ကျူးဖန်
Vol. 102 Ch. 4.1040
ဝမ့်ဟိုင်မြို့သစ်။
အကြီးဆုံးသော ပို့ဆောင်ခြင်းအစီအရင် ခင်းကျင်းထားသော နေရာ၌ အလင်းတန်းများနှင့်အတူ လုရွှမ်နဲ့ ရှောင်ပိုင်တို့ ထိုနေရာထဲမှ ထွက်လာခဲ့သည်။
"ကိုကိုလုရွှမ်....ဒီမှာ ဆောက်ထားတာတွေက တော်တော် ကောင်းတယ်နော်!"
ရှောင်ပိုင် လှည့်အော်လိုက်ပြီး လုရွှမ်လည်း ပတ်ဝန်းကျင် ရှုခင်းကို ကြည့်ရင်း တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။ ဒီနေရာဟာ ကမ္ဘာတစ်ဝှမ်းက လူတွေစုဝေးရာ နေရာတွေထဲမှာ အကျော်ကြားဆုံး နေရာ ဖြစ်သည်။
လုရွှမ် ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ဤမြို့၏ ဧရိယာသည် ထန်းယွမ်မြို့နှင့် နှိုင်းယှဉ်ပါက သဘာဝအတိုင်း သေးငယ်သော်လည်း ထက်ဝက်ခန့်တော့ ရှိပါသေးသည်။ တောင်တစ်သောင်းကမ္ဘာမှာက အကြီးဆုံးမြို့ ဖြစ်နေပါပြီ။
ပို့ဆောင်ခြင်းအစီအရင်ထဲ အလင်းရောင် တဖျပ်ဖျပ် ခတ်သွားကာ ထူးဆန်းသော အဝတ်အစား ဝတ်ထားသည့် လူများ ပို့ဆောင်ခြင်းအစီအရင်ထဲမှ ထွက်လာကြသည်။ ပထမတစ်ချက် ကြည့်ရုံဖြင့် ၎င်းတို့သည် မတူညီသော ကမ္ဘာငယ်လေးများမှ ဖြစ်ကြောင်း ပြောပြနိုင်သည်။
အစီအရင် ဘေးမှာတော့ ကျင့်ကြံသူတွေက တန်းစီပြီး စောင့်နေကြကာ သူတို့ ထွက်လာတာကို တွေ့တော့ လာနှုတ်ဆက်သည်။ သူတို့သည် အစွမ်းထက်ပြီး မျှော်စင်နယ်ပယ်များ ဖြစ်ကာ သူ့ကိုယ်ခန္ဓာပေါ်တွင် ချပ်ဝတ်တန်ဆာများ ဝတ်ထားကာ ချီးရှီးပွဲတော် ဆင်နွှဲတော့မည့် မကောင်းဆိုးဝါး အသွင်အပြင်များနှင့် ပြည့်နေသည်။
ပထမတစ်ချက်မှာ သူဟာ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေခဲ့တဲ့ ခက်ထန်တဲ့ လူဖြစ်ကာ ဘာမှ အသုံးမဝင်တဲ့ လူစားမျိုး မဟုတ်ကြောင်း ပြောနေသလိုပင်။
"အားလုံး ကျေးဇူးပြုပြီး ငွေပေးချေကြပါ..."
ဦးဆောင်သူက သူ့ဘေးက ဆိုင်းဘုတ်ကို ညွှန်ပြပြီး ကြွေးကြော်လိုက်သည်။ အထက်တွင် ရေးထားသူမှာ ပို့ဆောင်ခြင်း ခင်းကျင်းမှုကို မကြာသေးမီက တည်ဆောက်ခဲ့ပြီး စွမ်းအင်သလင်းကျောက် ၁သောင်း ပေးချေရန် လိုအပ်ပေ၏။
ဒီနေရာမှာ နေထိုင်ကြသူများသည် ဤစည်းမျဥ်းစည်းကမ်းကိ သိပြီးသား ဖြစ်၍ သလင်းကျောက် ၁၀,၀၀၀ ကို နာခံစွာ လွှဲအပ်လိုက်သည်။ လုရွှမ်နဲ့ ရှောင်ပိုင်တို့သည် ဒေသခံများနဲ့ လိုက်၍ သလင်းကျောက်တုံး 20,000 ကို ပေးလိုက်သည်။
"ဒီကသူငယ်ချင်း... ဒီအခင်းအကျင်းက ဘယ်အထိ ပို့ဆောင်ပေးလဲ?"
