ကောင်းကင်မီး
Vol. 102 Ch. 4.1048
"ကောင်းကင်လက်မောင်း မြောက်ပိုင်းတိုက်ပွဲ အခင်းအကျင်းလား?"
လူခုနစ်ယောက်၏ အနေအထားကို ကြည့်လျှင် သူတို့သည် ရှင်းမပြနိုင်လောက်အောင် ထူးဆန်းနေကြောင်း မြင်နိုင်ပါသည်။
"ဟမ့် မင်း နားမလည်ရင် မိုက်မဲတဲ့ စကားတွေ မပြောစမ်းနဲ့... ငါတို့က ယင်ယန်နဲ့ ဒြပ်စင်ငါးပါးကို သုံးထားတဲ့ အခင်းအကျင်းပဲ! လုရွှမ် မင်းသေဖို့ပြင်ထားတော့!!"
လူခုနစ်ယောက်က တစ်ပြိုင်တည်း အော်ဟစ်ပြီး လုရွှမ်ကို တိုက်ခိုက်လိုက်ကြသည်။ လူအုပ်ထဲမှာ လူတော်တော်များများက တိုးတိုးလေး ပြောနေပြီး သူတို့ပတ်ဝန်းကျင်က ဘုန်းကြီးတွေကိုလည်း မေးမြန်းနေကြသည်။
"ယင်ယန် ဒြပ်စင်ငါးပါး အခင်းအကျင်းက ဘယ်လို အခင်းအကျင်းလဲ... ယင်ယန်နဲ့ ဒြပ်စင်ငါးပါး ပါတယ်ဆိုတော့ အရမ်းအားကောင်းနေသင့်တယ် မဟုတ်လား"
"ဒြပ်စင်ငါးပါး ဖွဲ့စည်းပုံက သဘာဝအတိုင်း အားကောင်းတယ်.... အပြုသဘောဆောင်တဲ့ ဒြပ်စင်ငါးပါးနဲ့ ပြောင်းပြန် ဒြပ်စင်ငါးပါး ရှိတယ် ဒါပေမဲ့ ယင်ယန်နဲ့ ဒြပ်စင်ငါးပါးကို ရောနှောပြီး လူခုနစ်ယောက် သုံးတာတော့ တစ်ခါမှ မမြင်ဖူးဘူး။
"အမ် ငါလည်း မသိလိုက်ဘူးရော... ယင်ယန်နဲ့ဒြပ်စင်ငါးပါး အခင်းအကျင်းက ဒဏ္ဍာရီတွေမှာ ကျော်ကြားတဲ့ ဖွဲ့စည်းမှုတစ်ခုပဲ... အဲဒီတုန်းက ဂိုဏ်းတစ်ခုက မရေမတွက်နိုင်တဲ့ လူတွေကို သတ်ပစ်ဖို့ သုံးခဲ့တယ်လို့တောင် ကြားဖူးတယ်...!"
တစ်စုံတစ်ယောက်သည် ဤအခင်းအကျင်း ဖွဲ့စည်းပုံကို နားလည်ပုံပေါက်သည်ဟု ကြားသောအခါ သူ့ပတ်ဝန်းကျင်မှ လူများစွာက လျှင်မြန်စွာ မေးလာကြသည်။ ကြည့်လိုက်တာနဲ့ ဒီအခင်းအကျင်းက အလွန်ကောင်းမွန်ပုံပေါ်နေပြီ။
"ယင်ယန်နဲ့ ဒြပ်စင်ငါးပါးက ကမ္ဘာကြီးကို ဖန်တီးနိုင်တယ်လို့ ဆိုကြတယ်... ယင်ယန်က တည်ငြိမ်မှု ရှိနိုင်တယ် ဒြပ်စင်ငါးပါးနဲ့လည်း အရာဝတ္ထုတွေ တည်ရှိနိုင်တယ် ဒြပ်စင်ငါးပါးကို ယင်ယန်နဲ့ ပေါင်းစပ်ထားတဲ့ အခင်းအကျင်းက ပျောက်နေတာ ကြာပြီ...ဒီခုနစ်ယောက်ဆီမှာ ထပ်ပေါ်လာမယ်ဆိုတာ ဘယ်သူကမှ သိမှာမဟုတ်ဘူး"
"ဒီလူခုနစ်ယောက်ကို ဘယ်သူတွေလဲလို့ တွေးမိသား"
"ဒါဆို လုရွှမ် သေတော့မှာလား?"
"ဟမ့် ဒီလူခုနစ်ယောက်ရဲ့ အခင်းအကျင်း ဖွဲ့စည်းပုံတွေက ထူးထူးခြားခြား ဖြစ်နေသရွေ့ လုရွှမ်သေမှာ သေချာတယ်!!"
