← Chapters

အဝေးကလာတဲ့ သူငယ်ချင်း

Vol. 102 Ch. 4.1044

အဝေးကလာတဲ့ သူငယ်ချင်း

Vol. 102 Ch. 4.1044

လူကိုးဦးသည် အစည်းအဝေးခန်းမမှ ထွက်လာပြီး ကျန်းဝေထံသို့ အသံပို့လိုက်ကြသည်။ မကြာမီတွင် လူတိုင်းသည် ပို့ဆောင်ခြင်းအစီအရင် ရှေ့၌ စုရုံးလာကြသည်။

အရာအားလုံးသည် လူကိုးယောက် သတ်မှတ်ထားသည့် အတိုင်း ဖြစ်​နေပြီး လုရွှမ်လည်း သူတို့ကို တစ်ယောက်ပြီး တစ်ယောက် ပို့ဆောင်ပေမယ့် ကိစ္စကို သဘောတူခဲ့သည်။ လူကိုးဦး၏ မျက်နှာများသည် အပြုံးများဖြင့် ပြည့်နှက်နေပြီး သူတို့၏ နှလုံးသားများမှာတော့ လူသတ်ချင်စိတ်များဖြင့် မည်းမှောင်နေသည်။

လုရွှမ်လည်း သူ့စိတ်ထဲတွင် ရယ်မောနေ၏။ သူတို့သည် အမှန်တကယ်ပင် ငတုံးကောင်များ ဖြစ်ကြပေသည်။ သူတို့က သူ့ကို ဆန့်ကျင်ဖို့ ကြံစည်ချင်နေတာ သူမသိဘဲ နေပါ့မလား။ သူ့မှာဘယ်လို မှော်အစွမ်းတွေ ရှိမှန်းတောင် မသိဘဲ သူ့ကို လုပ်ကြံချင်နေတာပဲ။

ဒါကြောင့် သူလည်း ပို့ဆောင်ခြင်းအစီအရင် အကြောင်း နားမလည်ထားသလို ဟန်ဆောင်နေလိုက်သည်။

သူတို့က တစ်ယောက်ပြီး တစ်ယောက် ဆက်သွယ်ရင်း အဲလိုဟာသတွေကို ပြောနိုင်ပေမယ့် လုရွှမ်ကတော့ အားအင်တွေ အများကြီးကို ထိန်းထားရသည်။ သူတို့လည်း နောက်ဆုံးတော့ ရယ်တာကို ရပ်လိုက်ပါ၏။

"ကောင်းပါပြီ သခင်လေးလု.. ကျေးဇူးပြုပြီး ထန်းယွမ်မြို့က လူတွေကို ဆက်သွယ်လိုက်ပါ..."

ပေါင့်တာထင်းနဲ့ လူတစ်စုသည် နယ်စပ်ဖြတ်ကျော် ပို့ဆောင်ခြင်းအစီအရင် ရှေ့တွင် စောင့်ဆိုင်းနေကြပြီး လုရွှမ် ၎င်းတို့ကို အဆက်အသွယ် လုပ်ပြီးသည့်နှင့် ချက်ချင်း အသက်သွင်းလိုက်ရာ လုရွှမ်တို့ဘက်က ပို့ဆောင်ခြင်းအစီအရင်ကလည်း တောက်ပစွာ အသက်ဝင်လာခဲ့သည်။

"ဟားဟားဟား ငါတို့က တကယ်ကို ချိတ်ဆက်နေကြပြီ..... အနာဂတ်မှာ ကြယ်တစ်သောင်းကမ္ဘာကို သွားနိုင်လောက်ပြီကွ!!"

လူကိုးယောက် ဘယ်လောက်တောင် စိတ်လှုပ်ရှားနေလဲ မသိ။ သို့သော် ရှောင်ပိုင်သည် ပို့ဆောင်ခြင်းအစီအရင်ထဲသို့ လျှောက်သွားကာ ထွက်ခွာသွားမည့်အစား အလင်းတန်းများ ပေါ်လာပြီး တစ်ဖက်မှ လှမ်းကြည့်​နေသည်။

အကြီးအကဲ ကိုးယောက် အံ့ဩသွားကာ ဘာဖြစ်နေတာလဲ မသိလိုက်ပေ။ ဒီဘက်ခြမ်းကို ဖွင့်လိုက်တာနဲ့ တစ်ဖက်ကလည်း လူတွေ ပို့လာတာလား။

