← Chapters

အကြီးအကဲများအဖွဲ့

Vol. 102 Ch. 4.1042

အကြီးအကဲများအဖွဲ့

Vol. 102 Ch. 4.1042

ထူယိုရဲ့မျက်နှာမှာ အနည်းငယ် တွေဝေသွားဟန်ဖြင့် ခေါင်းခါပြပြီး။

"အဲဒါကို မေ့ထားလိုက်ရအောင် အဲဒီလိုလူတွေနဲ့ သွားမရှုပ်တာ အကောင်းဆုံးပဲ... သန်းငါးရာက ကြီးပွား ချမ်းသာနေပြီလေ မင်းဘယ်လောက်ပဲ လောဘကြီးနေပါစေ မင်းရဲ့ဘဝကို မင်းမြှုပ်နှံထားနိုင်တယ်"

"ငါသူတို့ကို လူကိုယ်တိုင် သွားတွေ့မယ်"

ကျူးဖန်လည်း သက်ပြင်းချကာ အေးစက်နေသော ချွေးများကို သုတ်ရင်း သူ့ဝမ်းကွဲအစ်ကို ကျန်းဝေကို ကြည့်လိုက်သည်။ ပထမအကြိမ်က သန်း 50၊ ပြီးတော့ သန်း 500။ ဒါနဲ့တင် အရမ်းကြီး အသက်ရှူမဝသလို ဖြစ်နေသည်။

ဘေးနားက ခန်းမထဲမှာတော့ လုရွှမ်ရဲ့ နားရွက်တွေက တင်းမာနေပြီး ပြုံးပြုံးလေးနဲ့ ပြောလိုက်သည်။

"ဒါက ပိုက်ဆံရဲ့ အခန်းကဏ္ဍပဲ"

ရှောင်ပိုင်လည်း အပြင်မှ လှုပ်ရှားမှုကို ကြားရလေသည်။ သို့မှသာ လုရွှမ်ပြောတဲ့ ငွေ၏ နက်နဲသော အဓိပ္ပာယ်ကို နားလည်သွားသည်။ ထူယိုတို့လူသုံးယောက် ဝင်လာတော့ လုရွှမ် မတ်တပ်ထရပ်ကာ ရှောင်ပိုင်ကလည်း ဘာပဲဖြစ်ဖြစ် မတ်တပ် ထရပ်လိုက်သည်။ လုရွှမ် ပိုမောက်မာပြလေ ဤလူများက ပိုကြောက်လေ ဖြစ်သည်။

ကျန်းဝေသည် အနည်းငယ် မကျေမနပ် ဖြစ်​နေကာ လုရွှမ်ကိုသူ မကြိုက်ပေ။

"သခင်လေးယွမ်ယန်... ဒါက ကျုပ်ဆရာသခင် အကြီးအကဲထူယို..."

သူက လျစ်လျူရှုထားတတ်တဲ့ ရှောင်ပိုင်ကို လှုံ့ဆော်ဖို့ အထူးဂရု​ပြု၍ ပြောပြလိုက်သည်။ ဒါပေမဲ့ ထူယိုက ရယ်မောပြီး လက်ကိုဝှေ့ယမ်းပြလေ၏။

"ဟားဟား... ဒါတွေက အရေးမကြီးပါဘူး... အကြီးအကဲက ဘာဖြစ်မှာမလို့လဲ... ငါခန့်မှန်းတာသာ မမှားရင် သခင်လေးယွမ်ယန် မင်းညီမက တား​မြစ်မြေကြီး အဆင့်မှာ မဟုတ်လား"

ကျန်းဝေ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ တားမြစ်မြေကြီးလား။ ဒဏ္ဍာရီလာ တားမြစ်မြေကြီးလား။ ဒီကောင်မလေးကလေ။ ကျူးဖန်မှာ ပို၍ပင် ကြောင်အသွားကာ ရှောင်ပိုင်ကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။

သူတို့၏ကမ္ဘာငယ်လေးတွင် တားမြစ်မြေကြီး ဆိုတာ ၎င်းတို့အားလုံး အတွက် ဒဏ္ဍာရီဆန်ဆန် တည်ရှိမှုမျိုး ဖြစ်သည်။ ပြီးတော့ ဒီကလေးမလေးဟာ အဲဒီဒဏ္ဍာရီလာ တားမြစ်မြေကြီးကို ထိုးဖောက်တော့မည်။

ဒဏ္ဍာရီအရ တားမြစ်မြေကြီး အဆင့် ကျင့်ကြံသူများသည် မျှော်စင်နယ်ပယ် တတိယအဆင့်မှ လူများထက် အလွန်အစွမ်းထက်ပါသည်။