"အိုး မင်းဘယ်ကို သွားချင်လို့လဲ"
ကျင့်ကြံသူက ပြန်မေးလိုက်သည်။
"ကြယ်တစ်သောင်းကမ္ဘာ ထန်းယွမ်မြို့!"
တစ်ဖက်လူက ခေါင်းခါပြရာ အဲဒီနေရာကို တစ်ခါမှ မကြားဖူးတာ သိသာပါ၏။ တောင်တစ်သောင်းကမ္ဘာ တည်ရှိရာ နေရာဟာ ဤကမ္ဘာငယ်လေးနှင့် အနည်းငယ် ဝေးကွာလွန်းနေသေးသည်။
"ကြယ်တစ်သောင်းကမ္ဘာ? ဒီကအစ်ကို... မင်းက ကြယ်တစ်သောင်းကမ္ဘာကလား"
အံ့သြနေတဲ့ မျက်နှာနဲ့ အနောက်က လူတစ်ယောက်ကနေ ပြောလာသည်။ လုရွှမ်ရဲ့ ကျင့်ကြံမှုအား ငုံ့ကြည့်ပြီးနောက် လုရွှမ်က နတ်မီးနယ်ပယ်၌သာ ရှိသေး၏။ သူသည် ဤအဝေးကြီးကို ဖြတ်ကျော်ပြီး လာခဲ့ပါက ကျင့်ကြံမှု လိုအပ်ချက်မှာလည်း အလွန်မြင့်မားလှသည်။
လုရွှမ်က အလွန်ပျော်သွားပုံဖြင့် လှည့်ကြည့်လိုက်ပြီး မေးခွန်းမေးသူ၏ သံသယ မျက်လုံးများကို လုံးဝ ဂရုမစိုက်ဘဲ လှည့်မေးလိုက်သည်။
"ကြယ်တစ်သောင်းကမ္ဘာကို မင်းသိလား"
"ကြယ်တစ်သောင်းကမ္ဘာက တစ်သောင်းကမ္ဘာတွေထဲမှာ သြဇာအရှိဆုံး နယ်မြေလို့ ကျွန်တော် ကြားဖူးတယ်... ဆန်းကြယ်ကောင်းကင် အိမ်တော်ရဲ့ ဌာနချုပ်ကလည်း ကြယ်တစ်သောင်းကမ္ဘာမှာ ရှိတယ်တဲ့"
"ဟုတ်တယ်... ဆန်းကြယ်ကောင်းကင် အိမ်တော်က ကြယ်တစ်သောင်းကမ္ဘာမှာ ရှိတာတော့ အမှန်ပဲ!"
