ​သေးလို့ပေါ့ အရူး!!"

"ဒီအရင်းအမြစ်တွေ အားလုံးကို မင်းတို့ တောင်တစ်သောင်းကမ္ဘာကနေ ရယူထားတာ အဲဒါတွေကို ယူသွားလို့ မရဘူး.... မင်းရဲ့အသက်ကို ချမ်းသာမှုနဲ့ လဲလှယ်ချင်နေသေးတယ်ပေါ့... အသက်ပဲ ထားခဲ့လိုက်!"

လူအရေအတွက်က ပိုနည်းလာပြီး ပုန်းအောင်းနေတဲ့သူတွေလည်း မရှိတော့ပေ။ နောက်ဆုံးတော့ ပစ္စည်းတွေ ထားခဲ့ကာ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြသည်။ လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး လက်စွပ်များနှင့် လက်ကောက်များ အားလုံးကို ကျောက်စိမ်း​ပြားထဲသို့ ထည့်သွင်းလိုက်ရာ မြေပြင်ပေါ်တွင် ဘာမှ မကျန်တော့ပေ။

လုရွှမ် အခင်းအကျင်း ဖွဲ့စည်းမှုကို ရုပ်သိမ်းလိုက်တဲ့သူ အသက်ကြီးသူ ခုနစ်ဦး သို့မဟုတ် ရှစ်ယောက်က သူ့ကို အပြင်ဘက်တွင် ဝိုင်းရံထားလေပြီ။

၎င်းတို့အားလုံးသည် မျှော်စင်နယ်ပယ် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်ရှိ သူများကဲ့သို့ပင် ၎င်းတို့တွင် ကြီးကျယ်ခမ်းနားသော အသွင်အပြင်ရှိပြီး ထူးခြားသော စွမ်းရည်များလည်း ရှိသည်။

လူရှစ်ယောက်က လုရွှမ်နဲ့ ရှောင်ပိုင်ကို အံ့သြစွာ စိုက်ကြည့်ရင်း သူတို့နှစ်ဦး၏ကိုယ်ပေါ် မျက်လုံးများက လှည့်ပတ်သွားရာ ထိုသိုလှောင်ကိရိယာများကို မမြင်ရသည့်အတွက် သိသိသာသာ အံ့သြသွားကြသည်။

"အရမ်းကောင်းတယ်... မင်းတို့ဆီမှာ ဒီလိုရတနာတွေ ရှိနေမယ်လို့ မမျှော်လင့်ထားဘူး!"

သိုလှောင်လက်စွပ်များနှင့် သိုလှောင်လက်ကောက်များကို ဖွက်ထားလို့ မရနိုင်ပါ။ ထိုအရာများသည် တောင်ကုန်းများနှင့် အတူတူပင်ဖြစ်လို့ အခုလို ဖွက်ထားနိုင်တာက လုရွှမ်ခန္ဓာကိုယ်ပေါ်တွင် လျှို့ဝှက်ရတနာ တစ်ခုရှိကြောင်း ပြသ​နေပြီး သိုလှောင်လက်စွပ်များနှင့် လက်ကောက်များ အားလုံးကို ထိုအထဲ၌ အမှန်တကယ် သိမ်းဆည်းနိုင်တာ ဖြစ်သည်။

အဘိုးကြီး ရှစ်ယောက်ရဲ့ မျက်လုံး ၁၆လုံးက စိတ်အားထက်သန်မှု ပြသ​နေကြသည်။ သိုလှောင်လက်စွပ်ကို သိမ်းဆည်းထားနိုင်သည့် အရာသည် ရတနာတစ်ခုဖြစ်ပြီး ၎င်းကိုရနိုင်သည်နှင့် အရင်းအမြစ်များကို အဆုံးမရှိလုနီး သိမ်းဆည်းနိုင်ပြီ။

လုရွှမ် အေးစက်စွာ လှောင်ရယ်လိုက်မိ၏။ လူအိုတစ်စုက မရှက်မကြောက်နဲ့ ဒီအခင်းအကျင်း အပြင်မှာ စောင့်နေတာ ကြာ​လောက်ပြီ။ ကျင့်ကြံမှု အဆင့်က မပျော့ပေမယ့် သူကတော့ ဂရုစိုက်နေမှာ မဟုတ်။

"မင်းတို့လည်း အရမ်းကြင်နာတတ်ပုံပဲ... ငါက စည်းစိမ်ဥစ္စာ ပေးတဲ့သူတိုင်းကို အမြဲတမ်း ကြိုဆိုနေမှာပါ... ပိုများလေ ပိုပျော်လေပဲ"