သူသည် တစ်ဖက်လူအကြောင်း မသိသော်လည်း သူ့ဝမ်းကွဲအစ်ကို ကျန်းဝေရဲ့ ဆရာသည် မျှော်စင်နယ်ပယ် တတိယအဆင့်မှ လူဖြစ်ပုံရသည်။ ဤမိန်းကလေးသည် အကြီးအကဲထူယိုနဲ့ တိုက်ခိုက်ရန် ခွန်အားရှိနေပြီဟု မဆိုလိုဘူးလော။

​လူကြီးက လုရွှမ်တို့ကို တိုက်ခိုက်ဖို့ လျစ်လျူရှုကြတာ အံ့သြစရာ​တော့ မဟုတ်ပါဘူး။ သူတို့မှာ နောက်ခံရော ခွန်အားရော ရှိတာပဲ။ ပြီးတော့ သူ့သက်ကြီးရွယ်အိုတွေရဲ့ လေထဲမဝင်ဝံ့တဲ့ အကြီးအကဲထူယိုကတောင် ခင်မင်ရင်းနှီးချင်ရင် သူတို့လူငယ်က ဘာလုပ်နိုင်မှာလဲ။

ကျန်းဝေမှာ ပိုလို့တောင် ထိတ်လန့်သွားပြီး ရှောင်ပိုင် သူ့ကို ကန်ထုတ်လိုက်မှာ စိုးရိမ်တာကြောင့် အနည်းငယ် ငြိမ်သွားသည်။

လုရွှမ်: "အဲဒါက နည်းနည်းတော့ လိုနေပါသေးတယ်... မဟုတ်ရင် ကျုပ်ညီမငယ်ရဲ့ အရည်အချင်းနဲ့ဆို တားမြစ်ကောင်းကင်ထဲ ဝင်ဖို့တောင် ပြဿနာရှိမှာ မဟုတ်ဘူး... အခုက အနားယူရင်း ဆော့ကစားဖို့ သူမကို အပြင်ခေါ်လာတာ... အခုတော့ ပြန်သွားရမှာမို့လို့ ပို့ဆောင်ခြင်းအစီအရင် လိုလာတာပါ"

"ဒါပေါ့ ဒါပေါ့"

ထူယိုက ခေါင်းတဆက်ဆက် ညိတ်လိုက်သည်။ ကျန်းဝေကတော့ သူ့ခန္ဓာကိုယ်ဟာ နောက်ပြန်ရွေ့သွားပြီး သူ့ဆရာနောက်မှာ ပုန်းနေပြီးသား ဖြစ်နေပြီ။

"ဒါဆို မိုက်မဲတဲ့ စကားတွေ ရပ်လိုက်ရအောင်... သခင်လေးယွမ်ယန် ကျေးဇူးပြုပြီး ငါတို့နဲ့ အစည်းဝေးခန်းမကို သွားပြီး ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းလိုက်ရအောင်လား"

"ကောင်းပြီ လူကြီးမင်းထူယိုက စကားအရမ်းမြန်သားပဲဗျ"

သို့နှင့် လူတစ်စုသည် အစည်းအဝေး ခန်းမဆီသို့ လျှောက်လာခဲ့ကြသည်။

"ဆရာ... သခင်လေးယွမ်ယန် ဘယ်လို ကျင့်ကြံမှုအဆင့် ရောက်နေတာလဲ.. နတ်မီးနယ်ပယ်ရဲ့ ပထမအဆင့်ကိုပဲ မြင်နေရတယ်"

ရှောင်ပိုင်၏ ကျင့်ကြံမှုကို လှမ်းမြင်လိုက်ရသော်လည်း လုရွှမ်ရဲ့ ကျင့်ကြံမှု အဆင့်မှာလည်း မသေချာသလို ဖြစ်နေသည်။

"သူက နတ်မီးနယ်ပယ်ရဲ့ ပထမအဆင့်မှာ ရောက်နေပေမယ့် သူ့ခန္ဓာကိုယ်ပေါ်က လူသတ်ထားတဲ့ အရိပ်အယောင်က ပြင်းထန်လွန်းတယ်... သူက လူသတ်သမားဆိုတာ သေချာပေါက် ခံစားရလောက်အောင် ပြင်းတာ... ဒီဆရာဆီမှာ နတ်ဝိညာဉ်ရှိတယ်... ဒီသခင်လေးယွမ်ယန်က သူ့ညီမထက် ပိုကြောက်စရာ ကောင်းလောက်တယ်"

ကျူးဖန်၏ ကျောပြင်သည် အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းသွားကာ သူ့စိတ်ထဲတွင် လျှို့ဝှက်စွာဖြင့် ကံကောင်းသွားကြောင်း ရေရွတ်နေ၏။ ကံကောင်းထောက်မစွာပင် သူ့တွင် လောဘကြီးသော အတွေးများ မရှိခဲ့ပေ။ မဟုတ်ပါက သူသည်လည်း ယခုအချိန်တွင် လူသေ ဖြစ်သွားလိမ့်မည်။

