အလုံးစုံ ကြိတ်ခွဲခြင်း
Vol. 102 Ch. 4.1047
ဒီလူ ဘာတွေလုပ်ချင်နေလဲ ဆိုတာကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပါ၏။ ဒါပေမဲ့ လုရွှမ်ကို သူတို့ထဲက တစ်ယောက်ယောက်က အနိုင်ယူနိုင်ရင် လုရွှမ်တို့ ရှုံးသွားပြီး တံဆိပ်ပြားကို တိုက်ရိုက် လွှဲပြောင်းပေးမှာ မဟုတ်ပါလား။ ကြီးလေးသော ဆုကျေးဇူးအောက်တွင် ရဲရင့်သူ ရှိရမည်။
အမြတ်အစွန်း ကြီးကြီးမားမား အောက်မှာ အရူးတွေလည်း ရှိရမယ်။ လုရွှမ်သည် ချင်ထျန်းဓားကို အောင့်ယွဲ့ဆီ ပစ်ပေးထားလိုက်၏။ ဓားရှည်ကို ကျောပေါ်ပြန်တင်လိုက်လျှင် ဤလူများသည် အဓိပ္ပာယ်မဲ့စွာ ပြောဆိုနေဦးမှာပင်။
ဤတိုက်ပွဲတွင် လုရွှမ်သည် တောင်တစ်သောင်းကမ္ဘာမှ လူတိုင်းကို သူ့ဂုဏ်သတင်းကို သိစေရန် စိတ်ကူးထားပြီး နောင်တွင် သူ့နာမည်ကို ကြားသောအခါတွင် ၎င်းတို့သည် မောက်မာဝံ့ကြွားခြင်း မရှိတော့ဘဲ ထွက်ပြေးသွားစေမည် ဖြစ်သည်။
သူသည် ကဏ္ဍပေါင်းစုံမှ ဤလူများကို လုံးလုံးလျားလျား ချေမှုန်းပြီး သူဟာ တောင်တစ်သောင်းကမ္ဘာကို လွှမ်းမိုးထားကြောင်း သူတို့ကို အသိပေးခဲ့မည်။ နောင်တွင် တောင်တစ်သောင်းကမ္ဘာကို ကျူးကျော်ဝံ့ပါက ၎င်းတို့၏ လည်ပင်းများသည် စိတ်ကူးထားသည့်အတိုင်း မာကျောမှုရှိမရှိ ချိန်ဆသင့်သည်။
တစ်ဖက်လူက မျှော်စင်နယ်ပယ်က လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး သူ၏ အရိပ်အာဝါသမှာ ယခင်က ဘုန်းကြီးထက် အနည်းငယ် ဆိုးရွားနေပါသည်။ သို့သော် သူ၏ နတ်မျက်စိအောက်တွင် အနက်ရောင် အလင်းဖျော့ဖျော့နှင့် လက်ဖဝါးတစ်စုံက လင်းလက်နေပြီး နားမလည်နိုင်သော မှော်အစွမ်းအချို့ကို ပိုင်ဆိုင်ထားပုံရသည်။
အဆိပ်လား? ဒါမှမဟုတ် တခြားတစ်ခုခုလားတော့ မပြောတတ်ချေ။ လုရွှမ် ဒါကိုလည်း သိပ်တော့ ဂရုမစိုက်ထားချေ။ ထိုလူများသည် အခြားသူများကို လုပ်ကြံရန် အမြဲလိုလို ကြံစည်နေကြသော်လည်း ဘယ်သူက အရင်သေမလဲတော့ မကြာခဏ မတွေးတောတတ်ကြပေ။
ထိုလူက ထူးဆန်းစွာ ရယ်မောပြီး လက်သီးနဲ့ ပြေးထိုးလာသည်။ အနက်ရောင်လေသည် သူ့လက်သီးထဲမှ ထွက်ပေါ်လာကာ ငါးနံ့သင်းသင်းလေးလည်း ထွက်လာသည်။ အမှန်ပင် အဆိပ်ပြင်းလှ၏။
လုရွှမ် နှုတ်ခမ်းထောင့်စွန်းက အေးစက်စွာ ကွေးညွတ်သွားသည်။ အနည်းငယ်သော ဥာဏ်ပညာလေးကို သုံးပြီး သူ့ကို အနိုင်ယူချင်နေတာက သေခြင်းကို အမှန်တကယ် ရှာဖွေနေခြင်းပဲ မဟုတ်ပါလား။