"သတ္တိကောင်းလိုက်တဲ့ ကောင်လေး... မင်းက ငါတို့ပစ္စည်း​တွေကို မျိုချချင်နေတာပေါ့လေ... မင်းမှာ သတ္တိတွေ ရှိသားပဲ ဒါပေမဲ့ ခွန်အားတွေ​ရော ရှိလား ကြည့်ရဦးမယ်... အားလုံးပဲ အခင်းအကျင်း တစ်ခု ခင်းထားလိုက်... ငါ ဒီကောင်ကို အရင်တီးလိုက်မယ်”

အဘိုးအိုက အော်လိုက်သည်။ သို့သော် အခြားအဘိုးကြီး တစ်ယောက်က။

“ဟေး အစ်ကိုဝမ် နတ်မီးနယ်ပယ်က အငယ်တန်းတစ်ယောက်ကို မင်းဘယ်လို ရိုက်မလို့လဲ? ငါပဲ လုပ်လိုက်ပါ့မယ်... ငါရှုံးခဲ့ရင်တောင် မင်းဆက်ရိုက်လို့ ရတယ်လေ"

"အစ်ကိုတို့ မင်းဘာလို့ အလုပ်ရှုပ်ခံနေမှာလဲ... ငါလုပ်မယ်"

"ငါလာမယ်!"

အဘိုးကြီးရှစ်ယောက်မှာ ဘယ်သူက အရင်ရိုက်မယ် ဆိုတာနဲ့ ရန်ဖြစ်နေကြတော့သည်။ လုရွှမ် အေးစက်စွာပဲ ရယ်မောလိုက်၏။ အကြောင်းပြချက်မှာ လူတိုင်းက သူ့ကို လျှို့ဝှက်ရတနာ တစ်ခုလို ဖမ်းယူချင်နေတာ ထင်ရှားပါသည်။

"လူတိုင်း ငြင်းခုန်နေရတာ အဆင်မပြေဘူးလား... အတူတူ လာခဲ့လိုက်... မလုံလောက်ရင် မင်းတို့ ဆရာတွေပါ ခေါ်လိုက်... ငါစိတ်မဆိုးဘူး"

လုရွှမ် ဤလူများကို အလေးအနက် မထားပေ။ ၎င်းတို့သည် တစ်သောင်းကမ္ဘာမှ ဖြစ်ပြီး မတူညီသော ကမ္ဘာငယ်လေးများတွင် မတူညီသော အားသာချက်များ ရှိသည်။ တန်ခိုးအရှိဆုံး သူများမှာ သဘာဝအတိုင်း မျှော်စင်နယ်ပယ်များ ဖြစ်ကြသည်။

ဤလူရှစ်ဦးသည် ကောင်းစွာ ကျင့်ကြံထားပုံရပြီး အားလုံးက မျှော်စင်နယ်ပယ် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်တွင် ရှိနေပုံရသည်။ သို့သော် လုရွှမ်အမြင်တွင် ၎င်းသည် ကြယ်တစ်သောင်းကမ္ဘာက ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့်လောက်သာ ရှိသည်။

ထိုကဲ့သို့သော သခင်များအတွက် လုရွှမ်သည် ကြက်များ ဝက်များကို သတ်သကဲ့သို့သာ အမြဲသတ်တတ်သည်။

"မင်းက အရမ်းမာန ကြီးနေတဲ့ကောင်ပဲ! အငယ်တန်း"

တစ်ယောက်က အော်ငေါက်ကာ ဓားတစ်ချောင်းကို ဓားဖြင့်ထိုးကာ ပထမဆုံး အော်ပြောလိုက်သည်။ လုရွှမ်လည်း သူ့ဓားကို ထုတ်ပစ်လိုက်သော် ဓားစွမ်းအင်က ကောင်းကင်သို့ ပျံတက်သွားပြီး ဓားစွမ်းအင်နှစ်ခုက အပြန်အလှန် တရစပ် တိုက်ခိုက်နေသည်။

လုရွှမ်၏ ဓားစွမ်းအင်ကြောင့် တစ်ဖက်သူသည် ခဏလောက် ပိတ်ဆို့လုနီးပါး ဖြစ်နေပြီဖြစ်သည်။ အဘိုးကြီးသည် သူ့ဓားကို အမြန် ပြန်ထိုးချလိုက်သော်လည်း လုရွှမ်၏ ဓားစွမ်းအင်ကို တားဆီး နိုင်လောက်အောင်ပင် မစွမ်းနိုင်တော့ပေ။

"လူတိုင်း သတိမ​ပေါ့ကြနဲ့ ဒီကောင့်လက်ထဲမှာ လှည့်ကွက်တွေရှိနေတယ်"