အစည်းအဝေး ခန်းမထဲသို့ ဝင်သောအခါတွင် အသက်ကြီးသူ ရှစ်ဦးသည် ဘေးကင်းစွာ ထိုင်နေကြပြီ။ ဒီလူတွေ ဒီနေရာကို ဘယ်တုန်းက ဒီလောက် သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး ထိုင်နေ​ကြတာလဲ။

ဝမ့်ဟိုင်မြို့သစ်တွင် နေထိုင်သူ အကြီးအကဲများ အနေဖြင့် သူတို့တွင် ဂုဏ်သိက္ခာရှိသော ဂုဏ်သတင်းတစ်ခု ရှိသည်။ သို့သော် တကယ်တမ်းတွင် ၎င်းသည် ခက်ခဲသော အလုပ်တစ်ခုသာ ဖြစ်သည်။ အချိန်တစ်ခုရရင် မြန်မြန် လေ့ကျင့်တာ ဒါမှမဟုတ် အဆင့်​တွေကို ဖွင့်ဖို့ပါပဲ။

တောင်တစ်သောင်းကမ္ဘာကို ပြုပြင်မွမ်းမံခဲ့သည်မှာ နှစ် ၃၀ သာ ရှိသေးသည်။ နေရာများစွာသည် အဆက်မပြတ် တိုးတက်နေသေး၏။ တချို့သော ကောင်းကင်နှင့် မြေကြီး၏ ရတနာအချို့နှင့် တခြား ရတနာတချို့သည် တဖြည်းဖြည်း အသွင်သဏ္ဌာန် ဖြစ်လာပြီး ခွန်အားဖြင့်ပင် ၎င်းကို ပြန်ဖမ်းယူနိုင်သည်။ သူတို့ရဲ့ကျင့်ကြံမှု အဆင့်က မမြင့်တဲ့အပြင် သူတို့ နောက်ကွယ်မှာ နောက်ခံတချို့ ရှိတာကြောင့် သူတို့ကို ဒီထဲ ပစ်ချလိုက်တာ သိသာပါသည်။

ဤနေရာတွင် အချိန်ဖြုန်းရန် အချိန်မရှိသောကြောင့် သူတို့ တိုက်ရိုက်ပဲ လာခဲ့ရာ အကြောင်းကြားစရာ မလိုဘဲ ဤနေရာတွင် လူရှစ်ယောက် ထိုင်နေသည်ကို တွေ့သောအခါ ထူယိုလည်း အလွန်အံ့သြသွားသည်။

"ထူယို.. မင်းဒီကို အချိန်မီရောက်လာတာပဲ... သူတို့ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ မကြာသေးမီက သတင်းတစ်ခု ထွက်လာတယ်... တောင်တစ်သောင်းကမ္ဘာကို ကယ်တင်ခဲ့တယ်လို့ ကောလဟာလ ထွက်နေတဲ့ လုရွှမ်က ပြန်ရောက်လာပြီး ကျိုယန်းမြို့သစ်မှာ လူတွေကို သတ်ခဲ့တယ်... လူတွေ အများကြီးလည်း ရှိတယ် ငါတို့က လိုချင်တဲ့အမိန့်ကို ထုတ်သင့်တယ်လို့ မင်းထင်လား?"

"ယုတ်စွအဆုံး ကမ္ဘာငယ်လေး ပျက်ခဲ့တာပဲလေ... ကမ္ဘာငယ်လေးက ပြန်ပြီးတော့ ပြုပြင်တော့မှာ လူသားတွေနဲ့ ဘာမှမဆိုင်ဘူး မျှော်စင်နယ်ပယ်ကို ကျော်လွန်တဲ့ လူကြီးတောင်မှ အဲဒီ အရည်အချင်းမျိုး မရှိဘူး ကြွားလုံးထုတ်နေတဲ့ ဒေသခံတွေ အားလုံးက အဲဒီလူက နတ်ဘုရားပါလို့ ပြောနေတာ...သူက ကမ္ဘာငယ်လေးကို ကယ်တင်နိုင်မယ်လို့ ထင်လို့လား

ချက်ချင်းပင် အခြားလူကြီး တစ်ဦးသည် သူ့မျက်နှာကို အထင်အမြင်သေးစွာဖြင့် ရှုဲ့မဲ့ကာ ဆိုလာခဲ့သည်။

"ဟုတ်တယ်... ကမ္ဘာငယ်လေးတွေ ပျက်ဆီးတတ့တာတော့ ကြားဖူးပါတယ် ဒါပေမဲ့ လူတွေက ကယ်တင်နိုင်တယ် ဆိုတဲ့ အကြောင်းတော့ မကြားဖူးပါဘူး... တောင်တစ်သောင်းကမ္ဘာရဲ့ အပြောင်းအလဲတွေက လူတွေနဲ့ ဘာမှမဆိုင်တဲ့ ရိုးရှင်းတဲ့ အသွင်ကူးပြောင်းမှု တစ်ခုဆိုတာ သိသာတယ်...."