လုရွှမ် ထိုအကြောင်းကို ကြားရုံမျှဖြင့် စိတ်မဝင်စားတော့ဘဲ ထိုလူများအား နှုတ်ဆက်ကာ ထွက်သွားပြီး အခြားနည်းလမ်းများကို ရှာဖွေကြည့်ခဲ့သည်။
ကမ္ဘာငယ်လေးများဖြတ်၍ အလွန်ရှည်လျားသော အကွာအဝေး ထုတ်လွှင့်မှုသည် စွမ်းအင်များစွာ သုံးစွဲရသည်။ ပို့ဆောင်ခြင်းအစီအရင် နှစ်ခုကို ချိတ်ဆက်ထားပါက ဝင်ရောက်နိုင်သော်လည်း မရှိပါက လုရွှမ်လိုပဲ တွေ့တဲ့နေရာမှာ ပေါ်လာပါလိမ့်မည်။
စားသုံးလိုက်သော စွမ်းအင်သလင်းကျောက်များသည် လီမိသားစု အတွက်ပင် အနည်းငယ် နာကျင်ခဲ့ရသည်။ လုရွှမ် ဤနေရာသို့ ရောက်ရှိလာရခြင်းအတွကိ လီမိသားစု၏ ကျေးဇူးက ကြီးမားလှသော်လည်း လီမိသားစုသည် ဤကဲ့သို့ မကြာခဏ ပို့ဆောင်ရတဲ့အထိတော့ မတတ်နိုင်ပေ။
ပို့ဆောင်ခြင်းအစီအရင် နှစ်ခု တစ်ခုနဲ့တစ်ခုကြား ပို့နိုင်စေရန်အတွက် အလွန် ခက်ခဲပါသည်။ စားသုံးသော သလင်းကျောက်များသည် မြို့ဝင်ကြေး ပေးရသော ၁သောင်းထက် အဆမတန် အလွန်ကြီးမားပေသည်။
"ဟေး ချစ်ညီလေး မသွားပါနဲ့ကွာ.... ငါကြားဖူးပါတယ်.... အဲဒါကို တခြားသူတွေတာ့ မသိဘူးလို့ မဆိုလိုပါဘူး.... ဟားဟား ငါက ကျူးဖန် မင်းကို ဘယ်လိုခေါ်ရမလဲ"
ထိုလူက သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့် သူ့မျက်လုံးများကလည်း တောက်ပသော အလင်းရောင် တစ်ခုဖြင့် ပြုံးနေသည့် အတိုင်းပင်။ ကြည့်ရသည်မှာ သူက ပွဲစားတစ်ဦးဖြစ်ပုံရသည်။
လုရွှမ် ပြန်ပြုံးပြလိုက်သည်။ သူ ပိုက်ဆံကုန်မှာကို မကြောက်ပေမယ့် သူလုပ်ချင်တာကို ပြီးအောင် မလုပ်နိုင်မှာကိုတော့ ကြောက်မိသည်။
"လုယွမ်ယန်!"
လုရွှမ် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ ယခု တောင်တစ်သောင်းကမ္ဘာသည် အခြားကမ္ဘာမှ လူများနှင့် ပြည့်နေပြီး သူတို့သည် တစ်ချိန်လုံး တိုက်ခိုက် သတ်ဖြတ်နေလို့ မရတာကြောင့် လုရွှမ် ဟူသောအမည်ကို ယခုအချိန်မှာတော့ အသုံးမပြုနိုင်တော့ပေ။
"မင်္ဂလာပါ အစ်ကိုယွမ်ယန်... ဒါက ဘယ်သူလဲ"
"ငါ့ညီမ..."
"မင်္ဂလာပါ နတ်သမီး"
ကျူးဖန်က သူ့ကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ပြီး။
"အစ်ကိုယွမ်ယန်က ကမ္ဘာနှစ်ခုကြားက ဆက်သွယ်မှုကို ဖွင့်ပြီး ပို့ဆောင်ခြင်းအစီအရင်ရဲ့ ချိတ်ဆက်မှုကို ထူထောင်ချင်တာလား... ဒါဆိုရင်တော့ ဒါက လူသိများတဲ့ ကိစ္စတော့ မဟုတ်ဘူးရယ်...ခက်တယ်လို့လည်း မဟုတ်ဘူး အသေးအမွှားလေးလည်း မဟုတ်ပြန်ဘူး...သိတဲ့လူအတွက် လွယ်ပေမယ့် မသိတဲ့ လူအတွက်ကတော့ ကောင်းကင်ကို တက်နေရသလိုပဲ ခက်လိမ့်မယ်..."
"ဘယ်လောက်ကျသင့်လဲ ပြောကြည့်!"
