← Chapters

ကြံစည်ခြင်း

Vol. 102 Ch. 4.1043

ကြံစည်ခြင်း

Vol. 102 Ch. 4.1043

ဆန်းကြယ်ကောင်းကင် အိမ်တော်က ဘယ်မှာလဲ။ ထန်းယွမ်ကြယ်က ထန်းယွမ်မြို့က ဘယ်မှာလဲဆိုတာ သူတို့က သဘာဝကျကျ သိကြတယ်တဲ့။ လူရှစ်ယောက်မှာ လုရွှမ်နဲ့ ရှောင်ပိုင်တို့ကို ကြည့်ပြီး မကြာခင်မှာပဲ အားလုံးရဲ့ မျက်လုံးတွေက ရှောင်ပိုင်ကို စိုက်ကြည့်နေကြသည်။

သူတို့အားလုံး ရှောင်ပိုင်ရဲ့ နယ်ပယ်ကို မြင်တော့မှ သဘောကျစွာ သက်ပြင်းချကြတော့သည်။

"သခင်လေးလုနဲ့ နတ်သမီးလုတို့က ပြင်ပကမ္ဘာကို လှည့်ပတ်သွားလာပြီး ပြန်သွားချင်ကြတာ... ဒါပေမဲ့ ဒီနေရာမှာ ပို့ဆောင်ခြင်းအစီအရင် မရှိဘူး ဒါကြောင့် သခင်လေးလုက အစီအရင်ကို ဖွင့်ဖို့အတွက် စွမ်းအင်သလင်းကျောက်သန်း ၅၀၀ ပေးချေဖို့ ဆန္ဒရှိနေတာ"

ထူယိုဆိုရင်း လုရွှမ်ကို ကြည့်လိုက်သည်။ လုရွှမ်ကတော့ သူ့စိတ်ထဲတွင် ထူယိုက ရယ်စရာကြီး ဖြစ်နေသည်။ ဒါပေမဲ့ ပို့ဆောင်ခြင်းအစီအရင်ကို ဖွင့်နိုင်သရွေ့တော့ ကိစ္စမရှိပါဘူး။

လုရွှမ် သိုလှောင်လက်စွပ် တစ်ကွင်းကို ထုတ်ကာ စားပွဲပေါ် ပစ်ချ​ပေးလိုက်သည်။ အကြီးအကဲ တစ်ဦးက ၎င်းကိုယူ၍ ကြည့်လိုက်ရာ သူတို့မျက်လုံးများ ချက်ချင်းပင် ကြည်လင်လာသည်။

တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ငြိမ်ပြီး မထိုင်နိုင်ကြတော့ပေ။ အရင်က ဆွေးနွေးခဲ့တဲ့ ကျိုယန်း မြို့သစ်ရဲ့ ကြေကွဲစရာ ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ဘယ်သူမှ စိတ်ထဲမထားကြတော့ချေ။

"သခင်လေးလုနဲ့ နတ်သမီးလု... ကြယ်တစ်​သောင်းကမ္ဘာကို ချိတ်ဆက်တာက ကျုက်တို့အတွက် အသေးအဖွဲ့ ကိစ္စတော့ မဟုတ်ပါဘူး... အဲဒါကို ဆွေးနွေးဖို့ အချိန်တစ်ခု​တော့ လိုတယ် မင်းနဲ့ နတ်သမီးလုက ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးလို့ရမလား"

လူကြီးတစ်ယောက်က ပြုံးပြီး သူ့လေသံက အလွန်ဖော်ရွေသွားသည်။

"ဒါပေါ့"

လုရွှမ်နဲ့ ရှောင်ပိုင်တို့လည်း လှည့်ထွက်လာခဲ့သည်။

ထူယို: "ကျန်းဝေ... မင်းနဲ့ မင်းဝမ်းကွဲက... သခင်လေးလုနဲ့ နတ်သမီးလုတို့နောက်ကို အမြန်လိုက်သွားလိုက် ဘာပဲပြောပြော မင်းသူတို့ကို လျစ်လျူရှုထားရင် မင်းနှစ်ယောက် ပြန်မလာတော့နဲ့"

နှစ်ယောက်သား အမြန်တုံ့ပြန်ပြီး အနောက်မှ လိုက်သွားကြသည်။

"အားလုံး ဘယ်လိုလဲ?"

"ဒီစွမ်းအင်ကျောက်တုံး သန်း ၅၀၀ က ကောင်းပါတယ်... ဒါပေမဲ့ ကြယ်တစ်သောင်းကမ္ဘာကို ဖွင့်လိုက်တာက ငါတို့အတွက် သိပ်အဆင်မပြေဘူး.... ကြယ်တစ်သောင်းကမ္ဘာက ကျင့်ကြံသူတွေ ဒီနေရာကို ရောက်လာရင်..."