အဘိုးအိုက အော်ပြောလိုက်ပြီး သူ့မျက်နှာကလည်း အနည်းငယ် ထိတ်လန့်သွားပုံပေါ်၏။

"ဟာဟား... ဝမ်ကြီး... မင်းအသက်ကြီးပြီး မင်းလုပ်ချင်တာကို မလုပ်နိုင်တော့မှာကို ကြောက်နေတာလား?" ​​

လူတစ်ယောက်က အော်ပြောပြန်သည်။ သူ့ခန္ဓာကိုယ်က ယိမ်းယိုင်သွားကာ လုရွှမ်ရဲ့နောက်မှာ ပေါ်လာပြီး သူ့ကို ကန်ထည့်လိုက်သည်။ လုရွှမ်ကို လုံးဝ အလေးအနက် မထားသလိုပဲ ဒီကန်ချက်က လုံးဝကို ရယ်စရာကောင်းပေသည်။

ရှောင်ပိုင်က ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အဘိုးအို၏ နှလုံးသားကို ကျားလက်သည်းဖြင့် ထိုးချလိုက်ကာ တစ်ဖက်လူရဲ့ နှလုံးကို တူးထုတ်ပစ်လိုက်သည်။ အဲဒီနောက် ပေါ့ပေါ့ပါးပါး ပစ်ပေါက်လိုက်ခြင်းဖြင့် လေဓားများက လေကိုဖြတ်ကျော်ကာ ထိုသူ့နှလုံးကို အပိုင်းပိုင်း ဖြတ်တောက်ပစ်လိုက်သည်။

အဘိုးအိုခမျာ သူ့နှလုံးသားရဲ့ ကွက်လပ်ကို မကျေမနပ်ဖြင့် ကြည့်နေရင်းမှ မြေပေါ်ကို လဲကျသွားတော့သည်။

"မင်းက လောင်လီကို သတ်လိုက်တာလား.... ညီအစ်ကိုတို့... လောင်လီအတွက် လက်စားချေကြ!"

လုရွှမ်က လှောင်ပြောင်ရင်း "လူဆိုးတစ်အုပ်.... ငါမင်းတို့ကို အတူတူလာဖို့ ပြောခဲ့တာ ကြာပြီပေါ့....ငါ့လက်ထဲမှာ ကြောင်သူတော်တွေ လူဆိုးတွေ ဘယ်သူမှ အသက်ရှင်မတတ်ဘူး..."

"ဟုတ်​တယ်​!" ရှောင်ပိုင် ခပ်​ပြင်းပြင်း​ အော်​လိုက်​သည်​။

ဂိုဏ်းကြီး ရှစ်ခု၏ ဆင်းရဲဒုက္ခကို မြင်လိုက်ရသဖြင့် ရှောင်ပိုင်သည်လည်း ထိုတခြားကမ္ဘာက ကျင့်ကြံသူများကို အလွန်မုန်းတီးနေတာကြောင့် ကရုဏာစိတ် မရှိ​တော့ပေ။ သူတို့နှစ်ယောက်စလုံး နတ်မီးနယ်ပယ်မှာ ရှိကြပေမယ့် ခွန်အားအရဆိုရင် ဒီလူရှစ်ယောက် ပေါင်းပြီး သူတို့ကို သတ်ဖို့ဆိုတာ မလုံလောက်ပါဘူး။

ဆယ်ချက်လောက် လှုပ်ရှားလိုက်ပြီးနောက် လူရှစ်ယောက်လုံး သေဆုံးသွားကြသည်။ ပတ်ဝန်းကျင်မှာ သက်ရှိဘုန်းကြီးတွေ မရှိတော့ဘဲ အားလုံးက ခေါင်းမဲ့ ကျောက်တုံးတွေချည်းပဲ ရှိတော့သည်။

လုရွှမ်လည်း မျှော်စင်များကို သိမ်းယူကာ ပို့ဆောင်ခြင်းအစီအရင်ထဲ ဝင်ရောက်လာခဲ့သည်။ လုရွှမ်သည် ပို့ဆောင်ခြင်းအစီအရင် ခင်းကျင်းမှုနှင့်ပတ်သက်၍ များစွာနားလည်သဘော ပေါက်လာပြီးပြီမလို့ အစီအရင်ကို ပြန်လည် အသက်သွင်းပြီး ၎င်းတို့နှစ်ဦး ထွက်ခွာလာခဲ့သည်။

နှစ်ယောက်သား ထွက်သွားပြီးတဲ့နောက် လူတစ်ယောက်က ပြန်ထွက်လာကာ မြေပြင်ပေါ်ရှိ နာမည်နှစ်လုံး (လုရွှမ်) ကို ကြည့်ကာ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။

All Chapters