ပေါင့်တာထင်း၊ ဟုန်ရှန်ယင်း၊ ချောင်လု၊ လီလင်ရှို့၊ ကျန့်မောင်နှမနှစ်ယောက် စသည်တို့ အပါအဝင် လူများစွာ ရောက်ရှိလာကြပြီး လုရွှမ်၏ တပည့်များနှင့် သူငယ်ချင်းများ အားလုံး ဒီဘက်ကို ရောက်လာကြသည်။ နောက်ဆုံးတွင် ရွှမ်ကျီးနဲ့ ဖုန့်ဖေးတို့ပင် ပါလာသေးသည်။

ဖုန့်ဖေးနောက်တွင်တော့ အောင့်ယွဲ့၊ ထူဖူး၊ လိရှောင်း၊ အောင်ရှင်း၊ ရှန်ယိရှောင်းဟဲ၊ နတ်သမီးရှန်းရှဲ့နဲ့ နတ်သမီးကျင်းဟုန်တို့ ဖြစ်ကာ အလွန်ရင်းနှီးသော လူခြောက်ယောက်ပဲ ဖြစ်သည်။

"လုရွှမ်!"

လူခြောက်ယောက်က အော်ဟစ်ပြီး ပြေးထွက်လာကြသည်။ လုရွှမ်၏ မျက်လုံးများမှာလည်း နီရဲနေခဲ့၏။ ဒီတစ်ခေါက် သူတို့ကိုပါ ပြန်တွေ့ရမယ်လို့ မမျှော်လင့်ထားခဲ့ပေ။ သူ့မျက်လုံးများသည် သက်သာရာရမှု အပြည့်ဖြင့် လူတိုင်း၏ ခန္ဓာကိုယ်ကို တစ်ချက်စီ ကြည့်လိုက်သည်။

"ပို့ဆောင်ခြင်းအစီအရင်ကို အမြန်ပိတ်လိုက်!"

အကြီးအကဲများအဖွဲ့သည် ၎င်းတို့ ယခုအချိန်တွင် ကြံစည်ခံနေရကြောင်း သိလိုက်သဖြင့် ပို့ဆောင်ခြင်းအစီအရင်ကို အမြန်ပိတ်ရန် ကြိုးစားကြသည်။

ပေါင့်တာထင်း တိုးညှင်းစွာ လှောင်ပြောင်လိုက်ပြီး နတ်ဓား ချောင်ချင်ဓားကို ပစ်လွှတ်လိုက်သည်။ ထူယိုက တားဆီးရန် ဧကရာဇ်လက်နက်ကို အလျင်အမြန် မြှင့်တင်လိုက်သော်လည်း သူ့ဓားက မခုခံနိုင်တော့ဘဲ နှစ်ပိုင်းခွဲ ခံလိုက်ရသည်။

"ဟေး လုရွှမ် မင်း သန့်စင်ထားတဲ့ ဧကရာဇ်လက်နက်က အရမ်းညံ့တာပဲ... အိုး လတ်စသတ်တော့ ရှန်းယင် သန့်စင်ထားတာကိုး!"

"ဆရာဦးလေး ဘာ​တွေပြောနေတာလဲ သူများ လုပ်ထားတာက ဒီလောက် ကောင်းနေတာကို ဘယ်လိုလုပ် ညံ့မှာ?"

ပေါင့်တာထင်းက ရယ်ကာ ထပ်ခါထပ်ခါ တောင်းပန်လိုက်သည်။ ထို့နောက် ချောင်ချင်ဓားကို ဝှေ့ယမ်းပြီး ကျန်ရှစ်ဦးကို အဝေးသို့ တွန်းပို့ပစ်ခဲ့သည်။

“လှုပ်ရှားတာနဲ့ သတ်ပစ်မယ်”

လုရွှမ်သည် သူ့ကိုဖက်ထားသူ အောင့်ယွဲ့ကို အသာ တွန်းလွှတ်လိုက်ပြီး တစ်ယောက်ပြီး တစ်ယောက် ပွေ့ဖက်လိုက်သည်။ လူခြောက်ယောက်သည် များစွာပြောင်းလဲသွားခဲ့ပြီး ယခုအခါ ၎င်းတို့အားလုံးသည် နတ်မီးနယ်ပယ် အဆင့်၅သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။