ကျူးဖန်းက ပြုံးပြီး အလွန်စိတ်လှုပ်ရှားသွားသည်။
"အစ်ကိုယွမ်ယန်က တကယ့်ကို ထူးထူးခြားခြားပါပဲဗျာ... ဒါပေမဲ့ ငါ မင်းကို ပြောစရာရှိတယ်"
"ကမ္ဘာခြား ပို့ဆောင်ခြင်းအစီအရင်ကို အသက်သွင်းပြီးတာနဲ့ အရမ်း အန္တရာယ်များတယ်... တစ်စုံတစ်ယောက် ကျူးကျော်သူလာရင် တိုက်ရိုက် ကယ်တင်နိုင် တားဆီးနိုင်မှရမှာ... အထူးသဖြင့် အဆင့်မြင့်မားတဲ့ ပို့ဆောင်ခြင်းအစီအရင်ကို ဖွင့်ထားရင်ပေါ့... ကြယ်တစ်သောင်းကမ္ဘာက အရမ်း အစွမ်းထက်တယ် အဲဒါကို အသက်သွင်းလိုက်ရင် စစ်တပ်တစ်တပ်ကြီး တိုက်ရိုက် အမြန်ဝင်ရောက်လာနိုင်တယ်... အဲ့ကျရင် ကြယ်တစ်သောင်းကမ္ဘာ တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်”
ဒီလိုကိစ္စကြောင့် ပို့ဆောင်ခြင်းအစီအရင် အကြား ကန့်သတ်ချက်များ ကြီးမားသည်မှာ မှန်ပါသည်။
"အဲဒါကြောင့် ပို့ဆောင်ခြင်းအစီအရင်ကို ထိန်းချုပ်တဲ့ သူတွေ အများကြီး ပါ၀င်တယ်... အဲဒါက ငွေအများကြီး ကုန်ကျလိမ့်မယ်"
နောက်ဆုံးတော့ ဒါတွေအားလုံးက ပိုက်ဆံကြောင့်ပဲလေ။
"စွမ်းအင်သလင်းကျောက်က ပြဿနာ မဟုတ်ဘူး"
လုရွှမ် ထပ်ပြောလိုက်သည်။ ကျူးဖန်က အလွန်ပျော်ရွှင်စွာ ပြုံးကာ လက်ညှိုးကို မြှောက်လိုက်သည်။
"တစ်ဘီလီယံလား?"
လုရွှမ် မေးလိုက်သည်။
ကျူးဖန် မျက်လုံးများ ပြူးထွက်လာ၏။ လုရွှမ်သည် ကြီးမားသော ငွေကြေးပံ့ပိုး ကူညီသူဖြစ်ကြောင်း ရုတ်တရက် သတိပြုမိလိုက်ပြီး သူက တံတွေးတွေကို မျိုချလိုက်သည်။
"ဟုတ်တယ်... သခင်လေးက တကယ်ကို ထက်မြက်တာပဲ စွမ်းအင်သလင်းကျောက် တစ်ဘီလီယံ!"
ရှောင်ပိုင် လုရွှမ်၏ အဝတ်စများကို ဆွဲကိုင်လိုက်ရင်း ခေါင်းခါပြ၏။ စွမ်းအင်သလင်းကျောက် တစ်ဘီလီယံ ဆိုတာက အလွန်များလွန်းသည်။
"စိတ်မပူပါနဲ့ ငါတို့ရဲ့ကစားကွက်က လွယ်လွယ်လေးပဲ.... သူကောင်းကောင်းလုပ်နိုင်ရင် သူ့ကို ဘာလို့ မပေးနိုင်မှာလဲ သူမလုပ်နိုင်ဘူး ဆိုရင်တော့ အဲဒီလူတွေကို အဖော်သွားလုပ်ပေးရလိမ့်မယ်..."