"ဟား ဟား မင်းက အရူးတစ်​​ယောက်​... မင်းတကယ်​ ငတုံး... ကြယ်​တစ်​​သောင်းကမ္ဘာက ဘယ်​​လိုနေရာလဲ ? အဲ့ကလူ​တွေက ဒီ​နေရာကို ရင်​ခုန်​ချင်​မှာတဲ့လား... အဲဒီ​ကောင်​မ​လေးရဲ့ ကဲ့ရဲ့နေတဲ့ မျက်လုံးတွေကို မင်း မမြင်​ဘူးလား... သူတို့က ဒီနေရာကို လုံးဝ မျက်လုံးထဲ မထည့်ဘူး!"

"ဟုတ်တယ်... ကြယ်တစ်သောင်းကမ္ဘာ ဘယ်လိုနေရာမျိုးလဲ... ဒီမှာ လူတွေက ငါတို့ကို ကြိုက်ကြလိမ့်မယ်လို့ ထင်လား... ပို့ဆောင်ခြင်းအစီအရင်ကို ငါတို့ဖွင့်ရင် ဘာဖြစ်မလဲ အဲ့ကလူတွေက လက်မခံရင် ဘယ်လိုလုပ်မလဲ"

"ဟုတ်သားပဲ ပို့ဆောင်ခြင်းအစီအရင်ကို ဖွင့်နိုင်ရင် ကြယ်တစ်သောင်းကမ္ဘာကို သွားလို့ရပြီ"

တခြားသူတွေရဲ့ မျက်လုံးတွေက တောက်ပလာသည်။ ကြယ်တစ်သောင်းကမ္ဘာကို တကယ်သွားကြည့် နိုင်မယ်ဆိုရင် တန်ပါပြီ။

"ကြယ်တစ်သောင်းကမ္ဘာက မရေမတွက်နိုင်တဲ့ သလင်းကျောက်တွေနဲ့ အဆုံးမရှိတဲ့ အခွင့်အလမ်းတွေ အများကြီးရှိတဲ့ ဝိညာဉ်စွမ်းအင်တွေ ပေါများနေတဲ့ နေရာ​လို့ ငါကြားတယ်... အဲဒီမှာ လေ့ကျင့်မယ်ဆိုရင် ငါတို့ရဲ့ ကျင့်ကြံမှုက ပိုမြင့်တဲ့ အဆင့်အထိ တိုးတက်လာနိုင်မလား မပြောတတ်ဘူး?"

"အဲဒီတုန်းက ငါက တားမြစ်မြေကြီးရဲ့ အတားအဆီးကို ဖြတ်ကျော်ဖို့ နည်းနည်း နီးစပ်နေပြီလို့ ပြောတဲ့သူက မျှော်စင်နယ်ပယ် အဆင့်၅ အလယ်အလတ် ကာလမှာ ထိုင်နေတဲ့ အဘိုးကြီးပဲ..."

အချိန်အတိုင်းအတာ တစ်ခုအထိ လူတိုင်းသည် ၎င်းတို့၏ နှလုံးသားထဲတွင် ပြင်းထန်သော ဝမ်းနည်းမှုကို ခံစားခဲ့ရသည်။ သူတို့အတွက် မျှော်စင်နယ်ပယ်ဟာ အောင်မြင်ရန် အလွန်ခက်ခဲပြီး ၎င်းတို့၏ အရည်အချင်းများကို ဤနေရာတွင် အလဟသ ဖြုန်းတီးနေမည့်အစား ကြယ်တစ်​သောင်းကမ္ဘာမှာ ဆိုပါက ၎င်းတို့၏ လက်ရှိ ကျင့်ကြံမှု အဆင့်သည်လာ်း ပိုမိုမြင့်မားလာလိမ့်မည်။

"ဒါဆို ပို့ဆောင်ခြင်းအစီအရင်ကို စသုံးကြည့်ကြမလား?"

"ဖွင့်!"

လူတစ်ယောက်က အော်လိုက်သည်။ နောက်တစ်ယောက်ကလည်း ထောက်ခံလေသည်။

"ကောင်းပြီ ကြယ်တစ်သောင်းကမ္ဘာက ထန်းယွမ်မြို့ကို ဆက်သွယ်မေးမြန်းဖို့ သခင်လေးလုကို ဝင်ခိုင်းလိုက်မယ်"

ထိုအချိန်တွင် ဓားပျံတစ်စင်း ပျံသန်းလာခဲ့သည်။ အလယ်တွင် ထိုင်နေသော အဖိုးအိုသည် ဓားပျံဆီက စာကို ယူလိုက်သည့်အခိုက် သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွား​တော့သည်။

"အစ်ကိုရွှမ် ဘာဖြစ်တာလဲ?"

အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဓားပျံမှ ကူးယူလာသော အကြောင်းအရာက လေထဲတွင် ပေါ်လာသည်။ အဲဒါတွေက လူနှစ်ယောက်ပုံတူ ဖြစ်ပြီး တစ်ယောက်က အရင်က လုယွမ်ယန် ဖြစ်ကာ နောက်တစ်ယောက်က လုရှောင်ပိုင်ပဲ ဖြစ်သည်။

"သတင်းက ကျိုယန်းမြို့သစ်က လာတာ။ နောက်ဆုံး အဲဒီလူနှစ်ယောက်က ဝမ့်ဟိုင်မြို့သစ်ကို ရောက်လာကြောင်း အတည်ပြုထားတယ်... အဲဒီလူရဲ့ နာမည်က လုရွှမ်... သူက အခုနက ကောင်ပဲ!"

"အာ...."

အစည်းအဝေးခန်း တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။

"မင်း ငါတို့ကို လှည့်စားခဲ့တာ ဘယ်လောက်​တောင် သတ္တိ​ကောင်း​နေလို့လဲ မင်း ငါတို့ကို အလေးအနက် မထားဘူး!"

"ဟမ့် မင်း ဒီသလင်းကျောက်ကို မျိုချလိုက်ပြီမလား... အဲဒါကြောင့် လူတိုင်းကို မင်းရဲ့ တံခါးဆီ အလိုအလျောက် ပို့ခံရအောင် လုပ်နေတာ"

ထူယို၏ ​မျက်နှာသည် ဖြူပြာသွားသော်လည်း သူသည် အပြင်းထန်ဆုံး အော်ခဲ့သူဖြစ်ပြီး ၎င်းတို့နှစ်ဦးကို သတ်ပစ်ရမည်ဖြစ်သည်။ ဒါဆို လူတိုင်းက သူ့ကို အပြစ်မတင်ကြတော့ပေ။

ပြင်ပကမ္ဘာသို့ မပြန့်ပွားသေးသော်လည်း အမျိုးမျိုးသော ကမ္ဘာငယ်များ၏ ကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့အားလုံးတွင် ဘုံအမိန့် တစ်ခုရှိသည်။ အဲဒါက လုရွှမ်ကိုတွေ့ရင် သတ်ပစ်ရမယ်။

တောင်တစ်သောင်းကမ္ဘာ ဟုခေါ်သော ပြောင်းလဲမှုများသည် လုရွှမ်ဆီမှ ဆင်းသက်လာသည်ဟု ပြောပြသည်။ ၎င်းတို့က လုရွှမ်၏ အကျိုးစီးပွားနှင့် မသက်ဆိုင်သရွေ့ ၎င်းတို့၏ စွမ်းအင်ကို ဖြုန်းတီးမည် မဟုတ်ပေ။

သို့သော် ယခု လုရွှမ်သည် သူတို့၏အိမ်သို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် သဘာဝအတိုင်း လွှတ်ထား၍မရပေ။

"ခဏနေဦး!" အကြီးအကဲရွှမ်က ပြောသည်။

"အဲဒီလူက လုရွှမ် ဖြစ်နိုင်တယ် ဒါပေမဲ့ သူထွက်သွားချင်တယ် ဆိုရင် ကြယ်တစ်သောင်းကမ္ဘာလို နေရာကို ဘာလို့ သွားမှရမှာလဲ... သူက နတ်မီးနယ်ပယ်ရဲ့ ပထမအဆင့်မှာပဲ ရှိသေးတာလေ အဓိကက အဲ့ကောင်မလေးပဲ ဖြစ်ရမယ်... သူမက တားမြစ်မြေကြီး ကျင့်ကြံသူပဲ"

"ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ရင် အဲဒီမိန်းကလေးကသာ ထန်းယွမ်မြို့က ဖြစ်လိမ့်မယ်....လုရွှမ်က ကံကောင်းလို့ သူမနဲ့ သိခဲ့တာ"

"ဒါဆို ငါတို့က လုရွှမ်ကိုသတ်ပြီး ကျင့်ကြံသူမိန်းကလေးကို တစ်ယောက်တည်း လွှတ်ပေးလိုက်ရမှာလား..."