တပည့်တစ်ဖွဲ့က သူတို့ကို နှုတ်ဆက်ဖို့ ထွက်လာပြီး ရှန်ယိရှောင်းဟဲနဲ့ လိရှောင်းက ကျယ်လောင်စွာ ရယ်မောရင်း။

"ဟေး... မင်းအရင်တုန်းကလို လူကောင်းတစ်ယောက် မဟုတ်​တော့ဘူး မင်းက တပည့်တွေကို လက်ခံထားတာက ဟုတ်ပါပြီ သူတို့အကုန်လုံးက ဘယ်လိုလုပ် မိန်းက​လေးတွေချည်းပဲ ဖြစ်နေတာလဲ"

ထိုစကားကြောင့် ပေါ်ဝမ့် ရှက်သွားရသည်။ ပို့ဆောင်ခြင်းအစီအရင်ထဲ အလင်းများ တဖန်တုန်ခါလာပြီး လူသုံးဆယ်ရှိသော အဖွဲ့တစ်ဖွဲ့ ပေါ်လာသည်။ သူတို့အားလုံး ဒူးထောက်ပြီး တညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။

"လီမိသားစုရဲ့ မသေမျိုးစစ်တပ်က သခင်လေးလုရွှမ်ကို ဂါရဝပြုပါတယ်!"

အသံက သပ်ရပ်ပြီး ကျယ်လောင်သည်။ အသက်ရှုသံက တဟုန်ထိုး တောက်လောင်ကာ ပတ်ဝန်းကျင် လေထုကိုပါ အလွန်အမင်း တုန်လှုပ်သွားစေ၏။

ဤလူများ အားလုံးသည် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားပြီး ၎င်းတို့အားလုံးက မျှော်စင်နယ်ပယ် ပထမအဆင့်တွင် ဖြစ်ပေသည်။ နယ်ပယ်က မြင့်မားလှတာ မဟုတ်သော်လည်း ၎င်းတို့၏ သပ်ရပ်သော စစ်မျက်နှာ၊ ပြတ်သားသော အသံနှင့် တင်းကြပ်သော စည်းကမ်းရှိမှုတို့ကြောင့် ၎င်းတို့သည် သံမဏိတပ်သားများ ဖြစ်ကြောင်း တစ်ချက် ကြည့်ရုံဖြင့် သိနိုင်သည်။

လုရွှမ်လည်း ဤသည်မှာ လီလင်၏လက်ဆောင် ဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်၏။ လီလင်က ဤနေရာတွင် တိုက်ခိုက်ရတော့မည်ကို သိသောကြောင့် အထူးတလည် စေလွှတ်လိုက်တာ ​ဖြစ်မည်။

"ကျေးဇူးပြုပြီး မြန်မြန်ထ​ကြပါ..."

လူသုံးဆယ်က မတ်တပ်ထရပ်ပြီး အဖွဲ့ခေါင်းဆောင်က လေးလေးစားစား အလေးပြုပြီး သူ့​နာမည်က ဝမ်ချန်ဟု ပြောလာသည်။ သူတို့အား အမိန့်အားလုံးကို ပေးဆောင်နိုင်ပြီး သူတို့ မသေဆုံးလျှင် ပြီးမြောက်စေရမည် ဖြစ်သည်။

လုရွှမ် အကြီးအကဲ ရှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့ခမျာ ထွက်သွားချင်ပေမယ့် သူတို့ ဘယ်သွားလို့ရလဲလို့ မေးရင် ရွှမ်ကျီးနဲ့ ပေါင့်တာထင်းက ဝိုင်းထားတာကြောင့် ဘယ်မှ သွားလို့ မရပေ။ အထူးသဖြင့် ပေါင့်တာထင်းကို ကြည့်လိုက်လျှင် သူ့ရဲ့ ဓားတိုက်ခိုက်မှုက သူတို့ရဲ့ သတ္တိကို လုံးဝ ထိတ်လန့်သွားစေ၏။

"ဒါဆို ဒါက တောင်တစ်သောင်းကမ္ဘာပေါ့... အရမ်းဆိုးတာပဲ"

ရွှမ်ကျီးက ပြုံးပြီး လူရှစ်ယောက်ကို ကြည့်ကာ ဖဲ့လိုက်သည်။

"ကျင့်ကြံမှုကလည်း သာမန်ပဲ!"