ဝုန်း!

အဘိုးကြီးတစ်ယောက်က စားပွဲကို ခေါက်လိုက်သည်။

"လူတိုင်း ငြိမ်ငြိမ်နေကြပါ... ကျုပ်တို့ အနေနဲ့ စိတ်ကူးယဉ်တဲ့ အရာတွေ အကြောင်းတွေ မပြောတော့ဘူး... ကျိုယန်းမြို့သစ်မှာ လူသတ်ရဲတဲ့ လုရွှမ်ကြောင့် ကျိုယန်းမြို့သစ်က ငါတို့ကို အကူအညီ တောင်းလာတယ် ဘယ်သူက လွတ်လွတ်လပ်လပ် အဖွဲ့ကို ဦးဆောင်နိုင်လဲ"

"ငါမသွားဘူး!"

"မသွားဘူး!"

အကြီးအကဲတွေက တစ်ယောက်ပြီး တစ်ယောက် အမြန် တွန်းထုတ်လိုက်ပြီး ရှစ်ယောက်လုံးက ထူယိုကို တစ်ပြိုင်တည်း ကြည့်လာကြသည်။ ထူယိုသည် ဤလူယုတ်မာများကို စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်လေ၏။ ပြဿနာတစ်စုံတစ်ရာ ကြုံလာတိုင်း သူ့ကိုထားရစ်ခဲ့သည်။

ဒီအချိန်ဟာ သူတို့ရဲ့ စကားလုံးတွေရဲ့ အလေးချိန်ကို နားလည်ဖို့ အခွင့်အရေး တစ်ခုပဲ။ ထူယိုကလည်း စားပွဲကို ခပ်တင်းတင်း ခေါက်လိုက်ပြီး

"မင်းတို့ သွားစေချင်တဲ့သူကို သွားခိုင်းလိုက်! ငါ မသွားဘူး ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်"

ကျန်တဲ့ရှစ်ယောက်ရဲ့ မျက်လုံးတွေက ဘာတွေဖြစ်နေတာလဲ ဟူသည့် ပုံစံဖြင့် ရှုပ်ထွေးကုန်ကြသည်။ အမြဲတမ်း ပျော့ပျောင်းတဲ့ ထူယိုက ဘာကြောင့် ဒီလောက် မာကျောလာတာလဲ။

"ဟာဟား.. မင်းဘာတွေပြောနေတာလဲ... မင်းအိပ်ယာက မနိုးသေးဘူးလား"

"ယိုကြီး... ဒီနေ့ မင်းဘာလို့ ခေါင်းမာနေတာလဲ"

"ကျိုးယန်မြို့သစ် ကိစ္စကို ရှောင်ထွက်လိုက်.... ငါ့မှာ အရေးကြီးတဲ့ အရာတွေ အများကြီးရှိတယ်.. အဲဒါက သူတို့မှာ သလင်းကျောက်တွေ အများကြီးရှိတယ်"

သူက လှမ်းပြောပြီး လုရွှမ်နဲ့ ရှောင်ပိုင်တို့ကို ညွှန်ပြလိုက်သည်။

"ဒီနှစ်ယောက်က... သခင်လေးလုယွမ်ယန်နဲ့ သူ့ညီမပဲ.... သူတို့က ကြယ်တစ်သောင်းကမ္ဘာ ထန်းယွမ်မြို့က လာတာ... ကြယ်တစ်သောင်းကမ္ဘာ ဘယ်မှာလဲဆိုတာ ပြောပြဖို့ လိုမယ် မထင်ဘူး...ဟုတ်တယ်မလား"

လူရှစ်ယောက်၏ မျက်လုံးများက မထီမဲ့မြင်ပြုသော အကြည့်များသည် ရုတ်တရက် ပြောင်းလဲသွားသည်။ အမှန်ပင် ကြယ်တစ်သောင်းကမ္ဘာနှင့် ထန်းယွမ်မြို့သည် တစ်သောင်းကမ္ဘာရှိ တန်ခိုးအရှိဆုံး နေရာ ဖြစ်ကာ ကျင့်ကြံသူများ၏ သန့်ရှင်းသော မြေဖြစ်သည့် ဆန်းကြယ်ကောင်းကင် အိမ်တော်ကလည်း ကြယ်တစ်သောင်းကမ္ဘာတွင် ရှိသည်။

All Chapters