"အရူး သူတို့ နှစ်ယောက် မောင်နှမလို့ ခေါ်တာကို မင်း မမြင်လိုက်ဘူးလား... ငါ့အမြင်အရတော့ လုရွှမ်က သူမကို ကြီးကြီးမားမား တစ်ခုခု ကူညီခဲ့လိမ့်မယ်.. အဲဒါကြောင့် မျက်နှာသာပေးခဲ့တာ ဖြစ်နိုင်တယ်... သူမက လုရွှမ်ကိုပါ ခေါ်သွားဖို့ စီစဥ်ထားတာ ဖြစ်မယ်"

"ကောင်းပြီ ဒါပဲဖြစ်နိုင်တယ်"

တခြား လူကြီးတွေကလည်း ဒီနောက်ခံ အကြောင်းကို အသိအမှတ်ပြုတဲ့ အနေနဲ့ ခေါင်းညိတ်ပြကြသည်။

"ဒါဆို ငါတို့ ဘာလုပ်ရမလဲ ဒီကောင်လေးကို လွှတ်လိုက်ရမလား... အထက်ကလူတွေ သိသွားရင် ငါတို့ အသက်မရှင်နိုင်တော့ဘူးနော်"

"လုရွှမ်ကို သတ်လိုက်ရင် အဲ့မိန်းကလေးကို စော်ကားမိသလို မဖြစ်သွားဘူးလား... သူ့ကိုယ်သူ ကာကွယ်ဖို့ မှော်လက်နက်တွေ ဘယ်လောက်ရှိမလဲ ဘယ်သူက သိမှာလဲ? သူ့သဘောထားကို ကြည့်ကြည့် ချမ်းသာတဲ့ မိသားစုရဲ့ မင်းသမီးတစ်လက် ဖြစ်ရမယ်... စော်ကားမိလို့ မဖြစ်ဘူး"

ထူယိုက ရုတ်တရက် "ဟေး... မဟုတ်လည်း ငါတို့ ပို့ဆောင်ခြင်းအစီအရင်ကို အသက်သွင်းနေတုန်း မိန်းကလေးကို လွှတ်လိုက်ပြီး လုရွှမ်ကို ထားခဲ့လိုက်မယ် ဆိုရင်ရော မင်းတို့ ဘယ်လိုထင်လဲ"

သူက ဆက်ပြောသည်။

"အဲဒီဘက်ကို ဆက်သွယ်ချင်တယ် ဆိုရင်တော့ အဲ့မိန်းကလေးပဲ ဖြစ်ရမယ် ပို့ဆောင်ခြင်းအစီအရင်ကို ငါတို့က ကန့်သတ်ထားတာလေ... တစ်ယောက်ချင်းစီပဲ ပို့နိုင်မယ်လို့ ပြောရင် လုရွှမ်က နတ်မီးနယ်ပယ် ပထမအဆင့်ကလူလေ သူက ဘာနားလည်မှာလဲ?"

"ဟား ဟား ဟား!"

များများတွေးလေ မှန်လေလေ ဖြစ်နေတာကြောင့် ကျယ်လောင်စွာ ရယ်မောလေလေ ဖြစ်သည်။

"အကြီးအကဲထူ မင်းပြောတာမှန်တယ်.... ဒီတစ်ခါတော့ မင်းရဲ့အမှားကို ငါတို့လွှတ်လိုက်မယ် အထက်လူကြီးတွေကို သတင်းမပို့​တော့ဘူး!"

ထူယိုက တခစ်ခစ်ရယ်ပြီး ထပ်ခါတလဲလဲ ပြန်ဖြေလိုက်ရာ လူရှစ်ယောက်က သလင်းကျောက်တွေ ခွဲဝေနေတာကို တွေ့လိုက်ရသည်။

'ဟမ့် မင်းတို့က အရမ်းလိမ္မာပါးနပ်တယ် ဆိုရင်တောင် ငါ သလင်းကျောက် သန်း 500 ကို အကြာကြီး ဖုံးကွယ်ထားမှန်း မင်းတို့မသိဘူး မဟုတ်လား... ဒီကောင်လေးက သူ့ကိုယ်သူ မဖော်ထုတ်ရဲပေမယ့် အခု သူသွားရတော့မယ်'

လုရွှမ် ခန္ဓာကိုယ်ပေါ်ကနေ ယခင်က ခံစားရသော မကောင်းဆိုးဝါးလို ပြင်းထန်သော အရိပ်အယောင်ကို ပြန်တွေးကြည့်တော့ ထူယို နှလုံးသားထဲတွင် လူသတ်ချင်လာသည့် ရည်ရွယ်ချက်များ ပေါ်လာသည်။ အဲဒီလူက ဘာလဲ။ ကျိုယန်းမြို့သစ်မှာ လူသတ်ပွဲတစ်ခု ဖြစ်ပွားစေခဲ့သူ မဟုတ်လား။

ဒီအမှိုက်ကို သတ်ပစ်နိုင်ရုံနဲ့ ထိုက်တန်ပါ၏။

"ကောင်းပြီ လုရွှမ်နဲ့ ဆွေးနွေးကြရအောင်"

"အကြီးအကဲရွှမ်ရေ...အဲဒါက သခင်လေးလုနော်..."

"ဟားဟားဟား..."

အားလုံးက ရယ်လိုက်ကြပြန်သည်။

All Chapters