အကြီးအကဲများအဖွဲ့သည် နတ်မီးနယ်ပယ်တွေကို အထင်သေးစွာ ကြည့်ခဲ့သလို သူတို့လည်း ပြန်အကြည့် ခံနေရလေသည်။ ရွှမ်ကျီးတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါများက သူတို့၏ စိတ်ဝိညာဉ်များကို တုန်လှုပ်စေကာ သူတို့၏ မျက်နှာများသည်လည်း မြေကြီးပေါ် ကွာကျတော့မတတ် ဖြူဖျော့သွားကြသည်။

သူတို့ အကြံအစည်တွေ သိသာထင်ရှားစွာ သိသွားကြသော်လည်း အရင် သိသွားသူက အရင် သေသွားခဲ့ပါပြီ။ ထူယိုသည် ယခုအခါ အခြားတစ်နေရာ၌ သူ၏ ခန္ဓာကိုယ်နှင့် ဦးခေါင်းက တစ်ကွဲတစ်ပြားစီ ဖြစ်နေပြီ။

လုရွှမ် သူ့လက်ဖဝါးနဲ့ လှုပ်ရှားလိုက်ပြီးတာနဲ့ ထူယိုကိုယ်ပေါ်က သိုလှောင်လက်စွပ်က ပျံသန်းလာပြီး သူ့လက်ထဲကို အတိအကျ ရောက်လာသည်။

"ဒီကောင်ကို လျှော့မတွက်နဲ့... သူတို့ ပို့ဆောင်ခြင်းအစီအရင်ကို အသက်သွင်းနိုင်အောင် ငါက သူက စွမ်းအင်သလင်းကျောက် သန်း ၅၀၀ ကို တိတ်တိတ်လေး ပေးခဲ့ရတာ"

ဒီလူယုတ်မာ ထူယိုက သလင်းကျောက်သန်း ၅၀၀ ကို တကယ် ခိုးယူထားလေတာ သိရတော့ အကြီးအကဲများအဖွဲ့မှာ မျက်နှာပျက်သွားခဲ့သည်။

"သခင်လေးလုရွှမ် ငါတို့မှားသွားပါတယ်.... မင်းတို့မင်းကို တကယ် မစော်ကားရဲ​တော့​ပါဘူး မင်းရဲ့ စွမ်းအင်သလင်းကျောက်တွေ မင်းကိုပြန်ပေးပါ့မယ် ကျေးဇူးပြုပြီး ငါတို့ကို လွှတ်ပေးနိုင်မလား?"

အကြီးအကဲရွှမ်က ခါးသီးသော မျက်နှာဖြင့် လှမ်းအော်လိုက်သည်။ သူ့လိုပဲ တခြားလူတွေကလည်း စွမ်းအင်သလင်းကျောက်များကို ပြန်ထုတ်ပေးလာခဲ့သည်။ လုရွှမ် ဓားကို ဖယ်ပြီး ပြောလိုက်သည်။

"ငါသေချာပေါက် ပြန်ယူမှာပဲလေ... မင်းတို့က စွမ်းအင်သလင်းကျောက် သန်း 500 နဲ့ တန်လို့လား!"

ပေါင့်တာထင်း မေးလိုက်သည်။

"လုရွှမ်... မင်း စွမ်းအင်သလင်းကျောက် တစ်ဘီလီယံတောင် ရတယ်ပေါ့... ကြည့်ရတာ သန့်စင်တဲ့လက်နက်တာက တကယ် အကျိုးရှိပုံရတယ် ငါလည်း လက်နက်တွေကို သန့်စင်ကြည့်မယ်လေ?"

လုရွှမ်: "အဟမ်း သန့်စင်တဲ့ လက်နက်တွေကနေ ပိုက်ဆံဘယ်လောက် ရနိုင်လို့လဲ... ကောင်းကင်ဘုရင် နန်းတော်မှာ တခြားသူတွေနဲ့ လောင်းကစား လုပ်တဲ့အခါတုန်းက မင်း အများကြီး အနိုင်ရခဲ့တာပဲ မဟုတ်ဘူးလား?"