လုရွှမ်သည် ယင်ယန်နဲ့ ဒြပ်စင်ငါးခု ဖွဲ့စည်းခြင်း၏ အခြေခံသဘော တရားများကို နားလည်ထားပြီးသား ဖြစ်သည်။ အကြောင်းပြချက်က အလွန်ရိုးရှင်းပါသည်။ သူ ဒီလိုအခင်းအကျင်း ဖွဲ့စည်းမှုကို အရင်က အသုံးပြုခဲ့ပြီး တောင်တစ်သောင်းကမ္ဘာ တစ်ခုလုံးကို ပြုပြင်ဖို့ ဒီပုံစံကို အသုံးပြုခဲ့သေး၏။
ဒီလူခုနစ်ယောက်ရဲ့ ဖွဲ့စည်းပုံနဲ့ ကွာခြားတာက အခုသူတို့သုံးနေတဲ့ အရာထက် အများကြီး ပိုဆန်းပြားပါသည်။ လူခုနှစ်ယောက်သည် ကျင့်ကြံသူ အများစုအတွက် မျှော်လင့်ချက်များကို ဆုပ်ကိုင်ထားစေသည်။
လူခုနစ်ယောက်ပြောတာက မမှားပါဘူး။ သူတို့လူခုနစ်ယောက်နဲ့ဆို နတ်မီးနယ်ပယ်က သာမန်လူတွေကို အနိုင်ယူဖို့ အတွက်ကတော့ ပြဿနာ မရှိပေ။ သို့သော် လုရွှမ် သာမန်လူမဟုတ်ပေ။
တစ်ဖက်အဖွဲ့ အနည်းငယ် ရွေ့လျားပြီးနောက် သူသညိ ယင်နှင့်ယန်၊ သတ္တု၊ သစ်၊ ရေ၊ မီးနှင့်မြေကြီးကို ဘယ်သူက ကိုယ်စားပြုသလဲ ရှာဖွေနေပြီ ဖြစ်သည်။ ချိတ်ဆက်မှုက ကျွမ်းကျင်သည်ဟု ယူဆသော်လည်း လုရွှမ်အမြင်တွင် ချို့ယွင်းချက်များနှင့် ပြည့်နေ၏။
"မင်းတို့ရဲ့ အခင်းအကျင်း ဖွဲ့စည်းပုံက ကောင်းတယ်... ဒါပေမဲ့ မင်းတို့ရဲ့ တကယ့်အနှစ်သာရကို လုံးဝ မကျွမ်းကျင်ထားတာတော့ သနားစရာပဲ... မင်းတို့ နည်းနည်းလေးပဲ သင်ယူထားရသေးတယ်"
"ဟမ့်.... ဒါဆို မင်းဖွဲ့စည်းမှုကို ချိုးဖျက်နိုင်ပြီ!"
သူတို့ ခုနစ်ယောက်လုံးမှာ အလွန်စိတ်လှုပ်ရှားကြပြီး လူသုံးယောက်က တစ်ချိန်တည်းတွင် စိတ်မရှည်စွာ အော်လိုက်ကြသည်။
သာမာန်အားဖြင့် သူတို့ အခင်းအကျင်း ဖွဲ့စည်းမှုကို အသုံးပြုပြီးသည်နှင့် လူများစွာ သေဆုံးလိမ့်မည်။ သို့သော် လုရွှမ်သည် သူတို့ဆီက တိုက်ခိုက်ခြင်းကို ခဏတာ ခံခဲ့ရသော်လည်း ပျော့ညံ့သည့် အရိပ်အယောင် မပြခဲ့ပေ။
ဤအခိုက်အတန့်တွင် သူတို့သည် လုရွှမ်၏ အထင်အမြင်သေးသည့် စကားကို အမှန်တကယ် ကြားရပြီး ချက်ချင်း ငြင်းဆိုလိုက်သည်။
"ကောင်းပြီ ငါ ချိုးဖျက်လိုက်မယ်"
လုရွှမ် ရှည်လျားတဲ့ လေပြင်းဟောက်သံနဲ့အတူ ယင်နေရာက လူကို ရုတ်တရက် ဖမ်းဆုပ်လိုက်သည်။ တစ်ဖက်လူက တိုးတိုးလေး ဟစ်အော်လိုက်ပြီး လုရွှမ် ခန္ဓာကိုယ်ကို တိုက်ခိုက်ရန် ကြိုးစားရင်း သူ့ခန္ဓာကိုယ်မှ ယင်စွမ်းအင်များ ပေါက်ထွက်လာသည်။
လုရွှမ် ယင်နေရာကလူကို တိုက်ရိုက် ဖြုတ်ချလိုက်တာက ယင်ချီက အချင်းချင်းကြားမှာ အသွင်ပြောင်းသွား နိုင်တာကြောင့်ပါပဲ။ ယင်ချီအစစ်က ယင်စွမ်းအင်ကိုးစင်းနဲ့ ယှဥ်ရင် အများကြီး နိမ့်ပါသေးသည်။
ထိုလူသည် ခဏအတွင်း ထိတ်လန့်သွားပြီး တစ်ဆက်တည်း ဝမ်းသာသွားပြန်သည်။ တခြားလူတွေဆီက ရောင်ဝါတွေဟာလည်း ရုတ်တရက် ယင်စွမ်းအားတွေ ဖြစ်သွားပြီး သူတို့လည်း ဝင်လာလေ၏။
လုရွှမ် ပြုံးပြီး ခေါင်းယမ်းလိုက်သည်။
"ပေါက်ကွဲ!"