လုရွှမ်ဘက်ကလည်း လက်သီးတစ်ချက်နဲ့ တုံ့ပြန်လိုက်သည်။ လက်သီးနှစ်ဖက် တစ်ပြိုင်တည်း ထိမှန်သွားကာ တစ်ဖက်လူရဲ့ လက်ဆစ်များက တုန်ခါ ကျိုးကြေသွားပေသည်။
ထိုသူ၏ ခန္ဓာကိုယ်သည် နောက်သို့ ပျံထွက်သွားပြီး သွေးတစ်လုတ်ထွက်ကာ မျက်လုံးများလည်း ထိတ်လန့်စွာ ပြူးကျယ်လာ၏။ လုရွှမ်ရဲ့ ခန္ဓာကိုယ်ခွန်အားက ဒီလောက် သန်မာလိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ပေ။
"မျှော်လင့်ထားသလို တကယ် အစွမ်းထက်သားပဲ... ဒါပေမဲ့ မင်းခန္ဓာကိုယ် ဘယ်လောက်ပဲ သန်မာနေပါစေ မင်းရဲ့ လက်သီးတွေက အဆိပ်မိသွားပြီ... ဟေး မင်းရဲ့ လက်သီးတွေကို ကြည့်စမ်းပါဦး ဟုတ်တယ်မလား"
"ဟားဟားဟား...."
ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ သေချာပေါက် ရှောင်ပိုင်ဆီက စလာတာပဲ ဖြစ်ကာ ပေါင့်တာထင်း၊ ဖုန့်ဖေးနဲ့ တခြားလူတွေကလည်း လုရွှမ်ရှေ့မှာ အဆိပ်ခတ်ကစားနေတာက ကလေးကစားစရာလေးလို ရယ်စရာကောင်းတာကြောင့် တဟားဟား အော်ရယ်ကြလေသည်။
လုရွှမ်လည်း လှောင်ပြောင်မှု အပြည့်ဖြင့် ခေါင်းယမ်းလိုက်သည်။ လူတိုင်း၏ မျက်လုံးထဲတွင် သူ့လက်ဖဝါးသည် ကျောက်စိမ်းကဲ့သို့ဖြူစင်ကာ အဆိပ်ခတ်ခံထားရတဲ့ အရိပ်အယောင် နည်းနည်းမျှပင် မရှိ။
"ငါက အဂ္ဂိရတ်ပညာကို ကျွမ်းကျင်တယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား... မင်းရဲ့ အဆိပ်က မင်းမျက်နှာကို ဖြတ်ရိုက်သွားပြီ!"
"အရူးရေ... ငါ့ညီအစ်ကို လုရွှမ်က အဆိပ်ဆယ်ပါးကိုတောင် နိုင်တယ်နော်... သူ့ရှေ့မှာ အဆိပ်ကို သုံးတာက ကမ္ဘာပေါ်မှာ ရယ်စရာ အကောင်းဆုံးပဲကွ!"
လုရွှမ်သည် သူ့လက်ဖဝါးများကို ရွှေ့လိုက်၏။ ထိုအခိုက် သူ့လက်ထဲတွင် ဆေးလုံးစိမ်းလေး တစ်လုံးက လက်ညှိုးထိပ်၌ ပေါ်လာသည်။ သူက လက်ညှိုးကို လှန်လိုက်တဲ့အခါ ဆေးလုံးသည် ဥက္ကာပျံတစ်လုံး လျင်မြန်စွာ ပြေးထွက်သွားလေသည်။ ၎င်းက လျှပ်စီးကြောင်းလို အရှိန်ဖြင့် ထိုကျင့်ကြံသူ၏ ပါးစပ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
ထိုလူမှာ အံ့အားသင့်သွားပြီး ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လိုက်သော်လည်း မကြာခင်မှာပဲ သူ့ခန္ဓာကိုယ်ဟာ စိမ်းစိုနေတဲ့ ရေလုံးကြီး ဖြစ်သွားတော့သည်။
"တကယ် အဆိပ်ပြင်းတာပဲ!"