ပေါင့်တာထင်းက တခစ်ခစ်ရယ်ပြီး "ဒါက မင်းထက် အများကြီး ပိုနည်းတယ်လေ... မင်းမှာ ဘယ်လောက်ရှိလဲ အဲဒီတုန်းက မင်းလည်း ဘီလီယံ ၃၀ ကျော် ရလိုက်တယ် မဟုတ်လား"

"ဟေ့ မင်းတို့နှစ်ယောက် ပြီးပြီလား... ငါတို့ ဒီမှာ ဆင်းရဲတဲ့သူတွေ အများကြီး ကျန်သေးတယ်နော်"

ရွှမ်ကျီး ဝင်အော်လိုက်၏။ သူ ဂိုဏ်းခေါင်းဆောင် ဖြစ်လာလုနီးပါး အချိန်အထိ စွမ်းအင်သလင်းကျောက်တွေ အများကြီး မရှိတာကို ရုတ်တရက် ပြန်သုံးသပ်လိုက်မိသည်။

လုရွှမ်လည်း ရယ်လိုက်သည်။ သူတို့နှစ်ယောက် ပြောနေကြတဲ့ သလင်းကျောက် အရေအတွက်က လူတိုင်းကို အံ့အားသင့်သွားစေ၏။

"ဆရာ! တပည့်တို့လည်း စွမ်းအင်သလင်းကျောက်တွေ လိုချင်တယ်"

လူတစ်စုက အော်လေ၏။ လိရှောင်းနဲ့ ရှန်ယိတို့မှာ ထိုတပည့်မ အသွတ်တွေကြောင့် တဟားဟား အော်ရယ်လိုက်​ကြသည်။ လုရွှမ်မှာ စွမ်းအင်သလင်းကျောက်ပေါင်း 30 ဘီလီယံကျော် ရှိတယ်လို့ တွေးကြည့်ရင် တကယ်ကို ကြောက်စရာကောင်းပေသည်။

လုရွှမ့သည် ကြောက်ရွံ့ တုန်လှုပ်နေပြီ ဖြစ်သော အကြီးအကဲ ရှစ်ယောက်ဆီသို့ ရောက်လာခဲ့သည်။ အကြီးအကဲရွှမ်မှာလည်း လုရွှမ်ကို ကြည့်ကာ သူ့နှုတ်ခမ်းများ တုန်ခါနေပြီး စကားမပြောနိုင်ပေ။

"တောင်တစ်သောင်းကမ္ဘာကို ငါ ကယ်လိုက်တာပဲဖြစ်ဖြစ် ငါဘယ်တုန်းကမှ လူတွေဆီက ချီးကျူးခံရဖို့ မမျှော်လင့်ထားဘူး စိတ်မဝင်စားဘူး... ငါ့အမြင်အရတော့ ဒါက တောင်တစ်သောင်းကမ္ဘာက သူ့ဘာသာသူ ကယ်တင်ချင်ခဲ့တာပဲ... ငါတို့အားလုံးနဲ့အတူ ပင်လယ်သားရဲတွေတောင် အတူတူ ကယ်တင်ဖို့ လုပ်ဆောင်ခဲ့ကြတာ... အဲဒါက နေ့ချင်းညချင်း အောင်မြင်ခဲ့တယ်..."

"မင်းတို့ တခြားကမ္ဘာကလာတဲ့ လူတွေကတော့ ဒါတွေကို ဂရုမစိုက်ဘူးပေါ့... တောင်တစ်သောင်းကမ္ဘာက အရမ်းကြီးကျယ်ပြီး နေရာအများကြီး မယူနိုင်ဘူး ဒါပေမဲ့ ဂိုဏ်းကြီးရှစ်ခုရဲ့ တောင်တံခါးတွေကို လုယက်ပြီး ဂိုဏ်းကြီးရှစ်ခုထဲက လူတွေကို လိုက်ဖမ်းတာကတော့ ခွင့်မလွှတ်နိုင်စရာပဲ"

"ငါမင်းတို့ကို မသတ်ပါဘူး အဓိက ဂိုဏ်းရှစ်ခုကို သိမ်းပိုက်ထားတဲ့ သူတွေကို သွားပြောလိုက်!... ငါ လုရွှမ် ပြန်လာပြီ"

စကားပြောပြီးနောက် ပို့ဆောင်ခြင်းအစီအရင်ကို ညွှန်ပြလိုက်သည်။

"အခု ဒီသတင်းကို လွှင့်တင်ဖို့ ဒီပို့ဆောင်ခြင်း အစီအရင်ကို သုံး... ထွက်ပြေးဖို့တော့ မကြိုးစားနဲ့။ မဟုတ်ရင် မင်းတို့ရဲ့ကမ္ဘာငယ်လေးထဲကို ငါလိုက်ဖမ်းပြီး မင်းရဲ့ဂိုဏ်းကိုပါ ဖျက်ဆီးပစ်မယ်.... အခု လစ်တော့!"

All Chapters