"ဟားဟားဟား မင်းအရူးလုပ် ခံလိုက်ရပြီ.... ငါတို့ရဲ့ ယင်စွမ်းအင်က တစ်ယောက်တည်းဆီမှာလို့များ ထင်နေလား.... မင်းရဲ့ခန္ဓာကိုယ်ထဲကို ယင်စွမ်းအင်တွေ ဝင်လာပြီးရင် ဒြပ်စင်ငါးပါးရဲ့ ထွက်သက်ဝင်သက်အဖြစ် ပြောင်းလဲသွားလိမ့်မယ်... ဒြပ်စင်ငါးပါး ဆုံရင် ပေါက်ကွဲသွားလိမ့်မယ် မင်းသတိမထားမိဘူးမလား..."
လုရွှမ်၏ ခန္ဓာကိုယ်က ဘာမှမဖြစ် သူ့အမူအရာကလည်း မပြောင်းလဲသွားပေ။
"မကစားချင်တော့ဘူး... မကစားနဲ့တော့"
"ပေါက်ကွဲ!"
ဝုန်းဝုန်းဝုန်း!
ခုနစ်ကြိမ်ဆက်တိုက် ပေါက်ကွဲပြီးနောက် လူခုနစ်ဦး၏ ကျင့်ကြံခြင်းအမြုတေများ ပေါက်ကွဲသွားလေသည်။ လူခုနစ်ဦးသည် ၎င်းတို့၏ အမြုတေ ပေါက်ကွဲသွားသည့် နေရာကို မယုံကြည်နိုင်စွာ ကြည့်ကာ ၎င်းတို့၏အလောင်းများ မြေပြင်ပေါ်သို့ လဲကျသွားသည်။
မသေသေးတဲ့ ခေါင်းဆောင်က သွေးအန်ရင်းမှ ဆိုလာသည်။
“ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
"မင်းတို့ရဲ့ အခင်းအကျင်း ဖွဲ့စည်းပုံကို မင်းတို့ မကျွမ်းကျင်သေးဘူးလို့ ငါပြောခဲ့သားပဲ... မင်းမှာ နည်းနည်းတော့ ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်... ယင်ယန်နဲ့ ဒြပ်စင်ငါးပါးတဲ့လား ဟားဟား အဲဒါက တောင်တစ်သောင်းကမ္ဘာကို ကယ်တင်ဖို့ ငါသုံးခဲ့တဲ့ အခင်းအကျင်းလေ... မင်းတို့ကငါ့ရှေ့မှာ တကယ်ပဲ လာသုံးခဲ့တယ်... ငါတကယ် ပြောနိုင်တာက မင်းတို့ သေထိုက်တယ်... မင်းတို့အသက်ကိုသတ်ဖို့ ကောင်းကင်က ငါ့လက်ကို ငှားပေးခဲ့တာ"
ဖူး!
သွေးတွေ တဟုန်းဟုန်း စီးကျလာပြီး လူခုနစ်ယောက် ဒေါသထွက်နေရင်းမှ သေသွားကြသည်။
"နောက်ထပ် ဘယ်သူလာဦးမလဲ"
လုရွှမ် လူတိုင်းကို ကြည့်ရင်း ဒီလိုပဲ ထပ်ပြောလိုက်သည်။ လူတိုင်းသည် လုရွှမ်ရဲ့ ရှုံးနိမ့်မှုကို အဖန်ဖန် ကြည့်ရှုချင်ခဲ့သော်ငြား ကံမကောင်းစွာဘဲ သူတို့အိမ်တွင် ကစားနေသကဲ့သို့ လုံး၀ ခံနိုင်ရည် မရှိခဲ့ပေ။ လုရွှမ်က သူတို့ကို ပေါ့ပေါ့ဆဆ သတ်ပေးခဲ့သည်။
"ဘယ်သူလာမလဲ!!"