တခြားသူတွေမှာ ပိုလို့တောင် ကြောက်သွားကြသေးသည်။ အဲဒါက ဒဏ္ဍာရီလာ အဆိပ်ဆယ်ပါးဖြစ်ပြီး တကယ်တမ်းကျတော့ ပြိုင်ဘက်ရဲ့ လက်ထဲမှာ ရှိနေ၏။ လုရွှမ်သည် ဖီးနစ်နတ်မီးဖြစ်သည့် ခရမ်းရောင် မီးလုံးတစ်လုံးကို ပစ်လွှတ်လိုက်သော် မီးလုံးက အဆိပ်ဆယ်ပါးနဲ့အတူ ထိုလူ့ခန္ဓာကိုယ်ပေါ်တွင် လောင်ကျွမ်းသွားခဲ့သည်။
လက်နက်သန့်စင်သူများလည်း ခဏတာလောက် အံ့အားသင့်သွားပြီး လူအုပ်ကြားထဲသို့ တိတ်တဆိတ် ပြန်ဆုတ်သွားကြသည်။ လုရွှမ်ရဲ့ လက်နက်ကို သန့်စင်ခြင်းမှာ အလွန်ကောင်းမွန်သည်ဟု ယုံကြည်သွားပြီ။ ဒါပေမဲ့ လုရွှမ်ရဲ့ ခရမ်းရောင်မီးကို မြင်ရုံနဲ့ အဆိပ်ဆယ်ပါးတောင် လောင်ကျွမ်းသွားလေရာ နောက်တစ်ကြိမ် ယှဉ်ပြိုင်ရဲတဲ့ သတ္တိ လုံးဝ မရှိတော့ပါ။
"ဒါက ထူးဆန်းတဲ့ မီးလား" တစ်ယောက်ယောက်က အော်လိုက်၏။
"မဟုတ်ဘူး... အဲဒါက ထူးဆန်းတဲ့မီး မဟုတ်ဘူး ဒါက နတ်ဆိုးမီးတစ်မျိုး ဖြစ်မယ်"
"အဆင့်က အရမ်းပြင်းထန်တဲ့ အဆင့်အထိကို မြှင့်လိုက်တာပဲ"
ကျင့်ကြံသူတွေ တစ်ယောက်ပြီးတစ်ယောက် တိတ်တိတ်လေး ဆွေးနွေးလာကြတော့သည်။
ရှောင်ပိုင်: "ခွီး!....အဲဒါက နတ်မီးသုံးမျိုးထဲက ဖီးနစ်နတ်မီးလေ... ငတုံးတွေဆိုတော့ ဘယ်သိပါ့မလဲ"
ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး လူတိုင်းနီးပါး ပေါက်ကွဲလုနီးပါး ဖြစ်သွားကြလေသည်။ ဒဏ္ဍာရီထဲက နတ်မီးကြီးသုံးပါးထဲက ဖီးနစ်နတ်မီးတဲ့လား။
လူတော်တော်များများက အဲဒါကို တစ်ခါမှ မကြားဖူးကြပါဘူး။ သူ့ပတ်ဝန်းကျင်ရှိ သက်ကြီးရွယ်အိုများကို အဆက်မပြတ်မေးမြန်းပြီးနောက်တွင် သူမ ပြောသည်မှာ အမှန်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး သူတို့စိတ်ထဲက မောက်မာမှုများ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။
လုရွှမ် သူ့လက်ဖဝါးကို ဖိလိုက်ပြီး အနီရောင်မီးတောက်တစ်ခု တက်လာသည်။ ဤတစ်ကြိမ်တွင် တစ်စုံတစ်ဦးသည် ၎င်းကို သိလိုက်တာကြောင့် ရှည်လျားသော သမိုင်းကြောင်းနှင့် ကျော်ကြားသော မီးတောက်တစ်ခု ဖြစ်ကြောင်း ထပြောလာသည်။
"အဲဒါက လက်နက် သန့်စင်တဲ့ အမြင့်ဆုံး မီးလျှံ... စိတ်ဝိညာဉ်မီးပဲ"
"ဒဏ္ဍာရီအရ မီးက သူ့ကို အသိအမှတ်မပြုရင် မီးကို ထိန်းချုပ်ဖို့ လုံးဝ မဖြစ်နိုင်ဘူးတဲ့!"