"အဲဒါထက် အရင် ရိတ်သိမ်းလိုက်တာက သလင်းကျောက် တစ်ဘီလီယံနီးပါးလောက် ရတယ်လေ... ငါက နောက်ထပ် သန်းဆယ်ဂဏန်းလောက် ထပ်ထည့်နိုင်သေးတယ်"
သို့နှင့် ရှောင်ပိုင်လည်း စကားရပ်လိုက်သည်။ ကျူးဖန်က သူ့တံတွေးကို မျိုချလိုက်ပြီး လက်ကို အမြန်ဝှေ့ယမ်းကာ။
"နေရာကြီးတွေက လာတဲ့သူတွေက ကြီးကြီးကျယ်ကျယ်က လာကြတာ...သခင်လေး သခင်မလေး ကျေးဇူးပြုပြီး ကြွပါ!"
ကျူးဖန် ခေါ်တဲ့ သူတို့နှစ်ယောက်ရဲ့ နာမည်တွေကတောင် လုံးဝ ပြောင်းသွားပြီ။ ဤအမိန့်ဖြင့် စွမ်းအင်သလင်းကျောက် ဘီလီယံနှင့်ချီသော လုပ်ငန်းတစ်ခုကို အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ပါက သူရရှိမည့် ဆုငွေမှာ အနည်းဆုံး ဆယ်သန်းဖြစ်သည်။
သလင်းကျောက် ဆယ်သန်းက သူ့အတွက် အနှစ်၁၀၀လောက် အလွန့်အလွန် ဇိမ်ကျကျ လေ့ကျင့်ဖို့ လုံလောက်ပြီ။ ကျူးဖန်က သူတို့နှစ်ယောက်ကို ခပ်တည်တည်ပင် ပြုံးပြီး ပြောပြလေသည်။
"ဒါက ဝမ့်ဟိုင်မြို့သစ်ရဲ့ တန်ခိုးအရှိဆုံးနဲ့ အဓိကနေရာပါ... ဝမ့်ဟိုင်မြို့သစ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် အားလုံးက ဒီမှာ ပြီးသွားပါပြီ... ပြောရရင် ဝမ့်ဟိုင်မြို့သစ်က တခြားမြို့တွေရဲ့ ဘုရင်နန်းတော်လိုပဲ"
"ဝမ့်ဟိုင်မြို့သစ်ကို ကမ္ဘာငယ်လေး အသီးသီးက သခင်တွေ တဖြည်းဖြည်းနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ လူတိုင်း သိကြတယ်... ဒါကြောင့် အကြီးအကဲများ အဖွဲ့ကို ဖွဲ့စည်းပြီး ကမ္ဘာငယ်လေး ကိုးခုရဲ့ ကိုယ်စားလှယ်တွေက ဝမ့်ဟိုင်မြို့သစ်မှာ ဖြစ်ပျက်သမျှ အားလုံးကို ဆုံးဖြတ်ချက် ချနိုင်တယ်"
"ပြီးတော့ ငါ့ဝမ်းကွဲအစ်ကိုက ဟီးဟီး အကြီးအကဲများအဖွဲ့မှာ အလုပ်လုပ်တယ်၊ ပြီးတော့ အကြီးအကဲတစ်ယောက်ရဲ့ မျက်နှာသာပေးမှုကို ခံရတယ်လေ သူ့ဆီကို သလင်းကျောက်တွေ အများကြီး ထည့်ထားသရွေ့တော့ ပြဿနာရှိမှာ မဟုတ်ဘူး"
ကျူးဖန်က နှုတ်ဆက်လိုက်ပြီး အစောင့်တွေကလည်း လူသုံးယောက်ကို ဝင်ခွင့်ပြုလိုက်လေသည်။ အထဲရောက်တော့ ကျူးဖန်က ဂုဏ်ယူစွာ ပြုံးပြီး သူ့လက်ချောင်းများဖြင့် သလင်းကျောက်ကို ချိန်တွယ်သည့် အမူအရာမျိုး ပြုလုပ်လိုက်သည်။
လုရွှမ်လည်း သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး သလင်းကျောက်သန်း ငါးဆယ်ကို ပေးလိုက်သည်
"ဒါက သလင်းကျောက် သန်းငါးဆယ်... မင်းအရင် သုံးထားလိုက်!"