ဒီစကားက လူတိုင်းကို ထိတ်လန့်တုန်လှုပ် သွားစေတာကြောင့် အားလုံးက စကားမပြောနိုင်ကြတော့ပါဘူး။ သူတို့မျက်လုံးတွေက ကြောက်ရွံ့မှုတွေနဲ့ ပြည့်နေချေပြီ။ ယခင်က လုရွှမ်ကို မနှစ်သက်ခဲ့သော လူဟောင်းအချို့ပင် ယခု လုရွှမ်အား လေးနက်သော အရိပ်အမြွက်များဖြင့် ကြည့်နေကြရသည်။
ဒါက နတ်မီးနယ်ပယ် ပထမအဆင့်က ကျင့်ကြံသူတဲ့လား။
"အဟမ့်!"
ချောင်းဆိုးသံဖြင့် နောက်ဆုံးတွင် ကျင့်ကြံသူတစ်ယောက် ထွက်လာခဲ့သည်။ ရုတ်ရုတ်သဲသဲ အသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသညိ။ ဤလူ၏ အမည်မှာ အလွန် ထင်ရှားကြောင်း သိသာပါသည်။
လုရွှမ်၏ မျက်လုံးများတွင် ဤလူ၏ ကျင့်ကြံမှု အရှိန်အဝါက အလွန်ပြင်းထန်ပြီး တစ်ချိန်က အကြီးအကဲ ကျန့်ဝူဝေါ် ကဲ့သို့ပင်။
"အငယ်တန်းလေး မင်းက အရမ်း အစွမ်းထက်ပါတယ်.. တခြားအချိန်တွေဆိုရင် ငါမင်းရဲ့ရန်သူ ဖြစ်ချင်မှာ မဟုတ်ဘူး ဒါပေမဲ့ ကံကြမ္မာက ငါတို့ကို ရန်သူဖြစ်အောင် လုပ်လိုက်ပြီ...ငါတို့ တိုက်ကြတာပေါ့!"
လုရွှမ် အောင့်ယွဲ့လက်မှ ချင်ထျန်းဓားကို ပြန်ယူလိုက်သည်။ မှော်လက်နက်မပါဘဲ လုရွှမ် ဤလူကို ရင်ဆိုင်လို့ မဖြစ်ချေ။
"နာမည်ဘယ်လိုခေါ်လဲ?"
"မီးတစ်သောင်းကမ္ဘာမှာ လူတွေက မင်းကိုမျက်နှာသာ နည်းနည်းပေးရင် ကောင်းကင်မီးသခင်ကလည်း ဒီလိုပဲလုပ်လိမ့်မယ်"
ထျန်းဟော်က သူ့လက်ဖဝါးကို သုံးပြီး မီးလုံးကြီးတစ်လုံးကို တက်လာစေသည်။ လုရွှမ်၏ မျက်လုံးများ တောက်ပလာ၏။
"ကောင်းကင်မီး?" (ထျန်းဟော်)
အဘိုးအိုရဲ့ နာမည်ကို ခေါ်တာ မဟုတ်ဘဲ သူ့လက်ထဲက လင်းလက်လာတဲ့ ကောင်းကင် မီးတောက်ကို ပြောနေတာပဲ ဖြစ်ပေသည်။ လုရွှမ် ရွှမ်ခုန်းတောင်တွင် ကောင်းကင်မီး အနည်းငယ်ကို မြင်ဖူးခဲ့သည်။ ထိုအချိန်က သူသည် သူတော်စင်အဆင့်သို့ပင် မရောက်သေးသောကြောင့် ထိုအခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။
အခု ကောင်းကင်မီးကို ပြန်တွေ့ရတော့ နည်းနည်း လွမ်းဆွတ်နေသလိုပင် ခံစားရလာသည်။ လုရွှမ် နောက်ပြန် လှည့်ကြည့်လိုက်တော့ အောင့်ယွဲ့၊ နတ်သမီးရှန်းရှဲ့နဲ့ တခြားသူတွေက ပြုံးပြနေတာကို မြင်လိုက်ရသည်။
"မီးတောက်ကိုကြည့်!!"
ထျန်းဟော်က တိုးတိုးလေး ဟောက်ပြီး ကောင်းကင်မီးတောက်ကို သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားစေသည်။ သူသည် မီးတောက်လောင်နေတဲ့ လူအဖြစ် ပြောင်းလဲသွားပေမယ့် လူကိုတော့ လုံးဝ မထိခိုက်ပါဘူး။
မီးတောက်သည် အလွန်ပူပြင်းပြီး ဖြူစင်သွားသည်။ ထင်ရှားသည်မှာ ဤသခင်သည် ကောင်းကင်မီးတောက်ကို ကြောက်မက်ဖွယ်အဆင့်သို့ တိုးမြင့်ထားခြင်း ဖြစ်ပေသည်။
လုရွှမ် သူ့ဓားကို ဆွဲမထုတ်တော့ဘဲ ဖီးနစ်နတ်မီးကိုပဲ ပစ်လွှတ်၍ ကောင်းကင်မီးကို ရင်ဆိုင်ခဲ့သည်။