လုရွှမ် မီးကိုဖယ်လိုက်ပြီး လူတိုင်းကို ကြည့်လိုက်သည်။
"ငါ့ကို လာတိုက်ချင်ရင် လာလိုက်တော့!"
"ကောင်းပြီ မင်းမှာ သတ္တိရှိရင် ငါတို့ မင်းနဲ့ ပြိုင်မယ်"
ဝှစ်!
လူခုနစ်ယောက် ပြေးထွက်လာသည်။
"မင်းတို့က ဘာကိုဆိုလိုတာလဲ"
လုရွှမ် မျက်မှောင်ကြုတ်သွားသည်။ အခင်းအကျင်း ဖန်ဆင်းခြင်း၏ ကျော်ကြားမှုသည် ကောင်းကင်မြေကြီးနှင့် ပိုမိုသဟဇာတရှိသော စွမ်းအင်ကို မှုတ်ထုတ်နိုင်ခြင်း ဖြစ်ကြောင်း သိသာပါသည်။
"ငါတို့ ခုနစ်ယောက်က မင်းကို တိုက်ခိုက်ဖို့ အခင်းအကျင်း ဖွဲ့စည်းမယ်!"
ခေါင်းကို ငုံ့ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အေးစက်စက် မျက်နှာနှင့် ရှက်ရွံ့မှု အရိပ်အယောင် မရှိဘဲ အော်လိုက်သည်။
"ဟားဟားဟား...."
ပေါင့်တာထင်း အစကတော့ မရယ်တော့ဘူးလို့ တွေးထားပေမယ့် အားရပါးရ ထပ်ရယ်လိုက်ပြန်သည်။
"ရှက်စရာ မကောင်းဘူးလား...ဒါမှမဟုတ် ငါတို့ဘက်ကလည်း လူခုနစ်ယောက် ထွက်လာပြီး မင်းတို့နဲ့ တိုက်မယ်လေ..."
"ငါလာပြီ"
"ငါလာမယ်!"
ရှန်ယိ၊ လိရှောင်းနဲ့ ရွှမ်ကျီးတို့ အားလုံးကလည်း ပြုံးပြီး အော်လိုက်ကြသည်။
ရှန်ယိနဲ့ လိရှောင်းတို့သည် ၎င်းတို့၏ ကျင့်ကြံမှုနှင့် လျှို့ဝှက် ဆန်းကြယ်မှုများတွင် ကွဲပြားမှုများ ရှိကြသည်။ ပေါင့်တာထင်း ၎င်းတို့၏ ကွဲပြားမှုများကို မေးမြန်းခဲ့သော်လည်း ပို့ဆောင်ခြင်းအစီအရင် ရှေ့တွင် စောင့်ဆိုင်းနေချိန်မလို့ သိပ်မမေးမြန်းဖြစ်ခဲ့။
သူတို့ တွေ့ကြုံခဲ့ရတဲ့ အရာတွေကနေ ကောက်ချက်ချပြီး ပြောရရင် လုရွှမ်နဲ့ ခင်မင်ရင်းနှီးသူတွေဟာ သဘာဝအတိုင်း ကုသိုလ်ကောင်းမှုတွေ ရှိကြပေသည်။ သူတို့လည်း ထိုနှစ်ယောက်သားနှင့် ရင်းနှီးလာကာ သူတို့ရဲ့ ဆက်ဆံရေးဟာ တဖြည်းဖြည်း ပိုနီးစပ်လာခဲ့သည်။
လွန်ခဲ့သည့် သုံးရက်အတွင်း လူတစ်စုသည် ပျော်ရွှင်စွာ စကားစမြည် ပြောဆိုကာ သိုင်းပညာချင်း ယှဉ်ပြိုင်ခဲ့ကြသည်။
ရှန်ယိနဲ့ လိရှောင်းတို့ဟာ ပေါင့်တာထင်းနဲ့ ရွှမ်ကျီးတို့လောက် အဆင့်မမြင့်ကြသော်လည်း ၎င်းတို့၏ အင်အားမှာ အံ့ဩလောက်အောင် ပြင်းထန်ကြောင်း သိလိုက်ရသည်။
လိရှောင်းနဲ့ တခြားသူတွေမှာ ကမ္ဘာ့ရတနာတွေ ရှိတယ်လို့ ပြောသံကြားသော် ပေါင့်တာထင်းတို့ဘက်က အားလုံးလည်း သူတို့အပေါ် ယုံကြည်မှုအပြည့်နဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတာပါပဲ။
ထိုအကြောင်းကို ပြောသောအခါတွင် လုရွှမ်က သူတို့အား ဤကမ္ဘာရတနာကို အမှန်တကယ် ပေးအပ်ခဲ့ကြောင်း သိလိုက်ရတာကြောင့် ရွှမ်ကျီးသည် လုရွှမ်အပေါ် ကြည်ညို လေးစားမှုများက ပို၍ပင် တိုးလာခဲ့သည်။
အဲဒါက ကမ္ဘာ့ရတနာတစ်ခု ဖြစ်ပြီး သူတို့သာဆို ဘယ်တော့မှ ပေးမှာ မဟုတ်ဘူးလို့ တွေးမိကြသည်။ သို့သော် လုရွှမ်ကတော့ ၎င်းကို လက်လွှတ်လိုက်ပြီး ဂရုစိုက်ပြီး ယုံကြည်စိတ်ချရသော အတူသေရဲတဲ့ သူငယ်ချင်း ခုနစ်ယောက်ကို ရရှိခဲ့သည်။
လုရွှမ် ပေါင့်တာထင်းကို ပေးလိုက်သော နတ်လက်နက် အကြောင်းကို တွေးလိုက်ရာ သူ့နှလုံးသားထဲတွင် လေးလေးနက်နက် လေးစား မြတ်နိုးမှုများ ပြည့်လျှံလာ၏။ ဒီအချိန်မှာ ဒီနေရာလေးတွေက လူတွေက အရမ်းအရှက်မရှိတာကို တွေ့လိုက်ရတဲ့အခါ သူ ရပ်မနေချင်တော့ပေ။
"ဟမ့် ငါတို့ ညီအစ်ကိုတွေက ဒီအခင်းအကျင်း ဖွဲ့စည်းမှုကို လူခုနစ်ယောက်အနေနဲ့ အမြဲတစေ တွဲသုံးခဲ့တယ်... ငါတို့ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာနဲ့ ဆက်ဆံနေရင်တောင် ငါတို့ ခုနစ်ယောက်နဲ့တင် လုံလောက်တယ်"
လုရွှမ်လည်း သူတို့ကို မေးခွန်း မထုတ်တော့ဘဲ လက်ကိုဝှေ့ယမ်းပြီး သူတို့ ခုနစ်ယောက်ကို ပြုံးပြလိုက်သည်။
"ကောင်းပြီ.... မင်းတို့က အရှက်ကင်းမဲ့ပြီး အရှက်ကွဲချင်မှတော့ လာကြ!"
ပူးပေါင်းကြံစည်မှု အောင်မြင်သွားကြောင်း အရိပ်အမြွက်ပြသည့် အလင်းတန်းများ လူခုနစ်ဦး၏ မျက်လုံးများထဲ ပေါ်လွင်လာသည်။ သူတို့၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်နှင့် အခင်းအကျင်း ဖွဲ့စည်းမှုတစ်ခုကို ထူထောင်ပြီး လုရွှမ်ကို ထိပ်တိုက် ရင်ဆိုင်လိုက်ကြသည်။